Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ခ်စ္သူေကာင္မေလးတို႔ဖတ္ဖို႔….. ဟုတ္ပါတယ္ ခ်စ္သူေကာင္မေလးတို႔ဖတ္ဖို႔ ကၽြန္ေတာ္တို႔ ေျပာခ်င္တဲ့ ကၽြန္ေတာ္တို႔႔အေၾကာင္းေလးေတြပါ။ တကယ္ေတာ့ ကၽြန္ေတာ္တို႔ဟာ ေကာင္မေလးတို႔ ထင္ထားသေလာက္ နားလည္ရခက္တဲ့ သူေတြ မဟုတ္ရပါဘူးဗ်ာ။ ေယာက်္ားေလးမ်ားဟာ ေယဘုယ်အားျဖင့္ စိတ္သေဘာထားမွာ ရိုးရွင္း ပြင့္လင္းၿပီး နားလည္ရလြယ္ကူတဲ့ လ႔ူသတၱ၀ါေလးေတြပါ။ ဒါေတြကို ေကာင္မေလးတို႔က မသိေတာ့ ကၽြန္ေတာ္တို႔႔နဲ႔ မၾကာခဏ ျပႆနာတက္ ေၾကကြဲစရာ ဇာတ္လမ္းေတြ မျဖစ္သင့္ပဲ ျဖစ္ေတာ့တာေပါ့ဗ်ာ။ အဲ့ေတာ့ ေကာင္မေလးတို႔ကို ကၽြန္ေတာ္တို႔ဘက္က ဒီစာေလးနဲ႔ သိေစခ်င္တာေလးေတြ ေျပာျပပါရစလားဗ်ာ။

ျဖစ္ခ်င္တာကို သိေအာင္ေျပာပါ

ေကာင္မေလးတို႔ရယ္ ကြ်န္ေတာ္တို႔ဟာ တစ္ျခားအရာေတြမွာသာ တစ္ဖက္ကမ္းခတ္ ေတာ္ရင္ေတာ္ပါလိမ့္မယ္။ ကိုယ႔္ခ်စ္သူရဲ႕ စိတ္ကို ထိုးထြင္းသိျမင္ႏိုင္တဲ့ ေနရာမွာေတာ့ အသံုးမက်ဘူးပဲေျပာေျပာ တကယ္ကို ညံ့တဲ့သူေတြပါ။ ဒီေတာ့ ေကာင္မေလးတို႔ ျဖစ္ခ်င္တာကို စိတ္ထဲမွာပဲထားၿပီး ကြ်န္ေတာ္တို႔ ဘာလို႔မသိရတာလဲလို႔ ေတြးၿပီး ခံစားေနရမယ္ ဆိုရင္ေတာ့ ကြ်န္ေတာ္တို႔လည္း ဘယ္လို ေျဖရွင္းေပးရမယ္ မသိပါ။ အဲ သိေအာင္ေျပာျပခဲ့မယ္ ဆိုရင္ေတာ့ အက်ိဳးသင့္ အေၾကာင္းသင့္ အဆင္ေျပေအာင္ လုပ္ေပးမယ့္ သူေတြခ်ည္းပါပဲ။ အဲ့ေတာ့ စိတ္ထဲမွာ လုိခ်င္တာ ျဖစ္ေစခ်င္တာရွိရင္ ဒီက ကြ်န္ေတာ္တို႔သိေအာင္ ပြင့္ပြင့္လင္းလင္း ေျပာျပပါ။

Facebook or email Password ဘယ္ေတာ့မွ မေတာင္းပါနဲ႔

ဟုတ္ကဲ့ ေကာင္မေလးတို႔ သ၀န္တို စိတ္မခ် ျဖစ္တတ္တာကို နားလည္ပါတယ္။ ဒါေပမယ့္ Facebook Password တို႔ email password တို႔ ေတာင္းတာကိုေတာ့ မလုပ္မိပါေစနဲ႔။ အခ်ိဳ႕အိမ္ေထာင္သည္ ကိုကို မမ မ်ားကလြဲလို႔ ဒီအခ်ိန္မွာ သမီးရည္းစား အဆင့္ပဲရွိေသးတဲ့ ကိုကိုမမေတြအတြက္ေတာ့ ဒီေလာက္လုပ္ဖို႔ မလိုဘူးလို႔ ထင္ပါတယ္။ ေကာင္မေလးတို႔ မရမကေတာင္းလို႔ ေပးလိုက္တယ္ဆိုရင္လဲ အထဲ၀င္ၿပီး သူငယ္ခ်င္းမွန္းမသိ အေမမွန္းမသိ ေမာင္ႏွမမွန္းမသိ ေတြ႔သမွ် မ်က္စိထဲ ကန္႔လန္႔ ျဖစ္ေနတဲ့သူမွန္သမွ်ကို ကိုယ့္သေဘာနဲ႔ လိုက္ block တာမ်ိဳး unfriend လုပ္တာမ်ိဳး မလုပ္ပါနဲ႔။ ဒါဟာ ကၽြန္ေတာ္တို႔အတြက္ စိတ္ဆိုးခ်င္စရာပါ။ ဒါဟာ ကၽြန္ေတာ္တို႔ရဲ႕ သိကၡာကို အမ်ားႀကီးမဟုတ္ရင္ေတာင္ အနည္းငယ္ေတာ့ ထိပါးေစတဲ့ အျပဳအမူ ျဖစ္ပါတယ္။

