Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

၁၉၂၁ ခုႏွစ္ရဲ႕ စက္တင္ဘာလ ၆ ရက္ေန႔မွာ  Thomas Lynn Bradford  ဆုိတဲ့ လူသိမ်ားတဲ့ ပါေမာကၡတစ္ဦးဟာ ကုိယ့္ကုိယ္ကုိ သတ္ေသခဲ့ပါတယ္။ ျဖစ္ပြားတဲ့ေနရာကေတာ့ အေမရိကန္ႏုိင္ငံ  Michigan ျပည္နယ္က Detroit ၿမဳိ႕မွာပဲ ျဖစ္ပါတယ္။ ဒီလုိသတ္ေသတာဟာ ကမာၻေက်ာ္ျဖစ္ရပ္ျဖစ္ခဲ့ပါတယ္။ အေၾကာင္းကေတာ့ သူဟာ အျခားသူေတြလုိ ဘ၀ကိုရင္မဆုိင္ႏုိင္လုိ႔ ၊ စိတ္ညစ္လုိ႔ ေသေၾကာင္းႀကံခဲ့တာ မဟုတ္ပဲ ေနာက္ဘ၀ တမလြန္ဆုိတာကို ရွိေၾကာင္း သက္ေသျပဖုိ႔ ကုိယ့္ကုိယ္ကုိ သတ္ေသခဲ့ျခင္း ျဖစ္တာေၾကာင့္ပါ။ ဒီလိုေသၿပီးတာနဲ႔ ေနာက္တစ္ေန႔မွာ ေနာက္ဘ၀ရွိေၾကာင္းျပႏုိင္ဖုိ႔  သူ႔ကုိကူညီေပးခဲ့သူ Ruth Doran ဆုိတဲ့ အမ်ဳိးသမီးကို  ျပန္ဆက္သြယ္မယ္လုိ႔ တရား၀င္ေၾကျငာခဲ့ပါတယ္။

အဲဒီေနာက္ေတာ့သူဟာ သူ႔ရဲ႕တုိက္ခန္းထဲမွာပဲ အခန္းတံခါးကုိအလုံပိတ္ ဂတ္စ္မီးဖုိက ဂတ္စ္မ်ားအျပည့္လႊတ္ေစကာ ေသေၾကာင္းႀကံၿပီး ေသဆုံးသြားပါေတာ့တယ္။ ကမာၻ႔နာမည္ႀကီး သတင္းစာ မီဒီယာေတြက ဒီျဖစ္ရပ္ကုိ စိတ္၀င္တစားေစာင့္ၾကည့္ၿပီး Bradford ဆက္သြယ္လာမယ့္ အခ်ိန္ကို ရက္ေပါင္းမ်ားစြာေစာင့္ဆုိင္းေနၾကေပမယ့္ Ruth Doran  ဆီက ဘာသံမွ မၾကားခဲ့ရပါဘူး။ Thomas Lynn Bradford ဟာ ေသဆုံးသြားၿပီးတဲ့ေနာက္ ဘယ္သူ႔ကိုမွ ျပန္လည္မဆက္သြယ္ႏုိင္ေတာ့တာကို ေတြ႔ရွိခဲ့ရပါတယ္။ တမလြန္ရွိေၾကာင္းကုိယ့္ကုိယ္ကုိ သတ္ေသခဲ့တဲ့ ပါေမာကၡ Bradford ရဲ႕ အျဖစ္ဟာ ကမာၻေက်ာ္သြားၿပီး နယူးေယာက္တုိင္းသတင္းစာက  "Dead Spiritualist Silent" လုိ႔ နာမည္တပ္ခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သုတဇုန္

# Unicode Version ျဖင့္ ဖတ္ပါ #

၁၉၂၁ ခုနှစ်ရဲ့ စက်တင်ဘာလ ၆ ရက်နေ့မှာ  Thomas Lynn Bradford  ဆိုတဲ့ လူသိများတဲ့ ပါမောက္ခတစ်ဦးဟာ ကိုယ့်ကိုယ်ကို သတ်သေခဲ့ပါတယ်။ ဖြစ်ပွားတဲ့နေရာကတော့ အမေရိကန်နိုင်ငံ  Michigan ပြည်နယ်က Detroit မြို့မှာပဲ ဖြစ်ပါတယ်။ ဒီလိုသတ်သေတာဟာ ကမ္ဘာကျော်ဖြစ်ရပ်ဖြစ်ခဲ့ပါတယ်။ အကြောင်းကတော့ သူဟာ အခြားသူတွေလို ဘဝကိုရင်မဆိုင်နိုင်လို့ ၊ စိတ်ညစ်လို့ သေကြောင်းကြံခဲ့တာ မဟုတ်ပဲ နောက်ဘ၀ တမလွန်ဆိုတာကို ရှိကြောင်း သက်သေပြဖို့ ကိုယ့်ကိုယ်ကို သတ်သေခဲ့ခြင်း ဖြစ်တာကြောင့်ပါ။ ဒီလိုသေပြီးတာနဲ့ နောက်တစ်နေ့မှာ နောက်ဘဝရှိကြောင်းပြနိုင်ဖို့  သူ့ကိုကူညီပေးခဲ့သူ Ruth Doran ဆိုတဲ့ အမျိုးသမီးကို  ပြန်ဆက်သွယ်မယ်လို့ တရားဝင်ကြေငြာခဲ့ပါတယ်။

အဲဒီနောက်တော့သူဟာ သူ့ရဲ့တိုက်ခန်းထဲမှာပဲ အခန်းတံခါးကိုအလုံပိတ် ဂတ်စ်မီးဖိုက ဂတ်စ်များအပြည့်လွှတ်စေကာ သေကြောင်းကြံပြီး သေဆုံးသွားပါတော့တယ်။ ကမ္ဘာ့နာမည်ကြီး သတင်းစာ မီဒီယာတွေက ဒီဖြစ်ရပ်ကို စိတ်ဝင်တစားစောင့်ကြည့်ပြီး Bradford ဆက်သွယ်လာမယ့် အချိန်ကို ရက်ပေါင်းများစွာစောင့်ဆိုင်းနေကြပေမယ့် Ruth Doran  ဆီက ဘာသံမှ မကြားခဲ့ရပါဘူး။ Thomas Lynn Bradford ဟာ သေဆုံးသွားပြီးတဲ့နောက် ဘယ်သူ့ကိုမှ ပြန်လည်မဆက်သွယ်နိုင်တော့တာကို တွေ့ရှိခဲ့ရပါတယ်။ တမလွန်ရှိကြောင်းကိုယ့်ကိုယ်ကို သတ်သေခဲ့တဲ့ ပါမောက္ခ Bradford ရဲ့ အဖြစ်ဟာ ကမ္ဘာကျော်သွားပြီး နယူးယောက်တိုင်းသတင်းစာက  "Dead Spiritualist Silent" လို့ နာမည်တပ်ခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: သုတဇုန်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top