Golden City Promotion
×

ေက်ာက္ျဖဴၿမိဳ႕နယ္၊ ကုလာဘာေက်းရြာ၊ ပုန္းဆိုးစု တြင္ တူအရင္း ျဖစ္သူမွ အေဒၚ ျဖစ္သူအား ဓားျဖင့္(၃)ခ်က္ခုတ္လိုက္ရာ မိမိေန အိမ္၌ ပြဲခ်င္းၿပီးေသဆုံးသည့္ လူသတ္မႈတစ္ရပ္ျဖစ္ပြား။

ေက်ာက္ျဖဴၿမိဳ႕နယ္၊ ကုလာဘာ ေက်းရြာ ၏ ပုန္းဆိုးစုရပ္တြင္ အရက္ ေသာက္လာသူ လူငယ္တစ္ဦးမွ ဆိုဆုံးမသူ အေဒၚျဖစ္သူအား ေနအိမ္တြင္ ဒါးမျဖင့္ ခုတ္သတ္လိုက္ရာ အဆိုပါ ေနအိမ္ ၌ပင္ပြဲခ်င္းၿပီး ေသဆုံး သြားသည့္ လူသတ္မႈ တစ္ခုမွာ ေအာက္တိုဘာလ(၉)ရက္ ေန ႔ညဖက္(၉)နာရီ ေက်ာ္ခန္႔၌ ျဖစ္ပြားခ့ဲသည္။

အခင္းျဖစ္ေက်းရြာသို႔ သတင္းရရျခင္း မင္းျပင္ရဲစခန္းမႉးရဲအုပ္ေအာင္ေဇာ္မင္းႏွင့္ တပ္ဖြဲ႔ဝင္မ်ား၊ ရပ္ရြာမွရြာသူရြာသားမ်ား အခင္းျဖစ္ေနအိမ္သို႔ ေရာက္႐ွိသြားရာ ေနအိမ္ေပၚ ၌ ေသဆုံး ေနသူ ေဒၚၾကာႏုဦး(၅၅)ႏွစ္အား ေတြ႔႐ွိရသည့္အတြက္ေၾကာင့္ ရဲတပ္ဖြဲ႔မွ လုပ္ထုံးလုပ္နည္းႏွင့္အညီ ေဆာင္ရြက္ခ့ဲကာ သူ အေလာင္း အား ေက်ာက္ျဖဴေဆးရံုသို႔ ေပးပို႔ေဆာင္ရြက္ခ့ဲသည္။

အခင္း ျဖစ္အေၾကာင္းရင္အား မင္းျပင္ရဲတပ္ဖြဲ႔စခန္းမွ ရဲအုပ္ ေအာင္ေဇာ္မင္းမွ စစ္ေဆးခ့ဲရာ တရားခံျဖစ္သူ ေမာင္ဝင္းၾကည္(၂၁) ႏွစ္ ခန္႔က အရက္မူး၍ေနအိမ္သို႔ ေအာက္တိုဘာလ(၉)ရက္ေန႔ည(၈)နာရီခန္႔အခ်ိန္တြင္ အျပင္မွေရာက္႐ွိလာရာ ေနအိမ္တြင္ အတူတူေနထိုင္သူ အေဒၚ ျဖစ္သူ ေဒၚၾကာဦး (၅၅) ႏွစ္ခန္႔ကတူျဖစ္သူအား ဆိုဆုံးမရာ၌ အေျခအတင္ စကားမ်ားၾကာရာမွ စ၍ျဖစ္ၾကသျဖင့္ တူျဖစ္သူ မွ ေနအိမ္တြင္အသင့္ ႐ွိေသာ ဒါးမျဖင့္ လည္ပင္းနားတစ္ဝိုက္ (၃) ခ်က္ခန္႔ခုတ္လိုက္ရာ အခင္းျဖစ္ေနရာတြင္ပင္ ပြဲခ်င္းၿပီး ေသဆုံးသြားေၾကာင္း သိရသည္။

တူျဖစ္သူ တရားခံေမာင္ဝင္းၾကည္မွာ အခင္းျဖစ္ ေနရာမွ ဒါးမကိုကိုင္ကာ ေနအိမ္ မွထြက္ေျပးသြားေၾကာင္းသိ႐ွိရသည္။