အတိတ္က အားနည္းခ်က္ေတြကို အတိတ္မွာပဲထားပါ။

လူတိုင္းမွာ ကိုယ္စီ အတိတ္က အားနည္းခ်က္ေတြ ရွိၾကပါတယ္။ ကြ်န္ေတာ္တို႔အတြက္ကေတာ့ ေကာင္မေလးတို႔ အတိတ္မွာ ဘာပဲျဖစ္ခဲ့ျဖစ္ခဲ့ ကိုယ့္ခ်စ္သူကို တကယ္ခ်စ္မိၿပီဆိုရင္ စိတ္လဲမ၀င္စားသလို သိလဲမသိခ်င္ပါဘူး။ ဒါေၾကာင့္ ကြ်န္ေတာ္တို႔ရဲ႕ အတိတ္က အားနည္းခ်က္ကိုလည္း ျပႆနာ တစ္ခုခုျဖစ္တာနဲ႔ ျပန္ေျပာၿပီး အႏိုင္မယူပါနဲ႔။ ဒါဟာ ကြ်န္ေတာ္တို႔ၾကားမွာ ျပႆနာျဖစ္ေစတဲ့ အဓိကအခ်က္လည္း ျဖစ္ပါတယ္။

၀ါသနာကို အားေပးပါ

ဒီလိုေျပာလို႔ ကၽြန္ေတာ္တို႔ မေကာင္းတဲ့အရာေတြဘက္မွာ ၀ါသနာပါလည္း အားေပးရမယ္လို႔ ေျပာခ်င္တာ မဟုတ္ပါဘူး။ ဥပမာအေနနဲ႔ အားကစားတို႔ ဂီတတို႔ ဂိမ္းကစားတာတို႔ စတဲ့ အေကာင္းဘက္ကို ဦးတည္ စိတ္အပန္းေျဖတဲ့ အေနနဲ႔ ျပဳလုပ္တတ္ၾကတဲ့ ၀ါသနာေတြကို နားလည္ အားေပးေစခ်င္တာပါ။ ဒီလိုမ်ိဳးသာ နားလည္ေပးမယ္ဆိုရင္ ကၽြန္ေတာ္တို႔ဟာ ကမာၻေပၚမွာ ကံအေကာင္းဆံုး ေယာက်္ားေတြလို႔ ကိုယ့္ကိုကိုယ္ ခံစားမိမွာ အမွန္ပါပဲ။

သူငယ္ခ်င္းအတြက္ အခ်ိန္ေပးတာကို မၿငိဳျငင္ပါနဲ႔

အမွန္အတိုင္း ေျပာရမယ္ဆိုရင္ ကၽြန္ေတာ္တို႔႔ရဲ႕ သူငယ္ခ်င္းေတြဆိုတာ ေကာင္မေလးတို႔နဲ႔ ခ်စ္သူရည္းစားမျဖစ္ခင္ ငယ္ငယ္ေလးကတည္းက ခင္မင္ ေပါင္းသင္းလာခဲ့တဲ့ သူေတြဆိုတာကို နားလည္ထားေစခ်င္ပါတယ္။ ဒါေၾကာင့္ သူငယ္ခ်င္းေတြနဲ႔ သြားတာ လာတာကို မခ်ဳပ္ျခယ္ေစခ်င္ပါဘူး။ ကၽြန္ေတာ္တို႔ ေယာက်္ားေလးေတြမွာလည္း ေယာက်္ားေလးခ်င္း ေပ်ာ္ပါးခ်င္တဲ့ အခ်ိန္ဆိုတာ ရွိပါတယ္။ ေကာင္မေလးတို႔ရဲ႕ေနာက္မွာ ေကာင္မေလးတို႔အေပၚ ေဖာက္ျပားမွာ မစိုးရိမ္ပါနဲ႔။ ေကာင္မေလးတို႔ကို တကယ္ခ်စ္တဲ့ ေယာက်္ားေလးေတြဆိုရင္ ဘယ္ေတာ့မွ ဒီလိုကိစၥကို လုပ္မွာမဟုတ္ပါဘူး။

