Golden City Promotion
×

လြန္ကဲတဲ႔ ေမွ်ာ္လင္႔ခ်က္ေတြ၊ စိတ္ကူးယဥ္ ဆန္လြန္းတာေတြက အခ်စ္ေရးကို လြယ္လြယ္ကူကူ ပ်က္ဆီးသြား ေစႏုိင္ပါတယ္။ အဲဒီလို လက္ေတြ႔မဆန္တဲ႔ စိတ္ကူး စိတ္သန္းေတြ၊ မထားရွိသင္႔တဲ႔ အေတြးေတြကို ဒီေဆာင္းပါးေလး ထဲမွာ ေဖာ္ျပေပးလိုက္ပါတယ္။ လုိက္ပါဖတ္ရွဳျပီး လိုအပ္သလို ဆင္ျခင္ေတြးဆရင္း အခ်စ္ေရးမွာ ေပ်ာ္ရႊင္ၾကည္ႏူး ႏိုင္ၾကပါေစ။

၁။ အခ်ိန္မေရြး မေျပာဘဲနဲ႔ သိေနဖုိ႔ ေမွ်ာ္လင္႔တယ္။

သင္႔လက္တြဲေဖာ္ဟာလည္း လူသားတစ္ဦး ပဲေလ။ ေနရာတကာ သင္႔ခံစားခ်က္ေတြ အားလံုး သိေနရမယ္လို႔ ေမွ်ာ္လင္႔ေနမယ့္ အစား သူ႔ကို ေျပာျပလိုက္ပါ။ ျဖစ္ခ်စ္တာေတြကို ပြင္႔ပြင္႔လင္းလင္း ေျပာျပရင္း ျပသနာေတြကို တူတူေျဖရွင္းပါ။ အဲဒါက အခ်စ္ေရးမွာ ေပ်ာ္ရႊင္ေစဖုိ႔အတြက္ အဓိက ေသာ႔ခ်က္ပါပဲ။

၂။ အခ်ိန္မေရြး စိတ္ခ်င္း ဆက္စပ္ေနဖို႔ ေမွ်ာ္လင္႔တယ္။

ခ်စ္သူ ႏွစ္ေယာက္ၾကားမွာ စိတ္ခ်င္း ဆက္သြယ္ ေနတဲ႔ အခ်ိန္ေတြ ရွိပါလိမ္႔မယ္။ ဒါေပမယ္႔ အျမဲတမ္း ျဖစ္ေနဖုိ႔ေတာ႔ မေမွ်ာ္လင္႔ပါနဲ႔။ အရာရာတိုင္း အတြက္ အခ်ိန္ကိုက္ ျဖစ္ေနဖုိ႔ လိုအပ္ပါတယ္။

၃။ အခ်ိန္မေရြး သေဘာထား တိုက္ဆိုင္ေနဖို႔ ေမွ်ာ္လင္႔တယ္။

အဲဒီအခ်က္က မျဖစ္ႏုိင္တာေတြကို ေမွ်ာ္လင္႔ေနတဲ႔ အထဲက တစ္ခ်က္ပါပဲ။ တစ္ေယာက္နဲ႔ တစ္ေယာက္ ၾကိဳက္ႏွစ္သက္တာ၊ ဝါသနာပါတာေတြ မတူညီၾကဖူး ဆုိတာ ျဖစ္ႏုိင္ပါတယ္။ အဲဒီလို မတူညီၾကတဲ႔ အခ်က္ေတြကို ပညာရွိရွိ၊ လိမၼာပါးနပ္စြာ ေျဖရွင္းႏုိင္မယ္ဆုိရင္ သင္တုိ႔ရဲ႕ အခ်စ္ေရးဟာ ပိုျပီးေတာ႔ သာယာ လာပါလိမ္႔မယ္။

၄။ အခ်ိန္မေရြး အတူတူ ရွိေနဖုိ႔ ေမွ်ာ္လင္႔တယ္။

အတူတူ ရွိေနတာက သံေယာဇဥ္ေတြ ပိုခိုင္ျမဲ လာေစဖုိ႔ အေထာက္ကူျဖစ္တာ မွန္ပါတယ္။ ဒါေပမယ္႔ အျမဲတမ္းေတာ႔ မျဖစ္ႏုိင္ပါဘူး။

