# Zawgyi Version ျဖင့္ ဖတ္ပါ #

ေလာကႀကီးမွာ ထူးဆန္းတာေတြ ရွိတတ္ၾကပါတယ္။ဒါကိုပဲ သဘာဝလြန္ျဖစ္ရပ္ေတြလုိ႔ ေျပာၾကတာပါ။ ဒီေနရာမွာ ေယာကၤ်ားတဦးကဇနီး ၄ ၊ ၅ ဦးကို တၿပိဳင္တည္း လက္ထပ္ေပါင္းသင္းေနတယ္ဆုိတာ မထူးဆန္းေပမယ့္မိန္းမ တဦး က ခင္ပြန္း ေယာကၤ်ား ၅ ဦးကုိ တၿပဳိင္တည္း ေပါင္းသင္းတယ္ဆုိတဲ့အျဖစ္မ်ိဳး ကေတာ့ ထူးဆန္းမေနဘူးလား။

ဒီလိုထူးဆန္းမႈကေတာ့ ကမာၻေပၚမွာ တကယ္ရွိေနပါတယ္။သူကေတာ့ အိႏၵိယႏုိင္ငံက အသက္ ၂၁ ႏွစ္အရြယ္ရွိတဲ့မစၥ ရာဂ်ဳိ ဗာမာ ဆုိသူ အမ်ိဳးသမီးပါ။ သူကေတာ့ခင္ပြန္းသည္ ၅ ဦးနဲ႔ အလွည့္က် တညစီ ေနပါသတဲ့။ ခင္ပြန္းျဖစ္သူ ၅ ဦးလံုးကလည္းညီအကိုေတြ ျဖစ္ေနတာပါလုိ႔ The Sun အြန္လုိင္း သတင္းစာမွာ ေဖာ္ျပထားပါတယ္။ ရင္ခြင္ထဲ ေပြ႔ခ်ီထားတဲ့ သားငယ္ ေလးဟာဘယ္အေဖနဲ႔ ေမြးတယ္ဆိုတာေတာင္ သူမသိရပါဘူး လို႔ ေျပာပါတယ္။

“ကနဦးပိုင္းေတာ့ နည္းနည္း ေၾကာင္ေတာင္ေတာင္ ျဖစ္သလုိခံစားခဲ့ရပါတယ္။ဒါေပမယ့္ ဘယ္ေယာကၤ်ား တဦး တေလကိုမွ က်မက မ်က္ႏွာလိုက္တယ္ဆုိတာ မရွိဘူး”လုိ႔ မစၥ ရာဂ်ဳိဗာမာ က ေျပာပါတယ္။>< မစၥ ရာဂ်ဳိရဲ႕ ပထမဆံုး သတုိ႔သား တဦးျဖစ္ခဲ့သူကေတာ့အသက္ ၂၁ ႏွစ္ရွိၿပီျဖစ္တဲ့ မစၥတာ ဂတ္ဒူဆုိသူပါ။“က်ေနာ္တုိ႔အားလံုးက သူနဲ႔ လိင္ဆက္ဆံေနတာပဲ၊ ဒါေပမယ့္ က်ေနာ္တုိ႔ မနာလိုစိတ္မရွိဘူး။ က်ေနာ္တုိ႔က တကယ့္ မိသားစုႀကီးျဖစ္ေနတာကိုး” လို႔ သူက ေျပာပါတယ္။>< သူတုိ႔ ၂ ဦးကေတာ့ လြန္ခဲ့တဲ့ ၄ ႏွစ္ေလာက္က ဟိႏၵဴ႐ုိးရာနဲ႔ လက္ထပ္ေပါင္းသင္းခဲ့ၾကတဲ့ စံုတြဲပါ။ တရားဝင္အားျဖင့္သူတုိ႔ ၂ ဦးဟာ အၾကင္လင္မယားအျဖစ္ စတင္ေပါင္းသင္းခဲ့သူေတြေပါ့။

