Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

က်န္းမာေရး အေျပး ေလ့က်င့္ခန္းကို လိုအပ္သည္ထက္ ပိုလုပ္လွ်င္ က်န္းမာေရး တိုးတက္ ေကာင္းမြန္လာမည္ မဟုတ္ဘဲ အေျပး ေလ့က်င့္ခန္း လံုးဝ မလုပ္သူအတိုင္း က်န္းမာေရး ဆုတ္ယုတ္မႈ ကိုသာ ခံစားရမည္ဟု အေမရိကန္ ႏွလံုးဘက္ ဆိုင္ရာေကာလိပ္ မွ သုေတသီ မ်ားက ဆိုသည္။

သိပၸံပညာရွင္ မ်ားက က်န္းမာေရး အေျပး ေလ့က်င့္သူမ်ား ႏွင့္ မေျပးသူမ်ား စုစုေပါင္းဦးေရ ၁ဝဝဝ ေက်ာ္ကို ၁၂ ႏွစ္ၾကာ ေစာင့္ၾကည့္ ေလ့လာခဲ့ရာ ခပ္မွန္မွန္ ေျခလွမ္းျဖင့္ တစ္ပတ္လွ်င္ ၂ နာရီခြဲခန္႔ ေျပးသူမ်ားသည္ အျခားသူမ်ား ႏွင့္ ႏႈိင္းယွဥ္လွ်င္ အသက္ ေသဆံုးႏုိင္ေျခ အနည္းဆံုး ျဖစ္ၿပီး တစ္ပတ္လွ်င္ ၄ နာရီေက်ာ္ ေျပးသူမ်ားႏွင့္ ေလ့က်င့္ခန္း လံုးဝ မလုပ္သူမ်ား သည္ ေသဆံုးႏိုင္ေျခ အျမင့္ဆံုး ျဖစ္ေနသည္ကို ေတြ႕ရွိခဲ့ျခင္း ျဖစ္သည္။

''က်န္းမာေရး အေျပး ေလ့က်င့္မယ္ ဆိုရင္ တစ္နာရီကို ငါးမိုင္ႏႈန္းနဲ႔ တစ္ပတ္ကို ၃ရက္၊ စုစုေပါင္း ေျပးခ်ိန္ ၂ ဒသမ ၅ နာရီက အသင့္ေလ်ာ္ဆံုး ျဖစ္ပါတယ္။ ဒါထက္ ပို အားစိုက္ထုတ္ လုိက္မယ္ဆိုရင္ က်န္းမာေရး အက်ိဳး သက္ေရာက္မႈ မရွိေတာ့ဘဲ ဘာ က်န္းမာေရး ေလ့က်င့္ခန္းမွ မလုပ္သူ အတိုင္း ခံစား ရနိုင္ပါတယ္ .. '' ဟု သုေတသီ တစ္ဦး က ေျပာျပသည္။

''က်န္းမာေရး အတြက္ပဲ ဆိုရင္ သိပ္ျပင္းျပင္း ထန္ထန္ လုပ္ဖို႔ မလိုပါဘူး။ ၿပီးေတာ့ သိပ္ျပင္းျပင္း ထန္ထန္လဲ မလုပ္သင့္ဘူး။ ကမာၻ ေပၚမွာ အလြန္အကြၽံ လုပ္ရင္ အႏၲရာယ္ရွိတဲ့ ေလ့က်င့္ခန္း ထဲမွာ အေျပး ေလ့က်င့္ျခင္းက ထိပ္ဆံုးက ပါပါတယ္။ တအားေျပးရင္ ႏွလံုးခုန္ႏႈန္း အေျပာင္းအလဲ ကလဲ ျပင္းထန္ လာတဲ့အတြက္ ခံႏိုင္ရည္ မရွိရင္ က်န္းမာေရးက ပိုၿပီး ဆိုးရြား သြားႏိုင္တာပါ ... '' ဟု ၄င္းသုေတသီ က ဆက္လက္ ေျပာျပသည္။

