Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ကမၻာတစ္၀န္းမွာ ဘာေတြပဲျဖစ္ျဖစ္   ဘယ္လိုအေျခအေနေတြပဲ ရွိရွိ အေမရိကန္ႏွင့္ အေနာက္ ႏိုင္ငံေတြမွာ ေဟာလို၀င္း (ေခၚ) တေစၧပြဲေတာ္ကို ဆင္ႏႊဲရန္ ျပင္ဆင္ ေနၾကၿပီျဖစ္သည္။  ေအာက္တို ဘာ၀င္လာသည္ႏွင့္ အေအးဓာတ္က သိသိသာသာစိမ့္တက္လာ သည္။ ၀ါ၀ါ၀င္းေသာ ဖ႐ုံသီးမ်ား ကိုလည္း ေနရာတကာျမင္လာေန ရၿပီ။ အိမ္မ်ား၊ ေစ်းဆိုင္မ်ားမွာ လည္း အ႐ိုးေခါင္းမ်ားပင့္ကူအိမ္ မ်ားျဖင့္ ေဟာလို၀င္းအခင္းအ က်င္းမ်ားစျပင္ဆင္လာၾကသည္။ ခ်ဳိခ်ဥ္၊ သၾကားလံုးႏွင့္ ေခ်ာက လက္မ်ားလည္း ေတာင္ပံုရာပံုစ ေရာင္းခ်လာၾကသည္။

၂၀၁၇ ခုႏွစ္ ေဟာလို၀င္းက အျခားေဟာလို၀င္းပြဲေတာ္မ်ား ႏွင့္ ဘယ္အခ်က္ေတြမွာမ်ားထူး ျခားပါသလဲ။ ယခုႏွစ္မွာ အထူး ျခားဆံုးကေတာ့ ကေလးငယ္မ်ား ၏ က်န္းမာေရးအသိ တိုးတက္ လာမႈျဖစ္သည္။ ေဟာလို၀င္းပြဲ ေတာ္သည္ က်န္းမာေရးအတြက္ မသင့္ေတာ္ဟု အသိအမွတ္ျပဳ ထားၾကသည့္ သၾကားလံုးမ်ား၊ ခ်ဳိခ်ဥ္မ်ဳိးစံုကို ကေလးမ်ားကိုစား ခြင့္ေပးသည့္ အခါသမယ ျဖစ္ သည္။ ကေလးမ်ားက အိမ္ေတြကိုလိုက္ၿပီး ႐ိုးရာအရ တံခါးေခါက္ ကာ သၾကားလံုးမ်ား၊ ခ်ဳိခ်ဥ္မ်ား ေတာင္းယူေပ်ာ္ရႊင္ၾကသည္။ သို႔ ေသာ္ ယခုႏွစ္မွာ ကေလးမ်ားက သြားအပါအ၀င္ တျခားက်န္းမာ ေရးထိခိုက္မႈမ်ားအတြက္ သၾကားလံုးမ်ားမလိုခ်င္ၾကဟု ဆိုသည္။ အခ်ဳိေတြအစား သူတို႔ကို သစ္သီး မ်ားသာေပးပါဟု ကေလးမ်ား သံုးပံုႏွစ္ပံုက ဆႏၵျပဳခဲ့ၾကသည္ဟု စစ္တမ္းတစ္ေစာင္ကို ကိုးကားၿပီးနယူးေယာက္ပို႔စ္ သတင္းစာက ဆိုသည္။    သူတို႔အစားခ်င္ဆံုး အသီးက ပန္းသီးဟု  ေျပာၾကသည္။ ထို႔ေၾကာင့္ ကေလးမ်ား၏ က်န္းမာေရးအသိျမင့္မားလာပံု ကို မိဘမ်ားက အံ့အားသင့္ခဲ့ၾက သည္။

