Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ေရာမအင္ပါယာကို တည္ေထာင္သူ ဩဂတ္စတက္ဆီဇာ ( Augustus Caesar) (ဘီစီ ၆၃-ေအဒီ ၁၄) အား သမိုင္းတြင္ ဘက္စုံေတာ္သည့္ ပညာရွင္အျဖစ္ေတြ႕ရမည္ျဖစ္သည္။ သူအစပ်ိဳးလိုက္သည့္ ေရာမအင္ပါယာသည္ ႏွစ္၂၀၀ ခန္႔ကာလအတြင္း အင္အားႀကီးျခင္း၊ ႂကြယ္၀ျခင္း၊ တန္ခိုးေက်ာ္ေဇာျခင္း၊ ၿငိမ္းခ်မ္းစည္ပင္ျခင္း အစရွိသည့္ အက်ိဳးမ်ားကိုရရွိခဲ့သည္။

အမည္ရင္းမွာ ဂီယာ့စ္ ေအာ္ေတးဗီယာ့စ္ (Gaius Octavius) ျဖစ္ၿပီး အမ်ားက ေအာ္ေတးဗီးယန္း (Octavian) ဟု အေခၚမ်ားသည့္ ဩဂတ္စတက္ဆီဇာကို မိဘမ်ားသာမက အဖိုးျဖစ္သူကပါ သားအျဖစ္ေမြးစားၿပီး လူလားေျမာက္ခ်ိန္ထိ ႏိုင္ငံေရး၊ အုပ္ခ်ဳပ္ေရးႏွင့္ ပတ္သက္သည့္ ပညာရပ္မ်ားကို ထိုအဖိုးက ေကာင္းစြာသင္ၾကားေပးခဲ့သည္။ အဖိုးမွာ အျခားသူမဟုတ္။ နာမည္ႀကီး ဂ်ဴးလိယက္ဆီဇာ (Julius Caesar) (ဘီစီ ၁၀၀-၄၄) ျဖစ္သည္။ ဘီစီ ၄၄ တြင္ ဂ်ဴးလိယက္ဆီဇာ လုပ္ႀကံခံရၿပီး ေရာမႏိုင္ငံေရးနယ္ပယ္တြင္ အဆက္မျပတ္ အာဏာလုပြဲမ်ား ျဖစ္ခဲ့ရၿပီး ျပည္တြင္းစစ္ဟု ဆိုရေလာက္ေအာင္ပင္ စစ္ပြဲမ်ားျဖစ္ခဲ့သည္။

ဆီဇာကြယ္လြန္ေလေသာ္ ေအာ့ေတး ဗီးယပ္သည္ ေရာမၿမိဳ႕သို႔ျပန္လာ၍ ဂီယာ့စ္ ဂ်ဴးလီယပ္ ဆီဇာ ေအာ္ေတးဗီးယန္းဟူေသာ အမည္ကို ခံယူေလသည္။ ဆီဇာ ကြယ္လြန္ၿပီးေနာက္ ေရာမႏိုင္ငံေရး အေျခအေနမွာ ႐ႈပ္ေထြး လ်က္ရွိသည္။ ဆီဇာ၏လက္႐ုံးျဖစ္ေသာ မတ္အန္တိုနီကလည္း ေရာမၿမိဳ႕ကို အုပ္ခ်ဳပ္လ်က္ရွိသည္။ ဆီဇာကိုလုပ္ႀကံသတ္ျဖတ္ခဲ့ ၾကေသာ သမၼတဂိုဏ္းသားတို႔လည္း ေရာမႏိုင္ငံ အေရွ႕ပိုင္းတြင္ မင္းမူလ်က္ရွိၾကသည္။ ေအာ္ေတးဗီးယန္း တစ္ေယာက္လည္း ထိုစစ္ပြဲမ်ား၊ အာဏာလုပြဲမ်ားတြင္ ပါဝင္ခဲ့သည္။ လူငယ္ျဖစ္သည့္အျပင္ ဂ်ဳးလိယက္ဆီဇာ၏ ေမြးစားသားျဖစ္သည္ ဆိုသည့္ဂုဏ္ေလာက္သာရွိသျဖင့္ အမ်ားကပင္ ဂ႐ုတစိုက္မရွိခဲ့ၾကေပ။ သို႔ေသာ္ အဖိုး၏ပညာအေမြကို ေကာင္းစြာဆက္ခံခဲ့သည့္ ေအာက္တာဗီယံသည္ ထိုအခ်က္ကိုပင္ ပါးနပ္စြာအသုံးခ်ၿပီး ဂ်ဴးလိယက္ဆီဇာ၏ သူရဲေကာင္း ၃၀၀၀ ျဖင့္ ဖြဲ႕စည္းခဲ့သည့္ ျမင္းတပ္ (လီဂ်င္းစ္-Legions) ၏ ေထာက္ခံမႈကို အလ်င္ရယူသည္။ ထိုေနာက္ ၿပိဳင္ဖက္မ်ားကို ဖယ္ရွားၿပီး ထိပ္ဆုံးေရာက္သည္အထိ တက္လွမ္းခဲ့သည္။ သို႔ေသာ္ အမ်ားစုျဖစ္သည့္ က်န္တပ္ဖြဲ႕မ်ားက ေအာ္ေတးဗီးယန္း၏ မိတ္ေဆြရင္းျဖစ္သူ မက္ခ္ အန္တိုနီ (Mark Antony) ကို ေထာက္ခံခဲ့ၾကသျဖင့္ စစ္ပြဲမ်ား ဆက္လက္ျဖစ္ပြားခဲ့ၿပီးေနာက္ စစ္ခဏနားခ်ိန္ ဘီစီ ၃၆ တြင္ ေရာမ၏နယ္ပယ္ႀကီးမွာ အေရွ႕ႏွင့္အေနာက္ဟု ထင္ထင္ရွားရွားပင္ ႏွစ္ျခမ္းကြဲေတာ့သည္။ အေရွ႕ဖက္ျခမ္းကို မက္ခ္ အန္တိုနီက အုပ္ခ်ဳပ္ၿပီး အေနာက္ျခမ္းကို ေအာက္တာဗီယံက အုပ္ခ်ဳပ္သည္။

