Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

တစ္ခါတုန္းက လူသြားလူလာမ်ားတဲ့ ေတာလမ္း တစ္ေနရာမွာ ေက်ာက္တုံးႀကီး တစ္တုံး ရွိသတဲ့။အဲဒီ ေက်ာက္တုံး ေပၚမွာလည္း စာတစ္ခ်ိဳ႕ေရးထြင္းထားပါတယ္။
ေက်ာက္တုံး ေပၚမွာ ေရးထားတဲ့ စာကေတာ့…ဤ ေက်ာက္တုံးႀကီး ကို ဆယ္ေပါင္တူ နွင့္အခ်က္ တစ္ေထာင္ျပည့္ေအာင္ ထုခြဲလ်င္တစ္သက္စာ ခ်မ္းသာေသာ ရတနာမ်ား ရမည္တဲ့။
လမ္းသြားလမ္းလာေတြက အဲဒီစာကိုျမင္ေတာ့ၿပဳံးၾကတာေပါ့။အ႐ူးတစ္ေယာက္ လက္ေဆာ့သြားတာေနမယ္လို႔ထင္ေၾကးေပးတဲ့သူေတြလည္း ရွိပါတယ္။ဟုတ္ေတာ့လည္း ဟုတ္တယ္။
ေက်ာက္တုံးႀကီး ထုခြဲ႐ုံနဲ႔ တစ္သက္စာ ခ်မ္းသာ ဖို႔ဆိုတာ စိတ္ကူးယဥ္ဆန္လြန္းတယ္ေလ။ေနာက္ၿပီး ဆယ္ေပါင္တူနဲ႔ အခ်က္တစ္ေထာင္ထုဖို႔ဆိုတာေတာ္႐ုံ ဇြဲသတၱိနဲ႔လည္း မျဖစ္ဘူး မဟုတ္လား။ဒီလိုနဲ႔ ခရီးသြားေတြဟာ…အဲဒီေက်ာက္တုံးႀကီးကို ခဏတစ္ျဖဳတ္ နားစရာအေနနဲ႔ပဲထိုင္ၾက မွီၾကၿပီး
ထုခြဲဖို႔ကို ဘယ္သူမွ စိတ္မဝင္စားၾကဘူးတဲ့။
တစ္ေန႔မွာေတာ့…လူတစ္ေယာက္ဟာ ဆယ္ေပါင္တူ နဲ႔ ေသာက္ေရ ဗူးနဲ႔ေရာက္လာၿပီးအဲဒီေက်ာက္တုံးႀကီးကို ထုခြဲပါေတာ့တယ္။ျဖတ္သြားျဖတ္လာေတြကေတာ့…သူ႔ကို ေလွာင္တဲ့ သူကေလွာင္။ၿပဳံးတဲ့သူကၿပဳံး။ခ်ီးမြမ္းတဲ့သူက ခ်ီးမြမ္း။
အရူးလို႔ ေျပာတဲ့သူက ေျပာေပါ့ေလ။
ဒါေပမဲ႔ သူကေတာ့ ဇြဲမေလွ်ာ့ပဲ ဆယ္ေပါင္တူႀကီး နဲ႔ထုလိုက္၊
ေရေသာက္လိုက္နဲ႔ ႀကိဳးစားေနဆဲပဲ။လူေတြကလည္း တစ္ေယာက္ၿပီး တစ္ေယာက္လာၿပီးေတာ့မျဖစ္ႏိုင္တဲ့အတြက္ ဆက္မလုပ္ဖို႔ ေျပာသူက ေျပာ၊တကယ္ခ်မ္းသာမယ္ဆို ေရွးလူေတြက ထုခြဲခဲ့ၾကမွာေပါ့။
တကယ္မဟုတ္လို႔သာ အရင္လူေတြက ဒီအတိုင္းပစ္ထားခဲ့ၾကတာလို႔ မွတ္ခ်က္ ေပးသူက ေပး…စသည္ျဖင့္ အမ်ိဳးမ်ိဳး
လာေျဖာင့္ဖ်ၾကတယ္။
အခ်က္( ၅၀၀ )ေက်ာ္လာတဲ့အခါသူလည္း တျဖည္းျဖည္း ပင္ပန္း လာသလိုတစ္ေယာက္ၿပီး တစ္ေယာက္ လာတားၾကတဲ့
စကား ေတြေၾကာင့္အားနည္းနည္း ေလ်ာ့ခ်င္သလို ျဖစ္လာပါတယ္။ၾကာလာေတာ့ သူ႔မွာ ဒြိဟ ျဖစ္လာေတာ့တယ္။
တစ္ဖက္က…အခ်က္ေပါင္း ငါးရာ ေတာင္ ေက်ာ္လာခဲ့ၿပီပဲ၊
ဒီေက်ာက္တုံးကို ဆက္ခြဲမယ္လို႔…ေတြးမိသလိုတစ္ဖက္ကလည္း…ေက်ာက္တုံးႀကီး ကြဲလို႔ အထဲမွာ ဘာမွမရွိရင္ေရာ
ဆိုတာမ်ိဳးလည္း ေတြးေနမိတယ္တဲ႔။
အဲဒီလို ဇေဝဇဝါ စဥ္းစားရင္းနဲ႔ ေက်ာက္တုံးႀကီး ကိုဆက္ခြဲလာလိုက္တာဘယ္ႏွစ္ခ်က္ရွိသြားၿပီ ဆိုတာကို သူေမ့သြားခဲ့တယ္။အခ်က္( ၇၀၀ )လား၊( ၈၀၀ )လား သူမသိေတာ့ဘူး။
အဲဒီအခ်ိန္မွာပဲ ေနာက္ထပ္ လူတစ္ေယာက္ေရာက္လာခဲ့ပါတယ္။

