Golden City Promotion
×

စိတ္မရွွည္တတ္တဲ႔သူေတြကို ေတြ႕ဖူးလား ? ေတြ႕ဖူးၿပီးေတာ့ေရာ ခင္မင္ဖူးလား?
ခင္သည္ျဖစ္ေစ မခင္သည္ျဖစ္ေစ စိတ္မရွည္တဲ႔သူေတြနဲ႔အတူေနထိုင္ရတာ ၊ အတူလက္တြဲအလုပ္ လုပ္ရတာ ၊ အတူတူ သင္ယူရတာ စံုေအာင္ေတာ့ ႀကံဳဖူးမွာေပါ့။ ကိုယ္တိုင္ကေကာ စိတ္တုိလြယ္သူမဟုတ္ေတာင္ စိတ္မရွည္တတ္တဲ႔သူေတြထဲပါေနလား ? တကယ္လို႕ စိတ္မရွည္တတ္တဲ႔လူေတြထဲ ကိုယ္လည္းပါေနၿပီ ၊ ကုိယ္နဲ႕ခင္မင္သူေတြလည္း ပါေနၿပီဆိုရင္ ဒီအေတြးေလးေတြနဲ႔ မရွည္တဲ့စိတ္ေလးေတြကို ဆြဲဆန္႔ၾကည့္ရေအာင္!

    ေနာက္မက်ေသးဘူးဟု ေတြးပါ။

ဘယ္အရာကိုမွ စိတ္မရွည္တတ္သူေတြအတြက္ အေကာင္းဆံုးနည္းလမ္းပါပဲ။ စိတ္မရွည္တတ္တဲ႔သူေတြရဲ႕စိတ္ကိုက ေရွ႕ကိုေရာက္ခ်င္ေဇာ မ်ားေနလို႕ စိတ္မရွည္ႀကတာပါ။ ေရွ႕ေရာက္ခ်င္ေလေလ မေရာက္ေလေလ စိတ္ကတိုလာေလေလပါပဲ.. ဒါေတြ ေရာဂါရကိန္းေတြပါပဲ။ စိတ္မရွည္ တတ္တဲ႔သူေတြဟာ ေျဖးေျဖးမွန္မွန္ဆိုတာကို လက္မခံခ်င္ဘဲ ျမန္ျမန္ ျမန္ျမန္ ျဖစ္ေနေတာ့ မမွားသင့္တဲ႔အမွားေတြက သူတို႔ဆီမွာ ေတြ႕ရတတ္ပါတယ္။ ဒါေႀကာင့္ ”ငါ ေနာက္မက်ေသးဘူး”လို႕ေတြးပါ ပါးစပ္ကေနလည္းထုတ္ေျပာၿပီး ကိုယ့္ကိုယ္ကိုယ္ သတိေပးပါ။ ဒါဆို ေလာေနတဲ႔စိတ္ေတြ မရွည္ေနတဲ႕စိတ္ေတြ ေလ်ာ့သြားပါလိမ့္မယ္…

Related Article >>> အလုပ္တာဝန္တစ္ခုကို ျမန္ျမန္ၿပီးဖို႔ထက္ မွန္မွန္ၿပီးဖို႔ပဲလိုတယ္

