ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ေန႔စဥ္နဲ႔အမွ် ျဖတ္သန္းလာခဲ့ရတဲ့ေန႔ရက္ေတြဟာ ကၽြန္ေတာ္တို႔ေတြအတြက္ အဓိပၸာယ္ရွိေနဖို႔လိုပါတယ္။ အဲဒီေန႔ရက္ေတြမွာ စိတ္ေက်နပ္စရာေတြလည္း ႀကံဳေတြ႔ခဲ့ရႏိုင္သလို စိတ္မေက်နပ္စရာေတြလည္း အမ်ားႀကီး ႀကံဳဆံုခဲ့ရတာမ်ိဳးလည္း ရွိႏိုင္ပါတယ္။ ဘယ္လိုႀကံဳခဲ့ရတယ္ဆိုတာေတြထက္ အဲဒီေန႔ရက္ေတြမွာ သင့္ဘဝအတြက္ အဓိပၸာယ္ရွိေစမယ့္အရာေတြ ဘယ္ေလာက္မ်ားမ်ား သင္လုပ္ႏိုင္ခဲ့သလဲဆိုတာရယ္၊ အမွန္တကယ္လုပ္သင့္ လုပ္ထိုက္တဲ့အရာေတြ သင္လုပ္ခဲ့မိသလားဆိုတာရယ္ကသာ အဓိက က်လွတယ္လို႔ ထင္ပါတယ္။ ဒါ့ေၾကာင့္ တစ္ပတ္ျပည့္လို႔ ႐ံုးပိတ္ရက္ေရာက္တိုင္းမွာ သင့္ရဲ႕ လိုအပ္ခ်က္ေတြကို သိျမင္ႏိုင္ဖို႔ အခုေဖာ္ျပေပးလိုက္တဲ့ ေမးခြန္း (၄) မ်ိဳးကိုေတာ့ ျပန္ေမးသင့္တယ္လို႔ ပညာရွင္တခ်ိဳ႕က အႀကံျပဳထားပါတယ္။
(၁) အားလံုးကို ၿပီးစီးေအာင္ ေဆာင္ရြက္ႏိုင္ခဲ့ရဲ႕လား

သင္ေရာ လုပ္ႏိုင္ခဲ့ရဲ႕လား။ ႐ံုးဖြင့္ရက္တိုင္းမွာ ၿပီးစီးေအာင္ လုပ္ေဆာင္ရမယ့္ အေရးႀကီးတာဝန္ ၁-ခုကေန ၃-ခုေလာက္အထိ ေတာ့ အနည္းဆံုး ရွိႏိုင္ပါတယ္။ အေရးႀကီးတဲ့ အီးေမးလ္ေတြ ပို႔တာပဲ ျဖစ္ျဖစ္ေပါ့။ အဲဒီလို ၿပီးစီးေအာင္ လုပ္ေဆာင္ရမယ့္ အရာေတြနဲ႔ပတ္သက္ၿပီး သင့္အေနနဲ႔ ေနတာအတြက္ အခ်ိန္စီမံခန္႔ခြဲႏိုင္မႈ ရွိမရွိကို ေတြ႔ျမင္လာပါလိမ့္မယ္။
(၂) အျပည့္အဝ ႀကိဳးစားလုပ္ေဆာင္မႈ ရွိခဲ့ရဲ႕လား

အဲဒီေန႔ေတြတိုင္းအတြက္ ကၽြန္တစ္ေယာက္လို လုပ္ေဆာင္ေနဖို႔ မလိုေပမဲ့ သင္လုပ္ခဲ့သမွ်အေပၚမွာေတာ့ ရာႏႈန္းျပည့္ အားစိုက္ ထုတ္မႈ ရွိဖို႔လုိပါတယ္။ အဲဒီေန႔ေတြဆိုတဲ့ေနရာမွာ ႐ံုးဖြင့္ရက္ေတြလည္း ျဖစ္ခ်င္ျဖစ္ႏိုင္သလို ႐ံုးပိတ္ရက္ေတြလည္း ျဖစ္ခ်င္ျဖစ္ႏိုင္ ပါတယ္။ ေသခ်ာတာကေတာ့ ႐ံုးဖြင့္ရက္ေတြမွာ အမွန္တကယ္ ႀကိဳးစားမလုပ္ေဆာင္ခဲ့ဘူးဆိုရင္ ႐ံုးပိတ္ရက္ေတြမွာလည္း ေကာင္းေကာင္းေနလို႔မရႏိုင္သလို ၿပီးစီးေအာင္လည္း ေဆာင္ရြက္ႏိုင္ဖို႔ခက္ခဲတာကို သတိထားၾကည့္ရင္ ေတြ႔ျမင္ႏိုင္ပါတယ္။
(၃) တစ္ခုခုကိုမ်ား လ်စ္လ်ဴ႐ႈထားခဲ့ေသသလား

