ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

မ်က္ရည္ေတြက လူတစ္ေယာက္ ခံစားခ်က္ရဲ႕ ေရာင္ျပန္ဟပ္မႈပါ။ ဝမ္းနည္းလည္းမ်က္ရည္က်မယ္၊ ေပ်ာ္လည္းမ်က္ရည္က်မယ္၊ တအားရယ္လိုက္တဲ့အခါမ်က္ရည္က်မယ္။  တစ္ခါတစ္ေလ ဘာမွမခံစားရပဲနဲ႔ ၾကက္သြန္နီလွီးလိုက္လို႔ေတာင္မ်က္ရည္က်လာတာမ်ိဳးရွိမယ္။ ဘယ္လိုပဲမဆို မ်က္ရည္က်လာတာနဲ႔ အဲ့ဒီ့မ်က္ရည္က ငန္တာပါပဲ။ မ်က္ရည္ဘာေၾကာင့္ငန္လဲဆုိျပီး ေမးခြန္းထုတ္မိၾကမွာပါ။ ဘာေၾကာင့္လဲဆိုတာမေျပာခင္ အရင္ဆံုး မ်က္ရည္(၃)မ်ိဳးအေၾကာင္း ေလ့လာၾကည့္ရေအာင္။

၁။Basal tears

ေျပာရရင္ မ်က္ၾကည္လႊာအေပၚအျမဲတမ္းဖံုးလႊမ္းေနတဲ့ မ်က္ရည္လႊာပါးပါးေလးပါ။ Basal မ်က္ရည္လႊာသာမရွိဘူးဆိုရင္ မ်က္လႊာေျခာက္ျခင္းျဖစ္လာျပီး အခန္႔မသင့္ရင္ အျမင္အာရုံေတာင္ခ်ိဳ႔တဲ့သြားႏုိင္ပါတယ္။ ဒါေၾကာင့္ Basal မ်က္ရည္အရမး္နည္းတဲ့သူေတြ၊ မ်က္လႊာေျခာက္သူေတြ အေနနဲ႔ Basal မ်က္ရည္အစားထိုး မ်က္စင္းခတ္ေဆးရည္ကိုထည့္ၾကရပါတယ္။

၂။Reflex Tears

ဘာခံစားခ်က္ေၾကာင့္မွမဟုတ္ပဲ ဖုန္၊ ဓာတုအေငြ႔ေတြစတဲ့ အေႏွာင့္အယွက္ေတြေၾကာင့္ တံု႔ျပန္တဲ့အေနနဲ႔ထြက္လာရတဲ့မ်က္ရည္ပါ။ အဲ့ဒီ့မ်က္ရည္က မ်က္လံုးတြင္းေရာဂါပိုးဝင္ျခင္းမွလည္းကာကြယ္ေပးပါတယ္။ တစ္ခါတစ္ေလ ပံုမမွန္၊ဘာအေၾကာင္းျပခ်က္မွ မသိရပဲ သူ႔အလုိလုိက်လာတတ္တာမ်ိဳးရွိပါတယ္။

၃။Psychic Tears

ခံစားခ်က္ေၾကာင့္ ထြက္လာတဲ့မ်က္ရည္ပါ။ ပထမကေျပာသလို ေပ်ာ္တဲ့အခါျဖစ္ျဖစ္၊ ဝမ္းနည္းတဲ့အခါျဖစ္ျဖစ္ စိတ္ခံစားခ်က္ေၾကာင့္တစ္ဆင့္ထြက္လာရတဲ့မ်က္ရည္ပါ။

ကဲ..မ်က္ရည္(၃)မ်ိဳးအေၾကာင္းသိရျပီဆုိေတာ့ မ်က္ရည္ဘာေၾကာင့္ငန္သလဲဆိုတာဆက္ၾကည့္ရေအာင္။

လူ႔ခႏၶာကိုယ္ထဲမွာ ဆားက ဖန္ခြက္တစ္ခြက္စာေလာက္ပါဝင္ေနပါတယ္။ ဒါေၾကာင့္ ခႏၶာကိုယ္မွ စိမ့္ထြက္လာတဲ့ မ်က္ရည္၊ ဆီး၊ ေခၽြးနဲ႔ တံေတြးစတာေတြက ကိုယ္တြင္းဆားရည္ေတြပါဝင္တာေၾကာင့္ ငန္က်ိက်ိျဖစ္ေနရတာပါ။ ဆီး၊ ေခၽြး နဲ႔ မ်က္ရည္ေတြမွာ ဆားပါဝင္ေပမယ့္လည္း သူတုိ႔ရဲ႕ပါဝင္မႈက ထိန္းညွိမႈရွိေနတာေၾကာင့္ ဆား၃ရာခိုင္ႏႈန္းေလာက္ပါဝင္တဲ့ ပင္လယ္ေရေတြလို စပ္ဖ်ဥ္းဖ်ဥ္းမျဖစ္ေစတာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mystyle