ကြ်န္ေတာ္တို႔ရဲ႕ က်ားသူငယ္ခ်င္ေတြနဲ႔လည္း သိပ္အေရာမ၀င္ေစခ်င္ပါ

ေကာင္မေလးတို႔ သ၀န္တိုတတ္သလို ကြ်န္ေတာ္တို႔လည္း သ၀န္တိုတတ္ပါတယ္။ ဘာမွမျဖစ္သလို ေနေနလို႔ သ၀န္မတိုတတ္ဘူးလို႔ မထင္ပါနဲ႔။ အထူးသျဖင့္ ကြ်န္ေတာ္တို႔႔ရဲ႕ က်ားသူငယ္ခ်င္း တစ္ေယာက္ေယာက္နဲ႔ ကုိယ့္ခ်စ္သူ ေလေပးေျဖာင့္ေနၿပီ ဆိုရင္ေတာ့ ကၽြန္ေတာ္တို႔ရဲ႕ မနာလိုမႈဟာ ခ်စ္သူနဲ႔လည္း ျပႆနာျဖစ္ သူငယ္ခ်င္းေတြၾကားမွာလည္း စိတ္၀မ္း ကြဲႏိုင္ပါတယ္။ ဒီလိုေျပာလို႔ အေပါင္းအသင္း မလုပ္ရဘူးလို႔ ေျပာတာေတာ့ မဟုတ္ဘူးေနာ္။ ဒီေလာက္ဆို နားလည္မွာပါ။

လူေရွ႕မွာ မေအာ္ပါနဲ႔ မဆူပါနဲ႔

ဟုတ္ကဲ့ ကြ်န္ေတာ္တို႔ေတြက လူေရွ႕မွာ ေအာ္ခံရတာကို အမုန္းဆံုးပါ။ ေယာက်္ားေလးေတြဆိုေပမယ့္ ကြ်န္ေတာ္တို႔လည္း ရွက္တတ္ပါတယ္။ ကြ်န္ေတာ္တို႔ဘက္က လံုး၀ကို မွားေနလို႔ ေျပာခ်င္တယ္ဆိုရင္ေတာင္ လူေရွ႕မွာ ခဏေလး ေအာင့္အီးေပးထားၿပီး ႏွစ္ေယာက္ထဲ ရွိတဲ့အခ်ိန္ၾကမွ ေျပာခ်င္တာကို ေျပာပါ။ ဒီလိုမဟုတ္ပဲ လူေရွ႕သူေရွ႕ပါမက်န္ ကိုယ့္ခ်စ္သူကို ဆရာႀကီးလုပ္ ရန္ျဖစ္ေနမယ္ ဆိုရင္ေတာ့ ၀မ္းနည္းေပမယ့္လည္း ခ်စ္သူတို႔ကို ကြ်န္ေတာ္တို႔က စိတ္ကုန္သြားႏိုင္တာကို သတိထားေစခ်င္ပါတယ္။

ၿပီးခဲ့တဲ့ ျပႆနာကို အစျပန္မေဖာ္ပါနဲ႔

ကြ်န္ေတာ္တို႔ ေယာက်္ားေလးဟာ ညေနရန္ျဖစ္ရင္ ေနာက္ေန႔မနက္ ေမ့ေနပါၿပီ။ ေတာ္ရံုတန္ရံု စိတ္ထဲမွာ မွတ္မထားတတ္ပါဘူး။ ဒါေပမယ့္ ေကာင္းမေလးတို႔ဘက္က ဒီလိုမဟုတ္ပဲ ညကကိစၥကို မနက္ထိ တတြတ္တြတ္နဲ႔ ဆက္ေျပာေနရင္ေတာ့ ရန္ဆက္ျဖစ္ဖို႔က ေသခ်ာသေလာက္ပါပဲ။ ကြ်န္ေတာ္တို႔ဟာ နားပူတာကို နည္းနည္းမွ မခံႏိုင္တဲ့ သနားစရာ လူ႔သတၱ၀ါေလးေတြပါ။

အေမကို မေကာင္းမေျပာပါနဲ႔

ကြ်န္ေတာ္တို႔ ေယာက်္ားေလးအမ်ားစုဟာ အေမေတြကို ခ်စ္တတ္ၾကပါတယ္။ ကိုယ္တိုင္သာ အေမနဲ႔ မေက်နပ္လို႔ အေမ့ကို မေကာင္းေျပာခ်င္ေျပာမယ္ သူမ်ားက ေျပာၿပီဆိုရင္ေတာ့ နည္းနည္းေလးမွ ခံႏိုင္ရည္မရွိတဲ့သူေတြ ျဖစ္ပါတယ္။ အဲ့ေတာ့ ကြ်န္ေတာ္တို႔ေရွ႕မွာ အေမ့အေၾကာင္း မေကာင္းေျပာတာဟာ မမတို႔ကို လြယ္လြယ္နဲ႔ စိတ္ကုန္ေစႏိုင္တဲ့ အခ်က္ျဖစ္ပါတယ္။