    တစ္ဖက္သားအေျခအေနကိုႀကည့္ပါ။

စိတ္မရွည္တတ္သူေတြကို ၾကည့္လိုက္ ျပႆနာျဖစ္တာခ်င္းအတူတူ သူတို႕က တမူူးသာေနတတ္ပါတယ္။ တစ္ခုခု ျဖစ္ၿပီဆို တရႈးရႈး တဒိုင္းဒိုင္း ပံုစံနဲ႔ပဲ ေတြ႕ရေလ့ရွိပါတယ္။ ဒီနည္းလမ္းဟာ ျပႆနာကို ေျပလည္ေစတဲ့နည္းလမ္းမဟုတ္ပါဘူး။ တစ္ခုခုဆို စိတ္ျမန္လက္ျမန္ မေျဖရွင္းတာအေကာင္းဆံုးပါပဲ။ ဥပမာ-သူေဌးက တစ္ဖြဲ႕လံုးကို ဆူေနတာ မုန္႕ဟင္းခါးေတြအဝေကၽြးေနပါေစဦး ကိုယ္တစ္ေယာက္တည္း ေျပာခံေနရတာမဟုတ္တာကိုေတြးမိပါေစ။ ေနာက္တစ္နည္းေျပာရရင္ တစ္ဖက္သားအေျခအေနကိုလည္း ၾကည့္တတ္ပါေစ။ နားညည္းလာတာ ကိုယ္မဟုတ္ဘဲ အေျပာခံေနရတာေတြေၾကာင့္ စိတ္တိုတာ စိတ္မရွည္ခ်င္တာေတြျဖစ္လာရင္ ငပြႀကီးျဖစ္မေနဖို႕ သူေဌးရဲ႕အေျခအေနကိုလည္း ႀကည့္တတ္ပါေစ (သူတို႕က ရစ္ရင္ ေရေသာက္ရစ္တတ္တဲ႔အမ်ိဳးေတြေလ သိတယ္ဟုတ္ :/ )

    စိတ္မ်ားမ်ားတိုလွ်င္ ရုပ္ဆိုးသည္ဟုေတြးပါ။

ဟုတ္တယ္ တကယ္ေျပာတာ ေယာက်္ားေလး မိန္းကေလးသိပ္မကြာျခားပါဘူး ကိုယ့္ကိုယ္ကိုယ္ လွတယ္ထင္တဲ႔အမ်ိဳးေတြခ်ည္းပါပဲ။ စိတ္မရွွည္တတ္ေတာ့ စိတ္ကတို၊ စိတ္ကတိုေတာ့ ေဒါသထြက္၊ ေဒါသထြက္ေတာ့ ရုပ္ဆိုးတယ္ေလ။ စိတ္ရွည္ရွည္ထားပါ စိတ္တိုေဒါသျဖစ္ရင္ ေစာေစာေသတတ္တယ္ဆိုတာသာ လက္မခံခ်င္ေနမယ္ ရုပ္ဆိုးတယ္ဆိုတာကေတာ့ အမွန္ပါပဲ။ စတိုင္က်က် စမတ္က်က် ေနတတ္ထိုင္တတ္လွ်င္လည္း ေနရာရတတ္တာမို႔ စိတ္ရွည္ပါ သည္းခံပါ စိတ္တိုေဒါသထြက္တာကို သတိထားမိတဲ့ အခ်ိန္တိုင္းမွာ ”ငါ့ရုပ္ႀကီးေတာ့ ႀကည့္ရဆိုးေနျပီ”လို႕ ေတြးပါ။

Related Article >>> ပရုိဆန္ဆန္ ျငင္းခုန္နည္း

    ငါ မရွိလည္းျဖစ္တယ္ဟု ေတြးမိပါေစ။

စိတ္မရွည္တတ္သူအမ်ားစုက ေရွ႕ကိုေရာက္ခ်င္ေဇာ မ်ားတာေႀကာင့္ပါ။ တစ္ဦးတစ္ေယာက္အေနနဲ႔ေကာ အမ်ားစုအေနနဲ႔ေကာ သူတို႕ပါရင္ သတိထားေနရတဲ႔အျဖစ္ေတြပါ။ ကိုယ္က သတိမထားမိေပမဲ႔ တစ္ဖက္သားကို အေတာ္ကသိကေအာက္ျဖစ္ေစတတ္ပါတယ္။ ေရွ႕ေရာက္ခ်င္ေဇာေလာၿပီး ကိုယ့္ကိုယ္ကိုလည္း ဖိအားေတြေပး တစ္ဘက္သားကိုလည္း ဇြတ္တိုက္တြန္းတာေတြျဖစ္ေနတတ္ပါတယ္။ အရာရာဟာ ေျပာင္းလဲသလိုပဲ ကိုယ္မရွိလည္း ျဖစ္သြားတဲ႔ကိစၥေတြအမ်ားႀကီးပါ။ ေျပလည္သြားတဲ႔ ျပႆနာေတြအမ်ားႀကီးပါ။ ကိုယ္မရွိလည္း ျဖစ္တယ္ ဆိုတာ နွလံုးသြင္းပါ။ ဒါေႀကာင့္ မေလာပါနဲ႔ စိတ္ကိုရွွည္ရွည္ထားပါ။ လုပ္စရာရွိတာကိုေတာ့ ပလန္ထားပါ။

