# Zawgyi Version ျဖင့္ ဖတ္ပါ #

မြန္ျပည္နယ္၊ သထံုၿမိဳ႕နယ္၊ ဇရစ္ေခ်ာင္ေက်းရြာအုပ္စုရွိ အလံတစ္ရာဘုရား သာသနာ့နယ္ေျမအတြင္း ဘာသာေရးအေၾကာင္းျပၿပီး မိန္းမပ်ိဳေလးေတြကို ဖ်က္ဆီးခံေနရတယ္လို႔ေျပာဆိုေနတာဟာ မမွန္ကန္ဘူးလို႔ ကာယရွင္မိန္းမပ်ိဳေတြက ေျပာပါတယ္။

လူမႈကြန္ယက္ စာမ်က္နွာေတြေပၚမွာ ခြန္တန္ (ေခၚ) ဇာတ္လိုက္က ဘာသာေရးအေၾကာင္းျပၿပီးမိန္းမပ်ိဳေလးေတြကို ဖ်က္ဆီးေနၿပီး၊ ပန္းဦးလႊတ္ခံေနရတယ္လို ့ေျပာဆိုေနၾကတဲ့ အတြက္ကာယကံရွင္ မိန္းကေလးေတြအေနနဲ႔ ထိခိုက္နစ္နာမႈရွိေၾကာင္း၊ ပန္းဦး လႊတ္ခံရတယ္ဆိုတာဟာ စြပ္စြဲေျပာဆိုေနၾကတာျဖစ္ၿပီး ရိုးရာဓေလ့ထံုးတမ္း အစဥ္အလာအရ တဏွာမပါဘဲ ေမတၱာထားၿပီး ရဟန္းသံဃာလူႀကီး မိဘေတြေရွ႕မွာ နွစ္ဦးသေဘာတူ လက္ခ်ည္ပြဲက်င္းပျပဳလုပ္တာျဖစ္တယ္လို႔ ခြန္တန္(ေခၚ)ဇာတ္လိုက္နဲ႕ လက္ခ်ည္ပြဲျပဳလုပ္ထားသူ နန္းေအးခင္က ေျပာပါတယ္။ လက္ခ်ည္ပြဲ ျပဳလုပ္တာေၾကာင္႔ မိန္းမပ်ိဳေလးေတြအေနနဲ႔ ထိခိုက္နစ္နာမႈမရွိဘဲ လူမႈကြန္ယက္ စာမ်က္နွာေပၚမွာ ပန္းဦးလႊတ္ခံရတယ္လို႔ ေျပာဆိုတဲ့ အေပၚ ဘာသာေရးနဲ႔ လူမ်ိဳးေရးထိခိုက္ရတယ္လို႔ နန္းေအးခင္က ေျပာပါတယ္။

ခြန္တန္(ေခၚ)ဇာတ္လိုက္ကို မိမိတို႔ရြာသူ၊ ရြာသားေတြ အေနနဲ႔ အျပည္အ၀ယံုၾကည္မႈရွိၿပီး လက္ခ်ည္ပြဲ ျပဳလုပ္ရတာဟာ ရိုးရာအရျပဳလုပ္တာျဖစ္တဲ႔အတြက္ ပန္းဦးလႊတ္တယ္ဆိုတဲ့ စြပ္စြဲခ်က္အေပၚ အမွန္တရားေပၚေစခ်င္တယ္လို႔ လက္ခ်ည္ပြဲ က်င္းပျပဳလုပ္ခဲ့တဲ႔ ေနာက္ထပ္ အမ်ိဳးသမီးငယ္ နန္းေ၀က ေျပာပါတယ္။

ခြန္တန္(ေခၚ)ဇာတ္လိုက္ကို ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးရံုးနဲ႔ ရဲတပ္ဖြဲ႕မွဴးရံုးေတြမွာ တစ္စံုတစ္ခုအေၾကာင္း အရာနဲ႔မွ တိုင္ၾကားထားျခင္း မရွိေၾကာင္း၊ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးရံုးနဲ႔ ရဲတပ္ဖြဲ႕မွဴးရံုးေတြမွာ တိုင္ၾကားထားျခင္း မရွိေပမယ္႔ လႊတ္ေတာ္ရွိ အမ်ိဳးသမီးနွင့္ ကေလးသူငယ္မ်ားအခြင့္အေရး ကာကြယ္ေစာင့္ေရွာက္ေရးေကာ္မတီကို ေတာ့ တိုင္ၾကားထားတဲ႔ တိုင္ၾကားစာေတြရွိတယ္လို႔ အမ်ိဳးသမီးနွင့္ ကေလးသူငယ္မ်ား အခြင့္အေရး ကာကြယ္ေစာင့္ေရွာက္ေရး ေကာ္မတီဥကၠ႒ ေဒၚခိုင္ခိုင္လဲ့ကေျပာပါတယ္။

တိုင္ၾကားစာနဲ႔ ပတ္သက္ၿပီး ႏုိ၀င္ဘာလအတြင္း စစ္ေဆးေဆာင္ရြက္ သြားမွာျဖစ္ၿပီး စစ္ေဆး ေဆာင္ရြက္တဲ့ ေနရာမွာ ျဖစ္စဥ္အမွန္တကယ္ျဖစ္ပြားခဲ့ပါက ဥပေဒနဲ႔ အညီအေရးယူေဆာင္ရြက္သြားမွာ ျဖစ္သလိုတိုင္ၾကားစာနဲ႔ပတ္သက္ၿပီး ျပည္ေထာင္စုအဆင့္ထိ တင္ျပသြားမယ္လို႔ သိရပါတယ္။ ဒီသတင္းကို ေမာ္လၿမိဳင္ဗ်ဴရိုမွ ဗထူးက သထံုၿမိဳ႕မွ ေပးပို႔ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Central News Bureau

