Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×

# Zawgyi Version ဖြင့် ဖတ်ပါ #















# Unicode Version ဖြင့် ဖတ်ပါ #

မိတ်ဆွေ အပေါင်းအသင်းများ ပေါများတာ ပြောစရာမလိုတော့ပါဘူး

လူတိုင်းကို ပေါင်းတတ်တယ် အားလုံးကို ခင်မင်တတ်တယ် အဆင့်အတန်း မခွဲခြားဘူး

အားလုံးကို လူလိုပဲ မြင်တယ် အဆင့်ခွဲခြားတာ အလေးမထားပဲ ဥပေက္ခာ ပြုတာကို အရမ်း မုန်းကြတယ်

ငယ်စဉ် ကလေး ဘဝထဲက ခံစားချက် တခုခု ဖြစ်လာခဲ့ရင် အဲ့ဒီ ခံစားချက်ကို မဖြစ် ဖြစ်အောင် လုပ်ဆောင်ဖို့ အတွေးများရှိကြတယ်

မိမိ ချစ်တဲ့ သူအပေါ် အတက်နိုင်ဆုံး စိတ်ချမ်းသာအောင် ထားပေးဖို့စိတ်ကူးမိပေမဲ့ ချစ်တဲ့ စိတ်ကြောင့် မရစ်ချင်ပဲ ရစ်မိတာမျိုး သဝန်မတိုဘူး ဆုံးဖြတ်ထားပေမဲ့ သဝန် တိုမိတာမျိုး ဖြစ်နေတတ်ပါတယ်

ချစ်သူ ဘာကိုပဲ လုပ်လုပ် နားလည်ပေးမယ် စဉ်စားကြတယ်

ဒါပေမဲ့ ချစ်သူက အလေးမထားပဲ သူတို့အပေါ် ဥပေက္ခာ ပြုလာရင်တော့ အဲ့နေ့တော့ ဘယ်လောက်ပဲ ချစ်နေပါစေ ပြဿနာ တက်ပါတယ်

တစ်ခါတလေမှာတော့ တစ်ယောက်ထဲ အလိုမကျတာ များပြီးတော့ အားငယ်နေတတ်ကြပါတယ်

နှလုံးသားထဲမှာ ထည့်ထားတဲ့ သူဆိုတာ အရမ်းနည်းပါး ပါတယ်

တကယ် သံယောဇဉ် တွယ်မိပြီဆိုတာနဲ့ အဲ့ဒီ သူကို ဘယ်လို စိတ်ချမ်းသာအောင် ထားရမယ် ဆိုတာ တွေးနေတတ်ပါတယ်

သူတို့အပေါ် နာကျင် ခံစားရအောင် လုပ်တဲ့ သူများ ရှိလာခဲ့ရင် အဲ့ဒီသူကို သူ ခံစားရအောင်ထက် အစပေါင်းများစွာ ခံစားရအောင် လုပ်တတ်ကြပါတယ်

မာန မကြီးဘူး ဒါပေမဲ့ မာနနဲ့ သိက္ခာကိုတော့ မစော်ကားနဲ့လုံးဝ လက်မခံဘူး

နူးညံ့ခြင်း စိတ်ထားကို ပိုင်ဆိုင်ထားပေမဲ့ ဒေါသထွက်လာရင်တော့ ဘယ်လိုလူမျိုးကို မှ ဂရုမစိုက်ပဲ ပေါက်ကွဲတတ်ကြပါတယ်

ဖိုးသူတော် (www.phothutaw.com)
Credit: Original Uploader
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top