တစ္ေယာက္ခ်င္းစီမွာ ဝါသနာပါရာ လုပ္ဖုိ႔အတြက္ လံုေလာက္တဲ႔ ကိုယ္ပိုင္ အခ်ိန္ေလးေတြ ရွိသင္႔ပါတယ္။ အဲဒီလို ကိုယ္ပိုင္ အခ်ိန္ရွိေနျခင္းဟာ ေရွ႕ဆက္ေလ်ွာက္မယ္႔ အခ်စ္ ခရီးလမ္း အတြက္ သန္စြမ္းၾကံ႕ခိုင္ ေစႏုိင္ပါတယ္။

မည္သည္႔ ေပါင္းသင္း ဆက္ဆံေရး မွာမွ လြယ္ကူတယ္ဆိုတာ မရွိပါဘူး။ ဆက္ဆံေရးတိုင္းမွာ ႏွစ္ဦး ႏွစ္ဖက္
တူညီစြာ အားစိုက္ထုတ္မႈ၊ အခ်ိန္ေပးမႈ၊ ခ်စ္ခင္တြယ္တာမႈ၊ စိတ္ရွည္သည္းခံမႈ စတာေတြ အနည္းနဲ႔ အမ်ား
လုိအပ္ပါတယ္။ ဆက္ဆံေရးတိုင္းမွာ တက္လိုက္ က်လုိက္ အေျခေနဆိုတာ ရွိတတ္ပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ အဆင္မေျပျဖစ္တုိင္း လမ္းခြဲၾကဖုိ႔ မလိုအပ္ပါဘူး။

ဘယ္အရာမဆို ညွိညွိႏွိဳင္းႏွိဳင္း တုိင္တိုင္ ပင္ပင္ ရွိၾကဖုိ႔ပဲ လုိအပ္ပါတယ္။ အဲဒါေၾကာင္႔ မျဖစ္ႏုိင္တဲ႔ လြန္လြန္ကဲကဲ စိတ္ကူးယဥ္ ဆန္ဆန္ေတြကို စြန္႔လႊတ္လိုက္ပါ။ အဲဒီအစား သင္တုိ႔ အခ်စ္ေရးကို ပိုျပီး ၾကံ႕ခိုင္ လာေအာင္၊ ထာဝရ တည္ျမဲေအာင္ တည္ေဆာက္ လုိက္ရေအာင္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Yawthama

# Unicode Version #
လွန်ကဲတဲ့ မျှော်လင့်ချက်တွေ၊ စိတ်ကူးယဉ် ဆန်လွန်းတာတွေက အချစ်ရေးကို လွယ်လွယ်ကူကူ ပျက်ဆီးသွား စေနိုင်ပါတယ်။ အဲဒီလို လက်တွေ့မဆန်တဲ့ စိတ်ကူး စိတ်သန်းတွေ၊ မထားရှိသင့်တဲ့ အတွေးတွေကို ဒီဆောင်းပါးလေး ထဲမှာ ဖော်ပြပေးလိုက်ပါတယ်။ လိုက်ပါဖတ်ရှုပြီး လိုအပ်သလို ဆင်ခြင်တွေးဆရင်း အချစ်ရေးမှာ ပျော်ရွှင်ကြည်နူး နိုင်ကြပါစေ။

၁။ အချိန်မရွေး မပြောဘဲနဲ့ သိနေဖို့ မျှော်လင့်တယ်။

သင့်လက်တွဲဖော်ဟာလည်း လူသားတစ်ဦး ပဲလေ။ နေရာတကာ သင့်ခံစားချက်တွေ အားလုံး သိနေရမယ်လို့ မျှော်လင့်နေမယ့် အစား သူ့ကို ပြောပြလိုက်ပါ။ ဖြစ်ချစ်တာတွေကို ပွင့်ပွင့်လင်းလင်း ပြောပြရင်း ပြသနာတွေကို တူတူဖြေရှင်းပါ။ အဲဒါက အချစ်ရေးမှာ ပျော်ရွှင်စေဖို့အတွက် အဓိက သော့ချက်ပါပဲ။

