Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

လက္နဲ႔ လက္ေကာက္ဝတ္ေနရာမွာ နာက်က္ကိုက္ခဲမႈဟာ အျဖစ္မ်ားတဲ့ ႂကြက္သားနဲ႔ အဆစ္ဆိုင္ရာ ျပႆနာ တစ္ခုျဖစ္ပါတယ္။ လူအမ်ားစုဟာ တစ္ေန႔လံုးနီးပါး လက္ေတြကိုအသံုးျပဳၿပီး အလုပ္လုပ္ေနရတဲ့အတြက္ လက္နဲ႔ လက္ေကာက္ဝတ္ေတြမွာ ေညာင္းညာ ပင္ပန္းမႈ၊ နာက်င္ကိုက္ခဲမႈနဲ႔ ထိခိုက္ဒဏ္ရာရမႈေတြဟာ ဆိုး႐ြားတဲ့ ျပႆနာတစ္ခုျဖစ္လာပါတယ္။
အျဖစ္မ်ားေသာ လက္ႏွင့္ လက္ေကာက္ဝတ္ျပႆနာမ်ား

ခႏၶာကိုယ္အစိတ္အပိုင္း တစ္ခုခုကိုသံုးၿပီး လႈပ္ရွားမႈပံုစံတစ္မ်ိဳးတည္းကို ထပ္ကာ ထပ္ကာ လုပ္ရင္ အဲဒီေနရာမွာ ထပ္ကာထပ္ကာ ဖိစီးမႈေၾကာင့္ျဖစ္တဲ့ ထိခိုက္ဒဏ္ရာရမႈ(Repetitive stress injury) ျဖစ္ႏိုင္ပါတယ္။ ကြန္ပ်ဴတာစာစီစာ႐ိုက္သူ၊ စာေရး၊ ဂီတသမား၊ လက္သမားနဲ႔ အားကစားသမားေတြက သူတို႔ရဲ႕ လက္နဲ႔လက္ေကာက္ဝတ္မွာ ဒီလို ပံုစံထိခိုက္မႈမ်ိဳး ျဖစ္တတ္ပါတယ္။ Carpal Tunnel Syndrome ဆိုတာအျဖစ္မ်ားတဲ့ လက္ေကာက္ဝတ္ဆိုင္ရာ ေနာက္ထပ္ျပႆနာတစ္ခုပါ။
လက္ေကာက္မွာရွိတဲ့ အာ႐ုံေၾကာကို ဖိမိျခင္းေၾကာင့္ လက္မ၊ ၫိႈး၊ လက္ခလယ္စတဲ့ လက္ေခ်ာင္းေတြမွာ နာက်င္တတ္ပါတယ္။ ဒီျပႆနာရွိသူေတြဟာ အလုပ္လုပ္ေနစဥ္မွာ လက္ေကာက္ဝတ္ အစြပ္တပ္ထားရတတ္ပါတယ္။ အရင္က ျဖစ္ခဲ့တဲ့ထိခိုက္ဒဏ္ရာနဲ႔ အဆစ္လြဲတဲ့ ဒဏ္ရာအေဟာင္းေတြကလည္း ျပန္ၿပီး ဒုကၡေပးႏိုင္ပါေသးတယ္။ ဥပမာ အရင္ဒဏ္ရာအေဟာင္းရွိတဲ့ေနရာမွာ အဆစ္ေရာင္လာတာမ်ိဳးပါ။ အဆစ္ေရာင္တာဟာ လက္ေခ်ာင္းေတြကို ထိခိုက္နာက်င္ေစပါတယ္။ လက္မအဆစ္ေရာင္တာမ်ိဳးက အျဖစ္မ်ားၿပီး နာက်င္တတ္ပါတယ္။ အ႐ြတ္ေတြအနားမွာ အဖုျဖစ္တာ ဒါမွမဟုတ္ တစ္သွ်ဴးေရာင္တာမ်ိဳးကလည္း လက္နဲ႔ လက္ေကာက္ဝတ္ေတြကို နာက်င္ေစႏိုင္ပါတယ္။