ထိုစစ္နားခ်ိန္မ်ားအတြင္း အန္တိုနီမွာ အီဂ်စ္ဘုရင္မ ကလီယို ပက္ထရာ၏ မာယာစက္ကြင္းတြင္ ႏွစ္ေျမာကာ ႏိုင္ငံေရးရာမ်ားတြင္ လွစ္ဟင္းေနေသာ္ျငား ေအာ္ေတးဗီးယန္းအေနျဖင့္ မိမိ၏အေနအထားကို ခိုင္မာသထက္ ခိုင္မာေစရန္ ႀကိဳးပမ္းအားထုတ္ေနခဲ့သည္။ သို႔ျဖင့္ ဘီစီ ၃၂ စစ္ျပန္စခ်ိန္တြင္ ေအာ္ေတးဗီယန္း ဦးေဆာင္သည့္ တပ္မ်ား ထင္ထင္ရွားရွားပင္ အသာရသည္။ ဘီစီ ၃၁ တြင္ ျဖစ္ပြားသည့္ အက္တီယမ္ (Actium) စစ္ပြဲအၿပီး ေနာက္တစ္ႏွစ္တြင္ ေအာ္ေတးဗီးယန္း အျပတ္အသတ္ႏိုင္ၿပီး ေနာက္ႏွစ္တြင္ စစ္႐ႈံးသည့္ အန္တိုနီႏွင့္ ကလိုယိုပက္ထရာတို႔ အဆိပ္ေသာက္ကာ ကိုယ့္ကိုယ္ကို အဆုံးစီရင္သြားၾကသျဖင့္ စစ္ပြဲအဆုံးသတ္ၿပီး ေအာ္ေတးဗီးယန္း အေနျဖင့္ ယခင္ ၁၄ ႏွစ္က အဖိုးျဖစ္သူရရွိခဲ့သည့္ ဩဇာအာဏာကို တန္းတူရရွိခဲ့သည္။

ဂ်ဴးလိယက္ဆီဇာ လုပ္ႀကံခံရၿပီးေနာက္တြင္ ျဖစ္ပြားသည့္ အာဏာလုပြဲမ်ားေၾကာင့္ ျပည္သူတို႔အေနျဖင့္ သမၼတစနစ္ကို အယုံအၾကည္ကင္းကာ မိမိတို႔၏ ၿငိမ္းခ်မ္းေရးကို ေဆာင္႐ြက္ေပးႏိုင္မည့္ မင္းေကာင္းမင္းျမတ္ကို ေမၽွာ္လင့္ေနၾကခ်ိန္ျဖစ္သည္။ ထိုအခ်က္ကို ေကာင္းစြာနားလည္သည့္ ေအာေတဗီယံသည္ အာဏာရသည္ႏွင့္ စစ္ပြဲကာလမ်ားတြင္ ရက္စက္စြာ တိုက္ခိုက္တတ္သည့္ ပုံမွ အလြန္ပင္ ၾကင္နာသနားတတ္သူအျဖစ္ ေျပာင္းလဲလာၿပီး လူအမ်ားအက်ိဳးကို ထမ္း႐ြက္ေတာ့သည္။

ေရွးဦးစြာ သမၼတႏိုင္ငံ ျပန္လည္ထူေထာင္ေပးမည္ဟုဆိုကာ ရာထူးအားလုံးမွ ႏႈတ္ထြက္ေပးၿပီး လႊတ္ေတာ္ (ဆီးနိတ္) အဖြဲ႕ဝင္မ်ားကို စိတ္ေက်နပ္ေစရန္ ေဆာင္႐ြက္ႏိုင္သည္။ ထို႔ေၾကာင့္ လႊတ္ေတာ္က ဩဂတ္စတက္ဆီဇာ (အဓိပၸါယ္မွာ ထိပ္ဆုံးက ျပည္သူ – Princeps) ဟူေသာဘြဲ႕ျဖင့္ ဂုဏ္ျပဳခဲ့သည္။ အမွန္တကယ္တြင္ ေရာမရွိတပ္မ်ားကိုသာ လက္လြတ္ၿပီး စပိန္၊ ေဂါလ္ (ယေန႔ျပင္သစ္) ႏွင့္ ဆီးရီးယားနယ္မ်ားမွ တပ္မ်ားကိုမူ လက္ေအာက္တြင္ ဆက္လက္ထားရွိေနေသးသည္။