လာသမွ်လူေတြလို ဆက္မလုပ္ဖို႔ တားမယ္လို႔ထင္ခဲ့ေပမယ့္ဒီလူကေတာ့ ပူးေပါင္းဖို႔ လာတာျဖစ္ပါတယ္။ကြ်န္ေတာ္ ပါဝင္ပါရေစ။တစ္ကယ္လို႔ ရလာလွ်င္ ခင္ဗ်ားက အရင္အားစိုက္ထုတ္ၿပီးျဖစ္တဲ့အတြက္ေဝစုရဲ႕ ႏွစ္ပုံကို ယူပါ။ကြ်န္ေတာ္က ေနာက္မွ လာပူးေပါင္းတဲ့အတြက္ကြ်န္ေတာ့္ကို ေဝစုတစ္ပုံပဲ ေပးပါ လို႔ ေတာင္းဆိုသတဲ႔။
အဲဒီမွာ ပထမလူ ခဏေတာ့ ေတြေဝသြားတယ္ေပါ့။ဟုတ္တယ္ေလ။သူႀကိဳးစားလာတာ အခ်က္တစ္ေထာင္ျပည့္ခါနီးေနမွလာပူးေပါင္းတာကိုး။ၿပီးေတာ့ သူ႔ကို ရလာတဲ့ ရတနာရဲ႕ သုံးပုံတစ္ပုံေပးပါတဲ႔။
ေနာက္ေတာ့…
အုိ…ကိုယ္က အပင္ပန္းခံထားတာပဲ၊မေပးႏိုင္ပါဘူးလို႔ ေတြးလိုက္ၿပီးဒုတိယလူရဲ႕ ေတာင္းဆိုမႈကို ျငင္းလိုက္တယ္တဲ႔။
ၿပီးေတာ့ ေက်ာက္တုံးႀကီးကို ဆက္ခြဲေနတယ္။
ဒုတိယလူကေတာ့ ထြက္မသြားေသးပဲ ေဘးနာမွာပဲ
ထိုင္ေစာင့္ေနခဲ့တယ္။သူအခ်က္ေပါင္းမ်ားစြာ ႀကိဳးစားခြဲေပမယ့္ ေက်ာက္တုံးႀကီး ကေတာ့ တုတ္တုတ္မွ မလႈပ္ေသးဘူး
တဲ႔။
ေနာက္ဆုံးေတာ့ သူလည္း စိတ္ပ်က္သြားၿပီးလက္ေလ်ွာ့လိုက္ပါေတာ့တယ္။
ၿပီးေတာ့ ဒုတိယလူကိုလည္း…ကြ်န္ေတာ္ ဒီေက်ာက္တုံးႀကီးကို ထုခြဲလာတာအခ်က္ေပါင္း တစ္ေထာင္ေက်ာ္ေလာက္ၿပီဗ်၊။ဒါေပမယ့္ အခုထိ ဘာမွ မျဖစ္ဘူး။အမွန္က ကြ်န္ေတာ္ ရူးတာပါဗ်ာ။အစကတည္းက မလုပ္ပဲေနခဲ့ရမွာ ဆိုၿပီး
ေျပာပါတယ္။ဒုတိယလူက…ခင္ဗ်ား ဒီအလုပ္ကို စြန္႔လႊတ္မယ္ဆိုရင္ကြ်န္ေတာ္ ဆက္ထုခြဲပါရေစလို႔ ခြင့္ေတာင္းသတဲ့။
ပထမလူက…ခင္ဗ်ားလည္း အပင္ပန္းခံမေနပါနဲ႔ဗ်ာ။ဘာအက်ိဳးမွ ထူးမွာ မဟုတ္ပါဘူး။ကြ်န္ေတာ္ကေတာ့ စြန္႔လႊတ္လိုက္ၿပီလို႔ ေျပာၿပီးထြက္သြားေလသတဲ့။
သူထြက္သြားလို႔ ခပ္လွမ္းလွမ္းအေရာက္မွာပဲဝုန္းဆိုတဲ့
အသံႀကီးကို ၾကားလိုက္ရလို႔ လွည့္ၾကည့္မိလိုက္ေတာ့…
