Golden City Promotion
×

တေန႔သ၌ ေရႊရင္ေက်ာ္ဆရာ ဦးကိုကိုသည္ ေနထိုင္ရာ
အိမ္တြင္ ႐ွိေနခိုက္ ေယာက္ဖျဖစ္သူ ဦးထြန္းေအာင္ ေရးႀကီးသုတ္ျပာျဖင့္ေရာက္႐ွိလာေလသည္။
” ကိုကို ေဟ့ေရာင္ ကိုကို လာဦးကြ ”
” ဟ ထြန္းေအာင္ ေယာက္ဖ မင္းမလာစဖူး အလာထူးလွခ်ည္လား လာကြာထိုင္ ” ” ေအးကြာ ငါလည္း သားေရးသမီးေရး ဘာညာေတြေၾကာင့္ကြာ အခုကိစၥေပၚမွ လာတယ္ေျပာလည္း မင္းေျပာေတာ့ကြာ ငါခံပါ့မယ္ ”
” ကဲဆို ထြန္းေအာင္ ဘာကိစၥလဲ ”
” ေအး ငါ့ေယာကၡထီးႀကီးေပါ့ကြာ သူ႔ကိစၥ ”
” ဘာျဖစ္လို႔လဲ မင္းေယာကၡထီးႀကီး ေနေကာင္းတယ္မလား တေလာတုန္းကကို ငါမင္းတို႔အိမ္ေရာက္တုန္းက ငါ့ျမင္ေတာ့ သူက ဘုၾကည့္ၾကည့္ေသးတယ္ကြ ငါ သပ္လ်ိဳတာမဟုတ္ဘူး မင္းကိုလည္းမေတြ႔လို႔ ငါျပန္လွည့္လာတာ”
” ေအးကြာ ဘယ္လိုေျပာရမလဲ မသိဘူးကြာ အခုလည္း သူက အသက္သာႀကီးတာကြ အိမ္ကလူေတြ ဘယ္သူနဲ႔မွ မတည့္ဘူး အဲ တစ္ခုေတာ့႐ွိတယ္ သူစားခ်င္တာေလး ခ်က္ေကြၽးလိုက္လို႔ကေတာ့ ၿဖီးေနတာေမာင္ ”
” အင္း ေျပာပါဦီး ”
” ေန႔ခင္းဆို တစ္ေနကုန္ေစာင္ျခံဳေကြးေနတယ္ ညက်မွ ထထစားတာကြ ” ” ေန႔ခင္းမွာ အေပါ့အေလးေရာ ထသြားလား ” အဲတာေတာ့ သြားတယ္ကြ အဲလိုထခ်ိန္မွာ ဘာစားခ်င္ေၾကာင္း ေျပာတာပဲ ”
” ေနမေကာင္းျဖစ္တယ္လို႔လည္း မၾကားမိပါဘူးကြာ
မင္းေယာကၡထီးႀကီးက ” ” ေအး ေနေကာင္းတာကေတာ့ ေဒါင္ေဒါင္ျမည္ပဲ ညညထၿပီး စားလိုက္ေသာက္လိုက္တာကလည္း သူ႔အတြက္ဖယ္ထားတဲ့ ထမင္းအကုန္ေျပာင္ပဲ သူမဝရင္ မနက္က်ေတာ့ ဆဲဆိုေနတာပဲကြ အိမ္ကလူက သူအပါ ငါးေယာက္ကြာ အခု က်န္သူေလးေယာက္စားတာက အလြန္ဆံုး တစ္ရက္ကို ၃ ဗူး ၄ဗူးေပါ့ သူတစ္ေယာက္တည္း ထိုင္စားရင္ တို႔ေလးေယာက္စာနဲ႔ ညီတယ္ကြ ” ” !!!! ေဟ ”
” ဟင္းေရာ ထမင္းေရာ အိုးကပ္ေတာင္ မက်န္ဘူးေမာင္ အခုေနာက္ပိုင္း ပိုပိုဆိုးလာတယ္ ငါက သူ႔ကို အပမ်ားမွီေနသလားလို႔ မသကၤာျဖစ္လာတယ္ကြာ ” ” သူ ေနမေကာင္းတာ မ႐ွိဘူးေနာ္ ” ” ေန႔ခင္းဆိုရင္ ေစာင္ျခံဳေကြးေနတာကလြဲၿပီး အကုန္အေကာင္းကြ တခါတခါေတာ့ သူလုပ္ခ်င္ရာေတြ ေလွ်ာက္လုပ္တတ္တယ္”
” အဲတာကမင္းတို႔ ညားၿပီးေတာ့ သိပ္မၾကာခင္ ျဖစ္တာလား ဒါနဲ႔ေနပါဦး မင္းတို႔ ညားတာ ႏွစ္ ၂၀ ေလာက္ေတာင္႐ွိၿပီလားပဲ ဒီၾကားထဲ သူေနမေကာင္းတာ ႐ွိလား ”
” ငါတို႔ ယူၿပီးေနာက္ အဘိုးႀကီးေဆးရံုတင္ရေသးတယ္ေလကြာ အဲတုန္းက မရေတာ့ဘူးလို႔ကို ထင္တာ ဗ်ဳန္းစားႀကီး အိမ္ျပန္မယ္ ငါေနေကာင္းတယ္ဆိုၿပီး ေဆးရံုက ဇြတ္ဆင္းတာကြ ငါလည္း ေသမယ့္အတူတူ အိမ္ကို အသက္ပါလာေတာ့ ေတာ္ေသးတာေပါ့ဆိုၿပီးေတြးၿပီး သူ႔ကိုတြဲၿပီး ကားနဲ႔ ျပန္လာတာ အိမ္က်အေကာင္းဗ်ာ အဲအခ်ိန္ကစၿပီး သူ ေနမေကာင္းဘူးဆိုတာ မ႐ွိသေလာက္ပဲ တခါတခါ ေန႔ခင္း ေစာင္ႀကီးျခံဳၿပီး ညည္းေနတာကလြဲလို႔ေပါ့ ”
” ထူးဆန္းေနတယ္ေနာ္ ထြန္းေအာင္ ” ” ေအးကြ သူ႔ ပေယာဂေတြမ်ား ႐ွိေနမလားမသိဘူးေနာ္ ေယာက္ဖ”
” ငါ့အထင္မလြဲရင္ေပါ့ကြာ မင္းေယာကၡထီးႀကီးကို ငါ ကုရမယ္ဆိုရင္ အေခါင္းတခါတည္း ဝယ္ထားမွ သင့္မယ္ ထင္တယ္”
” !!! ဘာ …. ဘယ္လို မင္းဟာက မဦးမခြၽတ္
ကုလို႔ေသရတယ္လို႔ ကိုယ့္သိကၡာကိုမွ မေထာက္ ဖြဟဲ့ လြဲပါေစ ပယ္ပါေစ ” ” မင္းငါ့ပညာကို ယံုလား ” ” ေအးပါကြာ ပညာကို ယံုပါတယ္ မထင္မွတ္တဲ့ စကားမို႔ပါ ”
” မင္း မိန္းမကိုလည္း ေျပာျပထား ငါ မင္းအိမ္ကို တစ္ည ႏွစ္ညေတာ့ လာအိပ္ဦးမယ္ အတည္ျဖစ္မွ အေခါင္းဝယ္ေပါ့ ” ” ေအးပါ ေအးပါ ငါ့ေယာကၡထီးႀကီးက ဘာျဖစ္ေနတယ္လို႔ ထင္လဲ ” “ငါ့အထင္ မလြဲရင္ မင္းေယာကၡထီးက ဟိုးလြန္ခဲ့တဲ့ ႏွစ္ ၂၀ တည္းက ေသသြားၿပီကြ အခု မင္းအိမ္မွာ ေရာက္ေနတာက ဖုတ္ကြ ”
” ဟာ ဟုတ္ရဲ႕လားကြာ ” ” ငါထင္တာမလြဲရင္ေပါ့ ”
” ဒါဆို မင္း အခုလိုက္ခဲ့မွာလား ”
” သဘက္ခါ ”
ေနာက္ႏွစ္ရက္ေျမာက္တြင္ ဆရာကိုကိုသည္ သူ႔ေယာက္ဖ၏ေနအိမ္သို႔ ေရာက္႐ွိလာေလသည္။ အိမ္ေ႐ွ႕အေရာက္တြင္ ကိုထြန္းေအာင္၏ ေယာကၡထီးႀကီးသည္ ထင္းခြဲေနေလသည္။ အသက္ကား ၆၀ ဝန္းက်င္ခန္႔အရြယ္ႀကီးက ထင္ခြဲေနသည္မွာ မထင္မွတ္စရာပါေပ။
ဆရာကိုကိုအား ျမင္သည္ႏွင့္တၿပိဳင္နက္ ထင္းခြဲေနေသာ အဘိုးႀကီးသည္ ဓားမကို ပစ္ခ်၍ “ေဟ့ေကာင္ သူ႔ကို အိမ္ထဲ ေပးမဝင္နဲ႔ အဲလူက ေယာက်ာ္းစုန္းႀကီးကြ ” ဟုေျပာကာ အိမ္ေပၚသို႔ လွ်င္ျမန္စြာ တက္သြားၿပီးသကာလ သူ၏ အိပ္ယာထက္တြင္ ေစာင္ကို ေခါင္းၿမီးျခံဳ၍ ေနေလေတာ့သည္။