မအိပ္ခင္နဲ႔ မနက္ႏိုးတိုင္းမွာ သတိရတယ္ဆိုတာ သိထားေပးပါ

ေကာင္မေလးတို႔ကို သတိမရဘူး ေမ့ေနၿပီလားလို႔ ခဏခဏေမးၿပီး ကြ်န္ေတာ္တို႔ကို မရစ္ပါနဲ႔။ ခ်စ္သူတို႔ကို အခ်ိန္တိုင္း ထိုင္ၿပီး သတိရေနရင္ ကိုယ့္ခ်စ္သူကို တင့္တင့္တယ္တယ္နဲ႔ မဂၤလာေဆာင္ႏိုင္ဖို႔ ပိုက္ဆံရွိလာမွာ မဟုတ္ပါဘူး။ တစ္ေနကုန္ ေကာင္မေလးတို႔ေလာက္ သတိမရႏိုင္တဲ့သူေတြ ျဖစ္ခ်င္ျဖစ္မယ္ ကြ်န္ေတာ္တို႔ ညအိပ္ရာမ၀င္ခင္ ေနာက္ဆံုးနဲ႔ မနက္အိပ္ရာထရင္ အရင္ဆံုး သတိရတဲ့သူက ေကာင္းမေလးတို႔ဆိုတာကို သိေစခ်င္ပါတယ္။

လိုအပ္ရင္ ေရွ႕ကေနမယ့္သူေတြပါ

အခ်စ္သူရဲေကာင္းႀကီးေတြေတာ့ မဟုတ္ရပါဘူး။ ဒါေပမယ့္ အေရးႀကံဳလာရင္ေတာ့ ကၽြန္ေတာ္တို႔႔ဟာ ကိုယ့္ခ်စ္သူေရွ႕ကေန မားမားမတ္မတ္ ရပ္တည္ေပးခ်င္တဲ့သူေတြ ျဖစ္ပါတယ္။ ေနာက္တစ္မ်ိဳး ေျပာရမယ္ဆိုရင္ေတာ့ ကၽြန္ေတာ္တို႔ဟာ မမတို႔ အားကိုးတာကို ခံခ်င္ပါတယ္။

ယံုၾကည္မႈရွိပါ

ခ်စ္လို႔လက္တြဲလာၾကၿပီပဲ ဘာလို႔ ခုထိ မယံုႏိုင္ေသးပဲ လိုက္ခ်ဳပ္ျခယ္ေနတာလဲ ေကာင္မေလးတို႔ရယ္။ ကိုယ့္ခ်စ္သူကို မယံုဘူးဆိုရင္ ဘာလို႔ အစကတည္းက လက္ခံခဲ့ေသးလဲ။ ေကာင္မေလးတို႔ရဲ႕ ယံုၾကည္မႈကိုရဖို႔ အတိတ္က ျဖစ္ခဲ့တဲ့ဟာေတြကို အကုန္ေျပာျပထားတာက ကိုယ့္ခ်စ္သူရဲ႕ ခ်ဳပ္ခ်ယ္ခံရဖို႔ မဟုတ္ပါဘူး။ ကြ်န္ေတာ္တို႔ဟာ ခ်ဳပ္ခ်ယ္ခံရတာကို အမုန္းဆံုးျဖစ္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ခ်စ္ခရီးလမ္းတစ္ခုမွာ ယံုၾကည္မႈမရွိဘူးဆိုရင္ ဘယ္ေလာက္ပဲခ်စ္ခ်စ္ ေရွ႕ဆက္ဖို႔ လံုး၀ မျဖစ္ႏိုင္ပါဘူး။ တကယ္ကို မယံုၾကည္ႏိုင္ဘူးဆိုရင္ေတာ့ ႏွစ္ေယာက္စလံုး အပ်က္အပ်က္နဲ႔ ႏွာေခါင္းေသြးမထြက္ခင္ ဒီဇာတ္လမ္းကို ဒီေနရာမွာတင္ ရပ္တန္းကရပ္လိုက္တာ ပိုေကာင္းပါတယ္။

