Golden City Promotion
×

ကဲ အႏုပညာရွင္မ်ားရဲ႕ သီတင္းကၽြတ္အစီအစဥ္ေလးပါေနာ္။

လူမင္း

"အဓိကေတာ့ သီတင္းကၽြတ္ေက်ာင္းပိတ္ရက္ရွည္ႀကီးမွာ မိသားစုနဲ႕ သားသမီးေတြကို အခ်ိန္ေပးဖို႕ပဲ အခ်ိန္ဇယား ဆြဲဖို႕ရွိပါတယ္။ တျခားမရွိပါဘူး။ ေအာက္တိုဘာ(၁၀)ရက္ေက်ာ္ရင္ေတာ့ ခရီးထြက္ဖို႕ ရွိပါတယ္။ "
ညီထြဋ္ေခါင္


"ကၽြန္ေတာ္ကေတာ့ ၂ရက္၊ ၃ရက္၊ ၄ရက္၊ ၅ရက္ ေတာက္ေလွ်ာက္ကို ေအာင္ဇဗၺဴေက်ာင္းမွာပဲ ရွိမွာပါ။ တရားစခန္းလို ပံုစံမ်ိဳးေလးေပ့ါ။ ေက်ာင္းမွာပဲ ေနၿပီးေတာ့ အဓိဌာန္ေလး ဘာေလးလုပ္ခ်င္မွာပါ။

သီတင္းကၽြတ္အမွတ္တရအေနနဲ႕ဆိုရင္ ကၽြန္ေတာ္က နယ္မွာေနခဲ့ေတာ့ ကေလးသဘာဝအရ မီးရႈးမီးပန္းေတြ ေဆာ့တာေလးေတြေတာ့ သီတင္းကၽြတ္ေရာက္တိုင္း သတိရမိပါတယ္။ "
သင္ဇာဝင့္ေက်ာ္


"သင္ဇာကေတာ့ ဘားကံ့မွာ ၃ရက္ေန႕ သီခ်င္းသြားဆိုဖို႕ ရွိပါတယ္္။ သီတင္းကၽြတ္ညကိုလည္း ဘားကံ့မွာ ျဖတ္သန္းမွာပါ။ ၿပီးရင္ ရန္ကုန္ျပန္လာၿပီး တီဗီေၾကာ္ျငာေတြ ရိုက္မယ္။ ရုပ္ရွင္ဇာတ္ကားႀကီးေတြ  ေတာက္ေလွ်ာက္ ရိုက္ကူးသြားဖို႕ ရွိပါတယ္။ "

ဖူးပြင့္သခင္

"သီတင္းကၽြတ္ေရာက္ရင္ အကိုေတြ ဆရာေတြကို လိုက္ကန္ေတာ့မယ္ ၿပီးရင္မုန္႕ဖိုးရမယ္။ ၿပီးရင္ သီတင္းကၽြတ္မွာ အလွဴအတန္းေလးေတြ လုပ္သြားဖို႕ စဥ္းစားထားပါတယ္။  အမ်ားႀကီး မလုပ္ျဖစ္ရင္ေတာင္မွ ႏွစ္တိုင္း အလွဴလုပ္ျဖစ္တယ္ေပ့ါေနာ္။ မိဘမဲ့ေက်ာင္းမွာ  သြားလွဴဖို႕ေတာ့ ရွိပါတယ္။  ကိုယ္တတ္ႏိုင္သေလာက္ေလး သြားေရာက္လွဴဒါန္းဖို႕ စီစဥ္ထားပါတယ္။ ပရိသတ္ေတြလည္း သီတင္းကၽြတ္ရာသီမွာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႕ မိသားစုနဲ႕အတူ ျဖတ္သန္းႏိုင္ပါေစလို႕။ ၿပီးေတာ့ အလွဴႀကီးေတြလည္း လုပ္ႏုိင္ၾကပါေစလို႕ ဆုေတာင္း ေပးလိုက္ပါတယ္။ "

Photo : အႏုပညာရွင္မ်ားရဲ႕ ေဖ့စ္ဘြတ္
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
ကဲ အနုပညာရှင်များရဲ့ သီတင်းကျွတ်အစီအစဉ်လေးပါနော်။
လူမင်း

"အဓိကတော့ သီတင်းကျွတ်ကျောင်းပိတ်ရက်ရှည်ကြီးမှာ မိသားစုနဲ့ သားသမီးတွေကို အချိန်ပေးဖို့ပဲ အချိန်ဇယား ဆွဲဖို့ရှိပါတယ်။ တခြားမရှိပါဘူး။ အောက်တိုဘာ(၁၀)ရက်ကျော်ရင်တော့ ခရီးထွက်ဖို့ ရှိပါတယ်။ "
ညီထွဋ်ခေါင်

"ကျွန်တော်ကတော့ ၂ရက်၊ ၃ရက်၊ ၄ရက်၊ ၅ရက် တောက်လျှောက်ကို အောင်ဇဗ္ဗူကျောင်းမှာပဲ ရှိမှာပါ။ တရားစခန်းလို ပုံစံမျိုးလေးပေ့ါ။ ကျောင်းမှာပဲ နေပြီးတော့ အဓိဌာန်လေး ဘာလေးလုပ်ချင်မှာပါ။

သီတင်းကျွတ်အမှတ်တရအနေနဲ့ဆိုရင် ကျွန်တော်က နယ်မှာနေခဲ့တော့ ကလေးသဘာဝအရ မီးရှုးမီးပန်းတွေ ဆော့တာလေးတွေတော့ သီတင်းကျွတ်ရောက်တိုင်း သတိရမိပါတယ်။ "
သင်ဇာဝင့်ကျော်

"သင်ဇာကတော့ ဘားကံ့မှာ ၃ရက်နေ့ သီချင်းသွားဆိုဖို့ ရှိပါတယ်။ သီတင်းကျွတ်ညကိုလည်း ဘားကံ့မှာ ဖြတ်သန်းမှာပါ။ ပြီးရင် ရန်ကုန်ပြန်လာပြီး တီဗီကြော်ငြာတွေ ရိုက်မယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေ  တောက်လျှောက် ရိုက်ကူးသွားဖို့ ရှိပါတယ်။ "
ဖူးပွင့်သခင်

"သီတင်းကျွတ်ရောက်ရင် အကိုတွေ ဆရာတွေကို လိုက်ကန်တော့မယ် ပြီးရင်မုန့်ဖိုးရမယ်။ ပြီးရင် သီတင်းကျွတ်မှာ အလှူအတန်းလေးတွေ လုပ်သွားဖို့ စဉ်းစားထားပါတယ်။  အများကြီး မလုပ်ဖြစ်ရင်တောင်မှ နှစ်တိုင်း အလှူလုပ်ဖြစ်တယ်ပေ့ါနော်။ မိဘမဲ့ကျောင်းမှာ  သွားလှူဖို့တော့ ရှိပါတယ်။  ကိုယ်တတ်နိုင်သလောက်လေး သွားရောက်လှူဒါန်းဖို့ စီစဉ်ထားပါတယ်။ ပရိသတ်တွေလည်း သီတင်းကျွတ်ရာသီမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ မိသားစုနဲ့အတူ ဖြတ်သန်းနိုင်ပါစေလို့။ ပြီးတော့ အလှူကြီးတွေလည်း လုပ်နိုင်ကြပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်။ "

Photo : အနုပညာရှင်များရဲ့ ဖေ့စ်ဘွတ်

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top