လက္ႏွင့္ လက္ေကာက္ဝတ္ နာက်င္တတ္သူမ်ား

ဘယ္သူမဆို တစ္ခ်ိန္ခ်ိန္မွာ လက္နဲ႔ လက္ေကာက္ဝတ္ ေနရာေတြမွာ နာက်င္မႈကို ခံစားရႏိုင္ပါတယ္။ သက္ႀကီး႐ြယ္အိုေတြကေတာ့ သူတို႔ရဲ႕ လက္ေကာက္ဝတ္၊ လက္မနဲ႔လက္ေခ်ာင္းေတြကို အေႏွာက္အယွက္ျဖစ္ေစတဲ့ အဆစ္ေရာင္နာေရာဂါေတြ အျဖစ္မ်ားပါတယ္။
ငယ္႐ြယ္သူေတြကေတာ့ ေခ်ာလဲတာ ဒါမွမဟုတ္ အားကစားလုပ္ရင္း ထိခိုက္ဒဏ္ရာ ရတာေတြေၾကာင့္ အဆစ္ေရာင္နာ ျဖစ္တတ္ပါတယ္။ ဒါ့ျပင္ ကြန္ပ်ဴတာမွာ စာ႐ိုက္တာ၊ ဆံပင္ညႇပ္တာ၊ စားေသာက္ဆိုင္မွာ ဟင္းသီးဟင္း႐ြက္ေတြ အၿမဲလွီးျဖတ္ရတာနဲ႔ အေရာင္းေကာင္တာမွာ အလုပ္လုပ္တာေတြလိုမ်ိဳး အေနအထားတစ္မ်ိဳးတည္းမွာ ထပ္ကာထပ္ကာလႈပ္ရွားရတာေၾကာင့္လည္း လက္နဲ႔လက္ေကာက္ဝတ္ နာက်င္တတ္ပါတယ္။

ကာကြယ္မႈ

လက္နဲ႔ လက္ေကာက္ဝတ္ထိခိုက္ဒဏ္ရာရမႈေတြကို ကာကြယ္ဖို႔အတြက္
- သင္အလုပ္လုပ္တဲ့ေနရာဟာ သင့္အတြက္အဆင္ေျပေနဖို႔ လုိအပ္ပါတယ္။ သင္အသံုးျပဳရမယ့္ ပစၥည္းေတြကို မွန္ကန္တဲ့ အေနအထားမွာ ရွိေအာင္စနစ္တက် စီစဥ္ထားရွိပါ။ ဥပမာ သင္ဟာ ကြန္ပ်ဴတာ သံုးသူဆိုရင္ သင့္စားပြဲနဲ႔ ကီးဘုတ္ေတြကုိ မွန္ကန္တဲ့ အေနအထားမွာ ထားရွိမွသာ သင့္ပခုံး၊ တံေတာင္ဆစ္၊ လက္ေကာက္ဝတ္နဲ႔ လက္ေတြဟာ သက္ေသာင့္သက္သာ လႈပ္ရွားႏိုင္မွာ ျဖစ္ပါတယ္။
- အလုပ္ကို ဆက္တိုက္အၾကာႀကီး မလုပ္ဘဲ ၾကားထဲမွာ မၾကာခဏနားေပးပါ။ သင့္ပခံုး၊ လည္ပင္း၊ လက္ေကာက္ဝတ္နဲ႔ လက္ေခ်ာင္းေတြကို ဆြဲဆန္႔ေပးပါ။
- အလုပ္လုပ္တဲ့ ရက္ေတြအတြင္း နံနက္နဲ႔ေန႔လည္မွာ သင့္လက္ေကာက္ဝတ္နဲ႔ လက္ေတြအတြက္ ေလ့က်င့္ခန္းလုပ္ေပးပါ။
- ေခ်ာ္မလဲေအာင္ ဂ႐ုစိုက္ပါ။ ေခ်ာ္လဲတဲ့အခါ လက္နဲ႔ေထာက္မိရင္ လက္ေကာက္ဝတ္မွာ ဒဏ္ရာရတတ္ၿပီး ေနာက္ပိုင္းမွာ မၾကာခဏနာက်င္လာတတ္ပါတယ္။