ကဲ ကၽြန္ေတာ္တို႔အေၾကာင္းကို နားလည္ေစခ်င္တာေတာ့ ဒီေလာက္ပါပဲ။ အရမ္းႀကီးခက္ခဲၿပီး နားမလည္ႏိုင္စရာမရွိတဲ့ အရာ မရွိေလာက္ဘူးလို႔ ထင္ပါတယ္။ ဒီအခ်က္ေတြဟာ ေယာက်္ားေလး ေတာ္ေတာ္မ်ားမ်ားက ကိုယ့္ခ်စ္သူေတြကို နားလည္ေစခ်င္တဲ့ အရာျဖစ္ပါတယ္။ အျပည့္အစံု မဟုတ္ရင္ေတာင္ ေယဘုယ် အေနနဲ႔ေတာ့ တူညီပါလိမ့္မယ္။ ဒီလိုေျပာလို႔ ကြ်န္ေတာ္တို႔ ေယာက်္ားေလးတုိင္းဟာ ေကာင္းတယ္လို႔ ေျပာခ်င္တာ မဟုတ္ပါဘူး။ လူတိုင္းမွာ အားနည္းခ်က္ကိုယ္စီ ရွိပါတယ္။ အဲ့ေတာ့ ေကာင္မေလးတို႔ ခ်စ္သူကို ေရြးမယ္ဆိုရင္ ေသခ်ာစဥ္းစားၿပီးမွ ေရြးေစခ်င္ပါတယ္။ အေကာင္းဆံုးကေတာ့ ကိုယ္နဲ႔ အေပးအယူညီၿပီး နားလည္မႈရွိတဲ့သူနဲ႔ လက္တြဲပါ။ ေကာင္မေလးမ်ားအားလံုးပဲ ကိုယ့္ရဲ႕ခ်စ္သူေတြကို အရင္ကထက္ပိုၿပီး နားလည္ႏိုင္ပါေစလို႔ ဆုေတာင္းရင္း……

 ဖိုးသူေတာ္ (www.phothutaw.com)
Credit: lutawlupyaw
#Unicode Version#
ချစ်သူကောင်မလေးတို့ဖတ်ဖို့….. ဟုတ်ပါတယ် ချစ်သူကောင်မလေးတို့ဖတ်ဖို့ ကျွန်တော်တို့ ပြောချင်တဲ့ ကျွန်တော်တို့အကြောင်းလေးတွေပါ။ တကယ်တော့ ကျွန်တော်တို့ဟာ ကောင်မလေးတို့ ထင်ထားသလောက် နားလည်ရခက်တဲ့ သူတွေ မဟုတ်ရပါဘူးဗျာ။ ယောကျ်ားလေးများဟာ ယေဘုယျအားဖြင့် စိတ်သဘောထားမှာ ရိုးရှင်း ပွင့်လင်းပြီး နားလည်ရလွယ်ကူတဲ့ လ့ူသတ္တဝါလေးတွေပါ။ ဒါတွေကို ကောင်မလေးတို့က မသိတော့ ကျွန်တော်တို့နဲ့ မကြာခဏ ပြဿနာတက် ကြေကွဲစရာ ဇာတ်လမ်းတွေ မဖြစ်သင့်ပဲ ဖြစ်တော့တာပေါ့ဗျာ။ အဲ့တော့ ကောင်မလေးတို့ကို ကျွန်တော်တို့ဘက်က ဒီစာလေးနဲ့ သိစေချင်တာလေးတွေ ပြောပြပါရစလားဗျာ။

ဖြစ်ချင်တာကို သိအောင်ပြောပါ

ကောင်မလေးတို့ရယ် ကျွန်တော်တို့ဟာ တစ်ခြားအရာတွေမှာသာ တစ်ဖက်ကမ်းခတ် တော်ရင်တော်ပါလိမ့်မယ်။ ကိုယ့်ချစ်သူရဲ့ စိတ်ကို ထိုးထွင်းသိမြင်နိုင်တဲ့ နေရာမှာတော့ အသုံးမကျဘူးပဲပြောပြော တကယ်ကို ညံ့တဲ့သူတွေပါ။ ဒီတော့ ကောင်မလေးတို့ ဖြစ်ချင်တာကို စိတ်ထဲမှာပဲထားပြီး ကျွန်တော်တို့ ဘာလို့မသိရတာလဲလို့ တွေးပြီး ခံစားနေရမယ် ဆိုရင်တော့ ကျွန်တော်တို့လည်း ဘယ်လို ဖြေရှင်းပေးရမယ် မသိပါ။ အဲ သိအောင်ပြောပြခဲ့မယ် ဆိုရင်တော့ အကျိုးသင့် အကြောင်းသင့် အဆင်ပြေအောင် လုပ်ပေးမယ့် သူတွေချည်းပါပဲ။ အဲ့တော့ စိတ်ထဲမှာ လိုချင်တာ ဖြစ်စေချင်တာရှိရင် ဒီက ကျွန်တော်တို့သိအောင် ပွင့်ပွင့်လင်းလင်း ပြောပြပါ။

