Golden City Promotion
×

ကြတ္ကီးေလးတစ္ခ်ပ္ စားလိုက္ရံုနဲ႔ ဖ်ားခ်င္သလိုလို ျဖစ္ေနတာေတြ ယူပစ္သလို ေပ်ာက္သြားလိမ္႔မယ္လို႔ ဖိလစ္ပိုင္လူမ်ိဳးေတြကေတာ႔ ယံုၾကည္ၾကပါတယ္။
မိုးမိၿပီး အေအးမိသလိုလို၊ ႏွာေစးသလိုလို၊ ဖ်ားခ်င္သလိုလို ျဖစ္လာၿပီဆိုရင္ ဗိုက္တာမင္စီ ေဆးျပားေတြ အခ်ိန္ကုန္ခံၿပီး ဝါးမေနပါနဲ႔ေတာ႔။ ကြတ္ကီးေလးတစ္ခ်ပ္ စားလိုက္ရံုနဲ႔ ဖ်ားခ်င္သလိုလို ျဖစ္ေနတာေတြ ယူပစ္သလို ေပ်ာက္သြားလိမ္႔မယ္လို႔ ဖိလစ္ပိုင္လူမ်ိဳးေတြကေတာ႔ ယံုၾကည္ၾကပါတယ္။

ရိုးရာယံုၾကည္မႈေတြအရေတာ႔ ဒီကြတ္ကီးေလးေတြမွာ ေရာဂါကုသႏိုင္တဲ႔ အစြမ္းသတၱိေတြ ပါဝင္ၿပီး အဖ်ားေရာဂါကို အခ်ိန္တိုအတြင္း ေပ်ာက္ကင္းေစႏိုင္တယ္လို႔လည္း ယံုၾကည္ထားၾကပါတယ္။
ဖိလစ္ပိုင္ရိုးရာကြတ္ကီး

အဲဒီ ဖိလစ္ပိုင္ရိုးရာ ကြတ္ကီးေလးရဲ႕နာမည္ကေတာ႔ Panecillos de San Nicolas (Pan de San Nicolas) ျဖစ္ပါတယ္။ ဒီကြတ္ကီးေလးေတြကေတာ႔ ေထာပတ္၊ အာဒါလြတ္ဥမႈန္႕၊ အုန္းႏို႔၊ ၾကက္ဥအႏွစ္တို႔ကို ေရာစပ္ျပဳလုပ္ထားတာျဖစ္ၿပီး အရသာရွိတဲ႔ ေထာပတ္ကြတ္ကီးေလးေတြ ျဖစ္ပါတယ္။  ဒီကြတ္ကီးေလးေတြရဲ႕ပံုသ႑ာန္က သူတို႔ကို တမူထူးျခားေစပါတယ္။

ဂ်ံဳမုန္႔ညက္ကို အထူးျပဳလုပ္ထားတဲ႔ သစ္သားပံုစံခြက္ထဲထည္႔ၿပီးမွ ဖုတ္ထားတဲ႔အတြက္ မုန္႔ဖုတ္ၿပီးခ်ိန္မွာ ထြက္လာတဲ႔မုန္႔က သူေတာ္စင္ပံုစံေလး ထြက္လာမွာပါ။ ဖိလစ္ပိုင္ႏိုင္ငံက ၿမိဳ႕တစ္ၿမိဳ႕ခ်င္းစီမွာ မတူညီတဲ႔ ပံုစံခြက္ေတြရွိတဲ႔အတြက္ ကြတ္ကီးမုန္႔ ဒီဇိုင္းေတြကလည္း တစ္ၿမိဳ႕နဲ႔တစ္ၿမိဳ႕ မတူညီၾကပါဘူး။ တခ်ိဳ႕ပံုစံခြက္ေတြဆို ႏွစ္ ရာနဲ႔ခ်ီၿပီး ၾကာျမင္႔ေနပါၿပီ။
သူေတာ္စင္ စိန္႔နီကုိလတ္ကို ဂုဏ္ျပဳထား

