ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

အမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ား ရာသီလာခ်ိန္မွာ ေ၀ဒနာအမ်ိဳးမ်ိဳး ခံစားရပါတယ္။ အထူးသျဖင့္ ဆယ္ေက်ာ္သက္အရြယ္မ်ားမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ရာသီလာျခင္းေၾကာင့္ ကိုက္ခဲတာဟာ ဆုိး၀ါးတဲ့ျပသနာေတြ ျဖစ္ႏုိင္တယ္လုိ႕ မဆုိလုိပါဘူး။ အသက္ႀကီးလာတာနဲ႕ အမွ် နာက်င္မႈေတြ ေလ်ာ့နည္းလာႏုိင္ၿပီး ကေလးတစ္ေယာက္ ေမြးၿပီးတဲ့အခါမ်ိဳးမွာလဲ သက္သာသြားႏုိင္ပါတယ္။ ေ၀ဒနာခံစားရျခင္းမွာ ပထမဆင့္နာက်င္ျခင္းနဲ႕ ဒုတိယအဆင့္ နာက်င္ျခင္းဆုိၿပီး (၂)မ်ိဳးရွိပါတယ္။

ေရာဂါလကဏာေတြကေတာ့

–         ၀မ္းဗိုက္ပိုင္းတစ္၀ိုက္ နဲ႕ရင္သားမ်ား နာက်င္ကိုက္ခဲျခင္း

–         ေသြးပမာဏအမ်ားႀကီး ဆင္းျခင္း

–         ေခါင္းကိုက္ျခင္း

–         ေအာ္ဂလီဆန္ေနျခင္း

–         ၀မ္းခ်ဳပ္ျခင္း (သို႕) ၀မ္းသြားျခင္း

–         ေအာ့အန္ျခင္း တုိ႕ျဖစ္ပါတယ္ ။

ပထမဆင့္ ဓမၼတာဆုိင္ရာ နာက်င္ခံစားမႈဟာ သားအိမ္လမ္းေၾကာင္းမွ ဟိုမုန္းဓါတ္ကဲ့သုိ႕ ဖက္တီးအက္ဆစ္မ်ားကို အံုလုိက္က်င္းလုိက္ ထုတ္လႊတ္လုိက္ တာေၾကာင့္ ျဖစ္ပါတယ္။ ေယဘုယ်အားျဖင့္ ထုတ္လႊတ္မႈပမာဏမ်ားေလ နာက်င္မႈပိုေလပဲျဖစ္ပါတယ္။

ဒုတိယအဆင့္ ဓမၼတာဆုိင္ရာ နာက်င္ခံစားမႈမ်ားကေတာ့

–         သားအိမ္၏ အနားစြန္းမ်ား ေလာင္ကၽြမ္းျခင္း

–         ေသြးႏွင့္တစ္သွ်ဴးမွ်င္မ်ားသည္ က်ဥ္းေျမာင္းေသာ သားအိမ္ထိပ္၀ကို ျဖတ္ထြက္ရျခင္း

–         မ်ိဳးဥအိမ္ ျပည္တည္ျခင္း

–         သားအိမ္တြင္ ပိုး၀င္ျခင္း

–         တင္ပါးဆံုရိုးကိုက္ခဲျခင္း (PID)

–         သားအိမ္ႏွင့္ ဆက္စပ္ေသာ ေရာဂါမ်ား (IUD) ျဖစ္ပါတယ္။

ကုထံုးမ်ားအေနနဲ႕ကေတာ့ အကိုက္အခဲေပ်ာက္ေဆးမ်ား မွီ၀ဲႏုိင္ပါတယ္။ အကိုက္အခဲ ေပ်ာက္ေဆးအမ်ားစုက အစာအိမ္ကိုထိခိုက္ႏုိင္တာေၾကာင့္ အစာနဲ႔တြဲေသာက္ပါ။ ေရရွည္ စြဲေသာက္ရင္ေတာ့ အစာအိမ္ေသြးေၾကာေပါက္ျခင္းမ်ား ျဖစ္ႏုိင္ပါတယ္။ aspirin, inbuprofen (Motrin, Advil), naproxen (Aleve) တုိ႕ကို ေသာက္သံုး ႏုိင္ပါတယ္။ တားေဆးမ်ားနဲ႕ ပတ္တီးစည္းျခင္းက နာက်င္မႈကို သက္သာေစပါတယ္။ လစဥ္ နာက်င္ကိုက္ခဲျခင္းေၾကာင့္ တင္ပါးဆံုနဲ႕ ခါးနားတ၀ိုက္နာက်င္ကိုက္ခဲျခင္းေတြ ျဖစ္လာရင္ေတာ့ ဆရာ၀န္နဲ႕ တုိင္ပင္ကုသပါ။ စိတ္နဲ႕ခႏ္ၶာ တြဲၿပီးျပဳလုပ္ရတဲ့ ေလ့က်င့္ခန္းမ်ိဳး (ဥပမာ- တရားထုိင္ျခင္း၊ ေယာဂက်င့္ျခင္း၊ ထိုက္ခ်ိကစားျခင္း) စတာေတြကလဲ နာက်င္မႈကို သက္သာေစပါတယ္။