ဆရာကိုကိုက ေယာက္ဖျဖစ္သူအား ဘယ္လိုလဲ ဆိုေသာအၾကည့္ျဖင့္ ၾကည့္ေသာ္ ကိုထြန္းေအာင္မွ ေခါင္းၿငိမ့္ျပေလသည္။ ကိုထြန္းေအာင္၏ ဇနီးျဖစ္သူမၾကဴၾကဴခိုင္ကား သူမ၏ဖခင္အေၾကာင္း ကိုထြန္းေအာင္မွတဆင့္ ၾကားသိထား၍ မယံုတဝက္ ယံုတဝက္ျဖစ္သည့္ သ႑ာန္ ႐ွိေနေလေတာ့သည္။ သူမ၏ မ်က္ႏွာမွာကား သူမ၏ဖခင္ကို ဆရာကိုကိုမွ ထိုသို႔ ေျပာျခင္းအတြက္ မိမိ၏ဖခင္အား ထိပါးသည့္အရာဟု မွတ္ယူ၍လားမသိ ဆရာကိုကိုအားေတြ႔လွ်င္ ယခင္လို စကားသိပ္မေျပာေခ်။
ဆရာကိုကိုသည္ လ်ပ္တျပတ္ ျဖစ္ေပၚေသာအေျခအေနကို ဆရာပါးဝစြာ အကဲခတ္မိလိုက္ေလသည္။
ထမင္းဝိုင္းဝယ္ သံုးဦးသား လက္စံုစားေနၾကသည္။ သားႏွင့္ သမီးျဖစ္သူတို႔မွာ သားႀကီးတစ္ေယာက္က ရံုးသြားေနၿပီး အငယ္တစ္ေယာက္က ေက်ာင္းတက္ေနသည္။ ထမင္းခ်ိဳင့္ ထည့္ေပးလိုက္၍ ေန႔ခင္းတြင္ ျပန္မလာေပ။ ကိုထြန္းေအာင္၏ ေယာကၡမႀကီးမွာ ဆံုးသြားသည္မွာ သူတို႔ မယူခင္တည္းကပင္ျဖစ္သည္။
” ၾကဴၾကဴ ညီမေရ ညည္းအေဖကိုေရာ ထမင္းစားမေခၚဘူးလားဟ ”
” သူက ေန႔ခင္းဆိုမစားဘူးအစ္ကိုရဲ႕ ” ” ဘာလို႔တဲ့လဲ ”
” လက္႐ႈပ္လို႔တဲ့ ငါ့ဖာသာ ဆာတဲ့အခ်ိန္ထစားမယ္ဆိုၿပီး ေငါက္ေငါက္လႊတ္လို႔ သူ႔အတြက္ သီးသန္႔ဖယ္ေပးထားရတယ္ ”
” သူက ထမင္းေရာ စားႏိုင္ရဲ႕လား ညီမ ” အမွန္မွာ ဆရာကိုကိုက မသိဟန္ေဆာင္၍ ေမးျခင္းျဖစ္ေလသည္။
” စားတဲ့အခါက်ရင္ အေတာ္စားတယ္အစ္ကို ခက္တာက ေန႔ည လြဲၿပီးစားတာ သူက ညည မအိပ္ေတာ့ သူ႔အတြက္ သံုးနပ္စာေလာက္ ျပင္ထားေပးရတယ္၊ တခါတခါ ည သန္းေခါင္ေလာက္ အေဖထမင္းစားၿပီးၿပီလားသိခ်င္လို႔ ေၾကာင္အိမ္ဖြင့္ၾကည့္ရင္ သံုးနပ္စာလံုး အကုန္ေျပာင္ေနၿပီ ၊ ညီမလည္း ကိုယ့္အေဖ စားႏိုင္လို႔ စားတာ ဝမ္းသာရတာေပါ့ ၊ အခု အစ္ကိုက အခုလို ေျပာေတာ့ ညီမ ခံစားရပါတယ္ နားလည္ေပးပါအစ္ကို ”
” ရပါတယ္ညီမရယ္ အစ္ကိုလည္း ဒီလိုကိစၥကို အေတြ႔အၾကံဳအရ ထင္လို႔ရယ္ ကိုယ့္ေဆြမ်ိဳးေတြမို႔လို႔ေၾကာင့္ရယ္ ႀကိဳေျပာတာပါ အစ္ကိုထင္တာ လြဲရင္လည္း စိတ္မဆိုးနဲ႔ ”
” ဟုတ္ကဲ့ပါအစ္ကို ညီမ ေျပာတာေတြ မွားရင္လည္း အစ္ကို စိတ္မ႐ွိပါနဲ႔ေနာ္ အေဖ့ကို တတ္ႏိုင္သေလာက္ ကယ္ပါ ”
ဆရာကိုကိုသည္ ကိုထြန္းေအာင္အား အဓိပၸါယ္ပါေသာ အၾကည့္ျဖင့္ ၾကည့္ေလေသာ္ ကိုထြန္းေအာင္မွ
” ေယာက္ဖေရ ငါ့မိန္းမက အဲတာေတြ နားမလည္ဘူးဟ ငါလည္း သူစိတ္ဆင္းရဲမွာ စိုးလို႔ အကုန္မေျပာျပဘူး ”
” ဘာလဲဟင္ ေယာက်ာ္း ေျပာျပေလ အကုန္ေျပာျပ ” ကိုထြန္းေအာင္မွ ဆရာကိုကို ကို ေျပာလိုက္ရမလား ဟူေသာ အၾကည့္ျဖင့္ၾကည့္ရာ ဆရာကုိကိုမွ ေခါင္းဆတ္ျပေလသည္။
ကိုထြန္းေအာင္က ေလသံတိုးတိုးျဖင့္
” မိန္းမ နင့္အေဖ အခုလို မတရာႀကီး စားတာေတြဟာ ဖုတ္ဝင္ေနတာ ျဖစ္ႏိုင္တယ္တဲ့ ၊” ” ဖုတ္ဝင္တယ္ အဲ့တာဘာျဖစ္တတ္သလဲ ဖုတ္ဝင္ေတာ့ ဖုတ္ဆိုတာက ဘာလဲ ”
ဆရာကိုကိုမွ ၾကားျဖတ္၍ ” ဒါက အစ္ကို႔အထင္ပါ ဖုတ္ဝင္တယ္လို႔ ထင္တာ မၾကာခင္ အေျဖေပၚပါလိမ့္မယ္ ၊ ငါ့ညီမၾကားပါလိမ့္မယ္။ အစ္ကို ညီမတို႔အိမ္ေ႐ွ႕ေရာက္တုန္းက ညီမအေဖက အစ္ကို႔ကို ေယာက်ာ္းစုန္းလို႔ ေျပာတာေလ” ” ဟုတ္ ၾကားတယ္အစ္ကို ”
” တကယ္က ညီမအေဖနဲ႔ အစ္ကိုနဲ႔က ရင္းတာေတာ့ မရင္းႏွီးဘူး သိရံုပဲ လြန္ခဲ့တဲ့ အႏွစ္၂၅ႏွစ္ ေက်ာ္တည္းက သိၾကပါတယ္ ေမးထူးေခၚေျပာေလာက္ပါ ၊ ရန္သူမဟုတ္ဘူး အခုက် တမ်ိဳးျဖစ္ေနတယ္ ၊ သူ႔သေဘာက အခုရန္လိုေနတယ္။ သာမာန္ထက္ အစာပိုစားေနတာရယ္ စားသေလာက္လည္း ဝမလာတာရယ္ကလည္း သံသယျဖစ္ဖြယ္အခ်က္ပဲ ။ အဲလိုျဖစ္လာရင္ ဖုတ္ဝင္တာျဖစ္ႏိုင္တယ္ ”
” အစ္ကိုက ပေယာဂကုတဲ့ ဆရာမလား အေဖ ဖုတ္ဝင္တာဆိုရင္ ေပ်ာက္ေအာင္ ကုေပးပါအစ္ကို ညီမအပ္ပါတယ္။ ညီမမွာ အေမလည္း မ႐ွိေတာ့ အေဖ့ကိုပဲ ျပဳစုခြင့္ရလို႔ပါ ”
ခက္ေခ်ၿပီ ။ ကုလည္းခက္ မကုလည္းခက္ ျဖစ္ေနပါေရာလား ။ ” အခုေတာ့ အစ္ကို မေျပာႏိုင္ေသးဘူးညီမ ဒါေပမယ့္ ဘယ္ပေယာဂကိုမဆို အစ္ကို ႏိုင္ႏိုင္နင္းနင္း ကုသႏို္င္ပါတယ္ စိတ္ခ်မ္းသာေအာင္ေန အစ္ကိုလာတာက ညီမတို႔မိသားစုအက်ိဳးအတြက္ပါ ” ” ဟုတ္ကဲ့ပါအစ္ကို ေက်းဇူးတင္ပါတယ္ ” သို႔ႏွင့္ ထမင္းလည္းစားအၿပီး သက္ျပင္း႐ွည္ႀကီးကို ဆရာကိုကိုမွ မသိမသာ မႈတ္ထုတ္လိုက္မိေလသည္။