ကတိအတိုင္း သမၼတႏိုင္ငံ ထူေထာင္ေပးေသာ္လည္း အမည္ခံမၽွသာျဖစ္သည္။ အမွန္အစစ္ အာဏာရွင္မွာ ဩဂတ္စတက္ဆီဇာ သာျဖစ္သည္။ အေၾကာင္းမွာ လႊတ္ေတာ္ကို ေကာင္းစြာ အေရးေပးဆက္ဆံသျဖင့္ ၎၏စိတ္ဆႏၵရွိသေလာက္ကို အတားအဆီးမဲ့ပင္ ေထာက္ခံေပးခဲ့ၾကေသာေၾကာင့္ျဖစ္သည္။ ေအဒီ ၁၄ သူကြယ္လြန္ခ်ိန္တြင္မူ သမၼတစနစ္မွ ဘုရင္စနစ္သို႔ ျပန္လည္ကူးေျပာင္းၿပီး ျဖစ္သျဖင့္ ေမြးစားသား (မယားပါသား) ျဖစ္သူက ဧကရာဇ္အျဖစ္ႏွင့္ အတားအဆီးမရွိ ၿငိမ္းခ်မ္းစြာပင္ နန္းတက္ႏိုင္ခဲ့သည္။

သမိုင္းတြင္ ဩဂတ္စတက္ဆီဇာ ကဲ့သို႔ ျပည္သူ႕အက်ိဳးျပဳ လုပ္ငန္းမ်ားကို ေဆာင္႐ြက္ခဲ့သည့္ အာဏာရွင္မွာ ရွာမွရွားသည္ဟုဆိုရမည္။

– ေအာင္ႏိုင္သူ စစ္ဗိုလ္ခ်ဳပ္အျဖစ္သာမက ႏိုင္ငံေရးတြင္လည္း ဂု႐ုတစ္ဆူျဖစ္သည္။ လိုက္ေလ်ာမႈျဖင့္ ျပည္တြင္းမွ မညီၫြတ္မႈမ်ားကို ၿပီးေပ်ာက္ေစခဲ့သည္။
– အုပ္စိုးခ်ိန္ ႏွစ္ ၄၀ သာမက၊ သူကြယ္လြန္ၿပီးေနာက္တြင္ပင္ သူ၏ဩဇာမွာ ထင္ထင္ရွားရွား က်န္ရွိေနေသးသည္။ သက္ရွိထင္ရွား ရွိစဥ္တြင္ စပိန္၊ ဆြစ္ဇာလန္၊ အာရွမိုင္းနားႏွင့္ ေဘာလ္ကန္ေဒသမ်ားကို သိမ္းပိုက္ခဲ့ၿပီး၊ ေျမာက္ဖက္နယ္နိမိတ္ကိုလည္း ႐ိုင္း-ဒန္းႏ်ဳ (Rhine-Daunbe) မ်ဥ္းအတိုင္း ထားရွိႏိုင္ခဲ့သည္။ ေနာင္ႏွစ္ ၂၀၀ ခန္႔အထိ ထိုနယ္နိမိတ္မ်ဥ္းအတိုင္း တည္တံ့ခဲ့သည္။
– ထိုအခ်က္မ်ားအျပင္ ဩဂတ္စတက္ဆီဇာသည္ အလြန္အေမၽွာ္အျမင္ရွိ အုပ္ခ်ဳပ္ေရး ပညာရွင္လည္းျဖစ္သည္။ ျပည္သူ႕ဝန္ထမ္းစနစ္ကို ေကာင္းစြာျပင္ဆင္ဖြဲ႕စည္းခဲ့သည္။ အခြန္ေကာက္ခံပုံ၊ ဘ႑ာေရးစနစ္ႏွင့္ စစ္တပ္တို႔ကို ျပန္လည္ျပင္ဆင္ၿပီး အၿမဲတမ္းေရတပ္ကို ဖြဲ႕စည္းသည္။ ပေရတိုရီယမ္ ဂါတ္ (Praetorium Guard) အမည္ရွိ ကိုယ္ရံေတာ္တပ္ဖြဲ႕ကို ဖြဲ႕စည္းေပးခဲ့သည္။ ထိုတပ္ဖြဲ႕မွာ ေနာင္တြင္ ေရာမဧကရာဇ္ေနရာကိုပင္ အေျပာင္းအလဲလုပ္ႏိုင္သည္အထိ အေရးပါလာခဲ့သည္။
– သူ႕လက္ထက္တြင္ ကြန္ယက္မ်ားသဖြယ္ လမ္းမႀကီးမ်ားကို ေဖာက္လုပ္ေပးခဲ့သည္။ ထို႔ေၾကာင့္ပင္ လမ္းအားလုံးသည္ ေရာမသို႔ဦးတည္သည္ ဟူေသာဆို႐ိုးပင္ ျဖစ္ေပၚလာခဲ့သည္။ ေရာမၿမိဳ႕ကိုလည္း ျပည္သူ႕အေဆာက္အဦးမ်ား၊ ဘာသာေရး ဝတ္ေက်ာင္းမ်ား တည္ေဆာက္ေပးျခင္းျဖင့္ သာယာစည္ပင္ေစသည္။ ကိုယ္တိုင္ကလည္း ေရာမေရွးဓေလ့ထုံးစံမ်ားကို လိုက္နာၿပီး လပ္ထက္ျခင္း၊ သားသမီးပြားမ်ားျခင္းကို ဥပေဒျပဳကာ ေကာင္းစြာအားေပးခဲ့သည္။
– အာဏာရခ်ိန္ ဘီစီ ၃၀ ဝန္းက်င္မွစကာ ေရာမသည္ ေအးခ်မ္းသာယာလာသျဖင့္ စီးပြားေရးတြင္ အလြန္ဖြံၿဖိဳးလာသည္။ အက်ိဳးဆက္အျဖစ္ အႏုပညာရပ္မ်ားပါ အရွိန္အဟုန္ျဖင့္ တိုးတက္လာၿပီး ေရာမ၏အႏုပညာေ႐ႊေခတ္ဟုပင္ တင္စားေခၚၾကသည္။ ထိုေခတ္တြင္ အေက်ာ္ၾကားဆုံးေသာ ကဗ်ာဆရာမ်ားျဖစ္သည့္ ဗားေဂ်း (Virgil) ႏွင့္ ေဟာေရ႕စ္ (Horace)၊ လီဗီ (Livy) တို႔ ေပၚေပါက္လာသည္။ အိုဗိဒ္ (Ovid) ကိုမူ ဩဂတ္စတက္ဆီဇာႏွင့္ မသင့္ျမတ္ေသာေၾကာင့္ ျပည္ႏွင္ဒဏ္ေပးခဲ့သည္။
READ  သမုိင္းတစ္ေလွ်ာက္ ကမာၻ႔အေတာ္ဆုံး အမ်ဳိးသမီးလက္ေျဖာင့္ေသနတ္သမား