က်န္းမာေရး အေျပး ေလ့က်င့္ျခင္းကို ေရရွည္ ျပဳလုပ္မည့္ အစား ခပ္ဆတ္ဆတ္ေလး လမ္းေလွ်ာက္ ေပးျခင္းက ပို၍ သင့္ေတာ္ေၾကာင္း၊ ႏွလံုး က်န္းမာေရး အတြက္ မာရသြန္ေလာက္ နီးနီးေျပးရန္ မလိုအပ္ေၾကာင္း၊ ခပ္ေပါ့ေပါ့၊ ခပ္တိုတို ေျပး႐ံုမွ်ျဖင့္ ဘဝသက္တမ္း တြင္ ႏွစ္မ်ား ေပါင္းထည့္ ေပးႏိုင္မည္ ျဖစ္ေၾကာင္း၊ တစ္ပတ္လွ်င္ မိနစ္ ၁၅ဝ ထက္ပို၍ က်န္းမာေရး အေျပး ေလ့က်င့္ျခင္း မျပဳလုပ္ သင့္ေၾကာင္း သုေတသီ မ်ားက သတိေပး ထားသည္။

''အသက္အရြယ္နဲ႔ ဆိုင္ပါတယ္။ မ်ားမ်ားေျပးရင္ ႏွလံုးက မ်ားမ်ား အလုပ္လုပ္ ရမယ္။ အဲဒီအတြက္ ေသြးလႊတ္ေၾကာ ေသြးျပန္ေၾကာ ေတြက ဖြဲ႕စည္းပံု ျပန္ျပင္ရမယ္။ အသက္ ၅ဝ ေနာက္ပိုင္းမွာ အဲဒီ ပင္မေသြးေၾကာ ႀကီးေတြကို ပံုစံျပင္ဖို႔ ဆိုတာ အႏၲရာယ္ မ်ားပါတယ္။ ဒါေၾကာင့္ မိမိ အသက္အရြယ္ က ခံႏိုင္တဲ့ အားကစား ေလ့က်င့္မႈမ်ဳိးပဲ ျပဳလုပ္ရမွာ ျဖစ္ပါတယ္ .. '' ဟု သုေတသီ တစ္ဦးက ေျပာျပ၍ သိရသည္။
 ဖိုးသူေတာ္ (www.phothutaw.com)
Credit:Original writer
#Unicode Version#
ကျန်းမာရေး အပြေး လေ့ကျင့်ခန်းကို လိုအပ်သည်ထက် ပိုလုပ်လျှင် ကျန်းမာရေး တိုးတက် ကောင်းမွန်လာမည် မဟုတ်ဘဲ အပြေး လေ့ကျင့်ခန်း လုံးဝ မလုပ်သူအတိုင်း ကျန်းမာရေး ဆုတ်ယုတ်မှု ကိုသာ ခံစားရမည်ဟု အမေရိကန် နှလုံးဘက် ဆိုင်ရာကောလိပ် မှ သုတေသီ များက ဆိုသည်။

သိပ္ပံပညာရှင် များက ကျန်းမာရေး အပြေး လေ့ကျင့်သူများ နှင့် မပြေးသူများ စုစုပေါင်းဦးရေ ၁ဝဝဝ ကျော်ကို ၁၂ နှစ်ကြာ စောင့်ကြည့် လေ့လာခဲ့ရာ ခပ်မှန်မှန် ခြေလှမ်းဖြင့် တစ်ပတ်လျှင် ၂ နာရီခွဲခန့် ပြေးသူများသည် အခြားသူများ နှင့် နှိုင်းယှဉ်လျှင် အသက် သေဆုံးနိုင်ခြေ အနည်းဆုံး ဖြစ်ပြီး တစ်ပတ်လျှင် ၄ နာရီကျော် ပြေးသူများနှင့် လေ့ကျင့်ခန်း လုံးဝ မလုပ်သူများ သည် သေဆုံးနိုင်ခြေ အမြင့်ဆုံး ဖြစ်နေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