ကုသမႈ

- သင့္လက္နဲ႔ လက္ေကာက္ဝတ္မွာ နာက်င္ေနတာဟာ ရက္အနည္းငယ္ၾကာတဲ့အထိ မေပ်ာက္ႏိုင္ရင္ ဒါမွမဟုတ္ ပိုဆိုးလာရင္ ဆရာဝန္ျပပါ။ သင္ဟာနာတာရွည္ ေရာဂါမျဖစ္ခင္ ျပႆနာကို ရွာေဖြစစ္ေဆးကုသမွသာ ထိခိုက္ပ်က္စီးမႈနည္းမွာ ျဖစ္ပါတယ္။
- ဆရာဝန္က လိုအပ္ရင္ ကာယကုသမႈယူဖို႔ ၫႊန္ၾကားပါလိမ့္မယ္။

ဂ႐ုစိုက္ပါ

- သင့္ခႏၶာကိုယ္က အသံကို နားေထာင္ပါ။ ဘယ္လို အေနအထားက သင့္ကို သက္ေသာင့္သက္သာ ျဖစ္ေစသလဲ၊ ဘယ္လို အေနအထားက သင့္ကို နာက်င္ေစသလဲဆိုတာ ဂ႐ုစိုက္ေလ့လာပါ။
- သင့္ခႏၶာကိုယ္က နာက်င္လာတဲ့အခါ ဇြတ္ေပၿပီ ဆက္မလုပ္ပါနဲ႔။
- သင့္ခႏၶာကိုယ္ကို အနားေပးဖို႔ သတိရပါ။ အလုပ္လုပ္ေနစဥ္အတြင္း သင့္ေနာက္ေက်ာ၊ ပခံုးနဲ႔ လည္ပင္းေတြကို မၾကာခဏဆြဲဆန္႔ေပးပါ။

Ref: Good Health

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ပိုပိုေဇာ္

# Unicode Version ျဖင့္ ဖတ္ပါ #
လက်နဲ့ လက်ကောက်ဝတ်နေရာမှာ နာကျက်ကိုက်ခဲမှုဟာ အဖြစ်များတဲ့ ကြွက်သားနဲ့ အဆစ်ဆိုင်ရာ ပြဿနာ တစ်ခုဖြစ်ပါတယ်။ လူအများစုဟာ တစ်နေ့လုံးနီးပါး လက်တွေကိုအသုံးပြုပြီး အလုပ်လုပ်နေရတဲ့အတွက် လက်နဲ့ လက်ကောက်ဝတ်တွေမှာ ညောင်းညာ ပင်ပန်းမှု၊ နာကျင်ကိုက်ခဲမှုနဲ့ ထိခိုက်ဒဏ်ရာရမှုတွေဟာ ဆိုးရွားတဲ့ ပြဿနာတစ်ခုဖြစ်လာပါတယ်။
အဖြစ်များသော လက်နှင့် လက်ကောက်ဝတ်ပြဿနာများ

ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုခုကိုသုံးပြီး လှုပ်ရှားမှုပုံစံတစ်မျိုးတည်းကို ထပ်ကာ ထပ်ကာ လုပ်ရင် အဲဒီနေရာမှာ ထပ်ကာထပ်ကာ ဖိစီးမှုကြောင့်ဖြစ်တဲ့ ထိခိုက်ဒဏ်ရာရမှု(Repetitive stress injury) ဖြစ်နိုင်ပါတယ်။ ကွန်ပျူတာစာစီစာရိုက်သူ၊ စာရေး၊ ဂီတသမား၊ လက်သမားနဲ့ အားကစားသမားတွေက သူတို့ရဲ့ လက်နဲ့လက်ကောက်ဝတ်မှာ ဒီလို ပုံစံထိခိုက်မှုမျိုး ဖြစ်တတ်ပါတယ်။ Carpal Tunnel Syndrome ဆိုတာအဖြစ်များတဲ့ လက်ကောက်ဝတ်ဆိုင်ရာ နောက်ထပ်ပြဿနာတစ်ခုပါ။
လက်ကောက်မှာရှိတဲ့ အာရုံကြောကို ဖိမိခြင်းကြောင့် လက်မ၊ ညှိုး၊ လက်ခလယ်စတဲ့ လက်ချောင်းတွေမှာ နာကျင်တတ်ပါတယ်။ ဒီပြဿနာရှိသူတွေဟာ အလုပ်လုပ်နေစဉ်မှာ လက်ကောက်ဝတ် အစွပ်တပ်ထားရတတ်ပါတယ်။ အရင်က ဖြစ်ခဲ့တဲ့ထိခိုက်ဒဏ်ရာနဲ့ အဆစ်လွဲတဲ့ ဒဏ်ရာအဟောင်းတွေကလည်း ပြန်ပြီး ဒုက္ခပေးနိုင်ပါသေးတယ်။ ဥပမာ အရင်ဒဏ်ရာအဟောင်းရှိတဲ့နေရာမှာ အဆစ်ရောင်လာတာမျိုးပါ။ အဆစ်ရောင်တာဟာ လက်ချောင်းတွေကို ထိခိုက်နာကျင်စေပါတယ်။ လက်မအဆစ်ရောင်တာမျိုးက အဖြစ်များပြီး နာကျင်တတ်ပါတယ်။ အရွတ်တွေအနားမှာ အဖုဖြစ်တာ ဒါမှမဟုတ် တစ်သျှူးရောင်တာမျိုးကလည်း လက်နဲ့ လက်ကောက်ဝတ်တွေကို နာကျင်စေနိုင်ပါတယ်။

လက်နှင့် လက်ကောက်ဝတ် နာကျင်တတ်သူများ

ဘယ်သူမဆို တစ်ချိန်ချိန်မှာ လက်နဲ့ လက်ကောက်ဝတ် နေရာတွေမှာ နာကျင်မှုကို ခံစားရနိုင်ပါတယ်။ သက်ကြီးရွယ်အိုတွေကတော့ သူတို့ရဲ့ လက်ကောက်ဝတ်၊ လက်မနဲ့လက်ချောင်းတွေကို အနှောက်အယှက်ဖြစ်စေတဲ့ အဆစ်ရောင်နာရောဂါတွေ အဖြစ်များပါတယ်။
ငယ်ရွယ်သူတွေကတော့ ချောလဲတာ ဒါမှမဟုတ် အားကစားလုပ်ရင်း ထိခိုက်ဒဏ်ရာ ရတာတွေကြောင့် အဆစ်ရောင်နာ ဖြစ်တတ်ပါတယ်။ ဒါ့ပြင် ကွန်ပျူတာမှာ စာရိုက်တာ၊ ဆံပင်ညှပ်တာ၊ စားသောက်ဆိုင်မှာ ဟင်းသီးဟင်းရွက်တွေ အမြဲလှီးဖြတ်ရတာနဲ့ အရောင်းကောင်တာမှာ အလုပ်လုပ်တာတွေလိုမျိုး အနေအထားတစ်မျိုးတည်းမှာ ထပ်ကာထပ်ကာလှုပ်ရှားရတာကြောင့်လည်း လက်နဲ့လက်ကောက်ဝတ် နာကျင်တတ်ပါတယ်။