တစ္ခါတေလက် ျပန္စဥ္းစားၾကည့္ ေယာင္းတို႔ရဲ႕။ ငါဘာေႀကာင့္ စိတ္က ဒီေလာက္မရွည္ရတာလဲ ဆိုတဲ႔ အက်ိဳးအေႀကာင္းကိုေပါ့။ ကိုယ့္ရဲ႕ စိတ္ေလာမႈေတြ စိတ္မရွည္မႈေတြေႀကာင့္ ပိုဆိုးသြားတာေတြ ႀကံဳဖူးရင္ ပိုစဥ္းစားႀကည့္ပါ၊ ပိုၿပီးဆင္ျခင္ပါ၊ ပိုၿပီးသတိျပဳပါေနာ္။ ဟင့္အင္း .. စိတ္ကေတာ့ ဘယ္နည္းနဲ႔မွ မရွည္ႏုိင္ဘူးဆိုရင္ေတာ့လည္း ဘယ္လိုနည္းမ်ိဳးနဲ႔ ျပႆနာကို ရင္ဆိုင္ၾကမလဲ အရင္ေတြးပါ.. ေနာက္ဆံုးစိတ္မရွည္လို႔ကို မျဖစ္ေခ်ဘူး၊ စိတ္ရွည္မွကို ရမယ္ဆိုရင္ေတာ့လည္း အေပၚက နည္းလမ္းေလးေတြကို သံုးၾကည့္ၿပီး မရွည္ရွည္ေတာင္ ဆြဲဆန္႔ႏိုင္ပါေစလို႔…

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Wai Zin ( For Her Myanmar )

# Unicode Version #
စိတ်မရှှည်တတ်တဲ့သူတွေကို တွေ့ဖူးလား ? တွေ့ဖူးပြီးတော့ရော ခင်မင်ဖူးလား?
ခင်သည်ဖြစ်စေ မခင်သည်ဖြစ်စေ စိတ်မရှည်တဲ့သူတွေနဲ့အတူနေထိုင်ရတာ ၊ အတူလက်တွဲအလုပ် လုပ်ရတာ ၊ အတူတူ သင်ယူရတာ စုံအောင်တော့ ကြုံဖူးမှာပေါ့။ ကိုယ်တိုင်ကကော စိတ်တိုလွယ်သူမဟုတ်တောင် စိတ်မရှည်တတ်တဲ့သူတွေထဲပါနေလား ? တကယ်လို့ စိတ်မရှည်တတ်တဲ့လူတွေထဲ ကိုယ်လည်းပါနေပြီ ၊ ကိုယ်နဲ့ခင်မင်သူတွေလည်း ပါနေပြီဆိုရင် ဒီအတွေးလေးတွေနဲ့ မရှည်တဲ့စိတ်လေးတွေကို ဆွဲဆန့်ကြည့်ရအောင်!