ထို႔ေၾကာင့္ ေနာင္အခါ၌ စာေပထြန္းကားေသာေခတ္ကို ဩဂတ္စတက္ ေခတ္ ဟူ၍ ေခၚစမွတ္ျပဳၾကေလသည္။ ဩဂတ္စတက္ ဘုရင္သည္ စာေပဖြံ႕ၿဖိဳးတိုးတက္ေရးကို ခ်ီးေျမႇာက္အားေပးခဲ့သည္သာမက၊ ေရာမၿမိဳ႕ေတာ္ကိုလည္း ခမ္းနားတင့္တယ္ေအာင္ မြမ္းမံျပင္ဆင္ခဲ့ေလသည္။ ထို႔ေၾကာင့္ ဩဂတ္စတက္ သည္ အုတ္ျဖင့္တည္ေဆာက္ခဲ့ေသာ ၿမိဳ႕ကို ေက်ာက္ျဖင့္ မြမ္းမံေပးခဲ့သည္ ဟုဆိုၾကသည္။ ႏိုင္ငံတြင္း၌ လမ္းမႀကီးမ်ား၊ ေရသြယ္ႁပြန္မ်ား၊ တံတားမ်ားကို ေဆာက္လုပ္ ခဲ့သည္။ ေငြေၾကးစနစ္၊ စာပို႔စနစ္၊ ျပည္နယ္အခ်င္းခ်င္း လြတ္ လပ္စြာ ကုန္သြယ္မႈစနစ္တို႔ကိုလည္း ျပဳျပင္တီထြင္ခဲ့ ေပသည္။ ဩဂတ္စတက္ဘုရင္ လက္ ထက္တြင္ ပါလက္စတိုင္းျပည္၌ ခရစ္ေတာ္ေယ႐ႈဖြားျမင္ခဲ့ေလသည္။

သားေယာက္်ားမထြန္းကားေပ။ တူတစ္ေယာက္ႏွင့္ ေျမးႏွစ္ေယာက္တို႔က သူ႕အလ်င္ ကြယ္လြန္ၾကသျဖင့္ အေမြဆက္ခံရန္ မယားပါသားျဖစ္သူ တီဗာရီယက္စ္ (Tiberius) ကို ေမြးစားခဲ့ရသည္။ သို႔ေသာ္ ၎တို႔ေနာက္ဆက္ခံသည့္ မင္းမ်ားတြင္ မင္းဆိုးမင္းညစ္မ်ား ပါဝင္လာသျဖင့္ အခ်ိန္တိုအတြင္း မင္းဆက္ျပတ္ခဲ့ေသာ္လည္း ေရာမအင္ပါယာမွာ ႏွစ္ ၂၀၀ နီးပါးထိ မၿပိဳကြဲသည့္အတြက္ ဩဂတ္စတက္ဆီဇာ၏ ေက်းဇူးႀကီးသည္ဟုဆိုႏိုင္သည္။

