Golden City Promotion
×

ေယာင္းတို႔ေရ
ေယာင္းတို႔ကိုေလ အက္ဒ္မင္လုပ္ဖူးတဲ့ skin care ေလးတစ္ခုအေၾကာင္းေျပာျပမယ္ေနာ္။ ခက္လည္းမခက္ခဲဘူးေလ။ အက္ဒ္မင့္လို ငပ်င္းေတာင္ သေဘာက်တယ္ လြယ္လြန္းလို႔.. .. အထူးအဆန္းႀကီးေတာ့မဟုတ္ပါဘူးေလ။ ေယာင္းတို႔အိမ္မွာ ဟင္းခ်က္တဲ့ နႏြင္းရွိတယ္မဟုတ္လား..

နႏြင္းေလးကို လက္ဖက္ရည္ဇြန္း တစ္ဇြန္းစာေလာက္ယူလိုက္.. ၿပီးရင္ ဒိန္ခ်ဥ္ စားပြဲဇြန္း ၄ဇြန္းစာေလာက္နဲ႔ေရာလိုက္.. အတည္ေပါက္ႀကီးေတြေျပာေနလု႔ိသာ လက္ဖက္ရည္ဇြန္း ေတြ စားပြဲဇြန္းေတြ ေျပာေနတာ အက္ဒ္မင္လုပ္တုန္းက မခ်ိန္ေနပါဘူး.. အဆင္ေျပသလို ေရာခ်လိုက္တာပဲ ဟီးဟီး

Related Article >>> သဘာဝအတိုင္း အသားျဖဴေအာင္
အသားအရမ္းေျခာက္လြန္းတဲ့သူဆိုရင္ သံလြင္ဆီ ဒါမွမဟုတ္ အုန္းဆီေလး တစ္စက္ႏွစ္စက္ထည့္.. ၿပီးရင္ ေရာေမႊလိုက္ရံုပါပဲ။ Paste ေလးရလာျပီဆိုရင္ ကိုယ့္အသားေပၚမွာလိမ္းလိုက္ ေျခာက္ေအာင္ထားလည္းရတယ္ မေျခာက္ခ်င္လည္းေန ခဏပဲထားမယ္ဆိုလည္း ျဖစ္တာပဲ… ေျခာက္ေအာင္ထားရင္ ေရေဆးခ်ရတာ သိပ္ခက္လို႔ အက္ဒ္မင္ေတာ့ ေျခာက္ေအာင္ထားေလ့မရွိဘူးရယ္..

ဒီ Paste ေလးနဲ႔ တစ္ကိုယ္လံုးကို ႏွံ႕ေအာင္လိမ္းလိုက္ပါ.. လိမ္းတဲ့အခါ စက္ဝိုင္းပံုေလး ပြတ္ၿပီးလိမ္းေပး ႏွိပ္ေပးခ်င္ရင္လည္း နွိပ္ေပးလို႔ရေသးတယ္ ၿပီးတာနဲ႔ ေရေဆးခ်လိုက္ရံုပဲေနာ္… သူ႕ရဲ႕အားနည္းခ်က္လို႔ေျပာရမလား.. နႏြင္းေတြလိမ္းျပီး ေရျပန္ေဆးတဲ့အခါ ေတာ္ရံုနဲ႔ မေျပာင္ဘူး.. လူဝါႀကီးကိုျဖစ္ေနေရာ ..

အက္ဒ္မင္ကဘယ္လိုလုပ္သလဲဆိုေတာ့ Body တိုက္တဲ့ Brush အနုစားေလးေတြရွိတယ္ဟုတ္လား.. ဆပ္ျပာတိုက္တဲ့အခါ အဲ့ဒါေလးနဲ႔တိုက္တယ္ ..၂ခါေလာက္တိုက္လိုက္ရင္ကို ေျပာင္သေလာက္ျဖစ္သြားၿပီရယ္.. ၿပီးရင္ လက္နဲ႔ဆပ္ျပာတစ္ခါျပန္တိုက္လိုက္ေရာ ၿပီးေတာ့မွ ေရျပန္ေလာင္းခ်လိုက္တယ္.. အိုေခသြားၿပီ..
ေနာက္ေလ သတိထားစရာတစ္ခုက ေရခ်ိဳးၿပီး တဘက္ေတြဘာေတြနဲ႔ ေျခာက္ေအာင္သုတ္ၿပီးတဲ့အခါမွာ ခ်က္ခ်င္းႀကီး အကႌ်အေကာင္းကို တန္းမဝတ္လိုက္နဲ႔ေနာ္.. မေတာ္တဆေပသြားမွာ စိုးလို႔ပါ.. Lotion ေတြလည္း မလိမ္းပါနဲ႔ဦး ဒိန္ခ်ဥ္ရဲ႕အဆီေတြ ကိုယ္ထဲစိမ့္ဝင္ေနပါေစေလ.. ေနာက္ရက္မွ လိမ္းေပါ့ေနာ္…