ကၽြန္ေတာ္တို႔ေတြရဲ႕ ဘဝတစ္ေလွ်ာက္လံုးမွာ လူမႈဆက္ဆံေရးဆိုတဲ့ relationship ကိစၥေတြက အေရးႀကီးတဲ့ အခန္းက႑ေတြမွာ အဓိကပါဝင္ေနပါတယ္။ အလုပ္အတူတြဲလုပ္ေနတဲ့ သူငယ္ခ်င္း၊ အေပါင္းအသင္း မိတ္ေဆြေတြ၊ မိသားစုဝင္ေတြ စသည္အားျဖင့္ လူမႈေရးပိုင္းမွာ အမ်ားႀကီးရွိပါတယ္။ အဲဒီလို အေရးပါတဲ့ ဆက္ဆံေရးေတြအတြက္လည္း အခ်ိန္ေပးႏိုင္ခဲ့ဖို႔ လိုပါတယ္။ အဲဒီလို သင့္ကို အက်ိဳးျပဳေပးႏိုင္တဲ့ လူေတြ သင့္ေဘးမွာ ဝန္းရံေနျခင္းက သင့္ဘဝတက္လမ္းအတြက္ လမ္းစေတြ အမ်ားႀကီး ပြင့္ေစႏိုင္ပါ တယ္
(၄) သင့္ရည္မွန္းခ်က္နဲ႔ နီးလာၿပီလား

ဘဝအတြက္ သင့္မွာ ရည္မွန္းခ်က္ပန္းတိုင္ေတြ ရွိေနဖုိ႔လိုပါတယ္။ တစ္နည္းအားျဖင့္ ေရွ႕ဆက္ဘာလုပ္မလဲ ဆိုတဲ့ ဆံုးျဖတ္ခ်က္ ေတြ၊ အေတြးေတြ၊ စီစဥ္မႈေတြ ရွိေနရပါမယ္။ အဲဒီလိုပဲ သင္ျဖတ္သန္းလာခဲ့ရတဲ့ ေန႔ေတြမွာလည္း သင္ေလွ်ာက္ခဲ့သမွ် လမ္းတိုင္း ဟာ သင့္ရည္မွန္းခ်က္ဆီကို ဦးတည္ၿပီး တစ္ေန႔ထက္တစ္ေန႔ သင္ရည္မွန္းခ်က္ေတြနဲ႔ နီးကပ္လာေနဖို႔ လိုပါတယ္။ အဲဒီလိုမွ မဟုတ္ရင္ သင့္ရည္မွန္းခ်က္ေတြကေန ေတြဖယ္ၿပီး သင္ရလာမယ့္ ေအာင္ျမင္မႈေတြကလည္း သင့္ဘဝကို ေက်နပ္အားရမႈ အနည္းအက်ဥ္းေလာက္ပဲ ေပးစြမ္းႏိုင္ပါလိမ့္မယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
နေ့စဉ်နဲ့အမျှ ဖြတ်သန်းလာခဲ့ရတဲ့နေ့ရက်တွေဟာ ကျွန်တော်တို့တွေအတွက် အဓိပ္ပာယ်ရှိနေဖို့လိုပါတယ်။ အဲဒီနေ့ရက်တွေမှာ စိတ်ကျေနပ်စရာတွေလည်း ကြုံတွေ့ခဲ့ရနိုင်သလို စိတ်မကျေနပ်စရာတွေလည်း အများကြီး ကြုံဆုံခဲ့ရတာမျိုးလည်း ရှိနိုင်ပါတယ်။ ဘယ်လိုကြုံခဲ့ရတယ်ဆိုတာတွေထက် အဲဒီနေ့ရက်တွေမှာ သင့်ဘဝအတွက် အဓိပ္ပာယ်ရှိစေမယ့်အရာတွေ ဘယ်လောက်များများ သင်လုပ်နိုင်ခဲ့သလဲဆိုတာရယ်၊ အမှန်တကယ်လုပ်သင့် လုပ်ထိုက်တဲ့အရာတွေ သင်လုပ်ခဲ့မိသလားဆိုတာရယ်ကသာ အဓိက ကျလှတယ်လို့ ထင်ပါတယ်။ ဒါ့ကြောင့် တစ်ပတ်ပြည့်လို့ ရုံးပိတ်ရက်ရောက်တိုင်းမှာ သင့်ရဲ့ လိုအပ်ချက်တွေကို သိမြင်နိုင်ဖို့ အခုဖော်ပြပေးလိုက်တဲ့ မေးခွန်း (၄) မျိုးကိုတော့ ပြန်မေးသင့်တယ်လို့ ပညာရှင်တချို့က အကြံပြုထားပါတယ်။
(၁) အားလုံးကို ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ရဲ့လား