အခ်ဳပ္ဆိုရလၽွင္ ဩဂတ္စတက္ဆီဇာကို မဟာအလက္ဇႏၵား၊ ဂ်င္ဂစ္ခန္၊ နပိုလီယန္ႏွင့္ ေဂ်ာ့ခ္် ဝါရွင္တန္ အစရွိသည့္ တိုင္းျပည္ထူေထာင္သူ၊ နယ္ပယ္သိမ္းသြင္းေရးသမား၊ စစ္ဗိုလ္ခ်ဳပ္မ်ားႏွင့္ ႏႈိင္းယွဥ္ၾကေသာ္လည္း အားလုံးထက္ ဩဂတ္စတက္ဆီဇာ၏ ဩဇာႏွင့္ အက်ိဳးျပဳမႈက ပိုရွည္ၾကာသည္၊ ပိုႀကီးက်ယ္ ခမ္းနားသည္ဟု ဆိုႏိုင္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေဒါက္တာသန္းထြန္း
ျမန္မာ့စြယ္စုံက်မ္း၊ အတြဲ(၁၅)

# Unicode Version ျဖင့္ ဖတ္ပါ #

ရောမအင်ပါယာကို တည်ထောင်သူ ဩဂတ်စတက်ဆီဇာ ( Augustus Caesar) (ဘီစီ ၆၃-အေဒီ ၁၄) အား သမိုင်းတွင် ဘက်စုံတော်သည့် ပညာရှင်အဖြစ်တွေ့ရမည်ဖြစ်သည်။ သူအစပျိုးလိုက်သည့် ရောမအင်ပါယာသည် နှစ်၂၀၀ ခန့်ကာလအတွင်း အင်အားကြီးခြင်း၊ ကြွယ်ဝခြင်း၊ တန်ခိုးကျော်ဇောခြင်း၊ ငြိမ်းချမ်းစည်ပင်ခြင်း အစရှိသည့် အကျိုးများကိုရရှိခဲ့သည်။

အမည်ရင်းမှာ ဂီယာ့စ် အော်တေးဗီယာ့စ် (Gaius Octavius) ဖြစ်ပြီး အများက အော်တေးဗီးယန်း (Octavian) ဟု အခေါ်များသည့် ဩဂတ်စတက်ဆီဇာကို မိဘများသာမက အဖိုးဖြစ်သူကပါ သားအဖြစ်မွေးစားပြီး လူလားမြောက်ချိန်ထိ နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် ပတ်သက်သည့် ပညာရပ်များကို ထိုအဖိုးက ကောင်းစွာသင်ကြားပေးခဲ့သည်။ အဖိုးမှာ အခြားသူမဟုတ်။ နာမည်ကြီး ဂျူးလိယက်ဆီဇာ (Julius Caesar) (ဘီစီ ၁၀၀-၄၄) ဖြစ်သည်။ ဘီစီ ၄၄ တွင် ဂျူးလိယက်ဆီဇာ လုပ်ကြံခံရပြီး ရောမနိုင်ငံရေးနယ်ပယ်တွင် အဆက်မပြတ် အာဏာလုပွဲများ ဖြစ်ခဲ့ရပြီး ပြည်တွင်းစစ်ဟု ဆိုရလောက်အောင်ပင် စစ်ပွဲများဖြစ်ခဲ့သည်။