Related Article >>> မည္းေနတဲ့ ခ်ိဳင္းၾကား ျမန္ျမန္ဆန္ဆန္ျဖဴလာေစဖို႔
Result ကေတာ့ အရမ္းသိသာတာ.. တစ္ခါဆို ဆိုသေလာက္ပဲ.. အသားေလးကို အိၿပီးဝင္းသြားတာ Scrub လုပ္လိုက္သလိုပဲ ပိုက္ဆံမကုန္ဘဲ Scrub လုပ္နည္းေပါ့ကြယ္.. ေနာ့္…. .. ျပီးေတာ့ေလ သူက မ်က္ႏွာေတြဘာေတြလည္း လုပ္လို႔ရတယ္ရယ္..ဒါေပမဲ့ နႏြင္းနဲ႔ မတည့္တဲ့သူေတြလည္း ရွိေသးတာမို႔ အရင္ လက္တို႔ ေပါင္တို႔မွာ အရင္စမ္းၾကည့္လိုက္ပါဦး.. တည့္တယ္ဆိုရင္ေတာ့ အိုေခေပါ့

ဒါေတာင္ အဲဒီေနရာက အသားေတြနဲ႔ မ်က္ႏွာအသားအေရမတူတာမို႔ သတိထားတာေကာင္းပါတယ္.. သတိဆိုတာ ပိုတယ္မရွိဘူးမဟုတ္လား..
တကယ္လို႔ မ်က္ႏွာမလုပ္ဘူး Body ၾကီးပဲ သီးသန္႔လုပ္မယ္ဆိုရင္ Spa Salt ေလးေတြပါ ထည့္လုပ္လို႔ရတယ္ေနာ္.. လိမ္းခါနီးမွ paste ထဲကိို spa salt ေလးေတြထည့္ျပီး လိမ္းလိုက္ရံုပဲ.. ဒီေလာက္ေတာင္ လြယ္ကူ သက္သာတဲ့ နည္းလမ္းေလး ရွိေနမွေတာ့ ဘာလိုဦးမလဲေနာ္..  ဒီနည္းေလးကို အသံုးျပဳၿပီး ၾကည္လင္ဝင္းပစိုေျပတဲ့ အသားအေရကို ေယာင္းေလးတို႔အားလံုး ရရွိပိုင္ဆိုင္နုိင္ၾကပါေစလို႔……….

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Libra ( For Her Myanmar )

# Unicode Version #
ယောင်းတို့ရေ

ယောင်းတို့ကိုလေ အက်ဒ်မင်လုပ်ဖူးတဲ့ skin care လေးတစ်ခုအကြောင်းပြောပြမယ်နော်။ ခက်လည်းမခက်ခဲဘူးလေ။ အက်ဒ်မင့်လို ငပျင်းတောင် သဘောကျတယ် လွယ်လွန်းလို့.. 😀 .. အထူးအဆန်းကြီးတော့မဟုတ်ပါဘူးလေ။ ယောင်းတို့အိမ်မှာ ဟင်းချက်တဲ့ နနွင်းရှိတယ်မဟုတ်လား..

နနွင်းလေးကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာလောက်ယူလိုက်.. ပြီးရင် ဒိန်ချဉ် စားပွဲဇွန်း ၄ဇွန်းစာလောက်နဲ့ရောလိုက်.. အတည်ပေါက်ကြီးတွေပြောနေလု့ိသာ လက်ဖက်ရည်ဇွန်း တွေ စားပွဲဇွန်းတွေ ပြောနေတာ အက်ဒ်မင်လုပ်တုန်းက မချိန်နေပါဘူး.. အဆင်ပြေသလို ရောချလိုက်တာပဲ ဟီးဟီး 😛

Related Article >>> သဘာဝအတိုင်း အသားဖြူအောင်

အသားအရမ်းခြောက်လွန်းတဲ့သူဆိုရင် သံလွင်ဆီ ဒါမှမဟုတ် အုန်းဆီလေး တစ်စက်နှစ်စက်ထည့်.. ပြီးရင် ရောမွှေလိုက်ရုံပါပဲ။ Paste လေးရလာပြီဆိုရင် ကိုယ့်အသားပေါ်မှာလိမ်းလိုက် ခြောက်အောင်ထားလည်းရတယ် မခြောက်ချင်လည်းနေ ခဏပဲထားမယ်ဆိုလည်း ဖြစ်တာပဲ… ခြောက်အောင်ထားရင် ရေဆေးချရတာ သိပ်ခက်လို့ အက်ဒ်မင်တော့ ခြောက်အောင်ထားလေ့မရှိဘူးရယ်..

