ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ရခုိင္ျပည္နယ္ရဲ႕ အေျခအေနနဲ႔ပတ္သက္ျပီး ႏုိင္ငံတကာရဲ႕အာရုံစုိက္ေဝဖန္မွဳ အင္မတန္ၾကီးမားေၾကာင္း၊ ႏုိင္ငံတကာရဲ႕ သေဘာထားအျမင္ေတြကုိ နားလည္သိရွိဖုိ႔လည္း လုိေၾကာင္း၊ ဒါေပမယ့္ မိမိတုိ႔ႏုိင္ငံရဲ႕အေျခအေနကုိ မိမိတုိ႔ျပည္သူျပည္သားေတြေလာက္ ဘယ္သူကမွ မသိႏုိင္ေၾကာင္းနဲ႔ ဒီျပသနာ ေျဖရွင္းေရးအတြက္ မိမိတုိ႔ရဲ႕ ညီညြတ္မွဳအင္အားကသာလွ်င္ အဓိကျဖစ္ေၾကာင္း မေန႔ညက ေျပာၾကားလုိက္ပါတယ္။

“ ဒီအခိ်န္မွာ ျမန္မာနိုင္ငံအေနနဲ႔ လုပ္စရာရိွတာေတြကို၊ ကိုယ္လုပ္သင့္တာေတြကို မွန္မွန္ကန္ကန္ ရဲရဲတင္းတင္း ထိထိေရာက္ေရာက္ လုပ္ကိုင္ေနဖို႔ အေရးၾကီးပါတယ္။ ေဝဖန္ခ်က္ေတြ၊ စြပ္စဲြခ်က္ေတြကို စကားနဲ႔ တံု႔ျပန္ေခ်ပေနတာထက္ လက္ေတြ႔ လုပ္ေဆာင္ခ်က္ေတြ၊ တိုးတက္မႈရလာဒ္ေတြနဲ႔ ကမၻာ့ကို ျပသသြားဖို႔ ကြ်န္မတို႔ လုပ္ေဆာင္သြားရမွာျဖစ္ပါတယ္။”

ျမန္မာျပည္သူေတြကုိ ၾကာသပေတးေန႔ညက အစုိးရပုိင္မီဒီယာေတြကေန တင္ျပတဲ့မိန္႔ခြန္းမွာ ေဒၚေအာင္ဆန္းစုၾကည္က ရခုိင္ျပည္နယ္ျပသနာနဲ႔ပတ္သက္ျပီး ေဆာင္ရြက္ရမယ့္ ဦးစားေပးလုပ္ငန္း ၃ ခုရွိေၾကာင္း၊ ၁။ လူသားခ်င္းစာနာမွဳအကူအညီေတြ ထိထိေရာက္ေရာက္ေပးျပီး ဒုကၡသည္ေတြ ျပန္လည္လက္ခံေရး၊ ၂။ ျပန္လည္ေနရာခ်ထားေရး နဲ႔ ၃။ ေဒသဖြ႔႔ံျဖိ္ဳးေရးနဲ႔ ေရရွည္ပဋိပကၡကင္းေဝးေရးတုိ႔ ျဖစ္ေၾကာင္း ေျပာပါတယ္။

တဆက္တည္းမွာပဲ အဲဒီလုပ္ငန္းစဥ္ေတြေအာင္ျမင္ေရးအတြက္ နိုင္ငံေတာ္အစိုးရနဲ႔အတူ ျပည္တြင္းျပည္ပ ႏုိင္ငံေတြ၊ အဖဲြ႔အစည္းေတြနဲ႔ လူတန္းစားေပါင္းစံု ပါဝင္ႏုိင္မယ့္ ယႏၱယားတခုကုိ “ရခိုင္ျပည္နယ္တြင္း လူသားခ်င္းစာနာမႈ အကူအညီအေထာက္အပံ့ေပးေရး၊ ျပန္လည္ေနရာခ်ထားေရး၊ ဖံြ႔ျဖိဳးေရးစီမံကိန္း(Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine)” လုိ႔ အမည္ေပးျပီး သူမကုိယ္တုိင္ ဦးေဆာင္ကာ ဘဂၤလားေဒ့ရွ္ နိုင္ငံက ျပန္လာမယ့္သူေတြ အတြက္သာမက ဒိုင္းနက္၊ ျမိဳအစရိွတဲ့ တိုင္းရင္းသားေတြ၊ ဟိႏၵဴဘာသာဝင္ေတြ၊ ရခိုင္တိုင္းရင္းသားေတြ အားလုံးအတြက္ ေဆာင္ရြက္မွာျဖစ္ေၾကာင္း ေျပာပါတယ္။