ယခုႏွစ္အတြက္ အေရာင္းရ ဆံုး  ေဟာလို၀င္း၀တ္စံုမ်ားမွာ အမ်ဳိးသမီးမ်ားအတြက္ ၀န္ဒါ၀ူး မန္းႏွင့္ မိုဟာနား၀တ္စံုမ်ားျဖစ္ သည္ဟု စတိုးဆိုင္ႀကီးမ်ား၏ အေရာင္းရဆံုးစာရင္းအရ သိရ သည္။ ၀န္ဒါ၀ူးမန္းႏွင့္ မိုဟာနား သည္ ယခင္က ေခတ္စားခဲ့ေသာ မိန္းကေလးတို႔အႀကိဳက္ အမ်ဳိး သမီးဇာတ္ေဆာင္မ်ားႏွင့္မတူပါ။ သူတို႔က အမ်ဳိးသမီး၀ါဒီ၊ အမ်ဳိး သမီးသူရဲေကာင္း၀ါဒ၏ စံနမူနာ မ်ားျဖစ္သည္ဟု ဆိုႏုိင္သည္။ ယခင္တုန္းက မိန္းကေလးမ်ား၏ အတုခိုးစရာသည္ စင္ဒရဲလား၊ စႏိုး၀ိႈက္တို႔ကဲ့သို႔ လွပၿပီး သိမ္ေမြ႕ ႏူးညံ့သူေလးမ်ား၊ ကိုယ္ပိုင္ဦး ေဆာင္ႏုိင္စြမ္းမရွိဘဲ သူရဲေကာင္းမင္းသား လာကယ္မွသာလြတ္ ေျမာက္ၾကသည့္ သနားစရာမင္း သမီးေလးမ်ား ျဖစ္ၾကသည္။ ယခု ေခတ္မွာ မိန္းကေလးေတြက သည္လိုပံုစံမ်ားကို မႀကိဳက္ေတာ့ ပါ။ သူတို႔သည္ ကယ္သူေမွ်ာ္ေန သည့္ အရည္အခ်င္းမရွိသူမ်ားဟု ျမင္လာၾကသည္။ သူတို႔အစား မိမိကိုယ္တိုင္ႏွင့္ တိုင္းျပည္လူမ်ဳိး အတြက္ ကယ္တင္ေသာ အစြမ္း အစရွိေသာ မိုဟာနား၊ ၀န္ဒါ၀ူးမန္းတို႔ကို အားက်လာၾကသည္။ သူတို႔သည္ ကယ္တင္ရွင္ကိုမေစာင့္၊ ကုိယ္စြမ္းကိုယ္စႏွင့္ အခက္အခဲကို ႐ုန္းထြက္သူမ်ား ေအာင္ျမင္သူမ်ားျဖစ္သည္။ တစ္နည္းအားျဖင့္ ယေန႔ေခတ္မိန္းမတို႔၏ ပံုရိပ္ကို ကိုယ္စားျပဳသည္။ ထို႔ေၾကာင့္ သည္ႏွစ္မွာ မိုဟာနားႏွင့္ ၀န္ဒါ၀ူးမန္း၀တ္စံုမ်ားက ယခင္ဒစ္စေနမင္းသမီးမ်ား၏ ၀တ္စံုမ်ားကိုေက်ာ္ၿပီး အေရာင္းရဆံုး၀တ္စံုမ်ားျဖစ္လာသည္။ ယခုႏွစ္မိန္းကေလးမ်ားအတြက္ အေရာင္းရဆံုးမိုဟာနား၀တ္စံုမွာ ၁၅ ေဒၚလာခန္႔ေပးရသည္။

မိန္းကေလးမ်ားအတြက္ ဒုတိယအေရာင္းရဆံုး ေဟာလို ၀င္း၀တ္စံုမွာ ဟယ္ရီေပၚတာ ဇာတ္ကားထဲက ဟယ္ရီေပၚတာ ၏ သူငယ္ခ်င္းစုန္းမေလးဟာမိုနီ ၀တ္စံု ျဖစ္သည္။ ဟာမိုနီကလည္း သြက္လက္ဖ်တ္လတ္ၿပီး စာေတာ္သည္။ ဉာဏ္ရည္ထက္ျမက္သူ ျဖစ္သျဖင့္လည္း မိန္းကေလးမ်ား က သူ႕ကိုသေဘာက်ၾကသည္။