ဒါေပမယ့္ သူတို႔ရြာဓေလ့အရမစၥ ရာဂ်ာဗာမာဟာ မျဖစ္မေနပဲ သူ႔ပထမဆံုးခင္ပြန္းျဖစ္သူရဲ႕ ညီအကိုေတြျဖစ္တဲ့ ဘာဂ်ဴ ( အသက္ ၃၂ႏွစ္)၊ ဆန္႔ရမ္ ( အသက္ ၂၈ႏွစ္)၊ ဂုိပါလ္ ( အသက္ ၂၆ ႏွစ္) ကို ခင္ပြန္းေတြ အျဖစ္ လက္ထပ္ေပါင္းသင္းရပါတယ္။>< ဒီ့အျပင္ မႏွစ္ကမွ အသက္ ၁၈ ႏွစ္ျပည့္ခဲ့လုိ႔ေနာက္ဆံုး လက္ထပ္လုိက္ရတဲ့သူကေတာ့ ဒုိင္းနဲရွ္ပါပဲ။အႀကီးဆံုး အကိုႀကီးျဖစ္သူ ဘာဂ်ဴးက ေျပာတာကေတာ့ စိတ္ဝင္စားစရာပါ။“က်ေနာ့္မိန္းမအျဖစ္နဲ႔ သူ႔ကို စဥ္းစားပါတယ္။ၿပီးေတာ့ က်ေနာ့္ညီေတြလုိပဲ သူနဲ႔ အိပ္တာပဲ” လို႔ ေျပာပါတယ္။>< ရာဂ်ိဳက ထမင္းဟင္းခ်က္ျပဳတ္ၿပီး သန္႔ရွင္းေရးလုပ္ေၾကာင္း၊ ခင္ပြန္းသည္ေတြကအလုပ္အကိုင္ရွိတဲ့ အိႏၵိယႏိုင္ငံ ေျမာက္ပို္င္း ေဒရာဒန္အရပ္မွာ သြားေနခိုက္ အိမ္က၁၈ လသားအရြယ္ ေဂ်း ဆုိတဲ့ ကေလးကိုလည္း ထိန္းသိန္း ေစာင့္ေရွာက္ရပါေသးတယ္လုိ႔ သူက ဆက္ေျပာပါတယ္။

မစၥရာဂ်ဳိက ပိုလီယန္ဒရီလို႔ေခၚတဲ့ေရွး႐ုိးရာအေၾကာင္းနဲ႔ ပတ္သက္လုိ႔ ရွင္းျပပါတယ္။“က်မအေမကလည္းပဲ ဒီလိုပဲ ညီအကို ၃ ေယာက္ကို လက္ထပ္ခဲ့တာပါ။က်မ လက္ထပ္တုန္းကလည္း သူတုိ႔ ညီ အကိုေတြ အားလံုးကို က်မ ခင္ပြန္းေတြအျဖစ္က်မလက္ခံရမယ္ဆုိတာ က်မ သိၿပီးသားပါ” လို႔ ရာဂ်ိဳက ဆုိပါတယ္။“က်မကေတာ့သူတုိ႔နဲ႔ အလွည့္က် အိပ္တယ္။ က်မတုိ႔မွာက ကုတင္ေတြ၊ အိပ္ရာေတြမရွိဘူးေလ။ ၾကမ္းျပင္ေပၚ ေစာင္ေတြမ်ားမ်ား ခင္းလုိက္တာပဲ” လုိ႔ ရာဂ်ဳိက ဆုိပါတယ္။ၿပီးေတာ့သူက ဆက္ေျပာတာကုိ စာဖတ္သူမ်ား ပိုစိတ္ဝင္စားမယ္ထင္ပါတယ္။“မယားေတြ အမ်ားႀကီးရွိတာမ်ိဳးထက္စာရင္ ခ်စ္ျခင္းေမတၱာနဲ႔ပတ္သက္လုိ႔က်မက ပိုုလို႔ေတာင္ ဂ႐ုစိုက္မႈ ခံရေသးတယ္” လုိ႔ ရာဂ်ဳိက ဆုိပါတယ္။သူတုိ႔ ဓေလ့၊ သူတုိ႔႐ုိးရာမ်ား အံ့ပါေရာ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Orginal