” ထြန္းေအာင္ မင္းငါ့ကို မင္းေယာကၡထီးႀကီး နဲ႔အခန္းကပ္လ်က္နားမွာ အိပ္ယာျပင္ေပးႏိုင္မလား ” ” ဟာ ေယာက္ဖကလည္း မင္းဘုရားခန္းမွာ အိပ္ေလကြာ ” ” သူ႔အိပ္ယာနဲ႔ ကပ္လ်က္အခန္းမ႐ွိလို႔လား ” ” ႐ွိေတာ့႐ွိတယ္ အိမ္က အပိုပစၥည္းေတြထားတဲ့ အခန္းက်ဥ္းက်ဥ္းေလးမို႔ကြ အိမ္ကလည္း ဝါးထရံအိမ္ဆိုေတာ့ မင္းကို အားနာလို႔ပါကြာ”
” မင္းငါ့ကို အားနာတယ္ဆိုတဲ့အခန္းက ငါတို႔အတြက္ အဆင္ေျပလိမ့္မယ္ကြ ” ” အဲအခန္းက အိမ္ေနာက္က ၾကက္ျခံနဲ႔ နီးေတာ့ ၾကက္ေခ်းနံ႔ေတာ့ ရမွာေနာ္ ” ” ရတယ္ အဆင္ေျပတယ္ ဒီည မင္းပါ ငါနဲ႔အတူ ေစာင့္ၾကည့္ၾကစို႔ ” ၾသ ၾကက္ဆိုလို႔ တခါတခါကြာ အေဖ့ျပတင္းေပါက္အေျခမွာ ၾကက္ေမႊးေတြ ေတြ႔တယ္ကြ အေဖ့ကုိ ေမးၾကည့္ေတာ့ ေၾကာင္ခုတ္တာျဖစ္မွာလို႔ ေျပာၿပီး ရယ္ရယ္ေနတာ သူရယ္တာကလည္း ေၾကာက္စရာႀကီးကြာ ”
” ငါေျပာမယ္ ဒီညကို သူ႔အတြက္ဖယ္ထားမယ့္ ထမင္းဟင္းကို ေလွ်ာ့လိုက္ကြ အဲအခါ သူမေနႏိုင္ရင္ ၾကက္ဖက္ကို မ်က္စပစ္ရင္ မင္းေယာကၡထီးႀကီးက ဖုတ္ဝင္တာအစစ္ပဲ”
” ေအးေအး ငါ ၾကဴၾကဴ႕ကို ေျပာလိုက္မယ္ ”
သို႔ႏွင့္ ညဦးပိုင္းသို႔ေရာက္ေသာအခါ ကိုထြန္းေအာင္ႏွင့္ ဆရာကိုကိုတို႔သည္ ကိုထြန္းေအာင္၏ ေယာကၡထီးႀကီး၏အခန္းႏွင့္ကပ္လ်က္ ဆရာကိုကိုအိပ္ရန္အတြက္ ျပင္ဆင္ထားေသာ စတိုခန္းေလးထဲတြင္ ေစာင့္ဆိုင္းေနၾကေလသည္။
သူတို႔အခန္းမွေန၍ တစ္ဖက္ခန္း႐ွိ ကိုထြန္းေအာင္၏ ေယာကၡထီးႀကီး၏ အေျခအေနကိုလည္း
ထရံေပါက္မွေန၍ ေခ်ာင္းၾကည့္ၾကရာ သန္းေခါင္ေက်ာ္သည္အထိ ထိုလူမွာ ထမလာေခ် ။ ျပတင္းေပါက္မွ လေရာင္ေရးေရးေလး ျမင္ရသည္မို႔ လ်ွပ္စစ္မီးသီးကိုလည္း မဖြင့္ေခ်။ သို႔ႏွင့္ ႏွစ္ေယာက္သား ေခါင္းခ်င္းဆိုင္လိုက္ ေခ်ာင္းၾကည့္လိုက္ႏွင့္ ေစာင့္ၾကည့္ေနခိုက္ တိတ္ဆိတ္ၿငိမ္သက္ေနေသာ ညကို ၿဖိဳခြင္းလိုက္သည္က …. ႐ွပ္ ႐ွပ္ ႐ွပ္ ႐ွပ္
စတိုခန္းဆီသို႔ ဦးတည္လာေနေသာ ေျခသံ ၊ ဖြနင္းလာေသာ္လည္း ညသည္တိတ္ဆိတ္လြန္း၍လည္းေကာင္း တစံုတရာကို သိလို၍ ေစာင့္ဆိုင္းေနသူမ်ား ျဖစ္၍လည္းေကာင္း ထိုလာေနသည့္ လမ္းေလွ်ာက္သံကို ပီျပင္စြာ ၾကားရေၾကာင္း ၂ ေယာက္လံုး၏ မ်က္လံုးခ်င္းစံုသည့္ အၾကည့္မ်ားက ေျပာျပၾကသည္။
ထိုလမ္းေလွ်ာက္သံသည္ သူတို႔ေနသည့္ စတိုခန္း၏ တံခါးဝအေရာက္တြင္ ရပ္သြား၏ ။ ႏွစ္ေယာက္သား အသံတိတ္ဆိတ္စြာျဖင့္ သတိ႐ွိေနၾကသည္။ ကိုထြန္းေအာင္မွ တံခါးခ်က္ကို မထိုးထားမိသည္ကို အမွတ္ရလိုက္သည္ ။ သို႔ႏွင့္ထိုိုေျခသံ႐ွင္ မည္သူလဲဟု သိရန္ တံခါးဝသို႔သြား၍ ထရံေပါက္မွ ေခ်ာင္းၾကည့္မည့္အခိုက္
!!!! ကေတာ္ ကေတာ္ ကရစ္ ရစ္ ေဖ်ာက္ …
ၾကက္ျခံဖက္မွ ၾကက္ေအာ္သံကို ၾကားရသည္။ ထိုအခါ ဆရာကိုကိုႏွင့္ ကိုထြန္းေအာင္သည္ တစ္ဖက္အခန္းမွ ကိုထြန္းေအာင္ေယာကၡထီးႀကီးကို ၾကည့္ရမလား
တံခါးဝမွ ေျခသံ႐ွင္ကို ေခ်ာင္းရမလား
ၾကက္ျခံဆီသို႔ ျပတင္းကေနေက်ာ္ခြသြားရမလား ဗ်ာမ်ားလ်က္႐ွိေနၾကေတာ့သည္။
ထိုအခိုက္ !!! ကြၽီ
စတိုခန္းတံခါးသည္ ေျဖးညႇင္းစြာ ပြင့္လာေလရာ ၾကည့္လိုက္ေသာအခါ ကိုထြန္းေအာင္ရဲ႕ အမ်ိဳးသမီး ၾကဴၾကဴခိုင္ ဆံပင္ႀကီးဖားလ်ားခ်၍ လက္ထဲမွာလည္း ဝါးရင္းတုတ္တစ္ေခ်ာင္းကိုင္လ်က္ဝင္လာသည္။ သူမအမူအယာသည္ တုတ္ကို က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ထားၿပီး မ်က္လံုးမ်ားသည္ ျပဴးက်ယ္ဝိုင္းစက္ စူး႐ွေနေလသည္။ ကိုထြန္းေအာင္မွ ႐ုတ္တရက္ ေယာင္၍ သူ႔မိန္းမၾကဴၾကဴအား လက္သီးျဖင့္ ခ်ိန္ရြယ္ရာ ၾကဴၾကဴမွ အလန္႔တၾကား လက္ကာျပၿပီး သူမလက္ထဲမွ ဝါးရင္းတုတ္ကိုထိုးေပးသည္။လြန္စြာမွ အရိပ္အေျခ သိသည့္ ၾကဴၾကဴခိုင္ပင္ျဖစ္သည္။
ထိုအခိုက္ ကိုထြန္းေအာင္ကို ဆရာကိုကိုမွ လက္တို႔ရာ ဆရာကိုကိုလုပ္ေနသည့္အတိုင္း ထရံေပါက္မွ တစ္ဖက္အခန္းသို႔ ေခ်ာင္းၾကည့္ၾကရာ တစ္ဖက္ခန္းထဲသို႔ ျပတင္းေပါက္မွ အရိပ္မည္းႀကီးတစ္ခု ေက်ာ္ဝင္လာသည္ကို ေတြ႕ၾကရေတာ့သည္။ ထိုအရိပ္မည္းႀကီး၏ လက္ထဲတြင္မေတာ့ ႐ုန္းကန္ေနေသာ ၾကက္တစ္ေကာင္ ။ ကိုထြနိးေအာင္၏ ေယာကၡထီးႀကီးအိပ္ေသာအခန္းသည္ မီးဖြင့္ထားျခင္းမ႐ွိေသာ္လည္း ျပတင္းမွ ဝင္လာေသာ လေရာင္ျဖင့္ ျမင္သင့္သေလာက္ေတာ့ ျမင္ရပါေသးသည္။