ကာကွယ်မှု

လက်နဲ့ လက်ကောက်ဝတ်ထိခိုက်ဒဏ်ရာရမှုတွေကို ကာကွယ်ဖို့အတွက်
- သင်အလုပ်လုပ်တဲ့နေရာဟာ သင့်အတွက်အဆင်ပြေနေဖို့ လိုအပ်ပါတယ်။ သင်အသုံးပြုရမယ့် ပစ္စည်းတွေကို မှန်ကန်တဲ့ အနေအထားမှာ ရှိအောင်စနစ်တကျ စီစဉ်ထားရှိပါ။ ဥပမာ သင်ဟာ ကွန်ပျူတာ သုံးသူဆိုရင် သင့်စားပွဲနဲ့ ကီးဘုတ်တွေကို မှန်ကန်တဲ့ အနေအထားမှာ ထားရှိမှသာ သင့်ပခုံး၊ တံတောင်ဆစ်၊ လက်ကောက်ဝတ်နဲ့ လက်တွေဟာ သက်သောင့်သက်သာ လှုပ်ရှားနိုင်မှာ ဖြစ်ပါတယ်။
- အလုပ်ကို ဆက်တိုက်အကြာကြီး မလုပ်ဘဲ ကြားထဲမှာ မကြာခဏနားပေးပါ။ သင့်ပခုံး၊ လည်ပင်း၊ လက်ကောက်ဝတ်နဲ့ လက်ချောင်းတွေကို ဆွဲဆန့်ပေးပါ။
- အလုပ်လုပ်တဲ့ ရက်တွေအတွင်း နံနက်နဲ့နေ့လည်မှာ သင့်လက်ကောက်ဝတ်နဲ့ လက်တွေအတွက် လေ့ကျင့်ခန်းလုပ်ပေးပါ။
- ချော်မလဲအောင် ဂရုစိုက်ပါ။ ချော်လဲတဲ့အခါ လက်နဲ့ထောက်မိရင် လက်ကောက်ဝတ်မှာ ဒဏ်ရာရတတ်ပြီး နောက်ပိုင်းမှာ မကြာခဏနာကျင်လာတတ်ပါတယ်။

ကုသမှု

- သင့်လက်နဲ့ လက်ကောက်ဝတ်မှာ နာကျင်နေတာဟာ ရက်အနည်းငယ်ကြာတဲ့အထိ မပျောက်နိုင်ရင် ဒါမှမဟုတ် ပိုဆိုးလာရင် ဆရာဝန်ပြပါ။ သင်ဟာနာတာရှည် ရောဂါမဖြစ်ခင် ပြဿနာကို ရှာဖွေစစ်ဆေးကုသမှသာ ထိခိုက်ပျက်စီးမှုနည်းမှာ ဖြစ်ပါတယ်။
- ဆရာဝန်က လိုအပ်ရင် ကာယကုသမှုယူဖို့ ညွှန်ကြားပါလိမ့်မယ်။

ဂရုစိုက်ပါ

- သင့်ခန္ဓာကိုယ်က အသံကို နားထောင်ပါ။ ဘယ်လို အနေအထားက သင့်ကို သက်သောင့်သက်သာ ဖြစ်စေသလဲ၊ ဘယ်လို အနေအထားက သင့်ကို နာကျင်စေသလဲဆိုတာ ဂရုစိုက်လေ့လာပါ။
- သင့်ခန္ဓာကိုယ်က နာကျင်လာတဲ့အခါ ဇွတ်ပေပြီ ဆက်မလုပ်ပါနဲ့။
- သင့်ခန္ဓာကိုယ်ကို အနားပေးဖို့ သတိရပါ။ အလုပ်လုပ်နေစဉ်အတွင်း သင့်နောက်ကျော၊ ပခုံးနဲ့ လည်ပင်းတွေကို မကြာခဏဆွဲဆန့်ပေးပါ။

Ref: Good Health

ဖိုးသူတော် (www.phothutaw.com)
Credit: ပိုပိုဇော်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top