ေက်ာက္တုံးႀကီးကြဲေနတာကို အံ့ၾသဖြယ္ရာ
ျမင္လိုက္ရပါေတာ့တယ္။
ေက်ာက္တုံးႀကီး အတြင္းမွာေတာ့ ဝင္းလက္ေတာက္ပေနတဲ့ ရတနာေတြေပါ့။
ဒုတိယလူက…ရတနာေတြေရွ႕မွာ ၿပဳံးေပ်ာ္လို႔ ဝမ္းသာေနတဲ့ပုံနဲ႔။သူဟာ…အံ့လည္း အံ့ၾသသလို ေနာင္တလည္း ရသြားပါတယ္။အမွန္ေတာ့ သူႀကိဳးစားၿပီး ေက်ာက္တုံးႀကီး ကို ဆယ္ေပါင္တူ နဲ႔ထုခဲ့တဲ့ အခ်က္ေပါင္းဟာ( ၉၉၉ )ခ်က္ပဲရွိေသးတာကို သူ မသိခဲ့တာေလ။ဒီေတာ့ ဒုတိယလူ ဟာ ေက်ာက္တုံးႀကီးကို ခြဲဖို႔အတြက္
တစ္ခ်က္ပဲ ထုလိုက္ရေတာ့တာေပါ့။တစ္ခါတစ္ေလ ကိုယ္တို႔ ဘဝ ေတြမွာလည္း…သူမ်ားေတြ ႀကိဳးစားေနခ်ိန္ပူးေပါင္းပါဝင္ဖို႔ေရာ ႀကိဳးစားဘူးပါသလား?ေဘးကေန ျဖတ္သြားျဖတ္လာလုပ္ၿပီး ႀကိဳးစားေနသူကိုမျဖစ္ႏိုင္ဘူးလို႔ တားျမစ္ဘူးပါသလား?
ယုံၾကည္မႈ အျပည့္နဲ႔ စတင္ခဲ့ၿပီးမွ ေဘးစကားေၾကာင့္အားေလ်ာ့ စိတ္ပ်က္သြားတာမ်ိဳး ျဖစ္ဘူးပါသလား-?ေတြေဝမိတဲ႔ ဒြိဟ စိတ္ေတြေၾကာင့္ ထားလက္စရည္မွန္းခ်က္ ေပ်ာက္သြားတာမ်ိဳးေရာ ျဖစ္ဘူးပါသလား?ႀကိဳးစားလက္စကို ရပ္တန္႔ဖို႔မ်ား စဥ္းစားမိရင္…မထုမိလိုက္တဲ့ တူတစ္ခ်က္ေၾကာင့္
ဘဝ ကိုေျပာင္းလဲပစ္ႏိုင္တဲ့ အခြင့္အေရးေတြ ဆုံး႐ႈံးသြားတတ္တာကို မေမ့ပါနဲ႔ေနာ္။လူေတြက ကိုယ့္လုပ္ရပ္ကို ခ်ီးမြမ္းသည္ ျဖစ္ေစကဲ့ရဲ႕သည္ ျဖစ္ေစ။ေလွာင္ေျပာင္ရႈံ႕ခ်သည္ ျဖစ္ေစ။
စိတ္ဆႏၵျပင္းျပတဲ့ ယုံၾကည္မႈ နဲ႔ ႀကိဳးစားအားထုတ္မႈကိုေတာ့…ဘယ္ေတာ့မွ မဖ်က္ဆီးလိုက္ပါနဲ႔။
 ဖိုးသူေတာ္ (www.phothutaw.com)
Credit:Lwinpyin
#Unicode Version#
 တစ်ခါတုန်းက လူသွားလူလာများတဲ့ တောလမ်း တစ်နေရာမှာ ကျောက်တုံးကြီး တစ်တုံး ရှိသတဲ့။အဲဒီ ကျောက်တုံး ပေါ်မှာလည်း စာတစ်ချို့ရေးထွင်းထားပါတယ်။