ၾကဴၾကဴခိုင္သည္ ထရံေပါက္မွေန၍ သူမဖခင္အား ႐ွာေဖြရာ ကုတင္ေပၚတြင္လည္း မ႐ွိေခ်။ အခန္း၏အျခားေနရာမ်ားတြင္လည္း မ႐ွိ။ သို႔ဆိုလွ်င္ ေစာေစာက ဝင္လာသည့္ အရိပ္မည္းမည္းႀကီးသည္ သူမ၏ ဖခင္ပင္ျဖစ္သေလာ ။ ထိုအခိုက္
!!! ဂြၽတ္ … ကေတာ္ ကေတာ္ အြစ္ ေဖ်ာက္
” ဟြန္း ငါ့ဖို႔ ထမင္းဟင္း နည္းနည္းပဲ ျပင္ေပးထားတာ မသာမ ငါမဝဘူးဆိုတာ မသိတာလားမသိဘူး။ အခုလို ၾကက္ကို အစိမ္းလိုက္ စားရေတာ့ ပိုေတာင္ေကာင္းေသး ”
ၾကက္ကို လည္ခ်ိဳးရင္း ကုန္းကိုက္လိုက္ေသာ အရာကို ျမင္ၿပီးေနာက္လၾကဴၾကဴခိုင္သည္ ေနာက္သို႔ လန္ၿပီးလဲက်လာေလရာ ကိုထြန္းေအာင္မွ အခ်ိန္မီထိန္းလိုက္၍သာ ေတာ္ေသးသည္။ ဆရာကိုကိုသည္ ျမင္ရေသာ ျမင္ကြင္းအား ၿပီးဆံုးသည္အထိ မၾကည့္ေတာ့ပဲ တိတ္ဆိတ္စြာျဖင့္ ၾကဴၾကဴခိုင္အား ျပဳစု ယပ္ခပ္ေပးရေလသည္။ သူမ၏ ပါးစပ္ကိုကား ကိုထြန္းေအာင္မွ လက္ႏွင့္ ပိတ္ထားေလသည္။
မၾကာခင္ သတိလည္လာေသာအခါမွ ဆိတ္ဆိတ္ေနရန္ အမူအယာနဲ႔ ျပရာ သူမမွ ေခါင္းၿငိမ့္ေလသည္။ ထို႔ေနာက္ သူမကုိ ကိုထြန္းေအာင္မွ တြဲခ်ီေခၚ၍ အေပၚထက္သို႔ ေျဖးညႇငး္စြာ တက္သြားၾကေလေတာ့သည္။
မနက္ေရာက္ေသာ္ ” ကဲ ထြန္းေအာင္ေရ ၊ ဘယ္လိုလဲ ငါ ကုရေတာ့မလား ”
” ေအးကြာ ငါလည္း မနက္ေစာေစာမွာ မိန္းမကို အကုန္ေျပာျပလိုက္ပါတယ္ သူလည္း အရမ္းဝမ္းနည္းတာေပါ့ ဒါေပမယ့္ ခဏေနက်ေတာ့ ငါ့ကုိ အေခါင္းဝယ္ဖို႔ ပိုက္ဆံ ထုတ္ေပးပါတယ္ကြာ ငါစိတ္မေကာင္းဘူးေယာက္ဖရာ ”
” ေအးေပါ့ကြာ သတၱဝါတစ္ခု ကံတစ္ခုေပါ့ ကုရင္လည္း လူနာက ေသမယ္ မကုရင္လည္း မင္းတို႔မိသားစုပိုင္ေငြကို ဖုတ္က စားေသာက္ေနရင္းႏွိပ္စက္မွာကြ။ တကယ္ေတာ့ မင္းေယာကၡထီးႀကီးက ေသတာ ၾကာလွပါၿပီကြာ ငါ့အထင္အႏွစ္၂၀ ေလာက္႐ွိေရာ့မယ္ ” ” ေအးပါေယာက္ဖ မင္းေကာင္းသလို စီစဥ္ေပးပါ ငါအခု အေခါင္းသြားဝယ္ရေတာ့မလား ” ” ေအး ဝယ္ခ်ည္ေတာ့ နာမည္ပါ တခါတည္းေရးခဲ့ ”
ကိုထြန္းေအာင္တစ္ေယာက္ အေခါင္းႀကီးဝယ္ၿပီး ျပန္လာရာ ေဘးမွ ျမင္ေတြ႔ၾကေသာ လူမ်ားက ထြန္းေအာင္ႀကီး အေမြရပဟ ဟု ေနာက္ေျပာင္ရင္း ဘယ္တုန္းက ဆံုးတာလဲ ဟု ေမးျမန္းၾကရာ ” ၾကာၿပီဗ် ” ” ဟာ … မင္းဟာက ”
လိုက္သာၾကည့္ၾကေတာ့ဗ်ာ က်ဳပ္အခု မေျဖႏိုင္ဘူး ” သို႔ႏွင့္ ကိုထြန္းေအာင္ ျပန္ေရာက္လာေသာအခါ အေခါင္းတစ္လံုးႏွင့္အတူ ရပ္ကြက္ထဲမွ လူအုပ္ႀကီးပါ ပါလာခဲ့ေလသည္။
ဆရာကိုကိုသည္ ဘုရားစင္ေ႐ွ႕တြင္ တိုင္တည္သစၥာဆိုၿပီး ေရစင္ေတာ္ကို ေတာင္းခံေလသည္။ ထိုေနာက္ အေခါင္းကို အိမ္ေ႐ွ႕တြင္ ေျမေပၚခ်ထားေစ၍ အဖံုးကို ဖြင့္ထားေစသည္။
ကိုထြန္းေအာင္၏ေယာကၡထီးႀကီး၏ အခန္းဝတြင္သြားရပ္ကာ အိပ္ယာေပၚ႐ွိ ေလ်ာင္းေနသူအား
” ဟဲ့ ဖုတ္ေကာင္ နင့္မူလျပန္ေစ ထြက္ေစ ဆက္လက္မွီတြယ္ျခင္းမ႐ွိေစရ ။ မထြက္ခင္ ဒီခႏၶာကို သက္ဆိုင္တဲ့ ေနရာကို အေရာက္ပို႔ၿပီးမွ ထြက္ခြာေစ ။ ျငင္းဆန္မရႏိုင္ေစရ ျငင္းရင္ မီး ဆက္တိုက္ေလာင္ေစ ။ အထက္ဆရာေတာ္ႀကီးမ်ားရဲ႕ အမိန္႔အာဏာ ……. ဟုအမိန္႔ျပန္၍ ေရစင္ေတာ္ျဖင့္ ပက္ခ်လိုက္ရာ ထ၍ ထိုင္ေလသည္။
ထို႔ေနာက္ အခန္းအျပင္ဖက္သို႔ တစ္လွမ္းခ်င္းလွမ္း၍ အေခါင္း႐ွိရာသို႔သြားေလသည္ ။ ခႏၶာသည္ကား ႐ုတ္တရက္ ခ်က္ခ်င္းဆိုသလို ယိုယြင္းလာေခ်ၿပီ ။ ပါးစပ္မ်ား ႏွာေခါင္းေပါက္မ်ားမွ အရိအရြဲမ်ား ယိုစီးက်လာသည္ ။ မ်က္ကြင္းႀကီးကား ေဟာက္ပက္ျဖစ္လာ၍ မ်က္လံုးမ်ားမွာ နီရဲ၍ ျပဴးက်ယ္ဝိုင္းစက္ေနသည္။
ဘာကိုမွ မၾကည့္ပဲ အေခါင္း႐ွိရာသို႔သြား၍ အေခါင္းထဲသူဖာသာသူဝင္ထိုင္၍ ေလ်ာင္းလိုက္ေသာေနာက္တြင္ကား အပုပ္နံ႔မ်ား လိႈင္တက္လာၿပီး အသားမ်ားမွ ေလာက္မ်ား တစ္ဖြားဖြားထြက္က်လာေတာ့သည္။ ထိုေလာက္မ်ားသည္ အ႐ိုးေပၚအေရတင္အသားမ်ားကုိ ႐ုတ္ခ်ည္းစားေသာက္ၿပီးေနာက္ အ႐ိုးၿပိဳင္းၿပိဳင္းသာ က်န္ခဲ့ေလေတာ့သည္။
အပုပ္နံ႔မ်ား ေပ်ာက္သြားေသာအခါ ကိုထြန္းေအာင္တို႔သည္ ခ်က္ခ်င္းကို သုႆန္သို႔ ပို႔ေဆာင္သၿဂႋဳဟ္လိုက္ၾကေတာ့သည္။
ၾကဴၾကဴခိုင္သည္ကား အံ့ၾသဝမ္းနည္း ေခ်ာက္ျခားလြန္း၍ ေဆးမ်ားပင္ ထိုးယူရေလ၏ ။
ၿပီးပါၿပီ။ ဆရာေျပာျပေသာ ဖုတ္သရဲ ျဖစ္ရပ္မွန္ဇာတ္လမ္းေလးပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ပေယာဂႏွင့္ထူးဆန္းအံ့ဖြယ္ ျဖစ္ရပ္မွန္မ်ား

#Unicode Version#
