ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

                            မႏၲေလးဘူတာႀကီးေရွ႕တြင္ ေရႀကီးေရလွ်ံေနစဥ္
မႏၲေလးၿမိဳ႕တြင္ ေအာက္တိုဘာ ၁၂ ရက္ က စံခ်ိန္တင္ မိုးရြာသြန္းခဲ့ၿပီး ၿမိဳ႕တြင္းလမ္းမမ်ား ႏွင့္ ၿမိဳ႕ေပၚရပ္ကြက္မ်ား၌ ေရႀကီးနစ္ျမဳပ္မႈမ်ား ျဖစ္ ေပၚခဲ့သည္။
 ေအာက္တိုဘာ ၁၂ ရက္က မႏၲေလးၿမိဳ႕တြင္ ရြာသြန္းခဲ့ေသာမိုးေရခ်ိန္သည္ မွတ္တမ္းယူသည့္ ၇၁ ႏွစ္အတြင္း ေအာက္တိုဘာအတြက္ အျမင့္ဆံုး စံခ်ိန္ တင္ရြာသြန္းမႈျဖစ္ေၾကာင္း မႏၲေလးတိုင္းေဒသႀကီး မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန ဒုတိယ ၫႊန္ၾကားေရးမွဴး ဦးသန္းေဇာ္က ေျပာသည္။‘‘စခန္းစဖြင့္ၿပီး မွတ္တမ္းစံ ခ်ိန္ယူတဲ့ ၇၁ ႏွစ္အတြင္းမွာ ေအာက္တိုဘာထဲ အမ်ားဆံုးရြာ တာေပါ့။ အရင္စံခ်ိန္ကေတာ့ ၂၀၁၀ ကတင္ထားတဲ့ စံခ်ိန္က အမ်ားဆံုးပဲ’’ ဟု ဦးသန္းေဇာ္က ေျပာ ၾကားသည္။

မႏၲေလးၿမိဳ႕တြင္ ေအာက္တို ဘာ ၁၂ ရက္က ၂၄ နာရီအတြင္း မိုးေရခ်ိန္ ၅ ဒသမ ၁၆ လက္မရြာ သြန္းခဲ့ၿပီး ၂၀၁၀ ေအာက္တိုဘာ ၈ ရက္က ေနာက္ဆံုးစံခ်ိန္သစ္ ျဖစ္သည့္ ၅ ဒသမ ၁၂ ကို ေက်ာ္ ေက်ာ္လြန္ခဲ့ေၾကာင္း မိုးေလဝသ ႏွင့္ ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာနက သတင္းထုတ္ျပန္သည္။

ေတာင္တ႐ုတ္ပင္လယ္တြင္ ျဖစ္ပြားေသာ မုန္တိုင္း၏ ေနာက္ဆက္တြဲအျဖစ္ မိုးသည္းထန္စြာ ရြာသြန္းျခင္းျဖစ္ေၾကာင္း၊ လာ မည့္ ေျခာက္ရက္မွ ရွစ္ရက္အတြင္း မႏၲေလးတိုင္းေဒသႀကီးတြင္ မိုးဆက္လက္သည္းထန္ရြာ ရြာသြန္းမည္ဟု ခန္႔မွန္းခ်က္ ထုတ္ျပန္ထားေၾကာင္း ဦးသန္းေဇာ္က ဆိုသည္။

မႏၲေလးၿမိဳ႕တြင္ ေအာက္တို ဘာ ၁၁ ရက္ ညမွ ၁၂ ရက္ညအ ထိ မိုးသည္းထန္စြာရြာသြန္းမႈ ေၾကာင့္ လမ္းမမ်ား ေရႀကီးနစ္ျမဳပ္ ခဲ့ကာ အခ်ိန္အေတာ္ၾကာသြား လာေရး အခက္အခဲရွိခဲ့ေၾကာင္း၊ ေစ်းမ်ားအတြင္း ေရဝင္ မႈေၾကာင့္ ေစ်းပိတ္ရသည့္ ျဖစ္စဥ္မ်ား ရွိေၾကာင္း မႏၲေလးၿမိဳ႕ခံ မ်ားက ေျပာသည္။

