Golden City Promotion
×

ေက်ာက္ကပ္တြင္ ျဖစ္တတ္ေသာ ျပႆနာမ်ား ထုိကဲ႔သို႔ ခႏၶာကိုယ္၏ အညစ္အေၾကးစြန္႔ျခင္း ၊ ထိန္းညိွျခင္း စေသာ လုပ္ငန္း တာဝန္မ်ားကို တရံမလပ္ ထမ္းေဆာင္ ေနရေသာ ေက်ာက္ကပ္သည္ တစ္ခါတစ္ေလ တြင္ ေနမေကာင္းျခင္း စေသာ ကိစၥရပ္မ်ားႏွင့္ လုပ္ငန္း တာဝန္မ်ား လစ္ဟင္းတတ္သည္။ ရဲေဘာ္ႀကီးေက်ာက္ကပ္ ေနမေကာင္းရျခင္း အေၾကာင္းရင္း မ်ားထဲမွ အဓိက ျဖစ္တတ္ေသာ အေၾကာင္းရင္းမွာ - ဆီးေက်ာက္တည္ျခင္း ျဖစ္သည္။

ဆီးေက်ာက္တည္ျခင္း ႏွင့္ ပတ္သက္ေသာ အေသးစိတ္ကို မူ မရွင္းလင္းေတာပါ့။ အခ်ဳိ႕ေသာ တံုးတိုက္တိုက္ က်ားကိုက္ကိုက္ လူမ်ားသည္ မိမိကိုယ္ကို မိမိ ေက်ာက္တစ္လံုး သူေဌးျဖစ္မွန္း မသိ ျဖစ္ေနတတ္ၾကသည္။ အဘယ္ေၾကာင့္ ဆိုေသာ္ ဘသားေခ်ာ ေက်ာက္တံုးသည္ သူရွိေၾကာင္း အခ်က္မေပးဘဲ တိတ္ဆိတ္စြာ ေနထိုင္ေလ႔ ရွိသည္။

ဓါတ္မွန္ ရိုက္မွသာ မေတာ္တဆ ေမာင္ေက်ာက္တံုး ကို ေတြ႔ၾကရသူမ်ားလဲ မနည္းမေနာ ရွိသည္။ ေမာင္ေက်ာက္တံုးသည္ ေက်ာက္ကပ္မွ ဆီးထြက္ရာ ထြက္ေပါက္အထိ လမ္းေၾကာင္း တစ္ေလွ်ာက္ မည္သည့္ ေနရာတြင္မဆို ေနထိုင္ေလ႔ ရွိသည္။ (ေနရာမေရြးပါ)။ အဓိက ၄င္း ေနထိုင္ေသာ ေနရာမ်ားမွာ ေက်ာက္ကပ္ ၊ ဆီးပို႔ျပြန္ တစ္ေလွ်ာက္ ႏွင့္ ဆီးအိမ္ ထဲတြင္ျဖစ္သည္။

အကယ္၍ ေက်ာက္တစ္လံုး သူေဌးျဖစ္ေနပါက ေက်ာက္သူေဌး လကၡဏာ မ်ားျဖစ္ေသာ အလြန္အမင္း ခါးနာျခင္း၊ ရုတ္တရက္ ဗိုက္ေအာင့္ျခင္း ၊ ဆီးသြားရ ခက္ျခင္း ၊ ဆီး မကုန္ျခင္း ၊ ဆီးသြားစဥ္ ရပ္သြား၍ ေနာက္ပံုစံ တစ္မ်ဳိးေျပာင္း၍ ဆီးသြားရျခင္း စသည့္ လကၡဏာမ်ား ျပႏိုင္သည္။ အလြန္အမင္း နာက်င္ ခံစားရႏိုင္သည္။ သို႔ေသာ္ စိတ္မပူပါႏွင့္။ ခြဲစိတ္၍ ေမာင္ေက်ာက္တံုး ထုတ္လိုက္ျခင္း အားျဖင့္ ေက်ာက္သူေဌး၏ လကၡဏာမ်ား ယူပစ္သလို ေပ်ာက္ကင္း သြားႏိုင္ပါသည္။

အကယ္၍ ေမာင္ေက်ာက္တံုး ေရာက္ေနလွ်င္ ၄င္း က မည္သည့္ ျပႆနာမ်ားကို မီးထြန္း ရွာတတ္ပါ သနည္း။

