Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

‘ရင္ဘတ္ထဲကဓား’ ႐ုပ္ ရွင္ၾကည့္႐ႈသူမ်ား၏ သံုးသပ္ခ်က္ မ်ားကို ဖတ္ရခ်ိန္တြင္ ေပ်ာ္လြန္းေသာေၾကာင့္ မ်က္ရည္ပင္ဝဲမိ ေၾကာင္း အိႁႏၵာေက်ာ္ဇင္က ေျပာ သည္။

‘‘ဒီကား႐ံုတင္တဲ့အခါမွာ Review ေတြေရာ၊ ပရိသတ္အား ေပးမႈေတြကေရာ အရမ္းအားရ စရာေကာင္းတယ္ဆိုေတာ့ ႀကိဳး စားရက်ိဳးလည္း နပ္ပါတယ္။ Review ေတြ တက္လာလုိ႔ဖတ္ရင္ အရမ္းေပ်ာ္လြန္းလို႔ မ်က္ရည္ဝဲရ တဲ့အေနအထားထိ ျဖစ္မိပါ တယ္။ ဒါက ေတာ္ေတာ္ေလးႀကံဳ ေတာင့္ႀကံဳခဲလို႔ ေျပာလို႔ရပါ တယ္’’ဟု ၎က ေျပာသည္။

‘ရင္ဘတ္ထဲကဓား’ ႐ုပ္ရွင္ ဇာတ္ကားကို ေအာက္တုိဘာ ၂၇ ရက္ကစတင္ကာ ရန္ကုန္၊ မႏၲေလးအပါအဝင္ နယ္ၿမိဳ႕မ်ား၌ တစ္ၿပိဳင္တည္း ႐ံုတင္ျပသေနၿပီး အိမ္ေထာင္ေရး ဒရာမာဇာတ္ ကားတစ္ကားျဖစ္ကာ ပရိသတ္ အားေပးမႈ အမ်ားအျပား ရရွိေန သည္။

ေအာက္တိုဘာ ၂၉ ရက္က ေရွ႕ေဆာင္႐ုပ္ရွင္႐ံုတြင္ ‘ရင္ဘတ္ထဲကဓား’ ဖန္တီးသူမ်ားက ပရိ သတ္မ်ားႏွင့္ ေတြ႕ဆံု၍ အမွတ္ တရလက္မွတ္ထိုးပြဲျပဳလုပ္ခဲ့ရာ ပရိသတ္အမ်ားအျပား လာ ေရာက္ခဲ့ၿပီး ေနာက္ဆံုး၌ ပရိသတ္မ်ားကို မထိန္းႏုိင္ေသာေၾကာင့္ လက္မွတ္ထိုးပြဲကို ရပ္နားခဲ့ရ သည္အထိ ဇာတ္ကားေအာင္ျမင္ မႈအရွိန္ျမင့္ေနသည္။

‘‘ပရိသတ္ေတြအရမ္းမ်ားၿပီး အရမ္းတိုးေတာ့ တစ္ေယာက္ခ်င္း စီကို ေသခ်ာမႏႈတ္ဆက္ႏုိင္တာကြၽန္ေတာ္တုိ႔ကို ခြင့္လႊတ္ေပးပါ လို႔။ အဲဒီေလာက္ထိ ခ်စ္ခင္ေန တာကို ေက်းဇူးတင္ပါတယ္’’ဟု ေျပတီဦးက လက္မွတ္ထိုးပြဲႏွင့္ ပတ္သက္၍ ေျပာသည္။

လက္မွတ္ထိုးရန္ ႐ံုထဲအဝင္ တြင္ အိႁႏၵာေက်ာ္ဇင္ ေျခေထာက္ကို မေတာ္တဆ တက္နင္းခံရေသာေၾကာင့္ ေျခသည္းလန္ခဲ့ ေသာ္လည္း လက္မွတ္ထိုးပြဲၿပီးဆံုး သည္အထိ ေရးထိုးေပးခဲ့သည္။

‘‘ဓား ပရိသတ္ေတြ အရမ္း အားေပးၾကလုိ႔ အရမ္းေက်းဇူး တင္ရပါတယ္။ လရိပ္ေဝးလည္းေျခ သည္းခြံႀကီးလန္သြားပါ တယ္... ဒါေပမဲ့ ခ်စ္တဲ့ပရိသတ္ႀကီးေၾကာင့္ နာရေကာင္းမွန္း ေတာင္ မသိလိုက္ပါဘူး... အိမ္ ေရာက္ေတာ့မွ ‘အေမေရ နာလိုက္တာ’ ေအာ္ေနရတယ္’’ဟု အိႁႏၵာေက်ာ္ဇင္က ၎၏ ေဖ့စ္ ဘြတ္ခ္တြင္ ေရးသားထားသည္။

ထို႔အျပင္ ယင္းဇာတ္ကား ၾကည့္႐ႈၿပီးသူ အမ်ားစုက ဇာတ္ ကားႏွင့္ပတ္သက္သည့္ သံုးသပ္ ခ်က္မ်ား ေရးသားထားရာ လရိပ္ ေဝးေနရာတြင္ သ႐ုပ္ေဆာင္ သည့္ အိႁႏၵာေက်ာ္ဇင္ကို ခ်ီးက်ဴး ထားသည္။