ေရာင္းအေကာင္းဆံုး ေယာက်္ားကေလးမ်ားအတြက္ ေဟာလို၀င္း၀တ္စံုမ်ားက ဒိုင္ႏို ေဆာ၀တ္စံုမ်ား ျဖစ္သည္။ ယခု ႏွစ္တြင္ ကေလးမ်ားက ကမၻာဦး သတၱ၀ါမ်ားျဖစ္ေသာ ဒိုင္ႏိုေဆာ မ်ားအေပၚ ေလ့လာမႈမ်ားပိုမ်ား လာသည္ဟု စစ္တမ္းမ်ားက ဆို သည္။ ဒိုင္ႏိုေဆာစာအုပ္မ်ား၊ ကာတြန္းႏွင့္ ဗီဒီယိုဂိမ္းမ်ားအ ေရာင္းသြက္သကဲ့သို႔ အ႐ုပ္ႏွင့္ တီရွပ္၀တ္စံုမ်ားကလည္း ထုတ္ သမွ်ေရာင္းမေလာက္ဟု ဆို သည္။ ယခုေဟာလို၀င္းမွာလည္း တီရတ္ (Trex) ဒိုင္ႏိုေဆာပုံစံ ေခါင္းကအစ အၿမီးအထိ ကိုယ္ သြင္း၀တ္ရသည့္ ၀တ္စံုမွာ အေရာင္းရဆံုးျဖစ္ၿပီး တစ္ထည္ကို ၆၅ ေဒၚလာနီးပါးေပးရသည္။ အျခားအေရာင္းသြက္ကေလး ၀တ္စံုမ်ားမွာ ႏွစ္တိုင္းေခတ္စား ၿမဲျဖစ္ေသာ စပိုက္ဒါမန္းႏွင့္ ကင္း ေစာင့္ရဲေပါလ္ပက္ထ႐ိုပံုစံ၀တ္စံု မ်ားျဖစ္သည္။

ထို႔အတူ လူႀကီးမ်ား၏ ေဟာလို၀င္း၀တ္စံုအျဖစ္ အေမရိကန္ သမၼတ ထရန္႔ႏွင့္ သမၼတကေတာ္မီလန္နီယာထရန္႔တို႔၏ ၀တ္စံုမ်ား ကိုလည္း ေရာင္းခ်ၾကသည္။ ထို ၀တ္စံုမ်ားကို သီးသန္႔စီေရာင္းခ် ျခင္း ျဖစ္ၿပီး ထရန္႔၏ ၀တ္စံုက ရယ္စရာပံုေဖာ္ထားေသာ္လည္း မီလန္နီယာ၀တ္စံုမွာ သမၼတက်မ္းသစၥာက်ိန္ပြဲမွာ သူ၀တ္ခဲ့ေသာ ၀တ္စံုကို ဆြဲေဆာင္မႈရွိသည့္ပံုစံ ခ်ဳပ္ၿပီး ပံုေဖာ္ထားျခင္း ျဖစ္သည္။ထို၀တ္စံုကို ေမာ္ဒယ္၀ိုက္ဖ္ (Model Wife) ဟု နာမည္ေပး ထား၏။ တန္ဖိုးမွာ ေဒၚလာခုနစ္ ဆယ္နီးပါး ျဖစ္သည္။

သို႔ေသာ္ ဘယ္၀တ္စံုပဲ၀တ္ ၀တ္လူသားအခ်င္းခ်င္း၊ ဘာသာ ျခားလူမ်ဳိးျခားမ်ားအတြင္း အထင္ လႊဲမွားမူျဖစ္ေစေသာ၊ ေလွာင္ ေျပာင္သေရာ္ရာက်ေသာ၊ ႏွိမ့္ခ် ရာက်ေသာ ၀တ္စံုမ်ားကို မ၀တ္ ဖို႔လည္း တကၠသိုလ္အခ်ဳိ႕ႏွင့္ ေက်ာင္းမ်ားအခ်ဳိ႕က အသိေပး ခ်က္မ်ား၊ ပညာေပးမႈမ်ားျပဳလုပ္ ထားၾကသည္။