တနေ့သ၌ ရွှေရင်ကျော်ဆရာ ဦးကိုကိုသည် နေထိုင်ရာ
အိမ်တွင် ရှိနေခိုက် ယောက်ဖဖြစ်သူ ဦးထွန်းအောင် ရေးကြီးသုတ်ပြာဖြင့်ရောက်ရှိလာလေသည်။
” ကိုကို ဟေ့ရောင် ကိုကို လာဦးကွ ”
” ဟ ထွန်းအောင် ယောက်ဖ မင်းမလာစဖူး အလာထူးလှချည်လား လာကွာထိုင် ” ” အေးကွာ ငါလည်း သားရေးသမီးရေး ဘာညာတွေကြောင့်ကွာ အခုကိစ္စပေါ်မှ လာတယ်ပြောလည်း မင်းပြောတော့ကွာ ငါခံပါ့မယ် ”
” ကဲဆို ထွန်းအောင် ဘာကိစ္စလဲ ”
” အေး ငါ့ယောက္ခထီးကြီးပေါ့ကွာ သူ့ကိစ္စ ”
” ဘာဖြစ်လို့လဲ မင်းယောက္ခထီးကြီး နေကောင်းတယ်မလား တလောတုန်းကကို ငါမင်းတို့အိမ်ရောက်တုန်းက ငါ့မြင်တော့ သူက ဘုကြည့်ကြည့်သေးတယ်ကွ ငါ သပ်လျိုတာမဟုတ်ဘူး မင်းကိုလည်းမတွေ့လို့ ငါပြန်လှည့်လာတာ”
” အေးကွာ ဘယ်လိုပြောရမလဲ မသိဘူးကွာ အခုလည်း သူက အသက်သာကြီးတာကွ အိမ်ကလူတွေ ဘယ်သူနဲ့မှ မတည့်ဘူး အဲ တစ်ခုတော့ရှိတယ် သူစားချင်တာလေး ချက်ကျွေးလိုက်လို့ကတော့ ဖြီးနေတာမောင် ”
” အင်း ပြောပါဦီး ”
” နေ့ခင်းဆို တစ်နေကုန်စောင်ခြုံကွေးနေတယ် ညကျမှ ထထစားတာကွ ” ” နေ့ခင်းမှာ အပေါ့အလေးရော ထသွားလား ” အဲတာတော့ သွားတယ်ကွ အဲလိုထချိန်မှာ ဘာစားချင်ကြောင်း ပြောတာပဲ ”
” နေမကောင်းဖြစ်တယ်လို့လည်း မကြားမိပါဘူးကွာ
မင်းယောက္ခထီးကြီးက ” ” အေး နေကောင်းတာကတော့ ဒေါင်ဒေါင်မြည်ပဲ ညညထပြီး စားလိုက်သောက်လိုက်တာကလည်း သူ့အတွက်ဖယ်ထားတဲ့ ထမင်းအကုန်ပြောင်ပဲ သူမဝရင် မနက်ကျတော့ ဆဲဆိုနေတာပဲကွ အိမ်ကလူက သူအပါ ငါးယောက်ကွာ အခု ကျန်သူလေးယောက်စားတာက အလွန်ဆုံး တစ်ရက်ကို ၃ ဗူး ၄ဗူးပေါ့ သူတစ်ယောက်တည်း ထိုင်စားရင် တို့လေးယောက်စာနဲ့ ညီတယ်ကွ ” ” !!!! ဟေ ”
” ဟင်းရော ထမင်းရော အိုးကပ်တောင် မကျန်ဘူးမောင် အခုနောက်ပိုင်း ပိုပိုဆိုးလာတယ် ငါက သူ့ကို အပများမှီနေသလားလို့ မသင်္ကာဖြစ်လာတယ်ကွာ ” ” သူ နေမကောင်းတာ မရှိဘူးနော် ” ” နေ့ခင်းဆိုရင် စောင်ခြုံကွေးနေတာကလွဲပြီး အကုန်အကောင်းကွ တခါတခါတော့ သူလုပ်ချင်ရာတွေ လျှောက်လုပ်တတ်တယ်”
” အဲတာကမင်းတို့ ညားပြီးတော့ သိပ်မကြာခင် ဖြစ်တာလား ဒါနဲ့နေပါဦး မင်းတို့ ညားတာ နှစ် ၂၀ လောက်တောင်ရှိပြီလားပဲ ဒီကြားထဲ သူနေမကောင်းတာ ရှိလား ”
” ငါတို့ ယူပြီးနောက် အဘိုးကြီးဆေးရုံတင်ရသေးတယ်လေကွာ အဲတုန်းက မရတော့ဘူးလို့ကို ထင်တာ ဗျုန်းစားကြီး အိမ်ပြန်မယ် ငါနေကောင်းတယ်ဆိုပြီး ဆေးရုံက ဇွတ်ဆင်းတာကွ ငါလည်း သေမယ့်အတူတူ အိမ်ကို အသက်ပါလာတော့ တော်သေးတာပေါ့ဆိုပြီးတွေးပြီး သူ့ကိုတွဲပြီး ကားနဲ့ ပြန်လာတာ အိမ်ကျအကောင်းဗျာ အဲအချိန်ကစပြီး သူ နေမကောင်းဘူးဆိုတာ မရှိသလောက်ပဲ တခါတခါ နေ့ခင်း စောင်ကြီးခြုံပြီး ညည်းနေတာကလွဲလို့ပေါ့ ”
” ထူးဆန်းနေတယ်နော် ထွန်းအောင် ” ” အေးကွ သူ့ ပယောဂတွေများ ရှိနေမလားမသိဘူးနော် ယောက်ဖ”
” ငါ့အထင်မလွဲရင်ပေါ့ကွာ မင်းယောက္ခထီးကြီးကို ငါ ကုရမယ်ဆိုရင် အခေါင်းတခါတည်း ဝယ်ထားမှ သင့်မယ် ထင်တယ်”
” !!! ဘာ …. ဘယ်လို မင်းဟာက မဦးမချွတ်
ကုလို့သေရတယ်လို့ ကိုယ့်သိက္ခာကိုမှ မထောက် ဖွဟဲ့ လွဲပါစေ ပယ်ပါစေ ” ” မင်းငါ့ပညာကို ယုံလား ” ” အေးပါကွာ ပညာကို ယုံပါတယ် မထင်မှတ်တဲ့ စကားမို့ပါ ”
” မင်း မိန်းမကိုလည်း ပြောပြထား ငါ မင်းအိမ်ကို တစ်ည နှစ်ညတော့ လာအိပ်ဦးမယ် အတည်ဖြစ်မှ အခေါင်းဝယ်ပေါ့ ” ” အေးပါ အေးပါ ငါ့ယောက္ခထီးကြီးက ဘာဖြစ်နေတယ်လို့ ထင်လဲ ” “ငါ့အထင် မလွဲရင် မင်းယောက္ခထီးက ဟိုးလွန်ခဲ့တဲ့ နှစ် ၂၀ တည်းက သေသွားပြီကွ အခု မင်းအိမ်မှာ ရောက်နေတာက ဖုတ်ကွ ”
” ဟာ ဟုတ်ရဲ့လားကွာ ” ” ငါထင်တာမလွဲရင်ပေါ့ ”
” ဒါဆို မင်း အခုလိုက်ခဲ့မှာလား ”
” သဘက်ခါ ”
နောက်နှစ်ရက်မြောက်တွင် ဆရာကိုကိုသည် သူ့ယောက်ဖ၏နေအိမ်သို့ ရောက်ရှိလာလေသည်။ အိမ်ရှေ့အရောက်တွင် ကိုထွန်းအောင်၏ ယောက္ခထီးကြီးသည် ထင်းခွဲနေလေသည်။ အသက်ကား ၆၀ ဝန်းကျင်ခန့်အရွယ်ကြီးက ထင်ခွဲနေသည်မှာ မထင်မှတ်စရာပါပေ။
ဆရာကိုကိုအား မြင်သည်နှင့်တပြိုင်နက် ထင်းခွဲနေသော အဘိုးကြီးသည် ဓားမကို ပစ်ချ၍ “ဟေ့ကောင် သူ့ကို အိမ်ထဲ ပေးမဝင်နဲ့ အဲလူက ယောကျာ်းစုန်းကြီးကွ ” ဟုပြောကာ အိမ်ပေါ်သို့ လျှင်မြန်စွာ တက်သွားပြီးသကာလ သူ၏ အိပ်ယာထက်တွင် စောင်ကို ခေါင်းမြီးခြုံ၍ နေလေတော့သည်။
