Golden City Promotion
×

နိုင္ငံတကာ သတင္း ကေတာ့ ၿပီးခဲ့တဲ့ ႏွစ္ အေမရိကန္ သမၼတ ေရြးေကာက္ပြဲ ကာလတုန္းက ႐ုရွဟာ ေဖစ့္ဘြတ္ခ္ အေကာင့္ထဲမွ ေၾကာ္ျငာေတြ အတြက္စုစုေပါင္း ငါးရာခိုင္ႏွုန္း ကို ဝယ္ယူၿပီး လူဝင္မွု ႀကီးၾကပ္ေရးအေၾကာင္းအရာ၊ ေသနတ္ကိုင္ေဆာင္ခြင့္ဥပေဒနဲ႔ လိင္တူ ေပါင္းသင္းဆက္ဆံေရးကိစၥရပ္ ေတြ ကို ၾကားညပ္ ေၾကာ္ျငာခဲ့တာကို အတည္ျပဳ ေျပာၾကားလိုက္ပါတယ္။

ဒီနည္းေတြ ကို အသုံးျပဳၿပီး အေမရိကန္ ရဲ့ မတူကြဲျပားတဲ့ လူမွု အသိုင္းအဝိုင္း အေၾကာင္း နဲ႔ နိုင္ငံေရး သတင္း အခ်က္အလက္ ေတြ မၽွေဝခဲ့တာ ျဖစ္ပါတယ္။

ဒါေၾကာင့္ မို႔ ေဖစ့္ဘြတ္ခ္က ေၾကာ္ျငာစုစုေပါင္း ၃၀၀၀ ခန္႔ ကို အေမရိကန္ ကြန္ဂရက္ မွ စုံစမ္းစစ္ေဆးေရး အဖြဲ႕လက္ထဲ အပ္လိုက္ပါၿပီလို႔ သတင္းရရွိပါတယ္။

ဒီလိုေၾကာ္ျငာေတြ ကို လူေပါင္း ၁၀ သန္းခန္႔က ၾကည့္ရွု ၾကတယ္လို႔ ယုံၾကည္ေၾကာင္း၊ ဒါေပမဲ့ ၂၅ ရာခိုင္ႏွုန္း ကိုေတာ့ လူေတြ ၾကည့္မဲ့ပုံ မေပၚေၾကာင္း မူဝါဒေရးရာ နဲ႔ ဆက္သြယ္ေရး ဌာန မွ ဒုဥကၠ႒ အီလီယက္ စကရပ္ဂ်္ က ေျပာပါတယ္။

ဂူဂဲလ္ ကေတာ့ ဝါရွင္တန္ သတင္းစာ မွာ ေဖၚျပထားသလို မသကၤာဘြယ္ ႐ုရွ ေထာက္လွမ္းေရး ေတြ ဟာ ေၾကာ္ျငာေတြ ဝယ္ၿပီး You Tube နဲ႔ Gmail စတာေတြ မွာ ေၾကာ္ျငာဝင္ သလိုလိုနဲ႔ အေမရိကန္ ေရြးေကာက္ပြဲ ကို ဝင္ေရာက္ ေႏွာက္ယွက္ တဲ့ အေၾကာင္း တိုက္ရိုက္ အတည္ျပဳမွု မရွိဘဲ သူတို႔ဆီမွာ ေၾကာ္ျငာေတြ နဲ႔ ပတ္သက္လို႔ တင္းက်ပ္တဲ့ မူဝါဒေတြ ခ်မွတ္ထားၿပီး သူတို႔ရဲ့ စနစ္ ကို အလြဲသုံးစား လုပ္ဖို႔ ႀကိဳးပမ္းတဲ့ လူေတြ ကိုလည္း စုံစမ္းေဖၚထုတ္ရာမွာ ကၽြမ္းက်င္တဲ့ သုေတသီေတြ ရဲ့ အကူအညီ အျပင္၊ တျခား ကုမၸဏီေတြ နဲ႔ ပါပူးေပါင္း စုံစမ္းေလ့ရွိပါတယ္ လို႔ ဂူဂယ္ ေျပာခြင့္ရ ပုဂၢိဳလ္က ဆိုပါတယ္။