# Unicode Version ျဖင့္ ဖတ္ပါ #
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဇရစ်ချောင်ကျေးရွာအုပ်စုရှိ အလံတစ်ရာဘုရား သာသနာ့နယ်မြေအတွင်း ဘာသာရေးအကြောင်းပြပြီး မိန်းမပျိုလေးတွေကို ဖျက်ဆီးခံနေရတယ်လို့ပြောဆိုနေတာဟာ မမှန်ကန်ဘူးလို့ ကာယရှင်မိန်းမပျိုတွေက ပြောပါတယ်။

လူမှုကွန်ယက် စာမျက်နှာတွေပေါ်မှာ ခွန်တန် (ခေါ်) ဇာတ်လိုက်က ဘာသာရေးအကြောင်းပြပြီးမိန်းမပျိုလေးတွေကို ဖျက်ဆီးနေပြီး၊ ပန်းဦးလွှတ်ခံနေရတယ်လို့ပြောဆိုနေကြတဲ့ အတွက်ကာယကံရှင် မိန်းကလေးတွေအနေနဲ့ ထိခိုက်နစ်နာမှုရှိကြောင်း၊ ပန်းဦး လွှတ်ခံရတယ်ဆိုတာဟာ စွပ်စွဲပြောဆိုနေကြတာဖြစ်ပြီး ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာအရ တဏှာမပါဘဲ မေတ္တာထားပြီး ရဟန်းသံဃာလူကြီး မိဘတွေရှေ့မှာ နှစ်ဦးသဘောတူ လက်ချည်ပွဲကျင်းပပြုလုပ်တာဖြစ်တယ်လို့ ခွန်တန်(ခေါ်)ဇာတ်လိုက်နဲ့ လက်ချည်ပွဲပြုလုပ်ထားသူ နန်းအေးခင်က ပြောပါတယ်။ လက်ချည်ပွဲ ပြုလုပ်တာကြောင့် မိန်းမပျိုလေးတွေအနေနဲ့ ထိခိုက်နစ်နာမှုမရှိဘဲ လူမှုကွန်ယက် စာမျက်နှာပေါ်မှာ ပန်းဦးလွှတ်ခံရတယ်လို့ ပြောဆိုတဲ့ အပေါ် ဘာသာရေးနဲ့ လူမျိုးရေးထိခိုက်ရတယ်လို့ နန်းအေးခင်က ပြောပါတယ်။

ခွန်တန်(ခေါ်)ဇာတ်လိုက်ကို မိမိတို့ရွာသူ၊ ရွာသားတွေ အနေနဲ့ အပြည်အဝယုံကြည်မှုရှိပြီး လက်ချည်ပွဲ ပြုလုပ်ရတာဟာ ရိုးရာအရပြုလုပ်တာဖြစ်တဲ့အတွက် ပန်းဦးလွှတ်တယ်ဆိုတဲ့ စွပ်စွဲချက်အပေါ် အမှန်တရားပေါ်စေချင်တယ်လို့ လက်ချည်ပွဲ ကျင်းပပြုလုပ်ခဲ့တဲ့ နောက်ထပ် အမျိုးသမီးငယ် နန်းဝေက ပြောပါတယ်။

ခွန်တန်(ခေါ်)ဇာတ်လိုက်ကို ကျေးရွာအုပ်ချုပ်ရေးမှူးရုံးနဲ့ ရဲတပ်ဖွဲ့မှူးရုံးတွေမှာ တစ်စုံတစ်ခုအကြောင်း အရာနဲ့မှ တိုင်ကြားထားခြင်း မရှိကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးနဲ့ ရဲတပ်ဖွဲ့မှူးရုံးတွေမှာ တိုင်ကြားထားခြင်း မရှိပေမယ့် လွှတ်တော်ရှိ အမျိုးသမီးနှင့် ကလေးသူငယ်များအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးကော်မတီကို တော့ တိုင်ကြားထားတဲ့ တိုင်ကြားစာတွေရှိတယ်လို့ အမျိုးသမီးနှင့် ကလေးသူငယ်များ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့ကပြောပါတယ်။

တိုင်ကြားစာနဲ့ ပတ်သက်ပြီး နိုဝင်ဘာလအတွင်း စစ်ဆေးဆောင်ရွက် သွားမှာဖြစ်ပြီး စစ်ဆေး ဆောင်ရွက်တဲ့ နေရာမှာ ဖြစ်စဉ်အမှန်တကယ်ဖြစ်ပွားခဲ့ပါက ဥပဒေနဲ့ အညီအရေးယူဆောင်ရွက်သွားမှာ ဖြစ်သလိုတိုင်ကြားစာနဲ့ပတ်သက်ပြီး ပြည်ထောင်စုအဆင့်ထိ တင်ပြသွားမယ်လို့ သိရပါတယ်။ ဒီသတင်းကို မော်လမြိုင်ဗျူရိုမှ ဗထူးက သထုံမြို့မှ ပေးပို့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Central News Bureau
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top