ဆရာကိုကိုက ယောက်ဖဖြစ်သူအား ဘယ်လိုလဲ ဆိုသောအကြည့်ဖြင့် ကြည့်သော် ကိုထွန်းအောင်မှ ခေါင်းငြိမ့်ပြလေသည်။ ကိုထွန်းအောင်၏ ဇနီးဖြစ်သူမကြူကြူခိုင်ကား သူမ၏ဖခင်အကြောင်း ကိုထွန်းအောင်မှတဆင့် ကြားသိထား၍ မယုံတဝက် ယုံတဝက်ဖြစ်သည့် သဏ္ဍာန် ရှိနေလေတော့သည်။ သူမ၏ မျက်နှာမှာကား သူမ၏ဖခင်ကို ဆရာကိုကိုမှ ထိုသို့ ပြောခြင်းအတွက် မိမိ၏ဖခင်အား ထိပါးသည့်အရာဟု မှတ်ယူ၍လားမသိ ဆရာကိုကိုအားတွေ့လျှင် ယခင်လို စကားသိပ်မပြောချေ။
ဆရာကိုကိုသည် လျပ်တပြတ် ဖြစ်ပေါ်သောအခြေအနေကို ဆရာပါးဝစွာ အကဲခတ်မိလိုက်လေသည်။
ထမင်းဝိုင်းဝယ် သုံးဦးသား လက်စုံစားနေကြသည်။ သားနှင့် သမီးဖြစ်သူတို့မှာ သားကြီးတစ်ယောက်က ရုံးသွားနေပြီး အငယ်တစ်ယောက်က ကျောင်းတက်နေသည်။ ထမင်းချိုင့် ထည့်ပေးလိုက်၍ နေ့ခင်းတွင် ပြန်မလာပေ။ ကိုထွန်းအောင်၏ ယောက္ခမကြီးမှာ ဆုံးသွားသည်မှာ သူတို့ မယူခင်တည်းကပင်ဖြစ်သည်။
” ကြူကြူ ညီမရေ ညည်းအဖေကိုရော ထမင်းစားမခေါ်ဘူးလားဟ ”
” သူက နေ့ခင်းဆိုမစားဘူးအစ်ကိုရဲ့ ” ” ဘာလို့တဲ့လဲ ”
” လက်ရှုပ်လို့တဲ့ ငါ့ဖာသာ ဆာတဲ့အချိန်ထစားမယ်ဆိုပြီး ငေါက်ငေါက်လွှတ်လို့ သူ့အတွက် သီးသန့်ဖယ်ပေးထားရတယ် ”
” သူက ထမင်းရော စားနိုင်ရဲ့လား ညီမ ” အမှန်မှာ ဆရာကိုကိုက မသိဟန်ဆောင်၍ မေးခြင်းဖြစ်လေသည်။
” စားတဲ့အခါကျရင် အတော်စားတယ်အစ်ကို ခက်တာက နေ့ည လွဲပြီးစားတာ သူက ညည မအိပ်တော့ သူ့အတွက် သုံးနပ်စာလောက် ပြင်ထားပေးရတယ်၊ တခါတခါ ည သန်းခေါင်လောက် အဖေထမင်းစားပြီးပြီလားသိချင်လို့ ကြောင်အိမ်ဖွင့်ကြည့်ရင် သုံးနပ်စာလုံး အကုန်ပြောင်နေပြီ ၊ ညီမလည်း ကိုယ့်အဖေ စားနိုင်လို့ စားတာ ဝမ်းသာရတာပေါ့ ၊ အခု အစ်ကိုက အခုလို ပြောတော့ ညီမ ခံစားရပါတယ် နားလည်ပေးပါအစ်ကို ”
” ရပါတယ်ညီမရယ် အစ်ကိုလည်း ဒီလိုကိစ္စကို အတွေ့အကြုံအရ ထင်လို့ရယ် ကိုယ့်ဆွေမျိုးတွေမို့လို့ကြောင့်ရယ် ကြိုပြောတာပါ အစ်ကိုထင်တာ လွဲရင်လည်း စိတ်မဆိုးနဲ့ ”
” ဟုတ်ကဲ့ပါအစ်ကို ညီမ ပြောတာတွေ မှားရင်လည်း အစ်ကို စိတ်မရှိပါနဲ့နော် အဖေ့ကို တတ်နိုင်သလောက် ကယ်ပါ ”
ဆရာကိုကိုသည် ကိုထွန်းအောင်အား အဓိပ္ပါယ်ပါသော အကြည့်ဖြင့် ကြည့်လေသော် ကိုထွန်းအောင်မှ
” ယောက်ဖရေ ငါ့မိန်းမက အဲတာတွေ နားမလည်ဘူးဟ ငါလည်း သူစိတ်ဆင်းရဲမှာ စိုးလို့ အကုန်မပြောပြဘူး ”
” ဘာလဲဟင် ယောကျာ်း ပြောပြလေ အကုန်ပြောပြ ” ကိုထွန်းအောင်မှ ဆရာကိုကို ကို ပြောလိုက်ရမလား ဟူသော အကြည့်ဖြင့်ကြည့်ရာ ဆရာကိုကိုမှ ခေါင်းဆတ်ပြလေသည်။
ကိုထွန်းအောင်က လေသံတိုးတိုးဖြင့်
” မိန်းမ နင့်အဖေ အခုလို မတရာကြီး စားတာတွေဟာ ဖုတ်ဝင်နေတာ ဖြစ်နိုင်တယ်တဲ့ ၊” ” ဖုတ်ဝင်တယ် အဲ့တာဘာဖြစ်တတ်သလဲ ဖုတ်ဝင်တော့ ဖုတ်ဆိုတာက ဘာလဲ ”
ဆရာကိုကိုမှ ကြားဖြတ်၍ ” ဒါက အစ်ကို့အထင်ပါ ဖုတ်ဝင်တယ်လို့ ထင်တာ မကြာခင် အဖြေပေါ်ပါလိမ့်မယ် ၊ ငါ့ညီမကြားပါလိမ့်မယ်။ အစ်ကို ညီမတို့အိမ်ရှေ့ရောက်တုန်းက ညီမအဖေက အစ်ကို့ကို ယောကျာ်းစုန်းလို့ ပြောတာလေ” ” ဟုတ် ကြားတယ်အစ်ကို ”
” တကယ်က ညီမအဖေနဲ့ အစ်ကိုနဲ့က ရင်းတာတော့ မရင်းနှီးဘူး သိရုံပဲ လွန်ခဲ့တဲ့ အနှစ်၂၅နှစ် ကျော်တည်းက သိကြပါတယ် မေးထူးခေါ်ပြောလောက်ပါ ၊ ရန်သူမဟုတ်ဘူး အခုကျ တမျိုးဖြစ်နေတယ် ၊ သူ့သဘောက အခုရန်လိုနေတယ်။ သာမာန်ထက် အစာပိုစားနေတာရယ် စားသလောက်လည်း ဝမလာတာရယ်ကလည်း သံသယဖြစ်ဖွယ်အချက်ပဲ ။ အဲလိုဖြစ်လာရင် ဖုတ်ဝင်တာဖြစ်နိုင်တယ် ”
” အစ်ကိုက ပယောဂကုတဲ့ ဆရာမလား အဖေ ဖုတ်ဝင်တာဆိုရင် ပျောက်အောင် ကုပေးပါအစ်ကို ညီမအပ်ပါတယ်။ ညီမမှာ အမေလည်း မရှိတော့ အဖေ့ကိုပဲ ပြုစုခွင့်ရလို့ပါ ”
ခက်ချေပြီ ။ ကုလည်းခက် မကုလည်းခက် ဖြစ်နေပါရောလား ။ ” အခုတော့ အစ်ကို မပြောနိုင်သေးဘူးညီမ ဒါပေမယ့် ဘယ်ပယောဂကိုမဆို အစ်ကို နိုင်နိုင်နင်းနင်း ကုသနိုင်ပါတယ် စိတ်ချမ်းသာအောင်နေ အစ်ကိုလာတာက ညီမတို့မိသားစုအကျိုးအတွက်ပါ ” ” ဟုတ်ကဲ့ပါအစ်ကို ကျေးဇူးတင်ပါတယ် ” သို့နှင့် ထမင်းလည်းစားအပြီး သက်ပြင်းရှည်ကြီးကို ဆရာကိုကိုမှ မသိမသာ မှုတ်ထုတ်လိုက်မိလေသည်။
