ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

တခါတ​ေလ​ေတာ့လည္​း ကိုယ္​့ကိုမ​ေခၚခ်င္​တဲ့သူကို
ကိုယ္​ကစၿပီး သြားမ​ေခၚျဖစ္​​ေတာ့ဘူး။ မာနထားတာမ်ိဳး မဟုတ္​​ေပမဲ့ ကိုယ္​့​ေၾကာင္​့သူတို႔မွာစိတ္​အ​ေႏွာင္​့အယွက္​ မ်ားျဖစ္​သြားမလားဆိုၿပီး အလိုက္​တသိ ​ေန​ေပးလိုက္​တာမ်ိဳး။

တခါတ​ေလ​ေတာ့လည္​း ကိုယ္​့အ​ေပၚမ​ေကာင္​းတဲ့သူကို
​ေအာက္​က်ိဳ ့ခံၿပီး မ​ေပါင္​းျဖစ္​​ေတာ့ဘူး။

စိမ္​းကားတာမ်ိဳး မဟုတ္​​ေပမဲ့ ကိုယ္​့အ​ေပၚမ​ေကာင္​းမွန္​းသိရက္​နဲ႔
အမိုက္​ခံၿပီး မ​ေပါင္​းျဖစ္​တာမ်ိဳး။

တခါတ​ေလ​ေတာ့လည္​းကိုယ္​့အ​ေပၚ ဆက္​ဆံ​ေရးက်ဲတဲ့သူ​ေတြအ​ေပၚ အရင္​လို ​ေဖာ္​​ေဖာ္​​ေရြ​ေရြမဆက္​ဆံျဖစ္​​ေတာ့ဘူး။

မာနၿပိဳင္​တာမ်ိဳး မဟုတ္​​ေပမဲ့ ကိုယ္​့​ေၾကာင္​့ အ​ေႏွာင္​့အယွက္​ မျဖစ္​​ေစခ်င္​တဲ့စိတ္​နဲ႔ အလိုက္​တသိ​ေ႐ွာင္​ဖယ္​လိုက္​တာမ်ိဳး။

တခါတ​ေလ​ေတာ့လည္​း ကိုယ္​့အနားကထြက္​သြားခ်င္​တဲ့သူ​ေတြကို အတင္​းဆြဲ​ေခၚၿပီးမတားျဖစ္​​ေတာ့ဘူး။

​ေနႏုိင္​သြားတာမဟုတ္​​ေပမဲ့ ကိုယ္​့အတြက္​နဲ႔ သူ႔မွာ ဝန္​ထုပ္​ဝန္​ပို မျဖစ္​​ေစခ်င္​​ေတာ့တာမ်ိဳး။

တခါတ​ေလ​ေတာ့လည္​း ကိုယ္​့ဆီကထြက္​သြား​ေတာ့မဲ့
​ေျခလွမ္​း​ေတြကိုစကားလံုး​ေတြနဲ႔ ခ်ဳပ္​မထားျဖစ္​​ေတာ့ဘူး။

စြန႕္​လႊတ္​ႏုိင္​တာမ်ိဳး မဟုတ္​​ေပမယ္​့ကိုယ္​့​ေၾကာင္​့ သူ႔မွာ
အဟန္​႔အတားမျဖစ္​​ေစခ်င္​လို႔ အသာတၾကည္​ ​ေနာက္​ဆုတ္​လက္​ျပ​ေပးလိုက္​တာမ်ိဳး။

တခါတ​ေလ​ေတာ့လည္​း ကိုယ္​့အ​ေပၚမနာလိုတိုက္​ခိုက္​​ေနသူ​ေတြကို ​ေဒါသထြက္​မိ​ေပမဲ့ အရင္​လိုစြာ​ေတးလန္​ၿပီး ရန္​ၿပိဳင္​မျဖစ္​​ေတာ့ဘူး။

သူတို႔​ေပးသမ်ွကိုယ္​ကယူၿပီး ပူ​ေလာင္​​ေဒါသနဲ႔ စိတ္​အ​ေလးခံ​ေနမယ္​့အစား သူတို႔ဆီမွာပဲ ထားလိုက္​တာက ကိုယ္​့အတြက္​ပိုၿပီး သက္​​ေတာင္​့သက္​သာ႐ွိတယ္​လို႔ သ​ေဘာ​ေပါက္​လိုက္​တာမ်ိဳး။

တခါတ​ေလ​ေတာ့လည္​း ကိုယ္​နဲ႔သ​ေဘာထားအျမင္​မတူသူ​ေတြနဲ႔ ၿပိဳင္​မျငင္​းျဖစ္​​ေတာ့ဘူး။