    နောက်မကျသေးဘူးဟု တွေးပါ။

ဘယ်အရာကိုမှ စိတ်မရှည်တတ်သူတွေအတွက် အကောင်းဆုံးနည်းလမ်းပါပဲ။ စိတ်မရှည်တတ်တဲ့သူတွေရဲ့စိတ်ကိုက ရှေ့ကိုရောက်ချင်ဇော များနေလို့ စိတ်မရှည်ကြတာပါ။ ရှေ့ရောက်ချင်လေလေ မရောက်လေလေ စိတ်ကတိုလာလေလေပါပဲ.. ဒါတွေ ရောဂါရကိန်းတွေပါပဲ။ စိတ်မရှည် တတ်တဲ့သူတွေဟာ ဖြေးဖြေးမှန်မှန်ဆိုတာကို လက်မခံချင်ဘဲ မြန်မြန် မြန်မြန် ဖြစ်နေတော့ မမှားသင့်တဲ့အမှားတွေက သူတို့ဆီမှာ တွေ့ရတတ်ပါတယ်။ ဒါကြောင့် ”ငါ နောက်မကျသေးဘူး”လို့တွေးပါ ပါးစပ်ကနေလည်းထုတ်ပြောပြီး ကိုယ့်ကိုယ်ကိုယ် သတိပေးပါ။ ဒါဆို လောနေတဲ့စိတ်တွေ မရှည်နေတဲ့စိတ်တွေ လျော့သွားပါလိမ့်မယ်…

Related Article >>> အလုပ်တာဝန်တစ်ခုကို မြန်မြန်ပြီးဖို့ထက် မှန်မှန်ပြီးဖို့ပဲလိုတယ်

    တစ်ဖက်သားအခြေအနေကိုကြည့်ပါ။

စိတ်မရှည်တတ်သူတွေကို ကြည့်လိုက် ပြဿနာဖြစ်တာချင်းအတူတူ သူတို့က တမူူးသာနေတတ်ပါတယ်။ တစ်ခုခု ဖြစ်ပြီဆို တရှုးရှုး တဒိုင်းဒိုင်း ပုံစံနဲ့ပဲ တွေ့ရလေ့ရှိပါတယ်။ ဒီနည်းလမ်းဟာ ပြဿနာကို ပြေလည်စေတဲ့နည်းလမ်းမဟုတ်ပါဘူး။ တစ်ခုခုဆို စိတ်မြန်လက်မြန် မဖြေရှင်းတာအကောင်းဆုံးပါပဲ။ ဥပမာ-သူဌေးက တစ်ဖွဲ့လုံးကို ဆူနေတာ မုန့်ဟင်းခါးတွေအဝကျွေးနေပါစေဦး ကိုယ်တစ်ယောက်တည်း ပြောခံနေရတာမဟုတ်တာကိုတွေးမိပါစေ။ နောက်တစ်နည်းပြောရရင် တစ်ဖက်သားအခြေအနေကိုလည်း ကြည့်တတ်ပါစေ။ နားညည်းလာတာ ကိုယ်မဟုတ်ဘဲ အပြောခံနေရတာတွေကြောင့် စိတ်တိုတာ စိတ်မရှည်ချင်တာတွေဖြစ်လာရင် ငပွကြီးဖြစ်မနေဖို့ သူဌေးရဲ့အခြေအနေကိုလည်း ကြည့်တတ်ပါစေ (သူတို့က ရစ်ရင် ရေသောက်ရစ်တတ်တဲ့အမျိုးတွေလေ သိတယ်ဟုတ် :/ )