ေရေျမာင္းတစ္ခု ေရစီးေရလာ မေကာင္းလွ်င္ အမႈိက္မ်ား စုပံုၿပီး ပိုးမႊားမ်ား ပိုမိုေပါက္ဖြား တတ္သကဲ႔သို႔ ေရေျမာင္းႏွင့္ တူေသာ ဆီး လမ္းေၾကာင္းတြင္လဲ ဧည့္သည္ ေမာင္ေက်ာက္တံုး ရွိေနပါက ေရာဂါပိုးမ်ား ပိုမို ေပါက္ဖြားတတ္သည္။ ဆီးလမ္းေၾကာင္း သည္ နဂိုကပင္ ေရာဂါပိုးမ်ား ႀကိဳက္ႏွစ္သက္ေသာ အပန္းေျဖစခန္း တစ္ခုျဖစ္သည္။ အကယ္၍ ေမာင္ေက်ာက္တံုး ရွိသည္ျဖစ္ေစ မရွိသည္ ျဖစ္ေစ ၊ ခရီးသြား ေရာဂါပိုးမ်ား ဝင္ေရာက္ အပန္းေျဖပါက ခ်မ္းတုန္ ဖ်ားျခင္း ၊ ဆီးပူျခင္း ၊ ဆီးက်ဥ္ျခင္း ၊ ဆီးေအာင့္ျခင္း ၊ ဆီးသြား အားမရျခင္း စသည္တို႔ ျဖစ္ႏိုင္သည္။ ေမာင္ေက်ာက္တံုး ရွိပါက ခရီးသြား ပိုးမႊားမ်ားသည္ ပိုမိုလည္ပတ္ေလ႔ ရွိၾကသည္။ ထို အခါမ်ဳိးတြင္ ၄င္း ပိုးမႊားမ်ားကို ထိေရာက္စြာ ခုခံတြန္းလွန္ တိုက္ခိုက္ ေခ်မႈန္းပစ္ရန္လိုအပ္သည္။

ေမာင္ေက်ာက္တံုး ကို အျပင္သို႔ ထြက္ေအာင္ ကုသရာတြင္မူ ေမာင္ေက်ာက္တံုး၏ အရြယ္အစား ေပၚတြင္ မ်ားစြာ မူတည္သည္။ အကယ္၍ ငယ္ေသးလွ်င္ အလိုလို က်သြားႏိုင္သည္။ ေရမ်ားမ်ား ေသာက္ျခင္း ၊ ဆီးသြားခ်င္မွန္း သိသည္ႏွင့္ ခ်က္ခ်င္း သြားလိုက္ျခင္း တို႔ျဖင့္ ေပ်ာက္ကင္း သြားႏိုင္သည္။ ႀကီးလွ်င္ တတ္ကၽြမ္းသူမ်ားႏွင့္ ျပသ၍ ကုသမႈ ခံယူသင့္သည္။

ကာကြယ္ျခင္းသည္ ကုသျခင္းထက္ ေကာင္း၏ ဟူေသာ ဆိုရုိး စကားအတိုင္း ေမာင္ေက်ာက္တံုး အလည္လာမႈကို ကာကြယ္ခ်င္ပါက ~

၁။ ေရကိုက်ဳိခ်က္ေသာက္ျခင္း

၂။ အကယ္၍ မက်ဳိခ်က္ႏိုင္ပါက ေက်ာက္ခ်ဥ္ စသည္ျဖင့္ အနည္က်ေစၿပီးမွ ေသာက္သံုးျခင္း။

၃။ တတ္ႏိုင္လွ်င္ အမွန္အကန္ ေပါင္းခံထားေသာ ေရသန္႔ကိုသာ ေသာက္သံုးျခင္း။

၄။ တစ္ေန႔လွ်င္ အနည္းဆံုး ေရ ၆ လီတာ ေသာက္သံုးေပးျခင္း။

၅။ ဆီးသြားခ်င္သည့္ ဆႏၵ ျဖစ္ေပၚလာပါက မည္သည့္ အေၾကာင္းေၾကာင့္မွ် ေအာင့္ မထားဘဲ ဆီးသြားျခင္း ကိုသာ ဦးစားေပး ျပဳလုပ္ျခင္း။

၆။ နံနက ေစာေစာ အိပ္ယာမွ ႏိုးသည္ႏွင့္ ေရေသာက္ျခင္း။

စသည့္ အက်င့္ေကာင္း အက်င့္မြန္မ်ားကို က်င့္သံုးျခင္းျဖင့္ ဧည့္သည္ ကိုေက်ာက္တံုး လာျခင္းကို တားဆီးႏိုင္သည္။