#Unicode Version#
မျက်ရည်တွေက လူတစ်ယောက် ခံစားချက်ရဲ့ ရောင်ပြန်ဟပ်မှုပါ။ ဝမ်းနည်းလည်းမျက်ရည်ကျမယ်၊ ပျော်လည်းမျက်ရည်ကျမယ်၊ တအားရယ်လိုက်တဲ့အခါမျက်ရည်ကျမယ်။  တစ်ခါတစ်လေ ဘာမှမခံစားရပဲနဲ့ ကြက်သွန်နီလှီးလိုက်လို့တောင်မျက်ရည်ကျလာတာမျိုးရှိမယ်။ ဘယ်လိုပဲမဆို မျက်ရည်ကျလာတာနဲ့ အဲ့ဒီ့မျက်ရည်က ငန်တာပါပဲ။ မျက်ရည်ဘာကြောင့်ငန်လဲဆိုပြီး မေးခွန်းထုတ်မိကြမှာပါ။ ဘာကြောင့်လဲဆိုတာမပြောခင် အရင်ဆုံး မျက်ရည်(၃)မျိုးအကြောင်း လေ့လာကြည့်ရအောင်။

၁။Basal tears

ပြောရရင် မျက်ကြည်လွှာအပေါ်အမြဲတမ်းဖုံးလွှမ်းနေတဲ့ မျက်ရည်လွှာပါးပါးလေးပါ။ Basal မျက်ရည်လွှာသာမရှိဘူးဆိုရင် မျက်လွှာခြောက်ခြင်းဖြစ်လာပြီး အခန့်မသင့်ရင် အမြင်အာရုံတောင်ချို့တဲ့သွားနိုင်ပါတယ်။ ဒါကြောင့် Basal မျက်ရည်အရမ်းနည်းတဲ့သူတွေ၊ မျက်လွှာခြောက်သူတွေ အနေနဲ့ Basal မျက်ရည်အစားထိုး မျက်စင်းခတ်ဆေးရည်ကိုထည့်ကြရပါတယ်။

၂။Reflex Tears

ဘာခံစားချက်ကြောင့်မှမဟုတ်ပဲ ဖုန်၊ ဓာတုအငွေ့တွေစတဲ့ အနှောင့်အယှက်တွေကြောင့် တုံ့ပြန်တဲ့အနေနဲ့ထွက်လာရတဲ့မျက်ရည်ပါ။ အဲ့ဒီ့မျက်ရည်က မျက်လုံးတွင်းရောဂါပိုးဝင်ခြင်းမှလည်းကာကွယ်ပေးပါတယ်။ တစ်ခါတစ်လေ ပုံမမှန်၊ဘာအကြောင်းပြချက်မှ မသိရပဲ သူ့အလိုလိုကျလာတတ်တာမျိုးရှိပါတယ်။

၃။Psychic Tears

ခံစားချက်ကြောင့် ထွက်လာတဲ့မျက်ရည်ပါ။ ပထမကပြောသလို ပျော်တဲ့အခါဖြစ်ဖြစ်၊ ဝမ်းနည်းတဲ့အခါဖြစ်ဖြစ် စိတ်ခံစားချက်ကြောင့်တစ်ဆင့်ထွက်လာရတဲ့မျက်ရည်ပါ။

ကဲ..မျက်ရည်(၃)မျိုးအကြောင်းသိရပြီဆိုတော့ မျက်ရည်ဘာကြောင့်ငန်သလဲဆိုတာဆက်ကြည့်ရအောင်။

လူ့ခန္ဓာကိုယ်ထဲမှာ ဆားက ဖန်ခွက်တစ်ခွက်စာလောက်ပါဝင်နေပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှ စိမ့်ထွက်လာတဲ့ မျက်ရည်၊ ဆီး၊ ချွေးနဲ့ တံတွေးစတာတွေက ကိုယ်တွင်းဆားရည်တွေပါဝင်တာကြောင့် ငန်ကျိကျိဖြစ်နေရတာပါ။ ဆီး၊ ချွေး နဲ့ မျက်ရည်တွေမှာ ဆားပါဝင်ပေမယ့်လည်း သူတို့ရဲ့ပါဝင်မှုက ထိန်းညှိမှုရှိနေတာကြောင့် ဆား၃ရာခိုင်နှုန်းလောက်ပါဝင်တဲ့ ပင်လယ်ရေတွေလို စပ်ဖျဉ်းဖျဉ်းမဖြစ်စေတာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: mystyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top