ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

အမ္အမ္ေအ မစ္ဒယ္ဝိတ္ ကမ႓ာ့ခ်န္ပီယံ ေအာင္လအန္ဆန္က ဘယ္ေလာက္ေၾကာက္စရာေကာင္းတဲ့ မေကာင္းဆိုးဝါးပဲ ျဖစ္ျဖစ္ မေၾကာက္ပါဘူးလို႔ ေျပာလိုက္ပါတယ္။

ျမန္မာတစ္ႏိုင္ငံလံုးရဲ့ ခ်ီးက်ဴးမႈကို ရရွိထားတဲ့ ကမ႓ာ့ခ်န္ပီယံ ေအာင္လအန္ဆန္က လာမည့္ ႏိုဝင္ဘာလ ၃ ရက္ေန႔တြင္ ရန္ကုန္မွာ အလိန္းဂါလာနီနဲ႔ပဲြကို လာေရာက္ထိုးသတ္မွာျဖစ္ပါတယ္။

ယေန႔ (ေအာက္တိုဘာလ ၁၁ ရက္) မွာ ေအာင္လအန္က သူ႔ရဲ့ ေဖ့စ္ဘြက္စာမ်က္ႏွာတြင္ “ေရကုန္ေရခန္း ထိုးသတ္ဖို႔ ၂၃ ရက္ပဲလိုပါေတာ့တယ္ဗ်…ပရိတ္သတ္ႀကီးနဲ႕ ကၽြန္ေတာ့္အဖြဲ႕သားေတြက ကၽြန္ေတာ္နဲ႔ ရွိေနတဲ့အတြက္ ဘယ္ေလာက္ ေၾကာက္စရာေကာင္းတဲ့ မေကာင္းဆိုးဝါးပဲၿဖစ္ျဖစ္ မေၾကာက္ပါဘူး။

ဒါေတြကို ျဖတ္ေက်ာ္ႏိုင္ဖို႔ ကၽြန္ေတာ့္ကို ပိုၿပီးျကံ႕ခိုင္သန္စြမ္းမႈနဲ႔ ခြန္အားေတြ ေပးသူေတြကေတာ့ ကြ်န္ေတာ့္အဖြဲ႕နဲ႕ ၀န္းရံေနတဲ့ပရိတ္သတ္ေတြပါပဲဗ်…တကယ္လို႕မ်ား ဒီၿပိဳင္ပြဲကိုၿပိဳင္ဖို႔ စိတ္မလႈပ္႐ွားမိဘူးလို ႔ေျပာရင္ေတာ့ ကြၽန္ေတာ္ လိမ္ေျပာရာက်ေနမယ္ ဒါေပမယ့္ အေကာင္းဆံုးေလ့က်င့္မႈေတြနဲ႕ အတူ ျမန္မာေျမမွာ ထိုးသတ္ဖို႕ လွမ္းလာခဲ့ပါျပီ ” ဟု ေရးသားထားသည္။

ဝိတ္တန္းျမင့္ၿပီး တိုက္ခိုက္ေရး ပညာမ်ားလည္း ငါးမ်ိဳးႏွင့္အထက္ တက္ကၽြမ္းထားသူ၊ ဆုတံဆိပ္မ်ားစြာလည္း ရရွိထားသူ အလိန္းဂါလာနီႏွင့္ ဖိုက္ရဖို႔အတြက္ ေအာင္လအဆန္ဆန္ကိုယ္တိုင္လည္း စိတ္လႈပ္ရွာေနသလို ျမန္မာပရိတ္သတ္မ်ားကလည္း ရင္တမမျဖစ္ေနၾကပါတယ္။

အလိန္းဂါလာနီက အရပ္ ၅ ေပ၊ ၁၁ လက္မ၊ ၂၂၇.၀၈ ေပါင္ ရွိေနၿပီး ေအာင္လအန္ဆန္ ၆ ေပ၊ ၁ လက္မ။ ၁၈၅ ေပါင္ျဖစ္သည္။ ဂါလာနီရဲ့ ခႏၶာကိုယ္ေတာင့္တင္း သန္မာမႈ၊ ျဖတ္လတ္မႈ စတဲ့ စြမ္းရည္မ်ားေၾကာင့္လည္း ေအာင္လအန္ဆန္အတြက္ ဒီပဲြက စိန္ေခၚမႈ ႀကီးႀကီးမားမား ရွိေနတာ ျဖစ္ပါတယ္။