# Unicode Version ျဖင့္ ဖတ္ပါ #
ေလာကကြီးမှာ ထူးဆန်းတာတွေ ရှိတတ်ကြပါတယ်။ဒါကိုပဲ သဘာဝလွန်ဖြစ်ရပ်တွေလို့ ပြောကြတာပါ။ ဒီနေရာမှာ ယောင်္ကျားတဦးကဇနီး ၄ ၊ ၅ ဦးကို တပြိုင်တည်း လက်ထပ်ပေါင်းသင်းနေတယ်ဆိုတာ မထူးဆန်းပေမယ့်မိန်းမ တဦး က ခင်ပွန်း ယောင်္ကျား ၅ ဦးကို တပြိုင်တည်း ပေါင်းသင်းတယ်ဆိုတဲ့အဖြစ်မျိုး ကတော့ ထူးဆန်းမနေဘူးလား။

ဒီလိုထူးဆန်းမှုကတော့ ကမ္ဘာပေါ်မှာ တကယ်ရှိနေပါတယ်။သူကတော့ အိန္ဒိယနိုင်ငံက အသက် ၂၁ နှစ်အရွယ်ရှိတဲ့မစ္စ ရာဂျို ဗာမာ ဆိုသူ အမျိုးသမီးပါ။ သူကတော့ခင်ပွန်းသည် ၅ ဦးနဲ့ အလှည့်ကျ တညစီ နေပါသတဲ့။ ခင်ပွန်းဖြစ်သူ ၅ ဦးလုံးကလည်းညီအကိုတွေ ဖြစ်နေတာပါလို့ The Sun အွန်လိုင်း သတင်းစာမှာ ဖော်ပြထားပါတယ်။>< ရင်ခွင်ထဲ ပွေ့ချီထားတဲ့ သားငယ် လေးဟာဘယ်အဖေနဲ့ မွေးတယ်ဆိုတာတောင် သူမသိရပါဘူး လို့ ပြောပါတယ်။

“ကနဦးပိုင်းတော့ နည်းနည်း ကြောင်တောင်တောင် ဖြစ်သလိုခံစားခဲ့ရပါတယ်။ဒါပေမယ့် ဘယ်ယောင်္ကျား တဦး တလေကိုမှ ကျမက မျက်နှာလိုက်တယ်ဆိုတာ မရှိဘူး”လို့ မစ္စ ရာဂျိုဗာမာ က ပြောပါတယ်။>< မစ္စ ရာဂျိုရဲ့ ပထမဆုံး သတို့သား တဦးဖြစ်ခဲ့သူကတော့အသက် ၂၁ နှစ်ရှိပြီဖြစ်တဲ့ မစ္စတာ ဂတ်ဒူဆိုသူပါ။“ကျနော်တို့အားလုံးက သူနဲ့ လိင်ဆက်ဆံနေတာပဲ၊ ဒါပေမယ့် ကျနော်တို့ မနာလိုစိတ်မရှိဘူး။ ကျနော်တို့က တကယ့် မိသားစုကြီးဖြစ်နေတာကိုး” လို့ သူက ပြောပါတယ်။>< သူတို့ ၂ ဦးကတော့ လွန်ခဲ့တဲ့ ၄ နှစ်လောက်က ဟိန္ဒူရိုးရာနဲ့ လက်ထပ်ပေါင်းသင်းခဲ့ကြတဲ့ စုံတွဲပါ။ တရားဝင်အားဖြင့်သူတို့ ၂ ဦးဟာ အကြင်လင်မယားအဖြစ် စတင်ပေါင်းသင်းခဲ့သူတွေပေါ့။