ေမာင္ေက်ာက္ကပ္ သည္ ေရာဂါျဖစ္စတြင္ သူ၏ လုပ္ငန္းမ်ားကို မလုပ္ေတာ့သျဖင့္ ဆီးမ်ားလာျခင္း ၊ ညဘက္ ဆီး ခဏခဏ သြားလိုျခင္း စသည္တို႔ ျဖစ္လာႏိုင္သည္။ နံနက္ေစာေစာ အိပ္ယာမွ ထစတြင္ မ်က္လံုး တစ္ဝိုက္ ေဖာေယာင္ရာမွ တစ္ကိုယ္လံုး ေဖာေယာင္ျခင္း တို႔ ျဖစ္ႏိုင္သည္။ ၄င္း အေျခအေနတြင္ အခ်ိန္မီ ဆရာဝန္ မ်ားထံ ျပသ၍ လိုအပ္သည့္ ကုသမႈ ကို ခံယူသင့္သည္။ ထိုအေျခအေနတြင္ မွ ေက်ာက္ကပ္ကို ဂရုမစိုက္လွ်င္ ဆီး လံုးဝ မသြားႏိုင္သည္ အထိ ျဖစ္သြားႏိုင္သည္။

ထို႔ေၾကာင့္ မိမိ၏ သက္တမ္းတစ္ေလွ်ာက္ တြင္ မိမိအား အစဥ္အျမဲ ကူညီေနေသာ ေက်ာက္ကပ္ ကို ေစာင့္ေရွာက္ရန္ အတြက္ ~
၁။ ေရမ်ားမ်ားေသာက္ပါ။
၂။ ဆီးသြားျခင္းကို ဦးစားေပးပါ။
၃။ ေရခဲေခ်ာင္း ၊ ဆူးပုတ္ ၊ ဒညင္းသီး ၊ ခ်ဥ္ဖတ္ ၊ ဆိုးေဆးပါေသာ အစားအစာမ်ား ကို ေရွာင္ပါ။
၄။ မလိုအပ္ပဲ အကိုက္အခဲ ေပ်ာက္ေဆးမ်ား ကို အလြန္အကၽြံ ေသာက္သံုးျခင္း မျပဳရပါ။
၅။ ေရကို က်ဳိခ်က္ေသာက္ပါ။
၆။ မိမိကိုယ္ကို ဂရုစိုက္ပါ။
၇။ ရဲေဘာ္ႀကီး ေနမေကာင္းေၾကာင္း လကၡဏာ မ်ားျဖစ္ေသာ ဆီးမ်ားလာျခင္း ၊ ညဘက္ ဆီး ခဏခဏသြားျခင္း ၊ ဆီး က်န္ျခင္း ၊ ဆီးပူ ဆီးေအာင့္ ျခင္း ၊ ဆီး သြားရခက္ျခင္း စသည္တို႔ ျဖစ္လာပါက တတ္ကၽြမ္းသူမ်ားႏွင့္ ေစာလွ်င္စြာ ကုသမႈခံ ယူရင္း မိမိကိုယ္ကို ေစာင့္ေရွာက္ပါ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Thithtoolwin
#Unicode Version#
ကျောက်ကပ်တွင် ဖြစ်တတ်သော ပြဿနာများ ထိုကဲ့သို့ ခန္ဓာကိုယ်၏ အညစ်အကြေးစွန့်ခြင်း ၊ ထိန်းညှိခြင်း စသော လုပ်ငန်း တာဝန်များကို တရံမလပ် ထမ်းဆောင် နေရသော ကျောက်ကပ်သည် တစ်ခါတစ်လေ တွင် နေမကောင်းခြင်း စသော ကိစ္စရပ်များနှင့် လုပ်ငန်း တာဝန်များ လစ်ဟင်းတတ်သည်။ ရဲဘော်ကြီးကျောက်ကပ် နေမကောင်းရခြင်း အကြောင်းရင်း များထဲမှ အဓိက ဖြစ်တတ်သော အကြောင်းရင်းမှာ - ဆီးကျောက်တည်ခြင်း ဖြစ်သည်။

ဆီးကျောက်တည်ခြင်း နှင့် ပတ်သက်သော အသေးစိတ်ကို မူ မရှင်းလင်းတောပါ့။ အချို့သော တုံးတိုက်တိုက် ကျားကိုက်ကိုက် လူများသည် မိမိကိုယ်ကို မိမိ ကျောက်တစ်လုံး သူဌေးဖြစ်မှန်း မသိ ဖြစ်နေတတ်ကြသည်။ အဘယ်ကြောင့် ဆိုသော် ဘသားချော ကျောက်တုံးသည် သူရှိကြောင်း အချက်မပေးဘဲ တိတ်ဆိတ်စွာ နေထိုင်လေ့ ရှိသည်။