” ထွန်းအောင် မင်းငါ့ကို မင်းယောက္ခထီးကြီး နဲ့အခန်းကပ်လျက်နားမှာ အိပ်ယာပြင်ပေးနိုင်မလား ” ” ဟာ ယောက်ဖကလည်း မင်းဘုရားခန်းမှာ အိပ်လေကွာ ” ” သူ့အိပ်ယာနဲ့ ကပ်လျက်အခန်းမရှိလို့လား ” ” ရှိတော့ရှိတယ် အိမ်က အပိုပစ္စည်းတွေထားတဲ့ အခန်းကျဉ်းကျဉ်းလေးမို့ကွ အိမ်ကလည်း ဝါးထရံအိမ်ဆိုတော့ မင်းကို အားနာလို့ပါကွာ”
” မင်းငါ့ကို အားနာတယ်ဆိုတဲ့အခန်းက ငါတို့အတွက် အဆင်ပြေလိမ့်မယ်ကွ ” ” အဲအခန်းက အိမ်နောက်က ကြက်ခြံနဲ့ နီးတော့ ကြက်ချေးနံ့တော့ ရမှာနော် ” ” ရတယ် အဆင်ပြေတယ် ဒီည မင်းပါ ငါနဲ့အတူ စောင့်ကြည့်ကြစို့ ” သြ ကြက်ဆိုလို့ တခါတခါကွာ အဖေ့ပြတင်းပေါက်အခြေမှာ ကြက်မွှေးတွေ တွေ့တယ်ကွ အဖေ့ကို မေးကြည့်တော့ ကြောင်ခုတ်တာဖြစ်မှာလို့ ပြောပြီး ရယ်ရယ်နေတာ သူရယ်တာကလည်း ကြောက်စရာကြီးကွာ ”
” ငါပြောမယ် ဒီညကို သူ့အတွက်ဖယ်ထားမယ့် ထမင်းဟင်းကို လျှော့လိုက်ကွ အဲအခါ သူမနေနိုင်ရင် ကြက်ဖက်ကို မျက်စပစ်ရင် မင်းယောက္ခထီးကြီးက ဖုတ်ဝင်တာအစစ်ပဲ”
” အေးအေး ငါ ကြူကြူ့ကို ပြောလိုက်မယ် ”
သို့နှင့် ညဦးပိုင်းသို့ရောက်သောအခါ ကိုထွန်းအောင်နှင့် ဆရာကိုကိုတို့သည် ကိုထွန်းအောင်၏ ယောက္ခထီးကြီး၏အခန်းနှင့်ကပ်လျက် ဆရာကိုကိုအိပ်ရန်အတွက် ပြင်ဆင်ထားသော စတိုခန်းလေးထဲတွင် စောင့်ဆိုင်းနေကြလေသည်။
သူတို့အခန်းမှနေ၍ တစ်ဖက်ခန်းရှိ ကိုထွန်းအောင်၏ ယောက္ခထီးကြီး၏ အခြေအနေကိုလည်း
ထရံပေါက်မှနေ၍ ချောင်းကြည့်ကြရာ သန်းခေါင်ကျော်သည်အထိ ထိုလူမှာ ထမလာချေ ။ ပြတင်းပေါက်မှ လရောင်ရေးရေးလေး မြင်ရသည်မို့ လျှပ်စစ်မီးသီးကိုလည်း မဖွင့်ချေ။ သို့နှင့် နှစ်ယောက်သား ခေါင်းချင်းဆိုင်လိုက် ချောင်းကြည့်လိုက်နှင့် စောင့်ကြည့်နေခိုက် တိတ်ဆိတ်ငြိမ်သက်နေသော ညကို ဖြိုခွင်းလိုက်သည်က …. ရှပ် ရှပ် ရှပ် ရှပ်
စတိုခန်းဆီသို့ ဦးတည်လာနေသော ခြေသံ ၊ ဖွနင်းလာသော်လည်း ညသည်တိတ်ဆိတ်လွန်း၍လည်းကောင်း တစုံတရာကို သိလို၍ စောင့်ဆိုင်းနေသူများ ဖြစ်၍လည်းကောင်း ထိုလာနေသည့် လမ်းလျှောက်သံကို ပီပြင်စွာ ကြားရကြောင်း ၂ ယောက်လုံး၏ မျက်လုံးချင်းစုံသည့် အကြည့်များက ပြောပြကြသည်။
ထိုလမ်းလျှောက်သံသည် သူတို့နေသည့် စတိုခန်း၏ တံခါးဝအရောက်တွင် ရပ်သွား၏ ။ နှစ်ယောက်သား အသံတိတ်ဆိတ်စွာဖြင့် သတိရှိနေကြသည်။ ကိုထွန်းအောင်မှ တံခါးချက်ကို မထိုးထားမိသည်ကို အမှတ်ရလိုက်သည် ။ သို့နှင့်ထိုခြေသံရှင် မည်သူလဲဟု သိရန် တံခါးဝသို့သွား၍ ထရံပေါက်မှ ချောင်းကြည့်မည့်အခိုက်
!!!! ကတော် ကတော် ကရစ် ရစ် ဖျောက် …
ကြက်ခြံဖက်မှ ကြက်အော်သံကို ကြားရသည်။ ထိုအခါ ဆရာကိုကိုနှင့် ကိုထွန်းအောင်သည် တစ်ဖက်အခန်းမှ ကိုထွန်းအောင်ယောက္ခထီးကြီးကို ကြည့်ရမလား
တံခါးဝမှ ခြေသံရှင်ကို ချောင်းရမလား
ကြက်ခြံဆီသို့ ပြတင်းကနေကျော်ခွသွားရမလား ဗျာများလျက်ရှိနေကြတော့သည်။
ထိုအခိုက် !!! ကျွီ
စတိုခန်းတံခါးသည် ဖြေးညှင်းစွာ ပွင့်လာလေရာ ကြည့်လိုက်သောအခါ ကိုထွန်းအောင်ရဲ့ အမျိုးသမီး ကြူကြူခိုင် ဆံပင်ကြီးဖားလျားချ၍ လက်ထဲမှာလည်း ဝါးရင်းတုတ်တစ်ချောင်းကိုင်လျက်ဝင်လာသည်။ သူမအမူအယာသည် တုတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး မျက်လုံးများသည် ပြူးကျယ်ဝိုင်းစက် စူးရှနေလေသည်။ ကိုထွန်းအောင်မှ ရုတ်တရက် ယောင်၍ သူ့မိန်းမကြူကြူအား လက်သီးဖြင့် ချိန်ရွယ်ရာ ကြူကြူမှ အလန့်တကြား လက်ကာပြပြီး သူမလက်ထဲမှ ဝါးရင်းတုတ်ကိုထိုးပေးသည်။လွန်စွာမှ အရိပ်အခြေ သိသည့် ကြူကြူခိုင်ပင်ဖြစ်သည်။
ထိုအခိုက် ကိုထွန်းအောင်ကို ဆရာကိုကိုမှ လက်တို့ရာ ဆရာကိုကိုလုပ်နေသည့်အတိုင်း ထရံပေါက်မှ တစ်ဖက်အခန်းသို့ ချောင်းကြည့်ကြရာ တစ်ဖက်ခန်းထဲသို့ ပြတင်းပေါက်မှ အရိပ်မည်းကြီးတစ်ခု ကျော်ဝင်လာသည်ကို တွေ့ကြရတော့သည်။ ထိုအရိပ်မည်းကြီး၏ လက်ထဲတွင်မတော့ ရုန်းကန်နေသော ကြက်တစ်ကောင် ။ ကိုထွနိးအောင်၏ ယောက္ခထီးကြီးအိပ်သောအခန်းသည် မီးဖွင့်ထားခြင်းမရှိသော်လည်း ပြတင်းမှ ဝင်လာသော လရောင်ဖြင့် မြင်သင့်သလောက်တော့ မြင်ရပါသေးသည်။