‘‘မအူဝဲကေတာ့ ဇာတ္ကား အစ အေမေထာင္ကလြတ္ၿပီလို႔ ဖုန္းဆက္တဲ့ အခန္းကစလို႔ ဇာတ္ ကားဆံုးတဲ့အထိကို သူ႔တန္ပိုနဲ႔သူ လုပ္သြားတာ ေျပာစရာတစ္ကြက္ မွမရွိဘူး။ ဒီဇာတ္ကားမွာ မအူဝဲ သာ မပီျပင္ရင္ ‘ရင္ဘတ္ထဲက ဓား’က ပရိသတ္ ရင္ဘတ္ထဲကို စိုက္ဝင္မွာ မဟုတ္ဘူး’’ဟု ဒါ႐ိုက္ တာ ထူးႏြယ္အိမ္က ‘ရင္ဘတ္ထဲ ကဓား’ဇာတ္ကား သံုးသပ္ခ်က္ တြင္ အိႁႏၵာေက်ာ္ဇင္ သ႐ုပ္ေဆာင္မႈႏွင့္ပတ္သက္၍ မွတ္ခ်က္ျပဳ ထားသည္။ ယင္းဇာတ္ကားသည္ စာေရးဆရာမ လမင္းမိုမို၏ ‘အေမွာင္ထဲမွာ’ ဝတၳဳကို ဒါ႐ိုက္တာဝိုင္းကိုယ္တိုင္ ဇာတ္ၫႊန္းေရးသား၍ ႐ိုက္ကူးထားၿပီး အိႁႏၵာေက်ာ္ဇင္ က ဖခင္ကို သတ္လိုက္သည့္ မိခင္ ကို စိတ္နာေနသူ၊ ၎ထက္ အသက္ငယ္သူတစ္ဦးႏွင့္ အိမ္ေထာင္က်ကာ အဆင္မေျပသည့္ အိမ္ေထာင္ေရးကို ႀကံဳေတြ႕ရ သည့္ အမ်ိဳးသမီးတစ္ဦးအျဖစ္ ပါဝင္သ႐ုပ္ေဆာင္ထားသည္။

ယင္းဇာတ္ကားျဖင့္ ၂၀၁၇ အတြက္ အိႁႏၵာေက်ာ္ဇင္ အကယ္ ဒမီမရလွ်င္ ၎၏ တာဝန္မေက် ေၾကာင္း ဒါ႐ိုက္တာဝိုင္းက ေျပာ ၾကားထားသလို ယင္းဇာတ္ကား ကို ၾကည့္႐ႈၿပီးသည့္ ပရိသတ္မ်ား ကလည္း ယခုႏွစ္ အကယ္ဒမီ သည္ အိႁႏၵာေက်ာ္ဇင္အတြက္ပင္ ျဖစ္ေၾကာင္း မွတ္ခ်က္ျပဳထား သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mingalarbarmorning

# Unicode Version ျဖင့္ ဖတ္ပါ #

 ‘ရင်ဘတ်ထဲကဓား’ ရုပ် ရှင်ကြည့်ရှုသူများ၏ သုံးသပ်ချက် များကို ဖတ်ရချိန်တွင် ပျော်လွန်းသောကြောင့် မျက်ရည်ပင်ဝဲမိ ကြောင်း အိန္ဒြာကျော်ဇင်က ပြော သည်။

‘‘ဒီကားရုံတင်တဲ့အခါမှာ Review တွေရော၊ ပရိသတ်အား ပေးမှုတွေကရော အရမ်းအားရ စရာကောင်းတယ်ဆိုတော့ ကြိုး စားရကျိုးလည်း နပ်ပါတယ်။ Review တွေ တက်လာလို့ဖတ်ရင် အရမ်းပျော်လွန်းလို့ မျက်ရည်ဝဲရ တဲ့အနေအထားထိ ဖြစ်မိပါ တယ်။ ဒါက တော်တော်လေးကြုံ တောင့်ကြုံခဲလို့ ပြောလို့ရပါ တယ်’’ဟု ၎င်းက ပြောသည်။

‘ရင်ဘတ်ထဲကဓား’ ရုပ်ရှင် ဇာတ်ကားကို အောက်တိုဘာ ၂၇ ရက်ကစတင်ကာ ရန်ကုန်၊ မန္တလေးအပါအဝင် နယ်မြို့များ၌ တစ်ပြိုင်တည်း ရုံတင်ပြသနေပြီး အိမ်ထောင်ရေး ဒရာမာဇာတ် ကားတစ်ကားဖြစ်ကာ ပရိသတ် အားပေးမှု အများအပြား ရရှိနေ သည်။