ဆီဇာကွယ်လွန်လေသော် အော့တေး ဗီးယပ်သည် ရောမမြို့သို့ပြန်လာ၍ ဂီယာ့စ် ဂျူးလီယပ် ဆီဇာ အော်တေးဗီးယန်းဟူသော အမည်ကို ခံယူလေသည်။ ဆီဇာ ကွယ်လွန်ပြီးနောက် ရောမနိုင်ငံရေး အခြေအနေမှာ ရှုပ်ထွေး လျက်ရှိသည်။ ဆီဇာ၏လက်ရုံးဖြစ်သော မတ်အန်တိုနီကလည်း ရောမမြို့ကို အုပ်ချုပ်လျက်ရှိသည်။ ဆီဇာကိုလုပ်ကြံသတ်ဖြတ်ခဲ့ ကြသော သမ္မတဂိုဏ်းသားတို့လည်း ရောမနိုင်ငံ အရှေ့ပိုင်းတွင် မင်းမူလျက်ရှိကြသည်။ အော်တေးဗီးယန်း တစ်ယောက်လည်း ထိုစစ်ပွဲများ၊ အာဏာလုပွဲများတွင် ပါဝင်ခဲ့သည်။ လူငယ်ဖြစ်သည့်အပြင် ဂျုးလိယက်ဆီဇာ၏ မွေးစားသားဖြစ်သည် ဆိုသည့်ဂုဏ်လောက်သာရှိသဖြင့် အများကပင် ဂရုတစိုက်မရှိခဲ့ကြပေ။ သို့သော် အဖိုး၏ပညာအမွေကို ကောင်းစွာဆက်ခံခဲ့သည့် အောက်တာဗီယံသည် ထိုအချက်ကိုပင် ပါးနပ်စွာအသုံးချပြီး ဂျူးလိယက်ဆီဇာ၏ သူရဲကောင်း ၃၀၀၀ ဖြင့် ဖွဲ့စည်းခဲ့သည့် မြင်းတပ် (လီဂျင်းစ်-Legions) ၏ ထောက်ခံမှုကို အလျင်ရယူသည်။ ထိုနောက် ပြိုင်ဖက်များကို ဖယ်ရှားပြီး ထိပ်ဆုံးရောက်သည်အထိ တက်လှမ်းခဲ့သည်။ သို့သော် အများစုဖြစ်သည့် ကျန်တပ်ဖွဲ့များက အော်တေးဗီးယန်း၏ မိတ်ဆွေရင်းဖြစ်သူ မက်ခ် အန်တိုနီ (Mark Antony) ကို ထောက်ခံခဲ့ကြသဖြင့် စစ်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီးနောက် စစ်ခဏနားချိန် ဘီစီ ၃၆ တွင် ရောမ၏နယ်ပယ်ကြီးမှာ အရှေ့နှင့်အနောက်ဟု ထင်ထင်ရှားရှားပင် နှစ်ခြမ်းကွဲတော့သည်။ အရှေ့ဖက်ခြမ်းကို မက်ခ် အန်တိုနီက အုပ်ချုပ်ပြီး အနောက်ခြမ်းကို အောက်တာဗီယံက အုပ်ချုပ်သည်။

ထိုစစ်နားချိန်များအတွင်း အန်တိုနီမှာ အီဂျစ်ဘုရင်မ ကလီယို ပက်ထရာ၏ မာယာစက်ကွင်းတွင် နှစ်မြောကာ နိုင်ငံရေးရာများတွင် လှစ်ဟင်းနေသော်ငြား အော်တေးဗီးယန်းအနေဖြင့် မိမိ၏အနေအထားကို ခိုင်မာသထက် ခိုင်မာစေရန် ကြိုးပမ်းအားထုတ်နေခဲ့သည်။ သို့ဖြင့် ဘီစီ ၃၂ စစ်ပြန်စချိန်တွင် အော်တေးဗီယန်း ဦးဆောင်သည့် တပ်များ ထင်ထင်ရှားရှားပင် အသာရသည်။ ဘီစီ ၃၁ တွင် ဖြစ်ပွားသည့် အက်တီယမ် (Actium) စစ်ပွဲအပြီး နောက်တစ်နှစ်တွင် အော်တေးဗီးယန်း အပြတ်အသတ်နိုင်ပြီး နောက်နှစ်တွင် စစ်ရှုံးသည့် အန်တိုနီနှင့် ကလိုယိုပက်ထရာတို့ အဆိပ်သောက်ကာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားကြသဖြင့် စစ်ပွဲအဆုံးသတ်ပြီး အော်တေးဗီးယန်း အနေဖြင့် ယခင် ၁၄ နှစ်က အဖိုးဖြစ်သူရရှိခဲ့သည့် ဩဇာအာဏာကို တန်းတူရရှိခဲ့သည်။

ဂျူးလိယက်ဆီဇာ လုပ်ကြံခံရပြီးနောက်တွင် ဖြစ်ပွားသည့် အာဏာလုပွဲများကြောင့် ပြည်သူတို့အနေဖြင့် သမ္မတစနစ်ကို အယုံအကြည်ကင်းကာ မိမိတို့၏ ငြိမ်းချမ်းရေးကို ဆောင်ရွက်ပေးနိုင်မည့် မင်းကောင်းမင်းမြတ်ကို မျှော်လင့်နေကြချိန်ဖြစ်သည်။ ထိုအချက်ကို ကောင်းစွာနားလည်သည့် အောတေဗီယံသည် အာဏာရသည်နှင့် စစ်ပွဲကာလများတွင် ရက်စက်စွာ တိုက်ခိုက်တတ်သည့် ပုံမှ အလွန်ပင် ကြင်နာသနားတတ်သူအဖြစ် ပြောင်းလဲလာပြီး လူအများအကျိုးကို ထမ်းရွက်တော့သည်။

ရှေးဦးစွာ သမ္မတနိုင်ငံ ပြန်လည်ထူထောင်ပေးမည်ဟုဆိုကာ ရာထူးအားလုံးမှ နှုတ်ထွက်ပေးပြီး လွှတ်တော် (ဆီးနိတ်) အဖွဲ့ဝင်များကို စိတ်ကျေနပ်စေရန် ဆောင်ရွက်နိုင်သည်။ ထို့ကြောင့် လွှတ်တော်က ဩဂတ်စတက်ဆီဇာ (အဓိပ္ပါယ်မှာ ထိပ်ဆုံးက ပြည်သူ – Princeps) ဟူသောဘွဲ့ဖြင့် ဂုဏ်ပြုခဲ့သည်။ အမှန်တကယ်တွင် ရောမရှိတပ်များကိုသာ လက်လွတ်ပြီး စပိန်၊ ဂေါလ် (ယနေ့ပြင်သစ်) နှင့် ဆီးရီးယားနယ်များမှ တပ်များကိုမူ လက်အောက်တွင် ဆက်လက်ထားရှိနေသေးသည်။