Facebook or email Password ဘယ်တော့မှ မတောင်းပါနဲ့

ဟုတ်ကဲ့ ကောင်မလေးတို့ သဝန်တို စိတ်မချ ဖြစ်တတ်တာကို နားလည်ပါတယ်။ ဒါပေမယ့် Facebook Password တို့ email password တို့ တောင်းတာကိုတော့ မလုပ်မိပါစေနဲ့။ အချို့အိမ်ထောင်သည် ကိုကို မမ များကလွဲလို့ ဒီအချိန်မှာ သမီးရည်းစား အဆင့်ပဲရှိသေးတဲ့ ကိုကိုမမတွေအတွက်တော့ ဒီလောက်လုပ်ဖို့ မလိုဘူးလို့ ထင်ပါတယ်။ ကောင်မလေးတို့ မရမကတောင်းလို့ ပေးလိုက်တယ်ဆိုရင်လဲ အထဲဝင်ပြီး သူငယ်ချင်းမှန်းမသိ အမေမှန်းမသိ မောင်နှမမှန်းမသိ တွေ့သမျှ မျက်စိထဲ ကန့်လန့် ဖြစ်နေတဲ့သူမှန်သမျှကို ကိုယ့်သဘောနဲ့ လိုက် block တာမျိုး unfriend လုပ်တာမျိုး မလုပ်ပါနဲ့။ ဒါဟာ ကျွန်တော်တို့အတွက် စိတ်ဆိုးချင်စရာပါ။ ဒါဟာ ကျွန်တော်တို့ရဲ့ သိက္ခာကို အများကြီးမဟုတ်ရင်တောင် အနည်းငယ်တော့ ထိပါးစေတဲ့ အပြုအမူ ဖြစ်ပါတယ်။

အတိတ်က အားနည်းချက်တွေကို အတိတ်မှာပဲထားပါ။

လူတိုင်းမှာ ကိုယ်စီ အတိတ်က အားနည်းချက်တွေ ရှိကြပါတယ်။ ကျွန်တော်တို့အတွက်ကတော့ ကောင်မလေးတို့ အတိတ်မှာ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ကိုယ့်ချစ်သူကို တကယ်ချစ်မိပြီဆိုရင် စိတ်လဲမဝင်စားသလို သိလဲမသိချင်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အတိတ်က အားနည်းချက်ကိုလည်း ပြဿနာ တစ်ခုခုဖြစ်တာနဲ့ ပြန်ပြောပြီး အနိုင်မယူပါနဲ့။ ဒါဟာ ကျွန်တော်တို့ကြားမှာ ပြဿနာဖြစ်စေတဲ့ အဓိကအချက်လည်း ဖြစ်ပါတယ်။

ဝါသနာကို အားပေးပါ

ဒီလိုပြောလို့ ကျွန်တော်တို့ မကောင်းတဲ့အရာတွေဘက်မှာ ဝါသနာပါလည်း အားပေးရမယ်လို့ ပြောချင်တာ မဟုတ်ပါဘူး။ ဥပမာအနေနဲ့ အားကစားတို့ ဂီတတို့ ဂိမ်းကစားတာတို့ စတဲ့ အကောင်းဘက်ကို ဦးတည် စိတ်အပန်းဖြေတဲ့ အနေနဲ့ ပြုလုပ်တတ်ကြတဲ့ ဝါသနာတွေကို နားလည် အားပေးစေချင်တာပါ။ ဒီလိုမျိုးသာ နားလည်ပေးမယ်ဆိုရင် ကျွန်တော်တို့ဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး ယောကျ်ားတွေလို့ ကိုယ့်ကိုကိုယ် ခံစားမိမှာ အမှန်ပါပဲ။

သူငယ်ချင်းအတွက် အချိန်ပေးတာကို မငြိုငြင်ပါနဲ့

အမှန်အတိုင်း ပြောရမယ်ဆိုရင် ကျွန်တော်တို့ရဲ့ သူငယ်ချင်းတွေဆိုတာ ကောင်မလေးတို့နဲ့ ချစ်သူရည်းစားမဖြစ်ခင် ငယ်ငယ်လေးကတည်းက ခင်မင် ပေါင်းသင်းလာခဲ့တဲ့ သူတွေဆိုတာကို နားလည်ထားစေချင်ပါတယ်။ ဒါကြောင့် သူငယ်ချင်းတွေနဲ့ သွားတာ လာတာကို မချုပ်ခြယ်စေချင်ပါဘူး။ ကျွန်တော်တို့ ယောကျ်ားလေးတွေမှာလည်း ယောကျ်ားလေးချင်း ပျော်ပါးချင်တဲ့ အချိန်ဆိုတာ ရှိပါတယ်။ ကောင်မလေးတို့ရဲ့နောက်မှာ ကောင်မလေးတို့အပေါ် ဖောက်ပြားမှာ မစိုးရိမ်ပါနဲ့။ ကောင်မလေးတို့ကို တကယ်ချစ်တဲ့ ယောကျ်ားလေးတွေဆိုရင် ဘယ်တော့မှ ဒီလိုကိစ္စကို လုပ်မှာမဟုတ်ပါဘူး။