အောက်တိုဘာ ၂၉ ရက်က ရှေ့ဆောင်ရုပ်ရှင်ရုံတွင် ‘ရင်ဘတ်ထဲကဓား’ ဖန်တီးသူများက ပရိ သတ်များနှင့် တွေ့ဆုံ၍ အမှတ် တရလက်မှတ်ထိုးပွဲပြုလုပ်ခဲ့ရာ ပရိသတ်အများအပြား လာ ရောက်ခဲ့ပြီး နောက်ဆုံး၌ ပရိသတ်များကို မထိန်းနိုင်သောကြောင့် လက်မှတ်ထိုးပွဲကို ရပ်နားခဲ့ရ သည်အထိ ဇာတ်ကားအောင်မြင် မှုအရှိန်မြင့်နေသည်။

‘‘ပရိသတ်တွေအရမ်းများပြီး အရမ်းတိုးတော့ တစ်ယောက်ချင်း စီကို သေချာမနှုတ်ဆက်နိုင်တာကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ လို့။ အဲဒီလောက်ထိ ချစ်ခင်နေ တာကို ကျေးဇူးတင်ပါတယ်’’ဟု ပြေတီဦးက လက်မှတ်ထိုးပွဲနှင့် ပတ်သက်၍ ပြောသည်။

လက်မှတ်ထိုးရန် ရုံထဲအဝင် တွင် အိန္ဒြာကျော်ဇင် ခြေထောက်ကို မတော်တဆ တက်နင်းခံရသောကြောင့် ခြေသည်းလန်ခဲ့ သော်လည်း လက်မှတ်ထိုးပွဲပြီးဆုံး သည်အထိ ရေးထိုးပေးခဲ့သည်။

‘‘ဓား ပရိသတ်တွေ အရမ်း အားပေးကြလို့ အရမ်းကျေးဇူး တင်ရပါတယ်။ လရိပ်ဝေးလည်းခြေ သည်းခွံကြီးလန်သွားပါ တယ်... ဒါပေမဲ့ ချစ်တဲ့ပရိသတ်ကြီးကြောင့် နာရကောင်းမှန်း တောင် မသိလိုက်ပါဘူး... အိမ် ရောက်တော့မှ ‘အမေရေ နာလိုက်တာ’ အော်နေရတယ်’’ဟု အိန္ဒြာကျော်ဇင်က ၎င်း၏ ဖေ့စ် ဘွတ်ခ်တွင် ရေးသားထားသည်။

ထို့အပြင် ယင်းဇာတ်ကား ကြည့်ရှုပြီးသူ အများစုက ဇာတ် ကားနှင့်ပတ်သက်သည့် သုံးသပ် ချက်များ ရေးသားထားရာ လရိပ် ဝေးနေရာတွင် သရုပ်ဆောင် သည့် အိန္ဒြာကျော်ဇင်ကို ချီးကျူး ထားသည်။

‘‘မအူဝဲကတော့ ဇာတ်ကား အစ အမေထောင်ကလွတ်ပြီလို့ ဖုန်းဆက်တဲ့ အခန်းကစလို့ ဇာတ် ကားဆုံးတဲ့အထိကို သူ့တန်ပိုနဲ့သူ လုပ်သွားတာ ပြောစရာတစ်ကွက် မှမရှိဘူး။ ဒီဇာတ်ကားမှာ မအူဝဲ သာ မပီပြင်ရင် ‘ရင်ဘတ်ထဲက ဓား’က ပရိသတ် ရင်ဘတ်ထဲကို စိုက်ဝင်မှာ မဟုတ်ဘူး’’ဟု ဒါရိုက် တာ ထူးနွယ်အိမ်က ‘ရင်ဘတ်ထဲ ကဓား’ဇာတ်ကား သုံးသပ်ချက် တွင် အိန္ဒြာကျော်ဇင် သရုပ်ဆောင်မှုနှင့်ပတ်သက်၍ မှတ်ချက်ပြု ထားသည်။ ယင်းဇာတ်ကားသည် စာရေးဆရာမ လမင်းမိုမို၏ ‘အမှောင်ထဲမှာ’ ဝတ္ထုကို ဒါရိုက်တာဝိုင်းကိုယ်တိုင် ဇာတ်ညွှန်းရေးသား၍ ရိုက်ကူးထားပြီး အိန္ဒြာကျော်ဇင် က ဖခင်ကို သတ်လိုက်သည့် မိခင် ကို စိတ်နာနေသူ၊ ၎င်းထက် အသက်ငယ်သူတစ်ဦးနှင့် အိမ်ထောင်ကျကာ အဆင်မပြေသည့် အိမ်ထောင်ရေးကို ကြုံတွေ့ရ သည့် အမျိုးသမီးတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားသည်။

ယင်းဇာတ်ကားဖြင့် ၂၀၁၇ အတွက် အိန္ဒြာကျော်ဇင် အကယ် ဒမီမရလျှင် ၎င်း၏ တာဝန်မကျေ ကြောင်း ဒါရိုက်တာဝိုင်းက ပြော ကြားထားသလို ယင်းဇာတ်ကား ကို ကြည့်ရှုပြီးသည့် ပရိသတ်များ ကလည်း ယခုနှစ် အကယ်ဒမီ သည် အိန္ဒြာကျော်ဇင်အတွက်ပင် ဖြစ်ကြောင်း မှတ်ချက်ပြုထား သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: mingalarbarmorning
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top