“တည္ျငိမ္ေအးခ်မ္းတိုးတက္ဖံြ႕ျဖိဳးတဲ့ ရခိုင္ျပည္နယ္ျဖစ္ေပၚလာေရးအတြက္ လက္ေတြ႔ တိုးတက္မႈ ရလာဒ္ေတြနဲ႔ ျပသဖို႔ ၾကိဳးပမ္းေဆာင္ရြက္မယ့္ ဒီစီမံကိန္းမွာ ျပည္သူျပည္သားေတြ၊ ျပည္တြင္း NGO ေတြ၊ CSO ေတြ၊ စီးပြားေရးလုပ္ငန္းရွင္ၾကီးေတြ ပူးေပါင္းပါဝင္ၾကဖို႔ အေလးအနက္ ေမတၱာရပ္ခံပါတယ္။ လာမယ့္ အပတ္မွစျပီး စီမံကိန္း အေကာင္အထည္ေဖၚတဲ့အခါမွာ ကြ်န္မတို႔ ျပည္ေထာင္စုၾကီးတစ္ရပ္လံုးက ဆႏၵ၊ ဝီရိယ၊ စိတၱ၊ ပညာအားေတြ စုပံုျပီး ထက္ထက္သန္သန္၊ သတၱိရိွရိွနဲ႔ သမိုင္းမွတ္ေက်ာက္တင္ရေလာက္ေအာင္ သန္႔ရွင္း၊ မွန္ကန္တဲ့အစြမ္းေတြ ျပၾကမယ္လို႔ ေမွ်ာ္လင့္ယံုၾကည္ပါတယ္”

အဲဒီ စီမံကိန္းအတြက္ ျပည္သူေတြပါဝင္ကူညီႏုိင္မယ့္ လုပ္ငန္းစဥ္ေတြကုိ ေအာက္တုိဘာ ၁၅ ရက္ေန႔ကစျပီး အင္တာနက္ ဝက္ဆုိဒ္အပါအဝင္ ႏုိင္ငံပုိင္ သတင္းမီဒီယာေတြကေၾကညာမွာျဖစ္ေၾကာင္းနဲ႔ ႏုိင္ငံတကာေရာက္ ျမန္မာေတြနဲ႔ ျမန္မာႏုိင္ငံအေပၚေစတနာထားတဲ့ မိတ္ေဆြေတြအေနနဲ႔လည္း ႏုိင္ငံျခားသံရုံးေတြကေနတဆင့္ ပါဝင္ကူညီႏုိင္မွာျဖစ္ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားသြားခဲ့ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်ရဲ့ အခြေအနေနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့အာရုံစိုက်ဝေဖန်မှု အင်မတန်ကြီးမားကြောင်း၊ နိုင်ငံတကာရဲ့ သဘောထားအမြင်တွေကို နားလည်သိရှိဖို့လည်း လိုကြောင်း၊ ဒါပေမယ့် မိမိတို့နိုင်ငံရဲ့အခြေအနေကို မိမိတို့ပြည်သူပြည်သားတွေလောက် ဘယ်သူကမှ မသိနိုင်ကြောင်းနဲ့ ဒီပြသနာ ဖြေရှင်းရေးအတွက် မိမိတို့ရဲ့ ညီညွတ်မှုအင်အားကသာလျှင် အဓိကဖြစ်ကြောင်း မနေ့ညက ပြောကြားလိုက်ပါတယ်။

“ ဒီအချိန်မှာ မြန်မာနိုင်ငံအနေနဲ့ လုပ်စရာရှိတာတွေကို၊ ကိုယ်လုပ်သင့်တာတွေကို မှန်မှန်ကန်ကန် ရဲရဲတင်းတင်း ထိထိရောက်ရောက် လုပ်ကိုင်နေဖို့ အရေးကြီးပါတယ်။ ဝေဖန်ချက်တွေ၊ စွပ်စွဲချက်တွေကို စကားနဲ့ တုံ့ပြန်ချေပနေတာထက် လက်တွေ့ လုပ်ဆောင်ချက်တွေ၊ တိုးတက်မှုရလာဒ်တွေနဲ့ ကမ္ဘာ့ကို ပြသသွားဖို့ ကျွန်မတို့ လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။”