သို႔ေသာ္လည္း ေအာင္လအန္ဆန္က ၂၀၁၆ ခုႏွစ္တြင္ မိုဟာမက္အလီလို ခႏၶာကိုယ္အင္မတန္ ေတာင့္တင္းသည့္ ဖိုက္တာမ်ိဳးကိုေတာင္ ခ်ဳပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ခုေတာ့ အေမရိကန္ႏိုင္ကေန ျမန္မာျပည္ကို လာေနပါၿပီ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: yomalan
#Unicode Version#
အမ်အမ်အေ မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်က ဘယ်လောက်ကြောက်စရာကောင်းတဲ့ မကောင်းဆိုးဝါးပဲ ဖြစ်ဖြစ် မကြောက်ပါဘူးလို့ ပြောလိုက်ပါတယ်။

မြန်မာတစ်နိုင်ငံလုံးရဲ့ ချီးကျူးမှုကို ရရှိထားတဲ့ ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်က လာမည့် နိုဝင်ဘာလ ၃ ရက်နေ့တွင် ရန်ကုန်မှာ အလိန်းဂါလာနီနဲ့ပွဲကို လာရောက်ထိုးသတ်မှာဖြစ်ပါတယ်။

ယနေ့ (အောက်တိုဘာလ ၁၁ ရက်) မှာ အောင်လအန်က သူ့ရဲ့ ဖေ့စ်ဘွက်စာမျက်နှာတွင် “ရေကုန်ရေခန်း ထိုးသတ်ဖို့ ၂၃ ရက်ပဲလိုပါတော့တယ်ဗျ…ပရိတ်သတ်ကြီးနဲ့ ကျွန်တော့်အဖွဲ့သားတွေက ကျွန်တော်နဲ့ ရှိနေတဲ့အတွက် ဘယ်လောက် ကြောက်စရာကောင်းတဲ့ မကောင်းဆိုးဝါးပဲဖြစ်ဖြစ် မကြောက်ပါဘူး။

ဒါတွေကို ဖြတ်ကျော်နိုင်ဖို့ ကျွန်တော့်ကို ပိုပြီးကြံ့ခိုင်သန်စွမ်းမှုနဲ့ ခွန်အားတွေ ပေးသူတွေကတော့ ကျွန်တော့်အဖွဲ့နဲ့ ဝန်းရံနေတဲ့ပရိတ်သတ်တွေပါပဲဗျ…တကယ်လို့များ ဒီပြိုင်ပွဲကိုပြိုင်ဖို့ စိတ်မလှုပ်ရှားမိဘူးလို့ပြောရင်တော့ ကျွန်တော် လိမ်ပြောရာကျနေမယ် ဒါပေမယ့် အကောင်းဆုံးလေ့ကျင့်မှုတွေနဲ့ အတူ မြန်မာမြေမှာ ထိုးသတ်ဖို့ လှမ်းလာခဲ့ပါပြီ ” ဟု ရေးသားထားသည်။

ဝိတ်တန်းမြင့်ပြီး တိုက်ခိုက်ရေး ပညာများလည်း ငါးမျိုးနှင့်အထက် တက်ကျွမ်းထားသူ၊ ဆုတံဆိပ်များစွာလည်း ရရှိထားသူ အလိန်းဂါလာနီနှင့် ဖိုက်ရဖို့အတွက် အောင်လအဆန်ဆန်ကိုယ်တိုင်လည်း စိတ်လှုပ်ရှာနေသလို မြန်မာပရိတ်သတ်များကလည်း ရင်တမမဖြစ်နေကြပါတယ်။

အလိန်းဂါလာနီက အရပ် ၅ ပေ၊ ၁၁ လက်မ၊ ၂၂၇.၀၈ ပေါင် ရှိနေပြီး အောင်လအန်ဆန် ၆ ပေ၊ ၁ လက်မ။ ၁၈၅ ပေါင်ဖြစ်သည်။ ဂါလာနီရဲ့ ခန္ဓာကိုယ်တောင့်တင်း သန်မာမှု၊ ဖြတ်လတ်မှု စတဲ့ စွမ်းရည်များကြောင့်လည်း အောင်လအန်ဆန်အတွက် ဒီပွဲက စိန်ခေါ်မှု ကြီးကြီးမားမား ရှိနေတာ ဖြစ်ပါတယ်။

သို့သော်လည်း အောင်လအန်ဆန်က ၂၀၁၆ ခုနှစ်တွင် မိုဟာမက်အလီလို ခန္ဓာကိုယ်အင်မတန် တောင့်တင်းသည့် ဖိုက်တာမျိုးကိုတောင် ချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ခုတော့ အမေရိကန်နိုင်ကနေ မြန်မာပြည်ကို လာနေပါပြီ။

ဖိုးသူတော် (www.phothutaw.com)
Credit:yomalan
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top