ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ထမင္းျဖဴကိုဒီတုိင္းစားရင္ ေသြထဲကအခ်ိဳဓာတ္ကိုလည္း ရုတ္တရက္ျမင့္တက္လာေစတယ္။

ထမင္းပန္းကန္လံုးတစ္လံုးမွာ ကယ္လိုရီ ၂၀၀ ပါဝင္တယ္ဆုိတာကို သိပါသလား။ ထမင္းျဖဴျဖဴေတြက လူကိုအားျဖစ္ေစသလို ဝလည္း အရမ္းဝေစပါတယ္။ ကာဘိုဟိုက္ၿဒိတ္လို႔ေခၚတဲ့ ကစီဓာတ္တစ္မ်ိဳး ၾကြယ္ဝစြာ ပါဝင္ေနတာေၾကာင့္ ဝိတ္တက္ေစတယ္ေလ။ ဆီးခ်ိဳေသြးခ်ိဳေရာဂါ႐ွိသူေတြဟာ ဆန္ျဖဴကို မစားသင့္ပါဘူး။

ဆန္ျဖဴရဲ႕အဓိကအားနည္းခ်က္ ကေတာ႔ အမွ်င္ဓာတ္ပါဝင္မႈ မရွိတာပါပဲ။ ဆန္ျဖဴမွာ ကာဘိုဟိုက္ၿဒိတ္ ၾကြယ္ဝေပမယ္႔ အဲဒီ ကာဘိုဟိုက္ၿဒိတ္ေတြကပဲ ေသြးထဲမွာအခ်ိဳဓာတ္ ရုတ္တရက္တက္လာေစႏိုင္တဲ႔အတြက္ ဝိတ္ခ်ေရးအတြက္ မေကာင္းတာကေတာ႔ ထင္ရွားပါတယ္။ ဆန္ထဲက ကယ္လိုရီေတြ တစ္ဝက္ေလာက္ေလ်ာ့သြားေအာင္ ေလွ်ာ့ခ်ႏိုင္မယ့္နည္းေတာ့ ရွိပါတယ္။

American Chemical Society ရဲ႕ ႏိုင္ငံေတာ္အဆင့္အစည္းအေဝးမွာ တင္ျပခ်က္အရ ထမင္းခ်က္တဲ့အခါ ဆီအနည္းငယ္ထည့္ၿပီး အေအးခံနည္းကို သံုးရင္ ထမင္းထဲက ကယ္လိုရီေတြေလွ်ာ့ခ်ႏိုင္တယ္လို႔ဆိုပါတယ္။ ဆီက ဆန္မွာပါတဲ့ ကစီဓာတ္ေတြနဲ႔ ဓာတ္ျပဳကာ ကယ္လိုရီေတြကို ေလ်ာ့က်သြားေစတာျဖစ္ပါတယ္။

ခ်က္နည္းကေတာ့ ေရေႏြးဆူဆူထဲကို အုန္းဆီ လက္ဖက္စားဇြန္းတစ္ဇြန္းထည့္ၿပီးမွ ဆန္ကိုထည့္ကာ မိနစ္ ၄၀ ၾကာ ခ်က္ရပါတယ္။ ေနာက္ေတာ့ ေရခဲေသတၱာထဲမွာ ၁၂ နာရီၾကာ သိမ္းဆည္းထားၿပီးမွ စားမယ္ဆို ထမင္းျဖဴထဲက ကယ္လိုရီ ၅၀% မွ ၆၀% ေလာက္ ေလ်ာ့က်သြားႏိုင္တယ္လို႔ ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
ထမင်းဖြူကိုဒီတိုင်းစားရင် သွေထဲကအချိုဓာတ်ကိုလည်း ရုတ်တရက်မြင့်တက်လာစေတယ်။

ထမင်းပန်းကန်လုံးတစ်လုံးမှာ ကယ်လိုရီ ၂၀၀ ပါဝင်တယ်ဆိုတာကို သိပါသလား။ ထမင်းဖြူဖြူတွေက လူကိုအားဖြစ်စေသလို ဝလည်း အရမ်းဝစေပါတယ်။ ကာဘိုဟိုက်ဒြိတ်လို့ခေါ်တဲ့ ကစီဓာတ်တစ်မျိုး ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဝိတ်တက်စေတယ်လေ။ ဆီးချိုသွေးချိုရောဂါရှိသူတွေဟာ ဆန်ဖြူကို မစားသင့်ပါဘူး။

ဆန်ဖြူရဲ့အဓိကအားနည်းချက် ကတော့ အမျှင်ဓာတ်ပါဝင်မှု မရှိတာပါပဲ။ ဆန်ဖြူမှာ ကာဘိုဟိုက်ဒြိတ် ကြွယ်ဝပေမယ့် အဲဒီ ကာဘိုဟိုက်ဒြိတ်တွေကပဲ သွေးထဲမှာအချိုဓာတ် ရုတ်တရက်တက်လာစေနိုင်တဲ့အတွက် ဝိတ်ချရေးအတွက် မကောင်းတာကတော့ ထင်ရှားပါတယ်။ ဆန်ထဲက ကယ်လိုရီတွေ တစ်ဝက်လောက်လျော့သွားအောင် လျှော့ချနိုင်မယ့်နည်းတော့ ရှိပါတယ်။

American Chemical Society ရဲ့ နိုင်ငံတော်အဆင့်အစည်းအဝေးမှာ တင်ပြချက်အရ ထမင်းချက်တဲ့အခါ ဆီအနည်းငယ်ထည့်ပြီး အအေးခံနည်းကို သုံးရင် ထမင်းထဲက ကယ်လိုရီတွေလျှော့ချနိုင်တယ်လို့ဆိုပါတယ်။ ဆီက ဆန်မှာပါတဲ့ ကစီဓာတ်တွေနဲ့ ဓာတ်ပြုကာ ကယ်လိုရီတွေကို လျော့ကျသွားစေတာဖြစ်ပါတယ်။

ချက်နည်းကတော့ ရေနွေးဆူဆူထဲကို အုန်းဆီ လက်ဖက်စားဇွန်းတစ်ဇွန်းထည့်ပြီးမှ ဆန်ကိုထည့်ကာ မိနစ် ၄၀ ကြာ ချက်ရပါတယ်။ နောက်တော့ ရေခဲသေတ္တာထဲမှာ ၁၂ နာရီကြာ သိမ်းဆည်းထားပြီးမှ စားမယ်ဆို ထမင်းဖြူထဲက ကယ်လိုရီ ၅၀% မှ ၆၀% လောက် လျော့ကျသွားနိုင်တယ်လို့ ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top