ကျောက်တုံး ပေါ်မှာ ရေးထားတဲ့ စာကတော့…ဤ ကျောက်တုံးကြီး ကို ဆယ်ပေါင်တူ နှင့်အချက် တစ်ထောင်ပြည့်အောင် ထုခွဲလျင်တစ်သက်စာ ချမ်းသာသော ရတနာများ ရမည်တဲ့။

လမ်းသွားလမ်းလာတွေက အဲဒီစာကိုမြင်တော့ပြုံးကြတာပေါ့။အရူးတစ်ယောက် လက်ဆော့သွားတာနေမယ်လို့ထင်ကြေးပေးတဲ့သူတွေလည်း ရှိပါတယ်။ဟုတ်တော့လည်း ဟုတ်တယ်။

ကျောက်တုံးကြီး ထုခွဲရုံနဲ့ တစ်သက်စာ ချမ်းသာ ဖို့ဆိုတာ စိတ်ကူးယဉ်ဆန်လွန်းတယ်လေ။နောက်ပြီး ဆယ်ပေါင်တူနဲ့ အချက်တစ်ထောင်ထုဖို့ဆိုတာတော်ရုံ ဇွဲသတ္တိနဲ့လည်း မဖြစ်ဘူး မဟုတ်လား။ဒီလိုနဲ့ ခရီးသွားတွေဟာ…အဲဒီကျောက်တုံးကြီးကို ခဏတစ်ဖြုတ် နားစရာအနေနဲ့ပဲထိုင်ကြ မှီကြပြီး
ထုခွဲဖို့ကို ဘယ်သူမှ စိတ်မဝင်စားကြဘူးတဲ့။

တစ်နေ့မှာတော့…လူတစ်ယောက်ဟာ ဆယ်ပေါင်တူ နဲ့ သောက်ရေ ဗူးနဲ့ရောက်လာပြီးအဲဒီကျောက်တုံးကြီးကို ထုခွဲပါတော့တယ်။ဖြတ်သွားဖြတ်လာတွေကတော့…သူ့ကို လှောင်တဲ့ သူကလှောင်။ပြုံးတဲ့သူကပြုံး။ချီးမွမ်းတဲ့သူက ချီးမွမ်း။
အရူးလို့ ပြောတဲ့သူက ပြောပေါ့လေ။

ဒါပေမဲ့ သူကတော့ ဇွဲမလျှော့ပဲ ဆယ်ပေါင်တူကြီး နဲ့ထုလိုက်၊
ရေသောက်လိုက်နဲ့ ကြိုးစားနေဆဲပဲ။လူတွေကလည်း တစ်ယောက်ပြီး တစ်ယောက်လာပြီးတော့မဖြစ်နိုင်တဲ့အတွက် ဆက်မလုပ်ဖို့ ပြောသူက ပြော၊တကယ်ချမ်းသာမယ်ဆို ရှေးလူတွေက ထုခွဲခဲ့ကြမှာပေါ့။

တကယ်မဟုတ်လို့သာ အရင်လူတွေက ဒီအတိုင်းပစ်ထားခဲ့ကြတာလို့ မှတ်ချက် ပေးသူက ပေး…စသည်ဖြင့် အမျိုးမျိုး
လာဖြောင့်ဖျကြတယ်။

