ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

အနည္းဆုံးအခေၾကးေငြကုိ တစ္ရက္လွ်င္ ၄,၀၀၀ နဲ႔ ၄,၈၀၀ က်ပ္ၾကား အတည္ျပဳဖို႔ အၾကမ္းဖ်င္းသတ္မွတ္ခဲ့တယ္လို႔ အလုပ္သမား၊ လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဦးသိန္းေဆြက ေျပာပါတယ္။
ေနျပည္ေတာ္၌ ေအာက္တိုဘာ ၂ ရက္က အနည္းဆုံးအခေၾကးေငြသတ္မွတ္ေရးဆိုုင္ရာ အမ်ိဳးသားေကာ္မတီအစည္းအေ၀းကုိ အလုပ္သမား၊ လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား၀န္ႀကီးဌာနခန္းမမွ ျပဳလုပ္ၿပီးခ်ိန္မွာ ၀န္ႀကီးက သတင္းေထာက္ေတြကို ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။
ဒီလို က်ပ္ ၄,၀၀၀ နဲ႔ ၄,၈၀၀ ၾကားအတြင္း ႏႈန္းထားသတ္မွတ္တာက အလုပ္သမားေတြအတြက္ ေရြးခ်ယ္ခြင့္ ေဘာင္က်ဥ္းေစတယ္ဆိုၿပီး အမ်ိဳးသားေကာ္မတီအဖြဲ႕၀င္ အလုပ္သမားကုိယ္စားလွယ္ ဦးေနာ္ေအာင္က ကန္႔ကြက္ခဲ့ပါတယ္။
အဆိုပါအစည္းအေ၀းမွာ အရင္က သတ္မွတ္ခ့ဲတဲ့ လုပ္သား ၁၅ ဦးအထက္ လုပ္ငန္းခြင္ေတြက အနည္းဆုံးအခေၾကးေငြ သတ္မွတ္ခ်က္နဲ႔ အက်ံဳး၀င္တယ္ဆုိတဲ့ အစားအလုပ္သမား ၁၀ ဦးအထက္ လုပ္ငန္းခြင္ေတြ ျပင္ဆင္အသုံးျပဳႏုိင္ေရး သက္ဆုိင္ရာ အေသးစား၊ အလတ္စား လုပ္ငန္းရွင္ေတြနဲ႔ ျပန္လည္ညိႇႏႈိင္းရန္ဆုိ အခ်က္ကို ဆုံးျဖတ္ခဲ့ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
အနည်းဆုံးအခကြေးငွေကို တစ်ရက်လျှင် ၄,၀၀၀ နဲ့ ၄,၈၀၀ ကျပ်ကြား အတည်ပြုဖို့ အကြမ်းဖျင်းသတ်မှတ်ခဲ့တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။
နေပြည်တော်၌ အောက်တိုဘာ ၂ ရက်က အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုုင်ရာ အမျိုးသားကော်မတီအစည်းအဝေးကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနခန်းမမှ ပြုလုပ်ပြီးချိန်မှာ ဝန်ကြီးက သတင်းထောက်တွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဒီလို ကျပ် ၄,၀၀၀ နဲ့ ၄,၈၀၀ ကြားအတွင်း နှုန်းထားသတ်မှတ်တာက အလုပ်သမားတွေအတွက် ရွေးချယ်ခွင့် ဘောင်ကျဉ်းစေတယ်ဆိုပြီး အမျိုးသားကော်မတီအဖွဲ့ဝင် အလုပ်သမားကိုယ်စားလှယ် ဦးနော်အောင်က ကန့်ကွက်ခဲ့ပါတယ်။
အဆိုပါအစည်းအဝေးမှာ အရင်က သတ်မှတ်ခဲ့တဲ့ လုပ်သား ၁၅ ဦးအထက် လုပ်ငန်းခွင်တွေက အနည်းဆုံးအခကြေးငွေ သတ်မှတ်ချက်နဲ့ အကျုံးဝင်တယ်ဆိုတဲ့ အစားအလုပ်သမား ၁၀ ဦးအထက် လုပ်ငန်းခွင်တွေ ပြင်ဆင်အသုံးပြုနိုင်ရေး သက်ဆိုင်ရာ အသေးစား၊ အလတ်စား လုပ်ငန်းရှင်တွေနဲ့ ပြန်လည်ညှိနှိုင်းရန်ဆို အချက်ကို ဆုံးဖြတ်ခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top