ဒါပေမယ့် သူတို့ရွာဓလေ့အရမစ္စ ရာဂျာဗာမာဟာ မဖြစ်မနေပဲ သူ့ပထမဆုံးခင်ပွန်းဖြစ်သူရဲ့ ညီအကိုတွေဖြစ်တဲ့ ဘာဂျူ ( အသက် ၃၂နှစ်)၊ ဆန့်ရမ် ( အသက် ၂၈နှစ်)၊ ဂိုပါလ် ( အသက် ၂၆ နှစ်) ကို ခင်ပွန်းတွေ အဖြစ် လက်ထပ်ပေါင်းသင်းရပါတယ်။>< ဒီ့အပြင် မနှစ်ကမှ အသက် ၁၈ နှစ်ပြည့်ခဲ့လို့နောက်ဆုံး လက်ထပ်လိုက်ရတဲ့သူကတော့ ဒိုင်းနဲရှ်ပါပဲ။အကြီးဆုံး အကိုကြီးဖြစ်သူ ဘာဂျူးက ပြောတာကတော့ စိတ်ဝင်စားစရာပါ။“ကျနော့်မိန်းမအဖြစ်နဲ့ သူ့ကို စဉ်းစားပါတယ်။ပြီးတော့ ကျနော့်ညီတွေလိုပဲ သူနဲ့ အိပ်တာပဲ” လို့ ပြောပါတယ်။>< ရာဂျိုက ထမင်းဟင်းချက်ပြုတ်ပြီး သန့်ရှင်းရေးလုပ်ကြောင်း၊ ခင်ပွန်းသည်တွေကအလုပ်အကိုင်ရှိတဲ့ အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဒေရာဒန်အရပ်မှာ သွားနေခိုက် အိမ်က၁၈ လသားအရွယ် ဂျေး ဆိုတဲ့ ကလေးကိုလည်း ထိန်းသိန်း စောင့်ရှောက်ရပါသေးတယ်လို့ သူက ဆက်ပြောပါတယ်။

မစ္စရာဂျိုက ပိုလီယန်ဒရီလို့ခေါ်တဲ့ရှေးရိုးရာအကြောင်းနဲ့ ပတ်သက်လို့ ရှင်းပြပါတယ်။“ကျမအမေကလည်းပဲ ဒီလိုပဲ ညီအကို ၃ ယောက်ကို လက်ထပ်ခဲ့တာပါ။ကျမ လက်ထပ်တုန်းကလည်း သူတို့ ညီ အကိုတွေ အားလုံးကို ကျမ ခင်ပွန်းတွေအဖြစ်ကျမလက်ခံရမယ်ဆိုတာ ကျမ သိပြီးသားပါ” လို့ ရာဂျိုက ဆိုပါတယ်။“ကျမကတော့သူတို့နဲ့ အလှည့်ကျ အိပ်တယ်။ ကျမတို့မှာက ကုတင်တွေ၊ အိပ်ရာတွေမရှိဘူးလေ။ ကြမ်းပြင်ပေါ် စောင်တွေများများ ခင်းလိုက်တာပဲ” လို့ ရာဂျိုက ဆိုပါတယ်။ပြီးတော့သူက ဆက်ပြောတာကို စာဖတ်သူများ ပိုစိတ်ဝင်စားမယ်ထင်ပါတယ်။“မယားတွေ အများကြီးရှိတာမျိုးထက်စာရင် ချစ်ခြင်းမေတ္တာနဲ့ပတ်သက်လို့ကျမက ပိုုလို့တောင် ဂရုစိုက်မှု ခံရသေးတယ်” လို့ ရာဂျိုက ဆိုပါတယ်။သူတို့ ဓလေ့၊ သူတို့ရိုးရာများ အံ့ပါရော။

ဖိုးသူတော် (www.phothutaw.com)
Credit: Orginal
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top