Golden City Promotion
×

နံနက္ပိုင္းေတြမွာ ေရခ်ိဳးရံုနဲ႔ လံုေလာက္သြားၿပီလို႔ေယာင္းတို႔ ထင္ေနပါသလား.. ညဘက္မွာ ေရခ်ိဳးတာကလည္း အေအးမိတတ္တယ္ဆိုၿပီး မခ်ိဳးတာပဲ ေကာင္းတယ္လို႔မ်ား သတ္မွတ္ထားပါသလား… ဒီလိုထင္ထားတယ္ဆိုရင္ေတာ့ ေယာင္းတို႔ရဲ႕ အထင္ေတြနဲ႔ လက္ေတြ႕က ဘယ္ေလာက္ကြာဟေနသလဲဆိုတာ ၾကည့္ၾကရေအာင္ေနာ္…

အသားအေရဆိုင္ရာ ျပႆနာေတြကို ေျဖရွင္းေပးႏိုင္ျခင္း

အိပ္ရာခင္းနဲ႔ ေခါင္းအံုးေတြေပၚက ဘက္တီးရီးယားေတြေၾကာင့္ ေယာငး္တို႔ရဲ႕မ်က္ႏွာေပၚမွာ ဝက္ျခံေတြျဖစ္လာႏိုင္တယ္ဆိုတာေတာ့ ေယာင္းတို႔သိၿပီးသားျဖစ္မွာပါ။ ဒါေတြကို ကာကြယ္ဖို႔ အေကာင္းဆံုးနည္းလမ္းကေတာ့ အိပ္ရာခင္းေတြ၊ ေခါင္းအံုးေတြကို မၾကာခဏ ေလွ်ာ္ဖြပ္ေပးဖို႔ပါပဲ။ ေန႔တိုင္းႀကီးေလွ်ာ္ဖြပ္ေနဖို႔ဆိုတာက်ေတာ့လည္း ဘယ္ျဖစ္ႏိုင္မလဲေပါ့ေနာ္.. အဲ့ဒီအတြက္ အေကာင္းဆံုးနည္းလမ္းကေတာ့ ညအိပ္ရာဝင္ခါနီးတိုင္း ဒါမွမဟုတ္ ညေနဘက္ အျပင္ကျပန္လာတိုင္း ေရခ်ိဳးေပးဖို႔ပါပဲ။ ဒါဆိုရင္ေတာ့ အျပင္က ကပ္ၿငိလာတဲ့ ဘက္တီးရီးယားေတြက အနည္းနဲ႔အမ်ားေတာ့ ေလ်ာ့လာမွာပဲေလ ေနာ္..

 ၾကြက္သားတင္းမာတာေတြလည္း ေျဖေလ်ာ့ေပးႏိုင္ျခင္း

ေယာင္းက အျပင္ကေန လမ္းေလ်ာက္လာလို ့ပဲျဖစ္ျဖစ္ ၊ ကြန္ပ်ဴတာ အၾကည့္မ်ားလို ့ဇက္ေၾကာေတြ တက္ေနတာပဲျဖစ္ျဖစ္ ေရေႏြးေႏြးေလးနဲ႔ ေရခ်ိဳးေပးလိုက္တာက အေၾကာေတြ ေျပေလ်ာ့ေစႏုိင္ပါတယ္…ေယာင္းတို႔လည္း ၾကားဖူးမွာေပါ့ေနာ္.. အေညာင္းေျပ အညာေျပ ေရခ်ိဳးလိုက္ဦးမယ္တို႔ ေရပူစိမ္လိုက္ဦးမယ္တို႔ဆိုတာ အလကားေျပာတာ ဟုတ္ဘူးေနာ္.. တကယ္လည္း ေရခ်ိဳးရံုနဲ႔ အေညာင္းအညာေျပလို႔ပါတဲ့…

 ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေစဖို ့အကူအညီ ျဖစ္ျခင္း

အိပ္စက္ျခင္းက စိတ္ေရာကိုယ္ပါ ပင္ပန္းႏြမ္းနယ္ေနတာေတြကို ေျဖေဖ်ာက္တဲ့ေနရာမွာ အမ်ားၾကီး အကူအညီေပးပါတယ္… အရမ္းကိုစိတ္ပင္ပန္း လူပင္ပန္းျဖစ္ေနရင္ ဘာမွ မစဥ္းစားပဲ ေျပးသာ အိပ္လိုက္ပါဆိုေတာ့ တကယ္လို႔မ်ား အိပ္မေပ်ာ္ဘူးဆိုရင္ ဘယ့္ႏွယ္လုပ္ရပါ့… ဒီအတြက္ အရမ္းကို ရိုးရွင္းလြယ္ကူတဲ့ နည္းလမ္းေလးရွိပါတယ္… ညဘက္မအိပ္စက္ခင္ ၁ နာရီ ကေန ၂ နာရီ အလို ၾကားမွာ ေရခ်ိဳးေပးလုိက္ပါ… ဒါဟာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေစဖို႔ အတြက္ အေထာက္အကူျဖစ္ေစတဲ့ အလြယ္ကူဆံုးနည္းလမ္းပါပဲလို႔ ေဆးပညာရွင္ေတြက အၾကံ ေပးထားပါတယ္ေနာ္…

စိတ္ဖိစီးမႈေတြကို ေလွ်ာ့ခ်ေပးႏိုင္ျခင္း

အလုပ္ကျပန္လာလို ့အလုပ္ကိစၥေတြကို ေတြးေတာျပီးေတာ့ စိတ္ဖိစီးေနတာပဲျဖစ္ျဖစ္ ၊ စိတ္ပူပန္စရာရွိေနလို ့စိတ္ဖိစီးမႈေတြ မ်ားေနတာပဲ ျဖစ္ျဖစ္ ညဘက္မအိပ္ခင္ ေရခ်ိဳးေပးလိုက္ပါ… ညအိပ္တဲ့ထိ ဒီဖိအားေတြကို သယ္ယူသြားတာ ေယာင္းရဲ႕စိတ္ပိုင္းဆိုင္ရာေရာ၊ ရုပ္ပိုင္းဆုိင္ရာအတြက္ေရာ ထိခိုက္ေစနိုင္ပါတယ္ေနာ္… ေရခ်ိဳးလိုက္တာက ေယာင္းကိုယ္တြင္းမွာ ရွိတဲ့ဇီဝျဖစ္စဥ္ေတြကို ေႏွာင့္ေႏွးေစတာေၾကာင့္ အနားယူဖို႔ အဆင္သင့္ျဖစ္ေအာင္ ကူညီျပင္ဆင္ေပးလိုက္တာပါပဲ..

ဓာတ္မတည့္တာေတြ မျဖစ္ေစဖို ့အကာအကြယ္ေပးႏိုင္ျခင္း

ရွိတတ္ၾကတယ္ေလေနာ္.. ပန္းဝတ္မႈန္နဲ႔ မတည့္တာတို႔.. ဖုန္နဲ႔မတည့္တာမ်ိဳးတို႔ တစ္ခုခုေပါ့.. ဒီလို ဓာတ္မတည့္မႈေတြကို တစ္စိတ္တစ္ပိုင္း အကာအကြယ္ေပးႏိုင္တာကေတာ့ ေရခ်ိဳးျခင္းပါပဲ.. အျပင္က ျပန္လာတဲ့အခါမွာ ကိုယ္မသိလိုက္ဘဲ ဒီလို ကိုယ္နဲ႔ဓာတ္မတည့္မေစတဲ့ အရာေလးေတြက ကပ္ၿငိလာတတ္တယ္ေလ.. ဒီအခါမ်ိဳးမွာ အေကာင္းဆံုးေျဖရွင္းနည္းက ေရခ်ိဳးခ်လိုက္တာပါပဲ..