တကယ္ေတာ႔ ဒီကြတ္ကီးေတြဟာ ၁၂၄၅ ခုႏွစ္က အီတလီႏိုင္ငံဖြား သူေတာ္စင္ စိန္႕နီကိုလတ္ (St. Nicholas) ကို ဂုဏ္ျပဳတဲ႔အေနနဲ႔ ျပဳလုပ္ခဲ႔ၾကတာပါ။ ဒ႑ာရီအရဆိုရင္ နီကိုလတ္ ဖ်ားနာေနစဥ္တံုးက ဗာဂ်င္ေမရီ ေရာက္လာၿပီး ေပါင္မုန္႔တစ္စကို ေရနဲ႔စိမ္စားဖို႔ ေပးခဲ႔ပါသတဲ႔။

သူမရဲ႕ညႊန္ၾကားခ်က္အတိုင္း လိုက္နာခဲ႔တဲ႔အခါ နီကိုလတ္ဟာ အံ႕ၾသဖြယ္ေကာင္းေလာက္ေအာင္ နာလန္ျပန္ထူလာႏိုင္ခဲ႔ပါသတဲ႔။ ေနာက္ပိုင္းမွာ သူေတာ္စင္ စိန္႔နီကိုလတ္ဟာ ဖ်ားနာေနသူေတြကို ကုသေပးဖို႔ ဗားဂ်င္ေမရီကို ဆုေတာင္းခဲ႔ၿပီး ေပါင္မုန္႔ေကြ်းျခင္းျဖင္႔ အဖ်ားေပ်ာက္ေစခဲ႔ပါတယ္။
ဒီကြတ္ကီးေလးေတြမွာ ေရာဂါေပ်ာက္ေစတဲ႔ စြမ္းအားေတြ ပါဝင္ေနတာဟာ ဒ႑ာရီဆန္ဆန္၊ ေမွာ္ဆန္ဆန္ အစြမ္းေတြေၾကာင္႔ ခ်ည္းပဲေတာ႔ မဟုတ္ပါဘူး။ ကြတ္ကီးေတြကို ဖန္ခရားထဲ ထည္႔သိမ္းထားရၿပီး အခ်ိန္ရလာတဲ႔အခ်ိန္မွာ ပင္နီစလင္နဲ႔ အလားသ႑ာန္တူတဲ႔ မႈိေလးေတြ တြယ္လာတာကို ေတြ႕ရွိရမွာပါ။

ပင္နီဆလင္ကို ယေန႔ေခတ္ေဆးဝါးေတြမွာ ထည္႔သြင္းအသံုးခ် ေနသလိုမ်ိဳးပဲ ကြတ္ကီးမွာ တြယ္ကပ္ေနတဲ႔ မႈိကလည္း အဖ်ားေရာဂါကို ကုသေပးႏိုင္ပါလိမ္႔မယ္။ လူတစ္ေယာက္ ဖ်ားနာၿပီဆိုရင္ ဆုေတာင္းစာေတြရြတ္ဆိုခိုင္းၿပီး ဒီကြတ္ကီးကို စားခိုင္းပါလိမ္႔မယ္။