ထို႔ေၾကာင့္ ၂၀၁၇ ခုႏွစ္ ေဟာလို၀င္း၏ ထူးျခားခ်က္မ်ား မွာ ကေလးမ်ား၏ က်န္းမာေရး အသိမ်ားပိုျမင့္မားလာၿပီး သၾကား လံုးခ်ဳိခ်ဥ္မ်ားအစား က်န္းမာေရးႏွင့္ညီေသာ သေရစာမ်ားကို ေဟာလို၀င္းမွာ ေတာင့္တလာၾကသည္။ မိန္းကေလးငယ္မ်ားက သနားစရာမင္းသမီးမ်ားမျဖစ္ခ်င္ ၾကေတာ့ဘဲ ၀န္ဒါ၀ူးမန္း၊ မိုဟာနားကဲ့သို႔ အမ်ဳိးသမီးသူရဲေကာင္းမ်ား ပိုျဖစ္ခ်င္လာၾကသည္။ ေဟာလို ၀င္းပြဲေတာ္မွာ ဘာသာလူမ်ဳိး ခြဲျခားမႈမရွိေအာင္ ဆင္ျခင္မႈမ်ား ပိုျပဳလုပ္ၾကသည္ဟု ေျပာရေပ မည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
ကမ္ဘာတစ်ဝန်းမှာ ဘာတွေပဲဖြစ်ဖြစ်   ဘယ်လိုအခြေအနေတွေပဲ ရှိရှိ အမေရိကန်နှင့် အနောက် နိုင်ငံတွေမှာ ဟောလိုဝင်း (ခေါ်) တစ္ဆေပွဲတော်ကို ဆင်နွှဲရန် ပြင်ဆင် နေကြပြီဖြစ်သည်။  အောက်တို ဘာဝင်လာသည်နှင့် အအေးဓာတ်က သိသိသာသာစိမ့်တက်လာ သည်။ ဝါဝါ၀င်းသော ဖရုံသီးများ ကိုလည်း နေရာတကာမြင်လာနေ ရပြီ။ အိမ်များ၊ ဈေးဆိုင်များမှာ လည်း အရိုးခေါင်းများပင့်ကူအိမ် များဖြင့် ဟောလိုဝင်းအခင်းအ ကျင်းများစပြင်ဆင်လာကြသည်။ ချိုချဉ်၊ သကြားလုံးနှင့် ချောက လက်များလည်း တောင်ပုံရာပုံစ ရောင်းချလာကြသည်။

၂၀၁၇ ခုနှစ် ဟောလိုဝင်းက အခြားဟောလိုဝင်းပွဲတော်များ နှင့် ဘယ်အချက်တွေမှာများထူး ခြားပါသလဲ။ ယခုနှစ်မှာ အထူး ခြားဆုံးကတော့ ကလေးငယ်များ ၏ ကျန်းမာရေးအသိ တိုးတက် လာမှုဖြစ်သည်။ ဟောလိုဝင်းပွဲ တော်သည် ကျန်းမာရေးအတွက် မသင့်တော်ဟု အသိအမှတ်ပြု ထားကြသည့် သကြားလုံးများ၊ ချိုချဉ်မျိုးစုံကို ကလေးများကိုစား ခွင့်ပေးသည့် အခါသမယ ဖြစ် သည်။ ကလေးများက အိမ်တွေကိုလိုက်ပြီး ရိုးရာအရ တံခါးခေါက် ကာ သကြားလုံးများ၊ ချိုချဉ်များ တောင်းယူပျော်ရွှင်ကြသည်။ သို့ သော် ယခုနှစ်မှာ ကလေးများက သွားအပါအဝင် တခြားကျန်းမာ ရေးထိခိုက်မှုများအတွက် သကြားလုံးများမလိုချင်ကြဟု ဆိုသည်။ အချိုတွေအစား သူတို့ကို သစ်သီး များသာပေးပါဟု ကလေးများ သုံးပုံနှစ်ပုံက ဆန္ဒပြုခဲ့ကြသည်ဟု စစ်တမ်းတစ်စောင်ကို ကိုးကားပြီးနယူးယောက်ပို့စ် သတင်းစာက ဆိုသည်။    သူတို့အစားချင်ဆုံး အသီးက ပန်းသီးဟု  ပြောကြသည်။ ထို့ကြောင့် ကလေးများ၏ ကျန်းမာရေးအသိမြင့်မားလာပုံ ကို မိဘများက အံ့အားသင့်ခဲ့ကြ သည်။

