Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

 ျမန္မာႏိုင္ငံ ခရီးသြား လာေရး ဥပေဒႏွင့္ ပတ္သက္၍ ေဆြးေႏြးရန္ ေအာက္တိုဘာ ၃၁ ရက္တြင္ အမ်ိဳးသားလႊတ္ေတာ္ ဥပေဒၾကမ္းေကာ္မတီ အဖြဲ႕ဝင္ မ်ားႏွင့္ သြားေရာက္ေတြ႕ဆံု မည္ျဖစ္ၿပီး ယင္းဥပေဒကို အျမန္ ဆံုး အၿပီးသတ္ရန္ တိုက္တြန္းမည္ျဖစ္ေၾကာင္း ခရီးသြားလုပ္ငန္းရွင္ မ်ားအသင္း ဥကၠ႒ဦးသက္လြင္ တိုးက ေျပာသည္။

‘‘ကြၽန္ေတာ္တို႔ဥပေဒနဲ႔ပတ္ သက္ၿပီး အႀကံေတြအမ်ားႀကီး ေပးထားတာရွိပါတယ္။ အဓိကအား ျဖင့္ အမ်ိဳးသားအက်ိဳးစီးပြားကို ကာကြယ္ေပးဖို႔ပါ။ ဘယ္ဟာက ေဆာင္ရြက္သင့္တယ္၊ ဆိုင္းငံ့ သင့္တယ္ဆိုတာကိုေတာ့ အမတ္ ေတြက ေဆြးေႏြးၾကမွာေပါ့’’ ဟု ၎ကေျပာသည္။

ရင္းႏွီးျမႇဳပ္ႏွံမႈႀကီးမားသည့္ ဟိုတယ္လုပ္ငန္းရွင္မ်ားႏွင့္ ဆက္ စပ္ေသာ္လည္း လုပ္ငန္းသဘာဝ မတူသည့္အတြက္ ဥပေဒပါအ ခ်က္အခ်ိဳ႕ကို ေခတ္ကာလႏွင့္ ကိုက္ညီေစရန္ အႀကံေပးထား ေၾကာင္းလည္း ၎ကဆိုသည္။


အသစ္ေရးဆြဲထားသည့္ ဥ ပေဒၾကမ္းတြင္ လိုင္စင္မရွိဘဲလုပ္ေဆာင္ေနသည့္ တည္းခိုရိပ္သာ မ်ားႏွင့္ ခရီးသြားကုမၸဏီမ်ား၊ ဧည့္သည္ပို႔ေဆာင္ေရး၊ လုပ္ငန္း လုပ္ကုိင္ေနသူမ်ားကို စစ္ေဆး ေတြ႕ရွိပါက ေထာင္ဒဏ္ သံုးႏွစ္ (သို႔မဟုတ္) က်ပ္သိန္း ၂၀၀၊ ဧည့္ လမ္းၫႊန္လိုင္စင္မရွိဘဲ လိုပ္ကိုင္ ပါက တစ္ႏွစ္ထက္မပိုသည့္ ေထာင္ဒဏ္ (သို႔မဟုတ္) က်ပ္ သိန္း ၂၀ (သို႔မဟုတ္) ဒဏ္ႏွစ္ရပ္ စလံုးျဖင့္ အေရးယူႏိုင္ရန္ ထည့္ သြင္းေရးဆြဲထားသည္။


 ‘‘တခ်ိဳ႕ေတြက ဘာသာစ ကားတတ္႐ံုနဲ႔ တိုးရစ္ဂိုက္လုပ္ေန ၾကတာ ရွိတယ္။ သူတို႔ရဲ႕ ဗဟုသု တအားနည္းရင္ လာေရာက္လည္ ပတ္တဲ့ သူေတြလည္း ျမန္မာႏိုင္ငံ အေၾကာင္း ေသေသခ်ာခ်ာသိခြင့္ မရဘူး။ ၿပီးေတာ့ တရားဝင္လိုင္ စင္ေတြနဲ႔ လုပ္ကိုင္ေနတဲ့ ကြၽန္မ တို႔လို တိုးရစ္ဂိုက္ေတြအရမ္းနစ္ နာတယ္။ တခ်ိဳ႕ျမန္မာႏိုင္ငံ ေရာက္တာၾကာတဲ့ ႏိုင္ငံျခားသား ေတြက သူတို႔အခ်င္းခ်င္း ဂိုက္ျပန္ လုပ္တာမ်ိဳးေတာင္ ေတြ႕ဖူးတယ္’’ ဟု ဧည့္လမ္းၫႊန္တစ္ဦးက ေျပာ ၾကားသည္။