စားသံုးသင့္တဲ့ အစားအစာေတြအေနနဲ႕ကေတာ့

–         ကယ္ဆီယမ္ဓါတ္ႂကြယ္၀တဲ့ အစားအစာေတြျဖစ္တဲ့ ပဲအမ်ိဳးမ်ိဳး၊ ဗာဒံေစ့၊ အစိမ္းရင့္ေရာင္ အသီးအရြက္ေတြ မ်ားမ်ားစား ေပးပါ။

–         အန္တီေအာက္ဆီးဒင့္ ပမာဏပါ၀င္မႈမ်ားတဲ့ အသီးေတြ (ဥပမာ- ဘလူးဘယ္ရီသီး၊ ခ်ယ္ရီသီး ၊ ခရမ္းခ်ဥ္သီး၊ သခြားေမႊးသီးနဲ႕ ငရုတ္ေကာင္းမႈန္႕)ေတြ မ်ားမ်ားစားေပးပါ။

အေရာင္ခၽြတ္ထားတဲ့ အစားအစာေတြကို ေရွာင္က်ဥ္ပါ။ (ဥပမာ-  ေပါင္မုန္႕ျဖဴ၊ ပါစတာေခါက္ဆြဲ နဲ႕ သၾကား) ။ ပရိုတိန္းဓါတ္မ်ားတဲ့ အစားအစာေတြ ဥပမာ ဩ တုိ႕ဟူး၊ ပဲႏုိ႕ တုိ႕ကို စားေပးပါ။ ဓမတာလာေနခ်ိန္မွာ ေကာ္ဖီ ၊ အရက္နဲ႕ ေဆးလိပ္တုိ႕ကိုေရွာင္က်ဥ္ပါ။ တစ္ေန႕ကို ေရသန္႕ ၆-၈ ဖန္ခြက္ေသာက္ပါ။ တပတ္မွာ အနည္းဆံုး (၅)ရက္ နဲ႕ တစ္ရက္ကို မိနစ္(၃၀)ေလာက္ ေလ့က်င့္ခန္းပံုမွန္လုပ္ေပးပါ။

ဒါဆုိရင္ေတာ့ တစ္လတစ္ခါ ပံုမွန္ နာက်င္ကိုက္ခဲေနရတဲ့ ေ၀ဒနာေတြကို အနည္းနဲ႕ အမ်ား သက္သာေပ်ာက္ကင္းႏုိင္ေစမွာ ျဖစ္ပါတယ္။ လွပက်န္းမာတဲ့ လူေနမႈဘ၀ကို ပိုင္ဆုိင္လုိတဲ့ အမ်ိဳးသမီးမ်ားအေနနဲ႕ အေထာက္အကူရႏုိင္လိမ့္မယ္လုိ႕ ေမွ်ာ္လင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Original Writer

#Unicode Version#
အမျိုးသမီးတော်တော်များများ ရာသီလာချိန်မှာ ဝေဒနာအမျိုးမျိုး ခံစားရပါတယ်။ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်များမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ရာသီလာခြင်းကြောင့် ကိုက်ခဲတာဟာ ဆိုးဝါးတဲ့ပြသနာတွေ ဖြစ်နိုင်တယ်လို့ မဆိုလိုပါဘူး။ အသက်ကြီးလာတာနဲ့ အမျှ နာကျင်မှုတွေ လျော့နည်းလာနိုင်ပြီး ကလေးတစ်ယောက် မွေးပြီးတဲ့အခါမျိုးမှာလဲ သက်သာသွားနိုင်ပါတယ်။ ဝေဒနာခံစားရခြင်းမှာ ပထမဆင့်နာကျင်ခြင်းနဲ့ ဒုတိယအဆင့် နာကျင်ခြင်းဆိုပြီး (၂)မျိုးရှိပါတယ်။

ရောဂါလကဏာတွေကတော့

–         ဝမ်းဗိုက်ပိုင်းတစ်ဝိုက် နဲ့ရင်သားများ နာကျင်ကိုက်ခဲခြင်း

–         သွေးပမာဏအများကြီး ဆင်းခြင်း

–         ခေါင်းကိုက်ခြင်း

–         အော်ဂလီဆန်နေခြင်း

–         ဝမ်းချုပ်ခြင်း (သို့) ဝမ်းသွားခြင်း

–         အော့အန်ခြင်း တို့ဖြစ်ပါတယ် ။

ပထမဆင့် ဓမ္မတာဆိုင်ရာ နာကျင်ခံစားမှုဟာ သားအိမ်လမ်းကြောင်းမှ ဟိုမုန်းဓါတ်ကဲ့သို့ ဖက်တီးအက်ဆစ်များကို အုံလိုက်ကျင်းလိုက် ထုတ်လွှတ်လိုက် တာကြောင့် ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ထုတ်လွှတ်မှုပမာဏများလေ နာကျင်မှုပိုလေပဲဖြစ်ပါတယ်။