ကတိအတိုင်း သမ္မတနိုင်ငံ ထူထောင်ပေးသော်လည်း အမည်ခံမျှသာဖြစ်သည်။ အမှန်အစစ် အာဏာရှင်မှာ ဩဂတ်စတက်ဆီဇာ သာဖြစ်သည်။ အကြောင်းမှာ လွှတ်တော်ကို ကောင်းစွာ အရေးပေးဆက်ဆံသဖြင့် ၎င်း၏စိတ်ဆန္ဒရှိသလောက်ကို အတားအဆီးမဲ့ပင် ထောက်ခံပေးခဲ့ကြသောကြောင့်ဖြစ်သည်။ အေဒီ ၁၄ သူကွယ်လွန်ချိန်တွင်မူ သမ္မတစနစ်မှ ဘုရင်စနစ်သို့ ပြန်လည်ကူးပြောင်းပြီး ဖြစ်သဖြင့် မွေးစားသား (မယားပါသား) ဖြစ်သူက ဧကရာဇ်အဖြစ်နှင့် အတားအဆီးမရှိ ငြိမ်းချမ်းစွာပင် နန်းတက်နိုင်ခဲ့သည်။

သမိုင်းတွင် ဩဂတ်စတက်ဆီဇာ ကဲ့သို့ ပြည်သူ့အကျိုးပြု လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည့် အာဏာရှင်မှာ ရှာမှရှားသည်ဟုဆိုရမည်။

– အောင်နိုင်သူ စစ်ဗိုလ်ချုပ်အဖြစ်သာမက နိုင်ငံရေးတွင်လည်း ဂုရုတစ်ဆူဖြစ်သည်။ လိုက်လျောမှုဖြင့် ပြည်တွင်းမှ မညီညွတ်မှုများကို ပြီးပျောက်စေခဲ့သည်။
– အုပ်စိုးချိန် နှစ် ၄၀ သာမက၊ သူကွယ်လွန်ပြီးနောက်တွင်ပင် သူ၏ဩဇာမှာ ထင်ထင်ရှားရှား ကျန်ရှိနေသေးသည်။ သက်ရှိထင်ရှား ရှိစဉ်တွင် စပိန်၊ ဆွစ်ဇာလန်၊ အာရှမိုင်းနားနှင့် ဘောလ်ကန်ဒေသများကို သိမ်းပိုက်ခဲ့ပြီး၊ မြောက်ဖက်နယ်နိမိတ်ကိုလည်း ရိုင်း-ဒန်းနျု (Rhine-Daunbe) မျဉ်းအတိုင်း ထားရှိနိုင်ခဲ့သည်။ နောင်နှစ် ၂၀၀ ခန့်အထိ ထိုနယ်နိမိတ်မျဉ်းအတိုင်း တည်တံ့ခဲ့သည်။
– ထိုအချက်များအပြင် ဩဂတ်စတက်ဆီဇာသည် အလွန်အမျှော်အမြင်ရှိ အုပ်ချုပ်ရေး ပညာရှင်လည်းဖြစ်သည်။ ပြည်သူ့ဝန်ထမ်းစနစ်ကို ကောင်းစွာပြင်ဆင်ဖွဲ့စည်းခဲ့သည်။ အခွန်ကောက်ခံပုံ၊ ဘဏ္ဍာရေးစနစ်နှင့် စစ်တပ်တို့ကို ပြန်လည်ပြင်ဆင်ပြီး အမြဲတမ်းရေတပ်ကို ဖွဲ့စည်းသည်။ ပရေတိုရီယမ် ဂါတ် (Praetorium Guard) အမည်ရှိ ကိုယ်ရံတော်တပ်ဖွဲ့ကို ဖွဲ့စည်းပေးခဲ့သည်။ ထိုတပ်ဖွဲ့မှာ နောင်တွင် ရောမဧကရာဇ်နေရာကိုပင် အပြောင်းအလဲလုပ်နိုင်သည်အထိ အရေးပါလာခဲ့သည်။
– သူ့လက်ထက်တွင် ကွန်ယက်များသဖွယ် လမ်းမကြီးများကို ဖောက်လုပ်ပေးခဲ့သည်။ ထို့ကြောင့်ပင် လမ်းအားလုံးသည် ရောမသို့ဦးတည်သည် ဟူသောဆိုရိုးပင် ဖြစ်ပေါ်လာခဲ့သည်။ ရောမမြို့ကိုလည်း ပြည်သူ့အဆောက်အဦးများ၊ ဘာသာရေး ဝတ်ကျောင်းများ တည်ဆောက်ပေးခြင်းဖြင့် သာယာစည်ပင်စေသည်။ ကိုယ်တိုင်ကလည်း ရောမရှေးဓလေ့ထုံးစံများကို လိုက်နာပြီး လပ်ထက်ခြင်း၊ သားသမီးပွားများခြင်းကို ဥပဒေပြုကာ ကောင်းစွာအားပေးခဲ့သည်။
– အာဏာရချိန် ဘီစီ ၃၀ ဝန်းကျင်မှစကာ ရောမသည် အေးချမ်းသာယာလာသဖြင့် စီးပွားရေးတွင် အလွန်ဖွံဖြိုးလာသည်။ အကျိုးဆက်အဖြစ် အနုပညာရပ်များပါ အရှိန်အဟုန်ဖြင့် တိုးတက်လာပြီး ရောမ၏အနုပညာရွှေခေတ်ဟုပင် တင်စားခေါ်ကြသည်။ ထိုခေတ်တွင် အကျော်ကြားဆုံးသော ကဗျာဆရာများဖြစ်သည့် ဗားဂျေး (Virgil) နှင့် ဟောရေ့စ် (Horace)၊ လီဗီ (Livy) တို့ ပေါ်ပေါက်လာသည်။ အိုဗိဒ် (Ovid) ကိုမူ ဩဂတ်စတက်ဆီဇာနှင့် မသင့်မြတ်သောကြောင့် ပြည်နှင်ဒဏ်ပေးခဲ့သည်။
READ  သမိုင်းတစ်လျှောက် ကမ္ဘာ့အတော်ဆုံး အမျိုးသမီးလက်ဖြောင့်သေနတ်သမား