ဒီ Paste လေးနဲ့ တစ်ကိုယ်လုံးကို နှံ့အောင်လိမ်းလိုက်ပါ.. လိမ်းတဲ့အခါ စက်ဝိုင်းပုံလေး ပွတ်ပြီးလိမ်းပေး နှိပ်ပေးချင်ရင်လည်း နှိပ်ပေးလို့ရသေးတယ် ပြီးတာနဲ့ ရေဆေးချလိုက်ရုံပဲနော်… သူ့ရဲ့အားနည်းချက်လို့ပြောရမလား.. နနွင်းတွေလိမ်းပြီး ရေပြန်ဆေးတဲ့အခါ တော်ရုံနဲ့ မပြောင်ဘူး.. လူဝါကြီးကိုဖြစ်နေရော 😀 ..

အက်ဒ်မင်ကဘယ်လိုလုပ်သလဲဆိုတော့ Body တိုက်တဲ့ Brush အနုစားလေးတွေရှိတယ်ဟုတ်လား.. ဆပ်ပြာတိုက်တဲ့အခါ အဲ့ဒါလေးနဲ့တိုက်တယ် ..၂ခါလောက်တိုက်လိုက်ရင်ကို ပြောင်သလောက်ဖြစ်သွားပြီရယ်.. ပြီးရင် လက်နဲ့ဆပ်ပြာတစ်ခါပြန်တိုက်လိုက်ရော ပြီးတော့မှ ရေပြန်လောင်းချလိုက်တယ်.. အိုခေသွားပြီ..

နောက်လေ သတိထားစရာတစ်ခုက ရေချိုးပြီး တဘက်တွေဘာတွေနဲ့ ခြောက်အောင်သုတ်ပြီးတဲ့အခါမှာ ချက်ချင်းကြီး အင်္ကျီအကောင်းကို တန်းမဝတ်လိုက်နဲ့နော်.. မတော်တဆပေသွားမှာ စိုးလို့ပါ.. Lotion တွေလည်း မလိမ်းပါနဲ့ဦး ဒိန်ချဉ်ရဲ့အဆီတွေ ကိုယ်ထဲစိမ့်ဝင်နေပါစေလေ.. နောက်ရက်မှ လိမ်းပေါ့နော်…

Related Article >>> မည်းနေတဲ့ ချိုင်းကြား မြန်မြန်ဆန်ဆန်ဖြူလာစေဖို့

Result ကတော့ အရမ်းသိသာတာ.. တစ်ခါဆို ဆိုသလောက်ပဲ.. အသားလေးကို အိပြီးဝင်းသွားတာ Scrub လုပ်လိုက်သလိုပဲ ပိုက်ဆံမကုန်ဘဲ Scrub လုပ်နည်းပေါ့ကွယ်.. နော့်…. 😀 .. ပြီးတော့လေ သူက မျက်နှာတွေဘာတွေလည်း လုပ်လို့ရတယ်ရယ်..ဒါပေမဲ့ နနွင်းနဲ့ မတည့်တဲ့သူတွေလည်း ရှိသေးတာမို့ အရင် လက်တို့ ပေါင်တို့မှာ အရင်စမ်းကြည့်လိုက်ပါဦး.. တည့်တယ်ဆိုရင်တော့ အိုခေပေါ့ 😀 ဒါတောင် အဲဒီနေရာက အသားတွေနဲ့ မျက်နှာအသားအရေမတူတာမို့ သတိထားတာကောင်းပါတယ်.. သတိဆိုတာ ပိုတယ်မရှိဘူးမဟုတ်လား..

တကယ်လို့ မျက်နှာမလုပ်ဘူး Body ကြီးပဲ သီးသန့်လုပ်မယ်ဆိုရင် Spa Salt လေးတွေပါ ထည့်လုပ်လို့ရတယ်နော်.. လိမ်းခါနီးမှ paste ထဲကို spa salt လေးတွေထည့်ပြီး လိမ်းလိုက်ရုံပဲ.. ဒီလောက်တောင် လွယ်ကူ သက်သာတဲ့ နည်းလမ်းလေး ရှိနေမှတော့ ဘာလိုဦးမလဲနော်..  ဒီနည်းလေးကို အသုံးပြုပြီး ကြည်လင်ဝင်းပစိုပြေတဲ့ အသားအရေကို ယောင်းလေးတို့အားလုံး ရရှိပိုင်ဆိုင်နိုင်ကြပါစေလို့……….

ဖိုးသူတော် (www.phothutaw.com)
Credit: Libra ( For Her Myanmar )

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top