ဖိလစ္ပိုင္မိသားစုေတြဟာ အထူးပြဲလမ္းသဘင္ေတြရွိမွပဲ ဒီကြတ္ကီးေလးေတြကို ဖုတ္ၾကပါတယ္။ ဥပမာ... စက္တင္ဘာ (၁၀) ရက္ေန႔က က်ေရာက္ခဲ႔တဲ႔ သူေတာ္စင္ စိန္႔နီကိုလတ္ေန႔လို ေန႕မ်ိဳးမွာေပါ႔။ အထူးသျဖင္႔ ေရွးရိုးဆန္တဲ႔ မိသားစုေတြက အဲဒီလိုေန႔မ်ိဳးမွာ ကြတ္ကီးဖုတ္ျခင္းက ကြတ္ကီးရဲ႕ ေရာဂါကုသႏိုင္စြမ္းကို ပိုမိုတိုးတက္ေစတယ္လို႔ ယုံၾကည္ၾကပါတယ္။ ဖုတ္ၿပီးသြားရင္ ဖန္ခရားေတြထဲ ထည္႔သိမ္းထားရမွာျဖစ္ၿပီး ေရာင္းခ်ဖို႔အတြက္ေတာ႔ မဟုတ္ပါဘူး။ တခ်ိဳ႕လယ္သမားေတြဆိုရင္ Pan de San Nicolas ကြတ္ကီးမုန္႔ကို အမႈန္႔ေျခၿပီး လယ္ယာေျမေတြေပၚမွာ အထြက္ႏႈန္းတိုးေအာင္ ပက္ဖ်န္းၾကပါေသးသတဲ႔။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
ကွတ်ကီးလေးတစ်ချပ် စားလိုက်ရုံနဲ့ ဖျားချင်သလိုလို ဖြစ်နေတာတွေ ယူပစ်သလို ပျောက်သွားလိမ့်မယ်လို့ ဖိလစ်ပိုင်လူမျိုးတွေကတော့ ယုံကြည်ကြပါတယ်။
မိုးမိပြီး အအေးမိသလိုလို၊ နှာစေးသလိုလို၊ ဖျားချင်သလိုလို ဖြစ်လာပြီဆိုရင် ဗိုက်တာမင်စီ ဆေးပြားတွေ အချိန်ကုန်ခံပြီး ဝါးမနေပါနဲ့တော့။ ကွတ်ကီးလေးတစ်ချပ် စားလိုက်ရုံနဲ့ ဖျားချင်သလိုလို ဖြစ်နေတာတွေ ယူပစ်သလို ပျောက်သွားလိမ့်မယ်လို့ ဖိလစ်ပိုင်လူမျိုးတွေကတော့ ယုံကြည်ကြပါတယ်။
ရိုးရာယုံကြည်မှုတွေအရတော့ ဒီကွတ်ကီးလေးတွေမှာ ရောဂါကုသနိုင်တဲ့ အစွမ်းသတ္တိတွေ ပါဝင်ပြီး အဖျားရောဂါကို အချိန်တိုအတွင်း ပျောက်ကင်းစေနိုင်တယ်လို့လည်း ယုံကြည်ထားကြပါတယ်။
ဖိလစ်ပိုင်ရိုးရာကွတ်ကီး
အဲဒီ ဖိလစ်ပိုင်ရိုးရာ ကွတ်ကီးလေးရဲ့နာမည်ကတော့ Panecillos de San Nicolas (Pan de San Nicolas) ဖြစ်ပါတယ်။ ဒီကွတ်ကီးလေးတွေကတော့ ထောပတ်၊ အာဒါလွတ်ဥမှုန့်၊ အုန်းနို့၊ ကြက်ဥအနှစ်တို့ကို ရောစပ်ပြုလုပ်ထားတာဖြစ်ပြီး အရသာရှိတဲ့ ထောပတ်ကွတ်ကီးလေးတွေ ဖြစ်ပါတယ်။  ဒီကွတ်ကီးလေးတွေရဲ့ပုံသဏ္ဍာန်က သူတို့ကို တမူထူးခြားစေပါတယ်။

ဂျုံမုန့်ညက်ကို အထူးပြုလုပ်ထားတဲ့ သစ်သားပုံစံခွက်ထဲထည့်ပြီးမှ ဖုတ်ထားတဲ့အတွက် မုန့်ဖုတ်ပြီးချိန်မှာ ထွက်လာတဲ့မုန့်က သူတော်စင်ပုံစံလေး ထွက်လာမှာပါ။ ဖိလစ်ပိုင်နိုင်ငံက မြို့တစ်မြို့ချင်းစီမှာ မတူညီတဲ့ ပုံစံခွက်တွေရှိတဲ့အတွက် ကွတ်ကီးမုန့် ဒီဇိုင်းတွေကလည်း တစ်မြို့နဲ့တစ်မြို့ မတူညီကြပါဘူး။ တချို့ပုံစံခွက်တွေဆို နှစ် ရာနဲ့ချီပြီး ကြာမြင့်နေပါပြီ။
သူတော်စင် စိန့်နီကိုလတ်ကို ဂုဏ်ပြုထား
တကယ်တော့ ဒီကွတ်ကီးတွေဟာ ၁၂၄၅ ခုနှစ်က အီတလီနိုင်ငံဖွား သူတော်စင် စိန့်နီကိုလတ် (St. Nicholas) ကို ဂုဏ်ပြုတဲ့အနေနဲ့ ပြုလုပ်ခဲ့ကြတာပါ။ ဒဏ္ဍာရီအရဆိုရင် နီကိုလတ် ဖျားနာနေစဉ်တုံးက ဗာဂျင်မေရီ ရောက်လာပြီး ပေါင်မုန့်တစ်စကို ရေနဲ့စိမ်စားဖို့ ပေးခဲ့ပါသတဲ့။