၂။ အချိန်မရွေး စိတ်ချင်း ဆက်စပ်နေဖို့ မျှော်လင့်တယ်။

ချစ်သူ နှစ်ယောက်ကြားမှာ စိတ်ချင်း ဆက်သွယ် နေတဲ့ အချိန်တွေ ရှိပါလိမ့်မယ်။ ဒါပေမယ့် အမြဲတမ်း ဖြစ်နေဖို့တော့ မမျှော်လင့်ပါနဲ့။ အရာရာတိုင်း အတွက် အချိန်ကိုက် ဖြစ်နေဖို့ လိုအပ်ပါတယ်။

၃။ အချိန်မရွေး သဘောထား တိုက်ဆိုင်နေဖို့ မျှော်လင့်တယ်။

အဲဒီအချက်က မဖြစ်နိုင်တာတွေကို မျှော်လင့်နေတဲ့ အထဲက တစ်ချက်ပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် ကြိုက်နှစ်သက်တာ၊ ဝါသနာပါတာတွေ မတူညီကြဖူး ဆိုတာ ဖြစ်နိုင်ပါတယ်။ အဲဒီလို မတူညီကြတဲ့ အချက်တွေကို ပညာရှိရှိ၊ လိမ္မာပါးနပ်စွာ ဖြေရှင်းနိုင်မယ်ဆိုရင် သင်တို့ရဲ့ အချစ်ရေးဟာ ပိုပြီးတော့ သာယာ လာပါလိမ့်မယ်။

၄။ အချိန်မရွေး အတူတူ ရှိနေဖို့ မျှော်လင့်တယ်။

အတူတူ ရှိနေတာက သံယောဇဉ်တွေ ပိုခိုင်မြဲ လာစေဖို့ အထောက်ကူဖြစ်တာ မှန်ပါတယ်။ ဒါပေမယ့် အမြဲတမ်းတော့ မဖြစ်နိုင်ပါဘူး။

တစ်ယောက်ချင်းစီမှာ ဝါသနာပါရာ လုပ်ဖို့အတွက် လုံလောက်တဲ့ ကိုယ်ပိုင် အချိန်လေးတွေ ရှိသင့်ပါတယ်။ အဲဒီလို ကိုယ်ပိုင် အချိန်ရှိနေခြင်းဟာ ရှေ့ဆက်လျှောက်မယ့် အချစ် ခရီးလမ်း အတွက် သန်စွမ်းကြံ့ခိုင် စေနိုင်ပါတယ်။

မည်သည့် ပေါင်းသင်း ဆက်ဆံရေး မှာမှ လွယ်ကူတယ်ဆိုတာ မရှိပါဘူး။ ဆက်ဆံရေးတိုင်းမှာ နှစ်ဦး နှစ်ဖက်
တူညီစွာ အားစိုက်ထုတ်မှု၊ အချိန်ပေးမှု၊ ချစ်ခင်တွယ်တာမှု၊ စိတ်ရှည်သည်းခံမှု စတာတွေ အနည်းနဲ့ အများ
လိုအပ်ပါတယ်။ ဆက်ဆံရေးတိုင်းမှာ တက်လိုက် ကျလိုက် အခြေနေဆိုတာ ရှိတတ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အဆင်မပြေဖြစ်တိုင်း လမ်းခွဲကြဖို့ မလိုအပ်ပါဘူး။

ဘယ်အရာမဆို ညှိညှိနှိုင်းနှိုင်း တိုင်တိုင် ပင်ပင် ရှိကြဖို့ပဲ လိုအပ်ပါတယ်။ အဲဒါကြောင့် မဖြစ်နိုင်တဲ့ လွန်လွန်ကဲကဲ စိတ်ကူးယဉ် ဆန်ဆန်တွေကို စွန့်လွှတ်လိုက်ပါ။ အဲဒီအစား သင်တို့ အချစ်ရေးကို ပိုပြီး ကြံ့ခိုင် လာအောင်၊ ထာဝရ တည်မြဲအောင် တည်ဆောက် လိုက်ရအောင်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: Yawthama
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top