ကြူကြူခိုင်သည် ထရံပေါက်မှနေ၍ သူမဖခင်အား ရှာဖွေရာ ကုတင်ပေါ်တွင်လည်း မရှိချေ။ အခန်း၏အခြားနေရာများတွင်လည်း မရှိ။ သို့ဆိုလျှင် စောစောက ဝင်လာသည့် အရိပ်မည်းမည်းကြီးသည် သူမ၏ ဖခင်ပင်ဖြစ်သလော ။ ထိုအခိုက်
!!! ဂျွတ် … ကတော် ကတော် အွစ် ဖျောက်
” ဟွန်း ငါ့ဖို့ ထမင်းဟင်း နည်းနည်းပဲ ပြင်ပေးထားတာ မသာမ ငါမဝဘူးဆိုတာ မသိတာလားမသိဘူး။ အခုလို ကြက်ကို အစိမ်းလိုက် စားရတော့ ပိုတောင်ကောင်းသေး ”
ကြက်ကို လည်ချိုးရင်း ကုန်းကိုက်လိုက်သော အရာကို မြင်ပြီးနောက်လကြူကြူခိုင်သည် နောက်သို့ လန်ပြီးလဲကျလာလေရာ ကိုထွန်းအောင်မှ အချိန်မီထိန်းလိုက်၍သာ တော်သေးသည်။ ဆရာကိုကိုသည် မြင်ရသော မြင်ကွင်းအား ပြီးဆုံးသည်အထိ မကြည့်တော့ပဲ တိတ်ဆိတ်စွာဖြင့် ကြူကြူခိုင်အား ပြုစု ယပ်ခပ်ပေးရလေသည်။ သူမ၏ ပါးစပ်ကိုကား ကိုထွန်းအောင်မှ လက်နှင့် ပိတ်ထားလေသည်။
မကြာခင် သတိလည်လာသောအခါမှ ဆိတ်ဆိတ်နေရန် အမူအယာနဲ့ ပြရာ သူမမှ ခေါင်းငြိမ့်လေသည်။ ထို့နောက် သူမကို ကိုထွန်းအောင်မှ တွဲချီခေါ်၍ အပေါ်ထက်သို့ ဖြေးညှင်းစွာ တက်သွားကြလေတော့သည်။
မနက်ရောက်သော် ” ကဲ ထွန်းအောင်ရေ ၊ ဘယ်လိုလဲ ငါ ကုရတော့မလား ”
” အေးကွာ ငါလည်း မနက်စောစောမှာ မိန်းမကို အကုန်ပြောပြလိုက်ပါတယ် သူလည်း အရမ်းဝမ်းနည်းတာပေါ့ ဒါပေမယ့် ခဏနေကျတော့ ငါ့ကို အခေါင်းဝယ်ဖို့ ပိုက်ဆံ ထုတ်ပေးပါတယ်ကွာ ငါစိတ်မကောင်းဘူးယောက်ဖရာ ”
” အေးပေါ့ကွာ သတ္တဝါတစ်ခု ကံတစ်ခုပေါ့ ကုရင်လည်း လူနာက သေမယ် မကုရင်လည်း မင်းတို့မိသားစုပိုင်ငွေကို ဖုတ်က စားသောက်နေရင်းနှိပ်စက်မှာကွ။ တကယ်တော့ မင်းယောက္ခထီးကြီးက သေတာ ကြာလှပါပြီကွာ ငါ့အထင်အနှစ်၂၀ လောက်ရှိရော့မယ် ” ” အေးပါယောက်ဖ မင်းကောင်းသလို စီစဉ်ပေးပါ ငါအခု အခေါင်းသွားဝယ်ရတော့မလား ” ” အေး ဝယ်ချည်တော့ နာမည်ပါ တခါတည်းရေးခဲ့ ”
ကိုထွန်းအောင်တစ်ယောက် အခေါင်းကြီးဝယ်ပြီး ပြန်လာရာ ဘေးမှ မြင်တွေ့ကြသော လူများက ထွန်းအောင်ကြီး အမွေရပဟ ဟု နောက်ပြောင်ရင်း ဘယ်တုန်းက ဆုံးတာလဲ ဟု မေးမြန်းကြရာ ” ကြာပြီဗျ ” ” ဟာ … မင်းဟာက ”
လိုက်သာကြည့်ကြတော့ဗျာ ကျုပ်အခု မဖြေနိုင်ဘူး ” သို့နှင့် ကိုထွန်းအောင် ပြန်ရောက်လာသောအခါ အခေါင်းတစ်လုံးနှင့်အတူ ရပ်ကွက်ထဲမှ လူအုပ်ကြီးပါ ပါလာခဲ့လေသည်။
ဆရာကိုကိုသည် ဘုရားစင်ရှေ့တွင် တိုင်တည်သစ္စာဆိုပြီး ရေစင်တော်ကို တောင်းခံလေသည်။ ထိုနောက် အခေါင်းကို အိမ်ရှေ့တွင် မြေပေါ်ချထားစေ၍ အဖုံးကို ဖွင့်ထားစေသည်။
ကိုထွန်းအောင်၏ယောက္ခထီးကြီး၏ အခန်းဝတွင်သွားရပ်ကာ အိပ်ယာပေါ်ရှိ လျောင်းနေသူအား
” ဟဲ့ ဖုတ်ကောင် နင့်မူလပြန်စေ ထွက်စေ ဆက်လက်မှီတွယ်ခြင်းမရှိစေရ ။ မထွက်ခင် ဒီခန္ဓာကို သက်ဆိုင်တဲ့ နေရာကို အရောက်ပို့ပြီးမှ ထွက်ခွာစေ ။ ငြင်းဆန်မရနိုင်စေရ ငြင်းရင် မီး ဆက်တိုက်လောင်စေ ။ အထက်ဆရာတော်ကြီးများရဲ့ အမိန့်အာဏာ ……. ဟုအမိန့်ပြန်၍ ရေစင်တော်ဖြင့် ပက်ချလိုက်ရာ ထ၍ ထိုင်လေသည်။
ထို့နောက် အခန်းအပြင်ဖက်သို့ တစ်လှမ်းချင်းလှမ်း၍ အခေါင်းရှိရာသို့သွားလေသည် ။ ခန္ဓာသည်ကား ရုတ်တရက် ချက်ချင်းဆိုသလို ယိုယွင်းလာချေပြီ ။ ပါးစပ်များ နှာခေါင်းပေါက်များမှ အရိအရွဲများ ယိုစီးကျလာသည် ။ မျက်ကွင်းကြီးကား ဟောက်ပက်ဖြစ်လာ၍ မျက်လုံးများမှာ နီရဲ၍ ပြူးကျယ်ဝိုင်းစက်နေသည်။
ဘာကိုမှ မကြည့်ပဲ အခေါင်းရှိရာသို့သွား၍ အခေါင်းထဲသူဖာသာသူဝင်ထိုင်၍ လျောင်းလိုက်သောနောက်တွင်ကား အပုပ်နံ့များ လှိုင်တက်လာပြီး အသားများမှ လောက်များ တစ်ဖွားဖွားထွက်ကျလာတော့သည်။ ထိုလောက်များသည် အရိုးပေါ်အရေတင်အသားများကို ရုတ်ချည်းစားသောက်ပြီးနောက် အရိုးပြိုင်းပြိုင်းသာ ကျန်ခဲ့လေတော့သည်။
အပုပ်နံ့များ ပျောက်သွားသောအခါ ကိုထွန်းအောင်တို့သည် ချက်ချင်းကို သုဿန်သို့ ပို့ဆောင်သင်္ဂြိုဟ်လိုက်ကြတော့သည်။
ကြူကြူခိုင်သည်ကား အံ့သြဝမ်းနည်း ချောက်ခြားလွန်း၍ ဆေးများပင် ထိုးယူရလေ၏ ။
ပြီးပါပြီ။ ဆရာပြောပြသော ဖုတ်သရဲ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: ပယောဂနှင့်ထူးဆန်းအံ့ဖွယ် ဖြစ်ရပ်မှန်များ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top