    စိတ်များများတိုလျှင် ရုပ်ဆိုးသည်ဟုတွေးပါ။

ဟုတ်တယ် တကယ်ပြောတာ ယောကျ်ားလေး မိန်းကလေးသိပ်မကွာခြားပါဘူး ကိုယ့်ကိုယ်ကိုယ် လှတယ်ထင်တဲ့အမျိုးတွေချည်းပါပဲ။ စိတ်မရှှည်တတ်တော့ စိတ်ကတို၊ စိတ်ကတိုတော့ ဒေါသထွက်၊ ဒေါသထွက်တော့ ရုပ်ဆိုးတယ်လေ။ စိတ်ရှည်ရှည်ထားပါ စိတ်တိုဒေါသဖြစ်ရင် စောစောသေတတ်တယ်ဆိုတာသာ လက်မခံချင်နေမယ် ရုပ်ဆိုးတယ်ဆိုတာကတော့ အမှန်ပါပဲ။ စတိုင်ကျကျ စမတ်ကျကျ နေတတ်ထိုင်တတ်လျှင်လည်း နေရာရတတ်တာမို့ စိတ်ရှည်ပါ သည်းခံပါ စိတ်တိုဒေါသထွက်တာကို သတိထားမိတဲ့ အချိန်တိုင်းမှာ ”ငါ့ရုပ်ကြီးတော့ ကြည့်ရဆိုးနေပြီ”လို့ တွေးပါ။

Related Article >>> ပရိုဆန်ဆန် ငြင်းခုန်နည်း

    ငါ မရှိလည်းဖြစ်တယ်ဟု တွေးမိပါစေ။

စိတ်မရှည်တတ်သူအများစုက ရှေ့ကိုရောက်ချင်ဇော များတာကြောင့်ပါ။ တစ်ဦးတစ်ယောက်အနေနဲ့ကော အများစုအနေနဲ့ကော သူတို့ပါရင် သတိထားနေရတဲ့အဖြစ်တွေပါ။ ကိုယ်က သတိမထားမိပေမဲ့ တစ်ဖက်သားကို အတော်ကသိကအောက်ဖြစ်စေတတ်ပါတယ်။ ရှေ့ရောက်ချင်ဇောလောပြီး ကိုယ့်ကိုယ်ကိုလည်း ဖိအားတွေပေး တစ်ဘက်သားကိုလည်း ဇွတ်တိုက်တွန်းတာတွေဖြစ်နေတတ်ပါတယ်။ အရာရာဟာ ပြောင်းလဲသလိုပဲ ကိုယ်မရှိလည်း ဖြစ်သွားတဲ့ကိစ္စတွေအများကြီးပါ။ ပြေလည်သွားတဲ့ ပြဿနာတွေအများကြီးပါ။ ကိုယ်မရှိလည်း ဖြစ်တယ် ဆိုတာ နှလုံးသွင်းပါ။ ဒါကြောင့် မလောပါနဲ့ စိတ်ကိုရှှည်ရှည်ထားပါ။ လုပ်စရာရှိတာကိုတော့ ပလန်ထားပါ။

တစ်ခါတလေကျ ပြန်စဉ်းစားကြည့် ယောင်းတို့ရဲ့။ ငါဘာကြောင့် စိတ်က ဒီလောက်မရှည်ရတာလဲ ဆိုတဲ့ အကျိုးအကြောင်းကိုပေါ့။ ကိုယ့်ရဲ့ စိတ်လောမှုတွေ စိတ်မရှည်မှုတွေကြောင့် ပိုဆိုးသွားတာတွေ ကြုံဖူးရင် ပိုစဉ်းစားကြည့်ပါ၊ ပိုပြီးဆင်ခြင်ပါ၊ ပိုပြီးသတိပြုပါနော်။ ဟင့်အင်း .. စိတ်ကတော့ ဘယ်နည်းနဲ့မှ မရှည်နိုင်ဘူးဆိုရင်တော့လည်း ဘယ်လိုနည်းမျိုးနဲ့ ပြဿနာကို ရင်ဆိုင်ကြမလဲ အရင်တွေးပါ.. နောက်ဆုံးစိတ်မရှည်လို့ကို မဖြစ်ချေဘူး၊ စိတ်ရှည်မှကို ရမယ်ဆိုရင်တော့လည်း အပေါ်က နည်းလမ်းလေးတွေကို သုံးကြည့်ပြီး မရှည်ရှည်တောင် ဆွဲဆန့်နိုင်ပါစေလို့…

ဖိုးသူတော် (www.phothutaw.com)
Credit: Wai Zin ( For Her Myanmar )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top