သင်ရော လုပ်နိုင်ခဲ့ရဲ့လား။ ရုံးဖွင့်ရက်တိုင်းမှာ ပြီးစီးအောင် လုပ်ဆောင်ရမယ့် အရေးကြီးတာဝန် ၁-ခုကနေ ၃-ခုလောက်အထိ တော့ အနည်းဆုံး ရှိနိုင်ပါတယ်။ အရေးကြီးတဲ့ အီးမေးလ်တွေ ပို့တာပဲ ဖြစ်ဖြစ်ပေါ့။ အဲဒီလို ပြီးစီးအောင် လုပ်ဆောင်ရမယ့် အရာတွေနဲ့ပတ်သက်ပြီး သင့်အနေနဲ့ နေတာအတွက် အချိန်စီမံခန့်ခွဲနိုင်မှု ရှိမရှိကို တွေ့မြင်လာပါလိမ့်မယ်။
(၂) အပြည့်အဝ ကြိုးစားလုပ်ဆောင်မှု ရှိခဲ့ရဲ့လား

အဲဒီနေ့တွေတိုင်းအတွက် ကျွန်တစ်ယောက်လို လုပ်ဆောင်နေဖို့ မလိုပေမဲ့ သင်လုပ်ခဲ့သမျှအပေါ်မှာတော့ ရာနှုန်းပြည့် အားစိုက် ထုတ်မှု ရှိဖို့လိုပါတယ်။ အဲဒီနေ့တွေဆိုတဲ့နေရာမှာ ရုံးဖွင့်ရက်တွေလည်း ဖြစ်ချင်ဖြစ်နိုင်သလို ရုံးပိတ်ရက်တွေလည်း ဖြစ်ချင်ဖြစ်နိုင် ပါတယ်။ သေချာတာကတော့ ရုံးဖွင့်ရက်တွေမှာ အမှန်တကယ် ကြိုးစားမလုပ်ဆောင်ခဲ့ဘူးဆိုရင် ရုံးပိတ်ရက်တွေမှာလည်း ကောင်းကောင်းနေလို့မရနိုင်သလို ပြီးစီးအောင်လည်း ဆောင်ရွက်နိုင်ဖို့ခက်ခဲတာကို သတိထားကြည့်ရင် တွေ့မြင်နိုင်ပါတယ်။
(၃) တစ်ခုခုကိုများ လျစ်လျူရှုထားခဲ့သေသလား

ကျွန်တော်တို့တွေရဲ့ ဘဝတစ်လျှောက်လုံးမှာ လူမှုဆက်ဆံရေးဆိုတဲ့ relationship ကိစ္စတွေက အရေးကြီးတဲ့ အခန်းကဏ္ဍတွေမှာ အဓိကပါဝင်နေပါတယ်။ အလုပ်အတူတွဲလုပ်နေတဲ့ သူငယ်ချင်း၊ အပေါင်းအသင်း မိတ်ဆွေတွေ၊ မိသားစုဝင်တွေ စသည်အားဖြင့် လူမှုရေးပိုင်းမှာ အများကြီးရှိပါတယ်။ အဲဒီလို အရေးပါတဲ့ ဆက်ဆံရေးတွေအတွက်လည်း အချိန်ပေးနိုင်ခဲ့ဖို့ လိုပါတယ်။ အဲဒီလို သင့်ကို အကျိုးပြုပေးနိုင်တဲ့ လူတွေ သင့်ဘေးမှာ ဝန်းရံနေခြင်းက သင့်ဘဝတက်လမ်းအတွက် လမ်းစတွေ အများကြီး ပွင့်စေနိုင်ပါ တယ်
(၄) သင့်ရည်မှန်းချက်နဲ့ နီးလာပြီလား

ဘဝအတွက် သင့်မှာ ရည်မှန်းချက်ပန်းတိုင်တွေ ရှိနေဖို့လိုပါတယ်။ တစ်နည်းအားဖြင့် ရှေ့ဆက်ဘာလုပ်မလဲ ဆိုတဲ့ ဆုံးဖြတ်ချက် တွေ၊ အတွေးတွေ၊ စီစဉ်မှုတွေ ရှိနေရပါမယ်။ အဲဒီလိုပဲ သင်ဖြတ်သန်းလာခဲ့ရတဲ့ နေ့တွေမှာလည်း သင်လျှောက်ခဲ့သမျှ လမ်းတိုင်း ဟာ သင့်ရည်မှန်းချက်ဆီကို ဦးတည်ပြီး တစ်နေ့ထက်တစ်နေ့ သင်ရည်မှန်းချက်တွေနဲ့ နီးကပ်လာနေဖို့ လိုပါတယ်။ အဲဒီလိုမှ မဟုတ်ရင် သင့်ရည်မှန်းချက်တွေကနေ တွေဖယ်ပြီး သင်ရလာမယ့် အောင်မြင်မှုတွေကလည်း သင့်ဘဝကို ကျေနပ်အားရမှု အနည်းအကျဉ်းလောက်ပဲ ပေးစွမ်းနိုင်ပါလိမ့်မယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top