ကဲ… ခုဆိုရင္ေတာ့ ညဘက္ေရခ်ိဳးရင္ ဘယ္လိုေကာင္းက်ိဳးေတြ ရႏုိင္မလဲဆိုတာ သိသြားၿပီဟုတ္? တကယ္လို႔မ်ား ေရခ်ိဳးဖို႔ ေအးေနတယ္ဆိုရင္ေတာ့လည္း ေရေႏြးေႏြးေလးန႔ဲခ်ိဳးေပးေပါ့ေနာ္.. ဒါေလးက အက်င့္တစ္ခုျဖစ္သြားၿပီဆိုရင္ေတာ့ ေယာင္းတို႔အတြက္ အက်ိဳးျဖစ္ေစမယ့္ အရာေတြခ်ည္းပါပဲလို႔…

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Akari ( For Her Myanmar )

#Unicode Version#
နံနက်ပိုင်းတွေမှာ ရေချိုးရုံနဲ့ လုံလောက်သွားပြီလို့ယောင်းတို့ ထင်နေပါသလား.. ညဘက်မှာ ရေချိုးတာကလည်း အအေးမိတတ်တယ်ဆိုပြီး မချိုးတာပဲ ကောင်းတယ်လို့များ သတ်မှတ်ထားပါသလား… ဒီလိုထင်ထားတယ်ဆိုရင်တော့ ယောင်းတို့ရဲ့ အထင်တွေနဲ့ လက်တွေ့က ဘယ်လောက်ကွာဟနေသလဲဆိုတာ ကြည့်ကြရအောင်နော်…


အသားအရေဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ခြင်း

အိပ်ရာခင်းနဲ့ ခေါင်းအုံးတွေပေါ်က ဘက်တီးရီးယားတွေကြောင့် ယောင်းတို့ရဲ့မျက်နှာပေါ်မှာ ဝက်ခြံတွေဖြစ်လာနိုင်တယ်ဆိုတာတော့ ယောင်းတို့သိပြီးသားဖြစ်မှာပါ။ ဒါတွေကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ အိပ်ရာခင်းတွေ၊ ခေါင်းအုံးတွေကို မကြာခဏ လျှော်ဖွပ်ပေးဖို့ပါပဲ။ နေ့တိုင်းကြီးလျှော်ဖွပ်နေဖို့ဆိုတာကျတော့လည်း ဘယ်ဖြစ်နိုင်မလဲပေါ့နော်.. အဲ့ဒီအတွက် အကောင်းဆုံးနည်းလမ်းကတော့ ညအိပ်ရာဝင်ခါနီးတိုင်း ဒါမှမဟုတ် ညနေဘက် အပြင်ကပြန်လာတိုင်း ရေချိုးပေးဖို့ပါပဲ။ ဒါဆိုရင်တော့ အပြင်က ကပ်ငြိလာတဲ့ ဘက်တီးရီးယားတွေက အနည်းနဲ့အများတော့ လျော့လာမှာပဲလေ နော်..



 ကြွက်သားတင်းမာတာတွေလည်း ဖြေလျော့ပေးနိုင်ခြင်း



ယောင်းက အပြင်ကနေ လမ်းလျောက်လာလို့ပဲဖြစ်ဖြစ် ၊ ကွန်ပျူတာ အကြည့်များလို့ဇက်ကြောတွေ တက်နေတာပဲဖြစ်ဖြစ် ရေနွေးနွေးလေးနဲ့ ရေချိုးပေးလိုက်တာက အကြောတွေ ပြေလျော့စေနိုင်ပါတယ်…ယောင်းတို့လည်း ကြားဖူးမှာပေါ့နော်.. အညောင်းပြေ အညာပြေ ရေချိုးလိုက်ဦးမယ်တို့ ရေပူစိမ်လိုက်ဦးမယ်တို့ဆိုတာ အလကားပြောတာ ဟုတ်ဘူးနော်.. တကယ်လည်း ရေချိုးရုံနဲ့ အညောင်းအညာပြေလို့ပါတဲ့…


 နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့အကူအညီ ဖြစ်ခြင်း

အိပ်စက်ခြင်းက စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေတာတွေကို ဖြေဖျောက်တဲ့နေရာမှာ အများကြီး အကူအညီပေးပါတယ်… အရမ်းကိုစိတ်ပင်ပန်း လူပင်ပန်းဖြစ်နေရင် ဘာမှ မစဉ်းစားပဲ ပြေးသာ အိပ်လိုက်ပါဆိုတော့ တကယ်လို့များ အိပ်မပျော်ဘူးဆိုရင် ဘယ့်နှယ်လုပ်ရပါ့… ဒီအတွက် အရမ်းကို ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းလေးရှိပါတယ်… ညဘက်မအိပ်စက်ခင် ၁ နာရီ ကနေ ၂ နာရီ အလို ကြားမှာ ရေချိုးပေးလိုက်ပါ… ဒါဟာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ အတွက် အထောက်အကူဖြစ်စေတဲ့ အလွယ်ကူဆုံးနည်းလမ်းပါပဲလို့ ဆေးပညာရှင်တွေက အကြံ ပေးထားပါတယ်နော်…


စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်ခြင်း

အလုပ်ကပြန်လာလို့အလုပ်ကိစ္စတွေကို တွေးတောပြီးတော့ စိတ်ဖိစီးနေတာပဲဖြစ်ဖြစ် ၊ စိတ်ပူပန်စရာရှိနေလို့စိတ်ဖိစီးမှုတွေ များနေတာပဲ ဖြစ်ဖြစ် ညဘက်မအိပ်ခင် ရေချိုးပေးလိုက်ပါ… ညအိပ်တဲ့ထိ ဒီဖိအားတွေကို သယ်ယူသွားတာ ယောင်းရဲ့စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာအတွက်ရော ထိခိုက်စေနိုင်ပါတယ်နော်… ရေချိုးလိုက်တာက ယောင်းကိုယ်တွင်းမှာ ရှိတဲ့ဇီဝဖြစ်စဉ်တွေကို နှောင့်နှေးစေတာကြောင့် အနားယူဖို့ အဆင်သင့်ဖြစ်အောင် ကူညီပြင်ဆင်ပေးလိုက်တာပါပဲ..


ဓာတ်မတည့်တာတွေ မဖြစ်စေဖို့အကာအကွယ်ပေးနိုင်ခြင်း

ရှိတတ်ကြတယ်လေနော်.. ပန်းဝတ်မှုန်နဲ့ မတည့်တာတို့.. ဖုန်နဲ့မတည့်တာမျိုးတို့ တစ်ခုခုပေါ့.. ဒီလို ဓာတ်မတည့်မှုတွေကို တစ်စိတ်တစ်ပိုင်း အကာအကွယ်ပေးနိုင်တာကတော့ ရေချိုးခြင်းပါပဲ.. အပြင်က ပြန်လာတဲ့အခါမှာ ကိုယ်မသိလိုက်ဘဲ ဒီလို ကိုယ်နဲ့ဓာတ်မတည့်မစေတဲ့ အရာလေးတွေက ကပ်ငြိလာတတ်တယ်လေ.. ဒီအခါမျိုးမှာ အကောင်းဆုံးဖြေရှင်းနည်းက ရေချိုးချလိုက်တာပါပဲ..

ကဲ… ခုဆိုရင်တော့ ညဘက်ရေချိုးရင် ဘယ်လိုကောင်းကျိုးတွေ ရနိုင်မလဲဆိုတာ သိသွားပြီဟုတ်? တကယ်လို့များ ရေချိုးဖို့ အေးနေတယ်ဆိုရင်တော့လည်း ရေနွေးနွေးလေးနဲ့ချိုးပေးပေါ့နော်.. ဒါလေးက အကျင့်တစ်ခုဖြစ်သွားပြီဆိုရင်တော့ ယောင်းတို့အတွက် အကျိုးဖြစ်စေမယ့် အရာတွေချည်းပါပဲလို့…

ဖိုးသူတော် (www.phothutaw.com)
Credit: Akari ( For Her Myanmar )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top