သူမရဲ့ညွှန်ကြားချက်အတိုင်း လိုက်နာခဲ့တဲ့အခါ နီကိုလတ်ဟာ အံ့သြဖွယ်ကောင်းလောက်အောင် နာလန်ပြန်ထူလာနိုင်ခဲ့ပါသတဲ့။ နောက်ပိုင်းမှာ သူတော်စင် စိန့်နီကိုလတ်ဟာ ဖျားနာနေသူတွေကို ကုသပေးဖို့ ဗားဂျင်မေရီကို ဆုတောင်းခဲ့ပြီး ပေါင်မုန့်ကျွေးခြင်းဖြင့် အဖျားပျောက်စေခဲ့ပါတယ်။
ဒီကွတ်ကီးလေးတွေမှာ ရောဂါပျောက်စေတဲ့ စွမ်းအားတွေ ပါဝင်နေတာဟာ ဒဏ္ဍာရီဆန်ဆန်၊ မှော်ဆန်ဆန် အစွမ်းတွေကြောင့် ချည်းပဲတော့ မဟုတ်ပါဘူး။ ကွတ်ကီးတွေကို ဖန်ခရားထဲ ထည့်သိမ်းထားရပြီး အချိန်ရလာတဲ့အချိန်မှာ ပင်နီစလင်နဲ့ အလားသဏ္ဍာန်တူတဲ့ မှိုလေးတွေ တွယ်လာတာကို တွေ့ရှိရမှာပါ။
ပင်နီဆလင်ကို ယနေ့ခေတ်ဆေးဝါးတွေမှာ ထည့်သွင်းအသုံးချ နေသလိုမျိုးပဲ ကွတ်ကီးမှာ တွယ်ကပ်နေတဲ့ မှိုကလည်း အဖျားရောဂါကို ကုသပေးနိုင်ပါလိမ့်မယ်။ လူတစ်ယောက် ဖျားနာပြီဆိုရင် ဆုတောင်းစာတွေရွတ်ဆိုခိုင်းပြီး ဒီကွတ်ကီးကို စားခိုင်းပါလိမ့်မယ်။

ဖိလစ်ပိုင်မိသားစုတွေဟာ အထူးပွဲလမ်းသဘင်တွေရှိမှပဲ ဒီကွတ်ကီးလေးတွေကို ဖုတ်ကြပါတယ်။ ဥပမာ... စက်တင်ဘာ (၁၀) ရက်နေ့က ကျရောက်ခဲ့တဲ့ သူတော်စင် စိန့်နီကိုလတ်နေ့လို နေ့မျိုးမှာပေါ့။ အထူးသဖြင့် ရှေးရိုးဆန်တဲ့ မိသားစုတွေက အဲဒီလိုနေ့မျိုးမှာ ကွတ်ကီးဖုတ်ခြင်းက ကွတ်ကီးရဲ့ ရောဂါကုသနိုင်စွမ်းကို ပိုမိုတိုးတက်စေတယ်လို့ ယုံကြည်ကြပါတယ်။ ဖုတ်ပြီးသွားရင် ဖန်ခရားတွေထဲ ထည့်သိမ်းထားရမှာဖြစ်ပြီး ရောင်းချဖို့အတွက်တော့ မဟုတ်ပါဘူး။ တချို့လယ်သမားတွေဆိုရင် Pan de San Nicolas ကွတ်ကီးမုန့်ကို အမှုန့်ခြေပြီး လယ်ယာမြေတွေပေါ်မှာ အထွက်နှုန်းတိုးအောင် ပက်ဖျန်းကြပါသေးသတဲ့။
ဖိုးသူတော် (www.phothutaw.com)
Credit: Duwun

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top