အချက်( ၅၀၀ )ကျော်လာတဲ့အခါသူလည်း တဖြည်းဖြည်း ပင်ပန်း လာသလိုတစ်ယောက်ပြီး တစ်ယောက် လာတားကြတဲ့
စကား တွေကြောင့်အားနည်းနည်း လျော့ချင်သလို ဖြစ်လာပါတယ်။ကြာလာတော့ သူ့မှာ ဒွိဟ ဖြစ်လာတော့တယ်။
တစ်ဖက်က…အချက်ပေါင်း ငါးရာ တောင် ကျော်လာခဲ့ပြီပဲ၊
ဒီကျောက်တုံးကို ဆက်ခွဲမယ်လို့…တွေးမိသလိုတစ်ဖက်ကလည်း…ကျောက်တုံးကြီး ကွဲလို့ အထဲမှာ ဘာမှမရှိရင်ရော
ဆိုတာမျိုးလည်း တွေးနေမိတယ်တဲ့။

အဲဒီလို ဇဝေဇဝါ စဉ်းစားရင်းနဲ့ ကျောက်တုံးကြီး ကိုဆက်ခွဲလာလိုက်တာဘယ်နှစ်ချက်ရှိသွားပြီ ဆိုတာကို သူမေ့သွားခဲ့တယ်။အချက်( ၇၀၀ )လား၊( ၈၀၀ )လား သူမသိတော့ဘူး။
အဲဒီအချိန်မှာပဲ နောက်ထပ် လူတစ်ယောက်ရောက်လာခဲ့ပါတယ်။



လာသမျှလူတွေလို ဆက်မလုပ်ဖို့ တားမယ်လို့ထင်ခဲ့ပေမယ့်ဒီလူကတော့ ပူးပေါင်းဖို့ လာတာဖြစ်ပါတယ်။ကျွန်တော် ပါဝင်ပါရစေ။တစ်ကယ်လို့ ရလာလျှင် ခင်ဗျားက အရင်အားစိုက်ထုတ်ပြီးဖြစ်တဲ့အတွက်ဝေစုရဲ့ နှစ်ပုံကို ယူပါ။ကျွန်တော်က နောက်မှ လာပူးပေါင်းတဲ့အတွက်ကျွန်တော့်ကို ဝေစုတစ်ပုံပဲ ပေးပါ လို့ တောင်းဆိုသတဲ့။

အဲဒီမှာ ပထမလူ ခဏတော့ တွေဝေသွားတယ်ပေါ့။ဟုတ်တယ်လေ။သူကြိုးစားလာတာ အချက်တစ်ထောင်ပြည့်ခါနီးနေမှလာပူးပေါင်းတာကိုး။ပြီးတော့ သူ့ကို ရလာတဲ့ ရတနာရဲ့ သုံးပုံတစ်ပုံပေးပါတဲ့။

နောက်တော့…

အို…ကိုယ်က အပင်ပန်းခံထားတာပဲ၊မပေးနိုင်ပါဘူးလို့ တွေးလိုက်ပြီးဒုတိယလူရဲ့ တောင်းဆိုမှုကို ငြင်းလိုက်တယ်တဲ့။
ပြီးတော့ ကျောက်တုံးကြီးကို ဆက်ခွဲနေတယ်။

ဒုတိယလူကတော့ ထွက်မသွားသေးပဲ ဘေးနာမှာပဲ
ထိုင်စောင့်နေခဲ့တယ်။သူအချက်ပေါင်းများစွာ ကြိုးစားခွဲပေမယ့် ကျောက်တုံးကြီး ကတော့ တုတ်တုတ်မှ မလှုပ်သေးဘူး
တဲ့။

နောက်ဆုံးတော့ သူလည်း စိတ်ပျက်သွားပြီးလက်လျှော့လိုက်ပါတော့တယ်။

ပြီးတော့ ဒုတိယလူကိုလည်း…ကျွန်တော် ဒီကျောက်တုံးကြီးကို ထုခွဲလာတာအချက်ပေါင်း တစ်ထောင်ကျော်လောက်ပြီဗျ၊။ဒါပေမယ့် အခုထိ ဘာမှ မဖြစ်ဘူး။အမှန်က ကျွန်တော် ရူးတာပါဗျာ။အစကတည်းက မလုပ်ပဲနေခဲ့ရမှာ ဆိုပြီး