လူတစ္​​ေယာက္​နဲ႔တစ္​​ေယာက္​ အ​ေတြးအျမင္​မတူသလို
ၾကည္​့တဲ့ ႐ႈ​ေထာင္​့လည္​း မတူႏုိင္​တာသိလာလို႔
"သူက ကိုယ္​မွမဟုတ္​တာ"ဆိုတဲ့အ​ေတြးနဲ႔ ကိုယ္​့ကိုယ္​ ကို
ျပန္​ႏွစ္​သိမ္​့လိုက္​တာမ်ိဳး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  သိမ္းထားခ်င္တဲ့ စာစုေလးမ်ား

# Unicode Version ျဖင့္ ဖတ္ပါ#
တခါတလေတော့လည်း ကိုယ့်ကိုမခေါ်ချင်တဲ့သူကို
ကိုယ်ကစပြီး သွားမခေါ်ဖြစ်တော့ဘူး။ မာနထားတာမျိုး မဟုတ်ပေမဲ့ ကိုယ့်ကြောင့်သူတို့မှာစိတ်အနှောင့်အယှက် များဖြစ်သွားမလားဆိုပြီး အလိုက်တသိ နေပေးလိုက်တာမျိုး။

တခါတလေတော့လည်း ကိုယ့်အပေါ်မကောင်းတဲ့သူကို
အောက်ကျို့ခံပြီး မပေါင်းဖြစ်တော့ဘူး။

စိမ်းကားတာမျိုး မဟုတ်ပေမဲ့ ကိုယ့်အပေါ်မကောင်းမှန်းသိရက်နဲ့
အမိုက်ခံပြီး မပေါင်းဖြစ်တာမျိုး။

တခါတလေတော့လည်းကိုယ့်အပေါ် ဆက်ဆံရေးကျဲတဲ့သူတွေအပေါ် အရင်လို ဖော်ဖော်ရွေရွေမဆက်ဆံဖြစ်တော့ဘူး။

မာနပြိုင်တာမျိုး မဟုတ်ပေမဲ့ ကိုယ့်ကြောင့် အနှောင့်အယှက် မဖြစ်စေချင်တဲ့စိတ်နဲ့ အလိုက်တသိရှောင်ဖယ်လိုက်တာမျိုး။

တခါတလေတော့လည်း ကိုယ့်အနားကထွက်သွားချင်တဲ့သူတွေကို အတင်းဆွဲခေါ်ပြီးမတားဖြစ်တော့ဘူး။

နေနိုင်သွားတာမဟုတ်ပေမဲ့ ကိုယ့်အတွက်နဲ့ သူ့မှာ ဝန်ထုပ်ဝန်ပို မဖြစ်စေချင်တော့တာမျိုး။

တခါတလေတော့လည်း ကိုယ့်ဆီကထွက်သွားတော့မဲ့
ခြေလှမ်းတွေကိုစကားလုံးတွေနဲ့ ချုပ်မထားဖြစ်တော့ဘူး။

စွန့်လွှတ်နိုင်တာမျိုး မဟုတ်ပေမယ့်ကိုယ့်ကြောင့် သူ့မှာ
အဟန့်အတားမဖြစ်စေချင်လို့ အသာတကြည် နောက်ဆုတ်လက်ပြပေးလိုက်တာမျိုး။

တခါတလေတော့လည်း ကိုယ့်အပေါ်မနာလိုတိုက်ခိုက်နေသူတွေကို ဒေါသထွက်မိပေမဲ့ အရင်လိုစွာတေးလန်ပြီး ရန်ပြိုင်မဖြစ်တော့ဘူး။

သူတို့ပေးသမျှကိုယ်ကယူပြီး ပူလောင်ဒေါသနဲ့ စိတ်အလေးခံနေမယ့်အစား သူတို့ဆီမှာပဲ ထားလိုက်တာက ကိုယ့်အတွက်ပိုပြီး သက်တောင့်သက်သာရှိတယ်လို့ သဘောပေါက်လိုက်တာမျိုး။

တခါတလေတော့လည်း ကိုယ်နဲ့သဘောထားအမြင်မတူသူတွေနဲ့ ပြိုင်မငြင်းဖြစ်တော့ဘူး။

လူတစ်ယောက်နဲ့တစ်ယောက် အတွေးအမြင်မတူသလို
ကြည့်တဲ့ ရှုထောင့်လည်း မတူနိုင်တာသိလာလို့
"သူက ကိုယ်မှမဟုတ်တာ"ဆိုတဲ့အတွေးနဲ့ ကိုယ့်ကိုယ် ကို
ပြန်နှစ်သိမ့်လိုက်တာမျိုး။

ဖိုးသူတော် (www.phothutaw.com)
Credit:  သိမ်းထားချင်တဲ့ စာစုလေးများ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top