ကျွန်တော်တို့ရဲ့ ကျားသူငယ်ချင်တွေနဲ့လည်း သိပ်အရောမဝင်စေချင်ပါ

ကောင်မလေးတို့ သဝန်တိုတတ်သလို ကျွန်တော်တို့လည်း သဝန်တိုတတ်ပါတယ်။ ဘာမှမဖြစ်သလို နေနေလို့ သဝန်မတိုတတ်ဘူးလို့ မထင်ပါနဲ့။ အထူးသဖြင့် ကျွန်တော်တို့ရဲ့ ကျားသူငယ်ချင်း တစ်ယောက်ယောက်နဲ့ ကိုယ့်ချစ်သူ လေပေးဖြောင့်နေပြီ ဆိုရင်တော့ ကျွန်တော်တို့ရဲ့ မနာလိုမှုဟာ ချစ်သူနဲ့လည်း ပြဿနာဖြစ် သူငယ်ချင်းတွေကြားမှာလည်း စိတ်ဝမ်း ကွဲနိုင်ပါတယ်။ ဒီလိုပြောလို့ အပေါင်းအသင်း မလုပ်ရဘူးလို့ ပြောတာတော့ မဟုတ်ဘူးနော်။ ဒီလောက်ဆို နားလည်မှာပါ။

လူရှေ့မှာ မအော်ပါနဲ့ မဆူပါနဲ့

ဟုတ်ကဲ့ ကျွန်တော်တို့တွေက လူရှေ့မှာ အော်ခံရတာကို အမုန်းဆုံးပါ။ ယောကျ်ားလေးတွေဆိုပေမယ့် ကျွန်တော်တို့လည်း ရှက်တတ်ပါတယ်။ ကျွန်တော်တို့ဘက်က လုံးဝကို မှားနေလို့ ပြောချင်တယ်ဆိုရင်တောင် လူရှေ့မှာ ခဏလေး အောင့်အီးပေးထားပြီး နှစ်ယောက်ထဲ ရှိတဲ့အချိန်ကြမှ ပြောချင်တာကို ပြောပါ။ ဒီလိုမဟုတ်ပဲ လူရှေ့သူရှေ့ပါမကျန် ကိုယ့်ချစ်သူကို ဆရာကြီးလုပ် ရန်ဖြစ်နေမယ် ဆိုရင်တော့ ဝမ်းနည်းပေမယ့်လည်း ချစ်သူတို့ကို ကျွန်တော်တို့က စိတ်ကုန်သွားနိုင်တာကို သတိထားစေချင်ပါတယ်။

ပြီးခဲ့တဲ့ ပြဿနာကို အစပြန်မဖော်ပါနဲ့

ကျွန်တော်တို့ ယောကျ်ားလေးဟာ ညနေရန်ဖြစ်ရင် နောက်နေ့မနက် မေ့နေပါပြီ။ တော်ရုံတန်ရုံ စိတ်ထဲမှာ မှတ်မထားတတ်ပါဘူး။ ဒါပေမယ့် ကောင်းမလေးတို့ဘက်က ဒီလိုမဟုတ်ပဲ ညကကိစ္စကို မနက်ထိ တတွတ်တွတ်နဲ့ ဆက်ပြောနေရင်တော့ ရန်ဆက်ဖြစ်ဖို့က သေချာသလောက်ပါပဲ။ ကျွန်တော်တို့ဟာ နားပူတာကို နည်းနည်းမှ မခံနိုင်တဲ့ သနားစရာ လူ့သတ္တဝါလေးတွေပါ။

အမေကို မကောင်းမပြောပါနဲ့

ကျွန်တော်တို့ ယောကျ်ားလေးအများစုဟာ အမေတွေကို ချစ်တတ်ကြပါတယ်။ ကိုယ်တိုင်သာ အမေနဲ့ မကျေနပ်လို့ အမေ့ကို မကောင်းပြောချင်ပြောမယ် သူများက ပြောပြီဆိုရင်တော့ နည်းနည်းလေးမှ ခံနိုင်ရည်မရှိတဲ့သူတွေ ဖြစ်ပါတယ်။ အဲ့တော့ ကျွန်တော်တို့ရှေ့မှာ အမေ့အကြောင်း မကောင်းပြောတာဟာ မမတို့ကို လွယ်လွယ်နဲ့ စိတ်ကုန်စေနိုင်တဲ့ အချက်ဖြစ်ပါတယ်။