ဒုတိယအဆင့် ဓမ္မတာဆိုင်ရာ နာကျင်ခံစားမှုများကတော့

–         သားအိမ်၏ အနားစွန်းများ လောင်ကျွမ်းခြင်း

–         သွေးနှင့်တစ်သျှူးမျှင်များသည် ကျဉ်းမြောင်းသော သားအိမ်ထိပ်ဝကို ဖြတ်ထွက်ရခြင်း

–         မျိုးဥအိမ် ပြည်တည်ခြင်း

–         သားအိမ်တွင် ပိုးဝင်ခြင်း

–         တင်ပါးဆုံရိုးကိုက်ခဲခြင်း (PID)

–         သားအိမ်နှင့် ဆက်စပ်သော ရောဂါများ (IUD) ဖြစ်ပါတယ်။

ကုထုံးများအနေနဲ့ကတော့ အကိုက်အခဲပျောက်ဆေးများ မှီဝဲနိုင်ပါတယ်။ အကိုက်အခဲ ပျောက်ဆေးအများစုက အစာအိမ်ကိုထိခိုက်နိုင်တာကြောင့် အစာနဲ့တွဲသောက်ပါ။ ရေရှည် စွဲသောက်ရင်တော့ အစာအိမ်သွေးကြောပေါက်ခြင်းများ ဖြစ်နိုင်ပါတယ်။ aspirin, inbuprofen (Motrin, Advil), naproxen (Aleve) တို့ကို သောက်သုံး နိုင်ပါတယ်။ တားဆေးများနဲ့ ပတ်တီးစည်းခြင်းက နာကျင်မှုကို သက်သာစေပါတယ်။ လစဉ် နာကျင်ကိုက်ခဲခြင်းကြောင့် တင်ပါးဆုံနဲ့ ခါးနားတဝိုက်နာကျင်ကိုက်ခဲခြင်းတွေ ဖြစ်လာရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ကုသပါ။ စိတ်နဲ့ခန်္ဓာ တွဲပြီးပြုလုပ်ရတဲ့ လေ့ကျင့်ခန်းမျိုး (ဥပမာ- တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ ထိုက်ချိကစားခြင်း) စတာတွေကလဲ နာကျင်မှုကို သက်သာစေပါတယ်။

စားသုံးသင့်တဲ့ အစားအစာတွေအနေနဲ့ကတော့

–         ကယ်ဆီယမ်ဓါတ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ ပဲအမျိုးမျိုး၊ ဗာဒံစေ့၊ အစိမ်းရင့်ရောင် အသီးအရွက်တွေ များများစား ပေးပါ။

–         အန်တီအောက်ဆီးဒင့် ပမာဏပါဝင်မှုများတဲ့ အသီးတွေ (ဥပမာ- ဘလူးဘယ်ရီသီး၊ ချယ်ရီသီး ၊ ခရမ်းချဉ်သီး၊ သခွားမွှေးသီးနဲ့ ငရုတ်ကောင်းမှုန့်)တွေ များများစားပေးပါ။

အရောင်ချွတ်ထားတဲ့ အစားအစာတွေကို ရှောင်ကျဉ်ပါ။ (ဥပမာ-  ပေါင်မုန့်ဖြူ၊ ပါစတာခေါက်ဆွဲ နဲ့ သကြား) ။ ပရိုတိန်းဓါတ်များတဲ့ အစားအစာတွေ ဥပမာ ဩ တို့ဟူး၊ ပဲနို့ တို့ကို စားပေးပါ။ ဓမတာလာနေချိန်မှာ ကော်ဖီ ၊ အရက်နဲ့ ဆေးလိပ်တို့ကိုရှောင်ကျဉ်ပါ။ တစ်နေ့ကို ရေသန့် ၆-၈ ဖန်ခွက်သောက်ပါ။ တပတ်မှာ အနည်းဆုံး (၅)ရက် နဲ့ တစ်ရက်ကို မိနစ်(၃၀)လောက် လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။

ဒါဆိုရင်တော့ တစ်လတစ်ခါ ပုံမှန် နာကျင်ကိုက်ခဲနေရတဲ့ ဝေဒနာတွေကို အနည်းနဲ့ အများ သက်သာပျောက်ကင်းနိုင်စေမှာ ဖြစ်ပါတယ်။ လှပကျန်းမာတဲ့ လူနေမှုဘဝကို ပိုင်ဆိုင်လိုတဲ့ အမျိုးသမီးများအနေနဲ့ အထောက်အကူရနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Original Writer
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top