''ကျန်းမာရေး အပြေး လေ့ကျင့်မယ် ဆိုရင် တစ်နာရီကို ငါးမိုင်နှုန်းနဲ့ တစ်ပတ်ကို ၃ရက်၊ စုစုပေါင်း ပြေးချိန် ၂ ဒသမ ၅ နာရီက အသင့်လျော်ဆုံး ဖြစ်ပါတယ်။ ဒါထက် ပို အားစိုက်ထုတ် လိုက်မယ်ဆိုရင် ကျန်းမာရေး အကျိုး သက်ရောက်မှု မရှိတော့ဘဲ ဘာ ကျန်းမာရေး လေ့ကျင့်ခန်းမှ မလုပ်သူ အတိုင်း ခံစား ရနိုင်ပါတယ် .. '' ဟု သုတေသီ တစ်ဦး က ပြောပြသည်။

''ကျန်းမာရေး အတွက်ပဲ ဆိုရင် သိပ်ပြင်းပြင်း ထန်ထန် လုပ်ဖို့ မလိုပါဘူး။ ပြီးတော့ သိပ်ပြင်းပြင်း ထန်ထန်လဲ မလုပ်သင့်ဘူး။ ကမ္ဘာ ပေါ်မှာ အလွန်အကျွံ လုပ်ရင် အန္တရာယ်ရှိတဲ့ လေ့ကျင့်ခန်း ထဲမှာ အပြေး လေ့ကျင့်ခြင်းက ထိပ်ဆုံးက ပါပါတယ်။ တအားပြေးရင် နှလုံးခုန်နှုန်း အပြောင်းအလဲ ကလဲ ပြင်းထန် လာတဲ့အတွက် ခံနိုင်ရည် မရှိရင် ကျန်းမာရေးက ပိုပြီး ဆိုးရွား သွားနိုင်တာပါ ... '' ဟု ၎င်းသုတေသီ က ဆက်လက် ပြောပြသည်။

ကျန်းမာရေး အပြေး လေ့ကျင့်ခြင်းကို ရေရှည် ပြုလုပ်မည့် အစား ခပ်ဆတ်ဆတ်လေး လမ်းလျှောက် ပေးခြင်းက ပို၍ သင့်တော်ကြောင်း၊ နှလုံး ကျန်းမာရေး အတွက် မာရသွန်လောက် နီးနီးပြေးရန် မလိုအပ်ကြောင်း၊ ခပ်ပေါ့ပေါ့၊ ခပ်တိုတို ပြေးရုံမျှဖြင့် ဘဝသက်တမ်း တွင် နှစ်များ ပေါင်းထည့် ပေးနိုင်မည် ဖြစ်ကြောင်း၊ တစ်ပတ်လျှင် မိနစ် ၁၅ဝ ထက်ပို၍ ကျန်းမာရေး အပြေး လေ့ကျင့်ခြင်း မပြုလုပ် သင့်ကြောင်း သုတေသီ များက သတိပေး ထားသည်။

''အသက်အရွယ်နဲ့ ဆိုင်ပါတယ်။ များများပြေးရင် နှလုံးက များများ အလုပ်လုပ် ရမယ်။ အဲဒီအတွက် သွေးလွှတ်ကြော သွေးပြန်ကြော တွေက ဖွဲ့စည်းပုံ ပြန်ပြင်ရမယ်။ အသက် ၅ဝ နောက်ပိုင်းမှာ အဲဒီ ပင်မသွေးကြော ကြီးတွေကို ပုံစံပြင်ဖို့ ဆိုတာ အန္တရာယ် များပါတယ်။ ဒါကြောင့် မိမိ အသက်အရွယ် က ခံနိုင်တဲ့ အားကစား လေ့ကျင့်မှုမျိုးပဲ ပြုလုပ်ရမှာ ဖြစ်ပါတယ် .. '' ဟု သုတေသီ တစ်ဦးက ပြောပြ၍ သိရသည်။

 ဖိုးသူတော် (www.phothutaw.com)
Credit:Original writer
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top