ဓါတ်မှန် ရိုက်မှသာ မတော်တဆ မောင်ကျောက်တုံး ကို တွေ့ကြရသူများလဲ မနည်းမနော ရှိသည်။ မောင်ကျောက်တုံးသည် ကျောက်ကပ်မှ ဆီးထွက်ရာ ထွက်ပေါက်အထိ လမ်းကြောင်း တစ်လျှောက် မည်သည့် နေရာတွင်မဆို နေထိုင်လေ့ ရှိသည်။ (နေရာမရွေးပါ)။ အဓိက ၎င်း နေထိုင်သော နေရာများမှာ ကျောက်ကပ် ၊ ဆီးပို့ပြွန် တစ်လျှောက် နှင့် ဆီးအိမ် ထဲတွင်ဖြစ်သည်။

အကယ်၍ ကျောက်တစ်လုံး သူဌေးဖြစ်နေပါက ကျောက်သူဌေး လက္ခဏာ များဖြစ်သော အလွန်အမင်း ခါးနာခြင်း၊ ရုတ်တရက် ဗိုက်အောင့်ခြင်း ၊ ဆီးသွားရ ခက်ခြင်း ၊ ဆီး မကုန်ခြင်း ၊ ဆီးသွားစဉ် ရပ်သွား၍ နောက်ပုံစံ တစ်မျိုးပြောင်း၍ ဆီးသွားရခြင်း စသည့် လက္ခဏာများ ပြနိုင်သည်။ အလွန်အမင်း နာကျင် ခံစားရနိုင်သည်။ သို့သော် စိတ်မပူပါနှင့်။ ခွဲစိတ်၍ မောင်ကျောက်တုံး ထုတ်လိုက်ခြင်း အားဖြင့် ကျောက်သူဌေး၏ လက္ခဏာများ ယူပစ်သလို ပျောက်ကင်း သွားနိုင်ပါသည်။

အကယ်၍ မောင်ကျောက်တုံး ရောက်နေလျှင် ၎င်း က မည်သည့် ပြဿနာများကို မီးထွန်း ရှာတတ်ပါ သနည်း။

ရေမြောင်းတစ်ခု ရေစီးရေလာ မကောင်းလျှင် အမှိုက်များ စုပုံပြီး ပိုးမွှားများ ပိုမိုပေါက်ဖွား တတ်သကဲ့သို့ ရေမြောင်းနှင့် တူသော ဆီး လမ်းကြောင်းတွင်လဲ ဧည့်သည် မောင်ကျောက်တုံး ရှိနေပါက ရောဂါပိုးများ ပိုမို ပေါက်ဖွားတတ်သည်။ ဆီးလမ်းကြောင်း သည် နဂိုကပင် ရောဂါပိုးများ ကြိုက်နှစ်သက်သော အပန်းဖြေစခန်း တစ်ခုဖြစ်သည်။ အကယ်၍ မောင်ကျောက်တုံး ရှိသည်ဖြစ်စေ မရှိသည် ဖြစ်စေ ၊ ခရီးသွား ရောဂါပိုးများ ဝင်ရောက် အပန်းဖြေပါက ချမ်းတုန် ဖျားခြင်း ၊ ဆီးပူခြင်း ၊ ဆီးကျဉ်ခြင်း ၊ ဆီးအောင့်ခြင်း ၊ ဆီးသွား အားမရခြင်း စသည်တို့ ဖြစ်နိုင်သည်။ မောင်ကျောက်တုံး ရှိပါက ခရီးသွား ပိုးမွှားများသည် ပိုမိုလည်ပတ်လေ့ ရှိကြသည်။ ထို အခါမျိုးတွင် ၎င်း ပိုးမွှားများကို ထိရောက်စွာ ခုခံတွန်းလှန် တိုက်ခိုက် ချေမှုန်းပစ်ရန်လိုအပ်သည်။

မောင်ကျောက်တုံး ကို အပြင်သို့ ထွက်အောင် ကုသရာတွင်မူ မောင်ကျောက်တုံး၏ အရွယ်အစား ပေါ်တွင် များစွာ မူတည်သည်။ အကယ်၍ ငယ်သေးလျှင် အလိုလို ကျသွားနိုင်သည်။ ရေများများ သောက်ခြင်း ၊ ဆီးသွားချင်မှန်း သိသည်နှင့် ချက်ချင်း သွားလိုက်ခြင်း တို့ဖြင့် ပျောက်ကင်း သွားနိုင်သည်။ ကြီးလျှင် တတ်ကျွမ်းသူများနှင့် ပြသ၍ ကုသမှု ခံယူသင့်သည်။

ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်း၏ ဟူသော ဆိုရိုး စကားအတိုင်း မောင်ကျောက်တုံး အလည်လာမှုကို ကာကွယ်ချင်ပါက ~

၁။ ရေကိုကျိုချက်သောက်ခြင်း

၂။ အကယ်၍ မကျိုချက်နိုင်ပါက ကျောက်ချဉ် စသည်ဖြင့် အနည်ကျစေပြီးမှ သောက်သုံးခြင်း။

၃။ တတ်နိုင်လျှင် အမှန်အကန် ပေါင်းခံထားသော ရေသန့်ကိုသာ သောက်သုံးခြင်း။

၄။ တစ်နေ့လျှင် အနည်းဆုံး ရေ ၆ လီတာ သောက်သုံးပေးခြင်း။

၅။ ဆီးသွားချင်သည့် ဆန္ဒ ဖြစ်ပေါ်လာပါက မည်သည့် အကြောင်းကြောင့်မျှ အောင့် မထားဘဲ ဆီးသွားခြင်း ကိုသာ ဦးစားပေး ပြုလုပ်ခြင်း။

၆။ နံနက စောစော အိပ်ယာမှ နိုးသည်နှင့် ရေသောက်ခြင်း။

စသည့် အကျင့်ကောင်း အကျင့်မွန်များကို ကျင့်သုံးခြင်းဖြင့် ဧည့်သည် ကိုကျောက်တုံး လာခြင်းကို တားဆီးနိုင်သည်။


မောင်ကျောက်ကပ် သည် ရောဂါဖြစ်စတွင် သူ၏ လုပ်ငန်းများကို မလုပ်တော့သဖြင့် ဆီးများလာခြင်း ၊ ညဘက် ဆီး ခဏခဏ သွားလိုခြင်း စသည်တို့ ဖြစ်လာနိုင်သည်။ နံနက်စောစော အိပ်ယာမှ ထစတွင် မျက်လုံး တစ်ဝိုက် ဖောယောင်ရာမှ တစ်ကိုယ်လုံး ဖောယောင်ခြင်း တို့ ဖြစ်နိုင်သည်။ ၎င်း အခြေအနေတွင် အချိန်မီ ဆရာဝန် များထံ ပြသ၍ လိုအပ်သည့် ကုသမှု ကို ခံယူသင့်သည်။ ထိုအခြေအနေတွင် မှ ကျောက်ကပ်ကို ဂရုမစိုက်လျှင် ဆီး လုံးဝ မသွားနိုင်သည် အထိ ဖြစ်သွားနိုင်သည်။

ထို့ကြောင့် မိမိ၏ သက်တမ်းတစ်လျှောက် တွင် မိမိအား အစဉ်အမြဲ ကူညီနေသော ကျောက်ကပ် ကို စောင့်ရှောက်ရန် အတွက် ~
၁။ ရေများများသောက်ပါ။
၂။ ဆီးသွားခြင်းကို ဦးစားပေးပါ။
၃။ ရေခဲချောင်း ၊ ဆူးပုတ် ၊ ဒညင်းသီး ၊ ချဉ်ဖတ် ၊ ဆိုးဆေးပါသော အစားအစာများ ကို ရှောင်ပါ။
၄။ မလိုအပ်ပဲ အကိုက်အခဲ ပျောက်ဆေးများ ကို အလွန်အကျွံ သောက်သုံးခြင်း မပြုရပါ။
၅။ ရေကို ကျိုချက်သောက်ပါ။
၆။ မိမိကိုယ်ကို ဂရုစိုက်ပါ။
၇။ ရဲဘော်ကြီး နေမကောင်းကြောင်း လက္ခဏာ များဖြစ်သော ဆီးများလာခြင်း ၊ ညဘက် ဆီး ခဏခဏသွားခြင်း ၊ ဆီး ကျန်ခြင်း ၊ ဆီးပူ ဆီးအောင့် ခြင်း ၊ ဆီး သွားရခက်ခြင်း စသည်တို့ ဖြစ်လာပါက တတ်ကျွမ်းသူများနှင့် စောလျှင်စွာ ကုသမှုခံ ယူရင်း မိမိကိုယ်ကို စောင့်ရှောက်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:  Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top