မအိပ်ခင်နဲ့ မနက်နိုးတိုင်းမှာ သတိရတယ်ဆိုတာ သိထားပေးပါ

ကောင်မလေးတို့ကို သတိမရဘူး မေ့နေပြီလားလို့ ခဏခဏမေးပြီး ကျွန်တော်တို့ကို မရစ်ပါနဲ့။ ချစ်သူတို့ကို အချိန်တိုင်း ထိုင်ပြီး သတိရနေရင် ကိုယ့်ချစ်သူကို တင့်တင့်တယ်တယ်နဲ့ မင်္ဂလာဆောင်နိုင်ဖို့ ပိုက်ဆံရှိလာမှာ မဟုတ်ပါဘူး။ တစ်နေကုန် ကောင်မလေးတို့လောက် သတိမရနိုင်တဲ့သူတွေ ဖြစ်ချင်ဖြစ်မယ် ကျွန်တော်တို့ ညအိပ်ရာမဝင်ခင် နောက်ဆုံးနဲ့ မနက်အိပ်ရာထရင် အရင်ဆုံး သတိရတဲ့သူက ကောင်းမလေးတို့ဆိုတာကို သိစေချင်ပါတယ်။

လိုအပ်ရင် ရှေ့ကနေမယ့်သူတွေပါ

အချစ်သူရဲကောင်းကြီးတွေတော့ မဟုတ်ရပါဘူး။ ဒါပေမယ့် အရေးကြုံလာရင်တော့ ကျွန်တော်တို့ဟာ ကိုယ့်ချစ်သူရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးချင်တဲ့သူတွေ ဖြစ်ပါတယ်။ နောက်တစ်မျိုး ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့ဟာ မမတို့ အားကိုးတာကို ခံချင်ပါတယ်။

ယုံကြည်မှုရှိပါ

ချစ်လို့လက်တွဲလာကြပြီပဲ ဘာလို့ ခုထိ မယုံနိုင်သေးပဲ လိုက်ချုပ်ခြယ်နေတာလဲ ကောင်မလေးတို့ရယ်။ ကိုယ့်ချစ်သူကို မယုံဘူးဆိုရင် ဘာလို့ အစကတည်းက လက်ခံခဲ့သေးလဲ။ ကောင်မလေးတို့ရဲ့ ယုံကြည်မှုကိုရဖို့ အတိတ်က ဖြစ်ခဲ့တဲ့ဟာတွေကို အကုန်ပြောပြထားတာက ကိုယ့်ချစ်သူရဲ့ ချုပ်ချယ်ခံရဖို့ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ ချုပ်ချယ်ခံရတာကို အမုန်းဆုံးဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ချစ်ခရီးလမ်းတစ်ခုမှာ ယုံကြည်မှုမရှိဘူးဆိုရင် ဘယ်လောက်ပဲချစ်ချစ် ရှေ့ဆက်ဖို့ လုံး၀ မဖြစ်နိုင်ပါဘူး။ တကယ်ကို မယုံကြည်နိုင်ဘူးဆိုရင်တော့ နှစ်ယောက်စလုံး အပျက်အပျက်နဲ့ နှာခေါင်းသွေးမထွက်ခင် ဒီဇာတ်လမ်းကို ဒီနေရာမှာတင် ရပ်တန်းကရပ်လိုက်တာ ပိုကောင်းပါတယ်။

ကဲ ကျွန်တော်တို့အကြောင်းကို နားလည်စေချင်တာတော့ ဒီလောက်ပါပဲ။ အရမ်းကြီးခက်ခဲပြီး နားမလည်နိုင်စရာမရှိတဲ့ အရာ မရှိလောက်ဘူးလို့ ထင်ပါတယ်။ ဒီအချက်တွေဟာ ယောကျ်ားလေး တော်တော်များများက ကိုယ့်ချစ်သူတွေကို နားလည်စေချင်တဲ့ အရာဖြစ်ပါတယ်။ အပြည့်အစုံ မဟုတ်ရင်တောင် ယေဘုယျ အနေနဲ့တော့ တူညီပါလိမ့်မယ်။ ဒီလိုပြောလို့ ကျွန်တော်တို့ ယောကျ်ားလေးတိုင်းဟာ ကောင်းတယ်လို့ ပြောချင်တာ မဟုတ်ပါဘူး။ လူတိုင်းမှာ အားနည်းချက်ကိုယ်စီ ရှိပါတယ်။ အဲ့တော့ ကောင်မလေးတို့ ချစ်သူကို ရွေးမယ်ဆိုရင် သေချာစဉ်းစားပြီးမှ ရွေးစေချင်ပါတယ်။ အကောင်းဆုံးကတော့ ကိုယ်နဲ့ အပေးအယူညီပြီး နားလည်မှုရှိတဲ့သူနဲ့ လက်တွဲပါ။ ကောင်မလေးများအားလုံးပဲ ကိုယ့်ရဲ့ချစ်သူတွေကို အရင်ကထက်ပိုပြီး နားလည်နိုင်ပါစေလို့ ဆုတောင်းရင်း……



 ဖိုးသူတော် (www.phothutaw.com)
Credit: lutawlupyaw
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top