ယခုနှစ်အတွက် အရောင်းရ ဆုံး  ဟောလိုဝင်းဝတ်စုံများမှာ အမျိုးသမီးများအတွက် ဝန်ဒါဝူး မန်းနှင့် မိုဟာနားဝတ်စုံများဖြစ် သည်ဟု စတိုးဆိုင်ကြီးများ၏ အရောင်းရဆုံးစာရင်းအရ သိရ သည်။ ဝန်ဒါဝူးမန်းနှင့် မိုဟာနား သည် ယခင်က ခေတ်စားခဲ့သော မိန်းကလေးတို့အကြိုက် အမျိုး သမီးဇာတ်ဆောင်များနှင့်မတူပါ။ သူတို့က အမျိုးသမီးဝါဒီ၊ အမျိုး သမီးသူရဲကောင်းဝါဒ၏ စံနမူနာ များဖြစ်သည်ဟု ဆိုနိုင်သည်။ ယခင်တုန်းက မိန်းကလေးများ၏ အတုခိုးစရာသည် စင်ဒရဲလား၊ စနိုးဝှိုက်တို့ကဲ့သို့ လှပပြီး သိမ်မွေ့ နူးညံ့သူလေးများ၊ ကိုယ်ပိုင်ဦး ဆောင်နိုင်စွမ်းမရှိဘဲ သူရဲကောင်းမင်းသား လာကယ်မှသာလွတ် မြောက်ကြသည့် သနားစရာမင်း သမီးလေးများ ဖြစ်ကြသည်။ ယခု ခေတ်မှာ မိန်းကလေးတွေက သည်လိုပုံစံများကို မကြိုက်တော့ ပါ။ သူတို့သည် ကယ်သူမျှော်နေ သည့် အရည်အချင်းမရှိသူများဟု မြင်လာကြသည်။ သူတို့အစား မိမိကိုယ်တိုင်နှင့် တိုင်းပြည်လူမျိုး အတွက် ကယ်တင်သော အစွမ်း အစရှိသော မိုဟာနား၊ ဝန်ဒါဝူးမန်းတို့ကို အားကျလာကြသည်။ သူတို့သည် ကယ်တင်ရှင်ကိုမစောင့်၊ ကိုယ်စွမ်းကိုယ်စနှင့် အခက်အခဲကို ရုန်းထွက်သူများ အောင်မြင်သူများဖြစ်သည်။ တစ်နည်းအားဖြင့် ယနေ့ခေတ်မိန်းမတို့၏ ပုံရိပ်ကို ကိုယ်စားပြုသည်။ ထို့ကြောင့် သည်နှစ်မှာ မိုဟာနားနှင့် ဝန်ဒါဝူးမန်းဝတ်စုံများက ယခင်ဒစ်စနေမင်းသမီးများ၏ ဝတ်စုံများကိုကျော်ပြီး အရောင်းရဆုံးဝတ်စုံများဖြစ်လာသည်။ ယခုနှစ်မိန်းကလေးများအတွက် အရောင်းရဆုံးမိုဟာနားဝတ်စုံမှာ ၁၅ ဒေါ်လာခန့်ပေးရသည်။

မိန်းကလေးများအတွက် ဒုတိယအရောင်းရဆုံး ဟောလို ဝင်းဝတ်စုံမှာ ဟယ်ရီပေါ်တာ ဇာတ်ကားထဲက ဟယ်ရီပေါ်တာ ၏ သူငယ်ချင်းစုန်းမလေးဟာမိုနီ ဝတ်စုံ ဖြစ်သည်။ ဟာမိုနီကလည်း သွက်လက်ဖျတ်လတ်ပြီး စာတော်သည်။ ဉာဏ်ရည်ထက်မြက်သူ ဖြစ်သဖြင့်လည်း မိန်းကလေးများ က သူ့ကိုသဘောကျကြသည်။