ပြောပါတယ်။ဒုတိယလူက…ခင်ဗျား ဒီအလုပ်ကို စွန့်လွှတ်မယ်ဆိုရင်ကျွန်တော် ဆက်ထုခွဲပါရစေလို့ ခွင့်တောင်းသတဲ့။
ပထမလူက…ခင်ဗျားလည်း အပင်ပန်းခံမနေပါနဲ့ဗျာ။ဘာအကျိုးမှ ထူးမှာ မဟုတ်ပါဘူး။ကျွန်တော်ကတော့ စွန့်လွှတ်လိုက်ပြီလို့ ပြောပြီးထွက်သွားလေသတဲ့။

သူထွက်သွားလို့ ခပ်လှမ်းလှမ်းအရောက်မှာပဲဝုန်းဆိုတဲ့
အသံကြီးကို ကြားလိုက်ရလို့ လှည့်ကြည့်မိလိုက်တော့…
ကျောက်တုံးကြီးကွဲနေတာကို အံ့သြဖွယ်ရာ
မြင်လိုက်ရပါတော့တယ်။

ကျောက်တုံးကြီး အတွင်းမှာတော့ ဝင်းလက်တောက်ပနေတဲ့ ရတနာတွေပေါ့။

ဒုတိယလူက…ရတနာတွေရှေ့မှာ ပြုံးပျော်လို့ ဝမ်းသာနေတဲ့ပုံနဲ့။သူဟာ…အံ့လည်း အံ့သြသလို နောင်တလည်း ရသွားပါတယ်။အမှန်တော့ သူကြိုးစားပြီး ကျောက်တုံးကြီး ကို ဆယ်ပေါင်တူ နဲ့ထုခဲ့တဲ့ အချက်ပေါင်းဟာ( ၉၉၉ )ချက်ပဲရှိသေးတာကို သူ မသိခဲ့တာလေ။ဒီတော့ ဒုတိယလူ ဟာ ကျောက်တုံးကြီးကို ခွဲဖို့အတွက်

တစ်ချက်ပဲ ထုလိုက်ရတော့တာပေါ့။တစ်ခါတစ်လေ ကိုယ်တို့ ဘဝ တွေမှာလည်း…သူများတွေ ကြိုးစားနေချိန်ပူးပေါင်းပါဝင်ဖို့ရော ကြိုးစားဘူးပါသလား?ဘေးကနေ ဖြတ်သွားဖြတ်လာလုပ်ပြီး ကြိုးစားနေသူကိုမဖြစ်နိုင်ဘူးလို့ တားမြစ်ဘူးပါသလား?

ယုံကြည်မှု အပြည့်နဲ့ စတင်ခဲ့ပြီးမှ ဘေးစကားကြောင့်အားလျော့ စိတ်ပျက်သွားတာမျိုး ဖြစ်ဘူးပါသလား-?တွေဝေမိတဲ့ ဒွိဟ စိတ်တွေကြောင့် ထားလက်စရည်မှန်းချက် ပျောက်သွားတာမျိုးရော ဖြစ်ဘူးပါသလား?ကြိုးစားလက်စကို ရပ်တန့်ဖို့များ စဉ်းစားမိရင်…မထုမိလိုက်တဲ့ တူတစ်ချက်ကြောင့်

ဘဝ ကိုပြောင်းလဲပစ်နိုင်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးသွားတတ်တာကို မမေ့ပါနဲ့နော်။လူတွေက ကိုယ့်လုပ်ရပ်ကို ချီးမွမ်းသည် ဖြစ်စေကဲ့ရဲ့သည် ဖြစ်စေ။လှောင်ပြောင်ရှုံ့ချသည် ဖြစ်စေ။

စိတ်ဆန္ဒပြင်းပြတဲ့ ယုံကြည်မှု နဲ့ ကြိုးစားအားထုတ်မှုကိုတော့…ဘယ်တော့မှ မဖျက်ဆီးလိုက်ပါနဲ့။

 ဖိုးသူတော် (www.phothutaw.com)
Credit:Lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top