Golden City Promotion
×
# Unicode Version #
Miss အေးချမ်းမိုး တစ်ယောက်ကတော့ မြန်မာပရိတ်သတ် ဝေဖန်မှုတွေ ခံရနေရပေမယ့်လည်း မနေ့က National Costume ကို ယုံကြည်မှုရှိရှိနဲ့ ယှဉ်ပြိုင်ပြီး ဒိုင်တွေ ငေးမောအောင် လုပ်နိုင်ခဲ့ပါတယ်။ ပုဂံခေတ်မင်းသမီးတစ်ပါး ဝတ်စုံဒီဇိုင်းဖြင့် ပြသခဲ့တာဖြစ်ပြီး အနုစိတ်ကျတဲ့ ရှေးဟောင်းပန်းချီလက်ရာပုံစံများ ပါဝင်သည်။
အေးချမ်းမိုးရဲ့ ရွှေအိုရောင်ဝတ်စုံကြီးရဲ့ အလှကို ဒိုင်လုပ်သူတွေအနေနဲ့ တခြားမစ်တွေရဲ့ ဝတ်စုံတွေထက် သိသိသာသာ အံ့သြခဲ့ကြတာ ဖြစ်ပါတယ်။
မယ်စကြဝဠာမြန်မာ ဒေါ်စိုးယုဝေက ရွှေအိမ်စည်ကို ထုတ်ပယ်လိုက်တဲ့အပေါ် ဝေဖန်ရှုတ်ချမှုတွေ များစွာ ထွက်ပေါ်ခဲ့သည်။ ထို့အတူ ဝေဖန်မှုများဟာ မစ်အေးချမ်းမိုးအပေါ်ကိုလည်း ကျရောက်လာနေတာ ဖြစ်ပါတယ်။
ဖေ့စ်ဘွက်ပေါ်တွင် အေးချမ်းမိုးနှင့်ပက်သက်သည့် ပုံများအောက်မှာ လှောင်ရယ်သည့် Reaction များ၊ ဝေဖန်ရှုတ်ချသည့်မှတ်ချက်ပေးမှုများ တွေ့ရသည်။ Miss Grand International ဖေ့စ်ဘွက်စာမျက်နှာထိ သွားရောက် ဝေဖန်နေကြတာဖြစ်ပါတယ်။
သို့သော်လည်း အေးချမ်းမိုးကတော့ မြန်မာစိတ်ဓာတ် မြန်မာ့အလှကို ပြတ်ပြတ်သားသား ပြသနိုင်ခဲ့ပါတယ်။ ယုံကြည်မှုအပြည်ရှိခဲ့ပါတယ်။ National Costume ဆုကို ဒိုင်ရွေးချယ်မှု၊ ေ့ဖစ်ဘွက် Like အရေအတွက်၊ Voting တို့ဖြင့် အောက်တိုဘာလ ၂ဝ ရက်နေ့အထိ အဆင့်ဆင့် ဆန်ခါတင် ရွေးချယ်သွားမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။
ရွှေအိမ်စည်နေရာတွင် ရုတ်တရက်အစားထိုးခံလိုက်ရတဲ့ အေးချမ်းမိုးက ၅ ရက်တာ ပြင်ဆင်ချိန်အတွင်း သူမတတ်နိုင်သလောက် အကောင်းဆုံးကြိုးစားခဲ့ရတာ ဖြစ်ပါတယ်။
Photos©Miss Grand Myanmar
ဖိုးသူတော် (www.phothutaw.com)
Credit: Myanmarnewsociety
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top