ေဖ့စ္ဘုတ္ ဘက္ကေတာ့ ေၾကာ္ျငာ တင္တဲ့ ပုံစံေတြ ကို ေျပာင္းလဲပစ္မဲ့ အေၾကာင္းေျပာၿပီး အေမရိကန္ ဘက္ကလည္း ၿပီးခဲ့တဲ့ ၂၀၁၆ သမၼတ ေရြးေကာက္ပြဲ မွာ ႐ုရွ ကဝင္ေရာက္ေႏွာက္ယွက္မွု ျပဳမျပဳ ဆိုတာကို က်ယ္က်ယ္ျပန္႔ျပန္႔ စုံစမ္း ေထာက္လွမ္းဆဲ ျဖစ္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
နိုင်ငံတကာ သတင်း ကတော့ ပြီးခဲ့တဲ့ နှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲ ကာလတုန်းက ရုရှဟာ ဖေစ့်ဘွတ်ခ် အကောင့်ထဲမှ ကြော်ငြာတွေ အတွက်စုစုပေါင်း ငါးရာခိုင်နှုန်း ကို ဝယ်ယူပြီး လူဝင်မှု ကြီးကြပ်ရေးအကြောင်းအရာ၊ သေနတ်ကိုင်ဆောင်ခွင့်ဥပဒေနဲ့ လိင်တူ ပေါင်းသင်းဆက်ဆံရေးကိစ္စရပ် တွေ ကို ကြားညပ် ကြော်ငြာခဲ့တာကို အတည်ပြု ပြောကြားလိုက်ပါတယ်။

ဒီနည်းတွေ ကို အသုံးပြုပြီး အမေရိကန် ရဲ့ မတူကွဲပြားတဲ့ လူမှု အသိုင်းအဝိုင်း အကြောင်း နဲ့ နိုင်ငံရေး သတင်း အချက်အလက် တွေ မျှဝေခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် မို့ ဖေစ့်ဘွတ်ခ်က ကြော်ငြာစုစုပေါင်း ၃၀၀၀ ခန့် ကို အမေရိကန် ကွန်ဂရက် မှ စုံစမ်းစစ်ဆေးရေး အဖွဲ့လက်ထဲ အပ်လိုက်ပါပြီလို့ သတင်းရရှိပါတယ်။

ဒီလိုကြော်ငြာတွေ ကို လူပေါင်း ၁၀ သန်းခန့်က ကြည့်ရှု ကြတယ်လို့ ယုံကြည်ကြောင်း၊ ဒါပေမဲ့ ၂၅ ရာခိုင်နှုန်း ကိုတော့ လူတွေ ကြည့်မဲ့ပုံ မပေါ်ကြောင်း မူဝါဒရေးရာ နဲ့ ဆက်သွယ်ရေး ဌာန မှ ဒုဥက္ကဋ္ဌ အီလီယက် စကရပ်ဂျ် က ပြောပါတယ်။

ဂူဂဲလ် ကတော့ ဝါရှင်တန် သတင်းစာ မှာ ဖေါ်ပြထားသလို မသင်္ကာဘွယ် ရုရှ ထောက်လှမ်းရေး တွေ ဟာ ကြော်ငြာတွေ ဝယ်ပြီး You Tube နဲ့ Gmail စတာတွေ မှာ ကြော်ငြာဝင် သလိုလိုနဲ့ အမေရိကန် ရွေးကောက်ပွဲ ကို ဝင်ရောက် နှောက်ယှက် တဲ့ အကြောင်း တိုက်ရိုက် အတည်ပြုမှု မရှိဘဲ သူတို့ဆီမှာ ကြော်ငြာတွေ နဲ့ ပတ်သက်လို့ တင်းကျပ်တဲ့ မူဝါဒတွေ ချမှတ်ထားပြီး သူတို့ရဲ့ စနစ် ကို အလွဲသုံးစား လုပ်ဖို့ ကြိုးပမ်းတဲ့ လူတွေ ကိုလည်း စုံစမ်းဖေါ်ထုတ်ရာမှာ ကျွမ်းကျင်တဲ့ သုတေသီတွေ ရဲ့ အကူအညီ အပြင်၊ တခြား ကုမ္ပဏီတွေ နဲ့ ပါပူးပေါင်း စုံစမ်းလေ့ရှိပါတယ် လို့ ဂူဂယ် ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။

ဖေ့စ်ဘုတ် ဘက်ကတော့ ကြော်ငြာ တင်တဲ့ ပုံစံတွေ ကို ပြောင်းလဲပစ်မဲ့ အကြောင်းပြောပြီး အမေရိကန် ဘက်ကလည်း ပြီးခဲ့တဲ့ ၂၀၁၆ သမ္မတ ရွေးကောက်ပွဲ မှာ ရုရှ ကဝင်ရောက်နှောက်ယှက်မှု ပြုမပြု ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် စုံစမ်း ထောက်လှမ်းဆဲ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top