‘‘အရင္က မိုးရြာတာေတြက လမ္းေပၚေတာင္ ေရသိပ္မတင္ ဘူး။ ဒီေန႔ရြာတာက ဆိုင္ထဲထိေရ ေတြဝင္တယ္။ တစ္ေနကုန္ ဆိုင္ ပိတ္လိုက္ရတယ္’’ ဟု မႏၲေလး ၿမိဳ႕ ၆၈ လမ္း၊ လမ္း ၃၀ ႏွင့္ ၃၁ လမ္းၾကားတြင္ ခရီးသြားဝန္ ေဆာင္မႈလုပ္ငန္း ဖြင့္ထားသည့္ ကိုသက္ႏိုင္ဦးက ေျပာသည္။

မိုးသည္းထန္စြာ ရြာသြန္းမႈ ေၾကာင့္ မႏၲေလးၿမိဳ႕ခ်မ္းေအးသာ စံၿမိဳ႕နယ္ရွိ ခုတင္ (၅၅၀) ဆံ့ ကေလးေဆး႐ံုအတြင္း ေရဝင္ ေရာက္၍ ေဆးကုသရာတြင္ အခက္အခဲျဖစ္ခဲ့ေၾကာင္း ေဆး႐ံုု တြင္ ေဆးကုသမႈခံယူေနသူအခ်ိဳ႕ က ေျပာသည္။

မႏၲေလးတိုင္းေဒသႀကီးအ တြင္း ရြာသြန္းခဲ့သည့္ မိုးေရခ်ိန္ မ်ားမွာ ပုသိမ္ႀကီးၿမိဳ႕တြင္ ၆ ဒသမ၄၃ လက္မ၊ အမရပူရၿမိဳ႕တြင္ ၅ ဒသမ ၄၈ လက္မ၊ တံတားဦး (ေလဆိပ္) တြင္ ၅ ဒသမ ၂၈ လက္ မ၊ ျမစ္သားၿမိဳ႕တြင္ ၅ ဒသမ ၂၅ လက္မ၊ မႏၲေလးၿမိဳ႕တြင္ ၅ ဒသမ ၁၆ လက္မ၊ ေက်ာက္ဆည္ၿမိဳ႕ တြင္ ၅ ဒသမ ၀၈ လက္မ၊ စဥ့္ကိုင္ ၿမိဳ႕တြင္ ၄ ဒသမ ၅၆ လက္မ ရြာ သြန္းခဲ့ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာနက ထုတ္ျပန္ထားသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
မန္တလေးမြို့တွင် အောက်တိုဘာ ၁၂ ရက် က စံချိန်တင် မိုးရွာသွန်းခဲ့ပြီး မြို့တွင်းလမ်းမများ နှင့် မြို့ပေါ်ရပ်ကွက်များ၌ ရေကြီးနစ်မြုပ်မှုများ ဖြစ် ပေါ်ခဲ့သည်။
 အောက်တိုဘာ ၁၂ ရက်က မန္တလေးမြို့တွင် ရွာသွန်းခဲ့သောမိုးရေချိန်သည် မှတ်တမ်းယူသည့် ၇၁ နှစ်အတွင်း အောက်တိုဘာအတွက် အမြင့်ဆုံး စံချိန် တင်ရွာသွန်းမှုဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်းဇော်က ပြောသည်။‘‘စခန်းစဖွင့်ပြီး မှတ်တမ်းစံ ချိန်ယူတဲ့ ၇၁ နှစ်အတွင်းမှာ အောက်တိုဘာထဲ အများဆုံးရွာ တာပေါ့။ အရင်စံချိန်ကတော့ ၂၀၁၀ ကတင်ထားတဲ့ စံချိန်က အများဆုံးပဲ’’ ဟု ဦးသန်းဇော်က ပြော ကြားသည်။