ျမန္မာႏိုင္ငံဟိုတယ္ႏွင့္ ခရီး သြားလာေရး ဥပေဒကို ၁၉၉၂ က ေရးဆြဲခဲ့ၿပီး ယင္းဥပေဒအရ သတ္ မွတ္ထားသည့္ စည္းကမ္းမ်ား လိုက္နာမႈမရွိသည့္ ကုမၸဏီမ်ား ကိုဒဏ္ ေငြအျမင့္ဆံုးက်ပ္ငါး ေသာင္းျဖင့္သာ အေရးယူႏိုင္သ ျဖင့္ ထိေရာက္သည့္အေရးယူမႈ မ်ား လုပ္ေဆာင္ႏိုင္ျခင္း မရွိ ေၾကာင္း ခရီး သြားလုပ္ငန္းရွင္မ်ား က ဆိုသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
 မြန်မာနိုင်ငံ ခရီးသွား လာရေး ဥပဒေနှင့် ပတ်သက်၍ ဆွေးနွေးရန် အောက်တိုဘာ ၃၁ ရက်တွင် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင် များနှင့် သွားရောက်တွေ့ဆုံ မည်ဖြစ်ပြီး ယင်းဥပဒေကို အမြန် ဆုံး အပြီးသတ်ရန် တိုက်တွန်းမည်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင် များအသင်း ဥက္ကဋ္ဌဦးသက်လွင် တိုးက ပြောသည်။

‘‘ကျွန်တော်တို့ဥပဒေနဲ့ပတ် သက်ပြီး အကြံတွေအများကြီး ပေးထားတာရှိပါတယ်။ အဓိကအား ဖြင့် အမျိုးသားအကျိုးစီးပွားကို ကာကွယ်ပေးဖို့ပါ။ ဘယ်ဟာက ဆောင်ရွက်သင့်တယ်၊ ဆိုင်းငံ့ သင့်တယ်ဆိုတာကိုတော့ အမတ် တွေက ဆွေးနွေးကြမှာပေါ့’’ ဟု ၎င်းကပြောသည်။

ရင်းနှီးမြှုပ်နှံမှုကြီးမားသည့် ဟိုတယ်လုပ်ငန်းရှင်များနှင့် ဆက် စပ်သော်လည်း လုပ်ငန်းသဘာဝ မတူသည့်အတွက် ဥပဒေပါအ ချက်အချို့ကို ခေတ်ကာလနှင့် ကိုက်ညီစေရန် အကြံပေးထား ကြောင်းလည်း ၎င်းကဆိုသည်။


အသစ်ရေးဆွဲထားသည့် ဥ ပဒေကြမ်းတွင် လိုင်စင်မရှိဘဲလုပ်ဆောင်နေသည့် တည်းခိုရိပ်သာ များနှင့် ခရီးသွားကုမ္ပဏီများ၊ ဧည့်သည်ပို့ဆောင်ရေး၊ လုပ်ငန်း လုပ်ကိုင်နေသူများကို စစ်ဆေး တွေ့ရှိပါက ထောင်ဒဏ် သုံးနှစ် (သို့မဟုတ်) ကျပ်သိန်း ၂၀၀၊ ဧည့် လမ်းညွှန်လိုင်စင်မရှိဘဲ လိုပ်ကိုင် ပါက တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ် (သို့မဟုတ်) ကျပ် သိန်း ၂၀ (သို့မဟုတ်) ဒဏ်နှစ်ရပ် စလုံးဖြင့် အရေးယူနိုင်ရန် ထည့် သွင်းရေးဆွဲထားသည်။


 ‘‘တချို့တွေက ဘာသာစ ကားတတ်ရုံနဲ့ တိုးရစ်ဂိုက်လုပ်နေ ကြတာ ရှိတယ်။ သူတို့ရဲ့ ဗဟုသု တအားနည်းရင် လာရောက်လည် ပတ်တဲ့ သူတွေလည်း မြန်မာနိုင်ငံ အကြောင်း သေသေချာချာသိခွင့် မရဘူး။ ပြီးတော့ တရားဝင်လိုင် စင်တွေနဲ့ လုပ်ကိုင်နေတဲ့ ကျွန်မ တို့လို တိုးရစ်ဂိုက်တွေအရမ်းနစ် နာတယ်။ တချို့မြန်မာနိုင်ငံ ရောက်တာကြာတဲ့ နိုင်ငံခြားသား တွေက သူတို့အချင်းချင်း ဂိုက်ပြန် လုပ်တာမျိုးတောင် တွေ့ဖူးတယ်’’ ဟု ဧည့်လမ်းညွှန်တစ်ဦးက ပြော ကြားသည်။


မြန်မာနိုင်ငံဟိုတယ်နှင့် ခရီး သွားလာရေး ဥပဒေကို ၁၉၉၂ က ရေးဆွဲခဲ့ပြီး ယင်းဥပဒေအရ သတ် မှတ်ထားသည့် စည်းကမ်းများ လိုက်နာမှုမရှိသည့် ကုမ္ပဏီများ ကိုဒဏ် ငွေအမြင့်ဆုံးကျပ်ငါး သောင်းဖြင့်သာ အရေးယူနိုင်သ ဖြင့် ထိရောက်သည့်အရေးယူမှု များ လုပ်ဆောင်နိုင်ခြင်း မရှိ ကြောင်း ခရီး သွားလုပ်ငန်းရှင်များ က ဆိုသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top