ထို့ကြောင့် နောင်အခါ၌ စာပေထွန်းကားသောခေတ်ကို ဩဂတ်စတက် ခေတ် ဟူ၍ ခေါ်စမှတ်ပြုကြလေသည်။ ဩဂတ်စတက် ဘုရင်သည် စာပေဖွံ့ဖြိုးတိုးတက်ရေးကို ချီးမြှောက်အားပေးခဲ့သည်သာမက၊ ရောမမြို့တော်ကိုလည်း ခမ်းနားတင့်တယ်အောင် မွမ်းမံပြင်ဆင်ခဲ့လေသည်။ ထို့ကြောင့် ဩဂတ်စတက် သည် အုတ်ဖြင့်တည်ဆောက်ခဲ့သော မြို့ကို ကျောက်ဖြင့် မွမ်းမံပေးခဲ့သည် ဟုဆိုကြသည်။ နိုင်ငံတွင်း၌ လမ်းမကြီးများ၊ ရေသွယ်ပြွန်များ၊ တံတားများကို ဆောက်လုပ် ခဲ့သည်။ ငွေကြေးစနစ်၊ စာပို့စနစ်၊ ပြည်နယ်အချင်းချင်း လွတ် လပ်စွာ ကုန်သွယ်မှုစနစ်တို့ကိုလည်း ပြုပြင်တီထွင်ခဲ့ ပေသည်။ ဩဂတ်စတက်ဘုရင် လက် ထက်တွင် ပါလက်စတိုင်းပြည်၌ ခရစ်တော်ယေရှုဖွားမြင်ခဲ့လေသည်။

သားယောက်ျားမထွန်းကားပေ။ တူတစ်ယောက်နှင့် မြေးနှစ်ယောက်တို့က သူ့အလျင် ကွယ်လွန်ကြသဖြင့် အမွေဆက်ခံရန် မယားပါသားဖြစ်သူ တီဗာရီယက်စ် (Tiberius) ကို မွေးစားခဲ့ရသည်။ သို့သော် ၎င်းတို့နောက်ဆက်ခံသည့် မင်းများတွင် မင်းဆိုးမင်းညစ်များ ပါဝင်လာသဖြင့် အချိန်တိုအတွင်း မင်းဆက်ပြတ်ခဲ့သော်လည်း ရောမအင်ပါယာမှာ နှစ် ၂၀၀ နီးပါးထိ မပြိုကွဲသည့်အတွက် ဩဂတ်စတက်ဆီဇာ၏ ကျေးဇူးကြီးသည်ဟုဆိုနိုင်သည်။

အချုပ်ဆိုရလျှင် ဩဂတ်စတက်ဆီဇာကို မဟာအလက်ဇန္ဒား၊ ဂျင်ဂစ်ခန်၊ နပိုလီယန်နှင့် ဂျော့ခ်ျ ဝါရှင်တန် အစရှိသည့် တိုင်းပြည်ထူထောင်သူ၊ နယ်ပယ်သိမ်းသွင်းရေးသမား၊ စစ်ဗိုလ်ချုပ်များနှင့် နှိုင်းယှဉ်ကြသော်လည်း အားလုံးထက် ဩဂတ်စတက်ဆီဇာ၏ ဩဇာနှင့် အကျိုးပြုမှုက ပိုရှည်ကြာသည်၊ ပိုကြီးကျယ် ခမ်းနားသည်ဟု ဆိုနိုင်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဒေါက်တာသန်းထွန်း
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top