မြန်မာပြည်သူတွေကို ကြာသပတေးနေ့ညက အစိုးရပိုင်မီဒီယာတွေကနေ တင်ပြတဲ့မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်ပြသနာနဲ့ပတ်သက်ပြီး ဆောင်ရွက်ရမယ့် ဦးစားပေးလုပ်ငန်း ၃ ခုရှိကြောင်း၊ ၁။ လူသားချင်းစာနာမှုအကူအညီတွေ ထိထိရောက်ရောက်ပေးပြီး ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး၊ ၂။ ပြန်လည်နေရာချထားရေး နဲ့ ၃။ ဒေသဖွ့ံ့ဖြိုးရေးနဲ့ ရေရှည်ပဋိပက္ခကင်းဝေးရေးတို့ ဖြစ်ကြောင်း ပြောပါတယ်။

တဆက်တည်းမှာပဲ အဲဒီလုပ်ငန်းစဉ်တွေအောင်မြင်ရေးအတွက် နိုင်ငံတော်အစိုးရနဲ့အတူ ပြည်တွင်းပြည်ပ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေနဲ့ လူတန်းစားပေါင်းစုံ ပါဝင်နိုင်မယ့် ယန္တယားတခုကို “ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine)” လို့ အမည်ပေးပြီး သူမကိုယ်တိုင် ဦးဆောင်ကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ပြန်လာမယ့်သူတွေ အတွက်သာမက ဒိုင်းနက်၊ မြိုအစရှိတဲ့ တိုင်းရင်းသားတွေ၊ ဟိန္ဒူဘာသာဝင်တွေ၊ ရခိုင်တိုင်းရင်းသားတွေ အားလုံးအတွက် ဆောင်ရွက်မှာဖြစ်ကြောင်း ပြောပါတယ်။

“တည်ငြိမ်အေးချမ်းတိုးတက်ဖွံ့ဖြိုးတဲ့ ရခိုင်ပြည်နယ်ဖြစ်ပေါ်လာရေးအတွက် လက်တွေ့ တိုးတက်မှု ရလာဒ်တွေနဲ့ ပြသဖို့ ကြိုးပမ်းဆောင်ရွက်မယ့် ဒီစီမံကိန်းမှာ ပြည်သူပြည်သားတွေ၊ ပြည်တွင်း NGO တွေ၊ CSO တွေ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ပူးပေါင်းပါဝင်ကြဖို့ အလေးအနက် မေတ္တာရပ်ခံပါတယ်။ လာမယ့် အပတ်မှစပြီး စီမံကိန်း အကောင်အထည်ဖေါ်တဲ့အခါမှာ ကျွန်မတို့ ပြည်ထောင်စုကြီးတစ်ရပ်လုံးက ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ပညာအားတွေ စုပုံပြီး ထက်ထက်သန်သန်၊ သတ္တိရှိရှိနဲ့ သမိုင်းမှတ်ကျောက်တင်ရလောက်အောင် သန့်ရှင်း၊ မှန်ကန်တဲ့အစွမ်းတွေ ပြကြမယ်လို့ မျှော်လင့်ယုံကြည်ပါတယ်”

အဲဒီ စီမံကိန်းအတွက် ပြည်သူတွေပါဝင်ကူညီနိုင်မယ့် လုပ်ငန်းစဉ်တွေကို အောက်တိုဘာ ၁၅ ရက်နေ့ကစပြီး အင်တာနက် ဝက်ဆိုဒ်အပါအဝင် နိုင်ငံပိုင် သတင်းမီဒီယာတွေကကြေညာမှာဖြစ်ကြောင်းနဲ့ နိုင်ငံတကာရောက် မြန်မာတွေနဲ့ မြန်မာနိုင်ငံအပေါ်စေတနာထားတဲ့ မိတ်ဆွေတွေအနေနဲ့လည်း နိုင်ငံခြားသံရုံးတွေကနေတဆင့် ပါဝင်ကူညီနိုင်မှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားခဲ့ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top