ရောင်းအကောင်းဆုံး ယောကျ်ားကလေးများအတွက် ဟောလိုဝင်းဝတ်စုံများက ဒိုင်နို ဆောဝတ်စုံများ ဖြစ်သည်။ ယခု နှစ်တွင် ကလေးများက ကမ္ဘာဦး သတ္တဝါများဖြစ်သော ဒိုင်နိုဆော များအပေါ် လေ့လာမှုများပိုများ လာသည်ဟု စစ်တမ်းများက ဆို သည်။ ဒိုင်နိုဆောစာအုပ်များ၊ ကာတွန်းနှင့် ဗီဒီယိုဂိမ်းများအ ရောင်းသွက်သကဲ့သို့ အရုပ်နှင့် တီရှပ်ဝတ်စုံများကလည်း ထုတ် သမျှရောင်းမလောက်ဟု ဆို သည်။ ယခုဟောလိုဝင်းမှာလည်း တီရတ် (Trex) ဒိုင်နိုဆောပုံစံ ခေါင်းကအစ အမြီးအထိ ကိုယ် သွင်းဝတ်ရသည့် ဝတ်စုံမှာ အရောင်းရဆုံးဖြစ်ပြီး တစ်ထည်ကို ၆၅ ဒေါ်လာနီးပါးပေးရသည်။ အခြားအရောင်းသွက်ကလေး ဝတ်စုံများမှာ နှစ်တိုင်းခေတ်စား မြဲဖြစ်သော စပိုက်ဒါမန်းနှင့် ကင်း စောင့်ရဲပေါလ်ပက်ထရိုပုံစံဝတ်စုံ များဖြစ်သည်။

ထို့အတူ လူကြီးများ၏ ဟောလိုဝင်းဝတ်စုံအဖြစ် အမေရိကန် သမ္မတ ထရန့်နှင့် သမ္မတကတော်မီလန်နီယာထရန့်တို့၏ ဝတ်စုံများ ကိုလည်း ရောင်းချကြသည်။ ထို ဝတ်စုံများကို သီးသန့်စီရောင်းချ ခြင်း ဖြစ်ပြီး ထရန့်၏ ဝတ်စုံက ရယ်စရာပုံဖော်ထားသော်လည်း မီလန်နီယာဝတ်စုံမှာ သမ္မတကျမ်းသစ္စာကျိန်ပွဲမှာ သူဝတ်ခဲ့သော ဝတ်စုံကို ဆွဲဆောင်မှုရှိသည့်ပုံစံ ချုပ်ပြီး ပုံဖော်ထားခြင်း ဖြစ်သည်။ထိုဝတ်စုံကို မော်ဒယ်ဝိုက်ဖ် (Model Wife) ဟု နာမည်ပေး ထား၏။ တန်ဖိုးမှာ ဒေါ်လာခုနစ် ဆယ်နီးပါး ဖြစ်သည်။

သို့သော် ဘယ်ဝတ်စုံပဲဝတ် ဝတ်လူသားအချင်းချင်း၊ ဘာသာ ခြားလူမျိုးခြားများအတွင်း အထင် လွှဲမှားမူဖြစ်စေသော၊ လှောင် ပြောင်သရော်ရာကျသော၊ နှိမ့်ချ ရာကျသော ဝတ်စုံများကို မဝတ် ဖို့လည်း တက္ကသိုလ်အချို့နှင့် ကျောင်းများအချို့က အသိပေး ချက်များ၊ ပညာပေးမှုများပြုလုပ် ထားကြသည်။

ထို့ကြောင့် ၂၀၁၇ ခုနှစ် ဟောလိုဝင်း၏ ထူးခြားချက်များ မှာ ကလေးများ၏ ကျန်းမာရေး အသိများပိုမြင့်မားလာပြီး သကြား လုံးချိုချဉ်များအစား ကျန်းမာရေးနှင့်ညီသော သရေစာများကို ဟောလိုဝင်းမှာ တောင့်တလာကြသည်။ မိန်းကလေးငယ်များက သနားစရာမင်းသမီးများမဖြစ်ချင် ကြတော့ဘဲ ဝန်ဒါဝူးမန်း၊ မိုဟာနားကဲ့သို့ အမျိုးသမီးသူရဲကောင်းများ ပိုဖြစ်ချင်လာကြသည်။ ဟောလို ဝင်းပွဲတော်မှာ ဘာသာလူမျိုး ခွဲခြားမှုမရှိအောင် ဆင်ခြင်မှုများ ပိုပြုလုပ်ကြသည်ဟု ပြောရပေ မည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top