မန္တလေးမြို့တွင် အောက်တို ဘာ ၁၂ ရက်က ၂၄ နာရီအတွင်း မိုးရေချိန် ၅ ဒသမ ၁၆ လက်မရွာ သွန်းခဲ့ပြီး ၂၀၁၀ အောက်တိုဘာ ၈ ရက်က နောက်ဆုံးစံချိန်သစ် ဖြစ်သည့် ၅ ဒသမ ၁၂ ကို ကျော် ကျော်လွန်ခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

တောင်တရုတ်ပင်လယ်တွင် ဖြစ်ပွားသော မုန်တိုင်း၏ နောက်ဆက်တွဲအဖြစ် မိုးသည်းထန်စွာ ရွာသွန်းခြင်းဖြစ်ကြောင်း၊ လာ မည့် ခြောက်ရက်မှ ရှစ်ရက်အတွင်း မန္တလေးတိုင်းဒေသကြီးတွင် မိုးဆက်လက်သည်းထန်ရွာ ရွာသွန်းမည်ဟု ခန့်မှန်းချက် ထုတ်ပြန်ထားကြောင်း ဦးသန်းဇော်က ဆိုသည်။

မန္တလေးမြို့တွင် အောက်တို ဘာ ၁၁ ရက် ညမှ ၁၂ ရက်ညအ ထိ မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် လမ်းမများ ရေကြီးနစ်မြုပ် ခဲ့ကာ အချိန်အတော်ကြာသွား လာရေး အခက်အခဲရှိခဲ့ကြောင်း၊ ဈေးများအတွင်း ရေဝင် မှုကြောင့် ဈေးပိတ်ရသည့် ဖြစ်စဉ်များ ရှိကြောင်း မန္တလေးမြို့ခံ များက ပြောသည်။

‘‘အရင်က မိုးရွာတာတွေက လမ်းပေါ်တောင် ရေသိပ်မတင် ဘူး။ ဒီနေ့ရွာတာက ဆိုင်ထဲထိရေ တွေဝင်တယ်။ တစ်နေကုန် ဆိုင် ပိတ်လိုက်ရတယ်’’ ဟု မန္တလေး မြို့ ၆၈ လမ်း၊ လမ်း ၃၀ နှင့် ၃၁ လမ်းကြားတွင် ခရီးသွားဝန် ဆောင်မှုလုပ်ငန်း ဖွင့်ထားသည့် ကိုသက်နိုင်ဦးက ပြောသည်။

မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် မန္တလေးမြို့ချမ်းအေးသာ စံမြို့နယ်ရှိ ခုတင် (၅၅၀) ဆံ့ ကလေးဆေးရုံအတွင်း ရေဝင် ရောက်၍ ဆေးကုသရာတွင် အခက်အခဲဖြစ်ခဲ့ကြောင်း ဆေးရုံု တွင် ဆေးကုသမှုခံယူနေသူအချို့ က ပြောသည်။

မန္တလေးတိုင်းဒေသကြီးအ တွင်း ရွာသွန်းခဲ့သည့် မိုးရေချိန် များမှာ ပုသိမ်ကြီးမြို့တွင် ၆ ဒသမ၄၃ လက်မ၊ အမရပူရမြို့တွင် ၅ ဒသမ ၄၈ လက်မ၊ တံတားဦး (လေဆိပ်) တွင် ၅ ဒသမ ၂၈ လက် မ၊ မြစ်သားမြို့တွင် ၅ ဒသမ ၂၅ လက်မ၊ မန္တလေးမြို့တွင် ၅ ဒသမ ၁၆ လက်မ၊ ကျောက်ဆည်မြို့ တွင် ၅ ဒသမ ၀၈ လက်မ၊ စဉ့်ကိုင် မြို့တွင် ၄ ဒသမ ၅၆ လက်မ ရွာ သွန်းခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top