အခင္းျဖစ္ ေက်းရြာ သို႔ေအာက္တိုဘာလ (၁၀) ရက္ေန႔နံနက္ပိုင္းတြင္ ေက်ာက္ျဖဴၿမိဳ႕နယ္ ရဲ တပ္ဖြဲ႔စခန္းမႉး ဒုရဲမႉးေက်ာ္ေဇာ ႏွင့္ တပ္ဖြဲ႔ဝင္မ်ား၊ မင္းျပင္ရဲစခန္းမႉးရဲအုပ္ေအာင္ေဇာ္မင္းႏွင့္ တပ္ဖြဲ႔ဝင္မ်ား၊ နယ္ထိမ္း တပ္ဖြဲ႔ဝင္ မ်ားတို႔မွာေရာက္႐ွိလာၿပီး၊ တရားခံျဖစ္သူ ေမာင္ဝင္းၾကည္အားအျမန္ဆုံးဖမ္း ဆီးႏိုင္ရန္အတြက္စုံစမ္းေဖာ္ထုတ္ေနေၾကာင္း သတင္းရ႐ွိသည္။

သတင္းေထာက္ေစာမိုးေက်ာ္(ေၾကးမုံ-ေက်ာက္ျဖဴၿမိဳ႕)
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  thithtoolwin

#Unicode Version#
ကျောက်ဖြူမြို့နယ်၊ ကုလာဘာကျေးရွာ၊ ပုန်းဆိုးစု တွင် တူအရင်း ဖြစ်သူမှ အဒေါ် ဖြစ်သူအား ဓားဖြင့်(၃)ချက်ခုတ်လိုက်ရာ မိမိနေ အိမ်၌ ပွဲချင်းပြီးသေဆုံးသည့် လူသတ်မှုတစ်ရပ်ဖြစ်ပွား။

ကျောက်ဖြူမြို့နယ်၊ ကုလာဘာ ကျေးရွာ ၏ ပုန်းဆိုးစုရပ်တွင် အရက် သောက်လာသူ လူငယ်တစ်ဦးမှ ဆိုဆုံးမသူ အဒေါ်ဖြစ်သူအား နေအိမ်တွင် ဒါးမဖြင့် ခုတ်သတ်လိုက်ရာ အဆိုပါ နေအိမ် ၌ပင်ပွဲချင်းပြီး သေဆုံး သွားသည့် လူသတ်မှု တစ်ခုမှာ အောက်တိုဘာလ(၉)ရက် နေ့ညဖက်(၉)နာရီ ကျော်ခန့်၌ ဖြစ်ပွားခဲ့သည်။

အခင်းဖြစ်ကျေးရွာသို့ သတင်းရရခြင်း မင်းပြင်ရဲစခန်းမှူးရဲအုပ်အောင်ဇော်မင်းနှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ရွာမှရွာသူရွာသားများ အခင်းဖြစ်နေအိမ်သို့ ရောက်ရှိသွားရာ နေအိမ်ပေါ် ၌ သေဆုံး နေသူ ဒေါ်ကြာနုဦး(၅၅)နှစ်အား တွေ့ရှိရသည့်အတွက်ကြောင့် ရဲတပ်ဖွဲ့မှ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခဲ့ကာ သူ အလောင်း အား ကျောက်ဖြူဆေးရုံသို့ ပေးပို့ဆောင်ရွက်ခဲ့သည်။

အခင်း ဖြစ်အကြောင်းရင်အား မင်းပြင်ရဲတပ်ဖွဲ့စခန်းမှ ရဲအုပ် အောင်ဇော်မင်းမှ စစ်ဆေးခဲ့ရာ တရားခံဖြစ်သူ မောင်ဝင်းကြည်(၂၁) နှစ် ခန့်က အရက်မူး၍နေအိမ်သို့ အောက်တိုဘာလ(၉)ရက်နေ့ည(၈)နာရီခန့်အချိန်တွင် အပြင်မှရောက်ရှိလာရာ နေအိမ်တွင် အတူတူနေထိုင်သူ အဒေါ် ဖြစ်သူ ဒေါ်ကြာဦး (၅၅) နှစ်ခန့်ကတူဖြစ်သူအား ဆိုဆုံးမရာ၌ အခြေအတင် စကားများကြာရာမှ စ၍ဖြစ်ကြသဖြင့် တူဖြစ်သူ မှ နေအိမ်တွင်အသင့် ရှိသော ဒါးမဖြင့် လည်ပင်းနားတစ်ဝိုက် (၃) ချက်ခန့်ခုတ်လိုက်ရာ အခင်းဖြစ်နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

တူဖြစ်သူ တရားခံမောင်ဝင်းကြည်မှာ အခင်းဖြစ် နေရာမှ ဒါးမကိုကိုင်ကာ နေအိမ် မှထွက်ပြေးသွားကြောင်းသိရှိရသည်။

အခင်းဖြစ် ကျေးရွာ သို့အောက်တိုဘာလ (၁၀) ရက်နေ့နံနက်ပိုင်းတွင် ကျောက်ဖြူမြို့နယ် ရဲ တပ်ဖွဲ့စခန်းမှူး ဒုရဲမှူးကျော်ဇော နှင့် တပ်ဖွဲ့ဝင်များ၊ မင်းပြင်ရဲစခန်းမှူးရဲအုပ်အောင်ဇော်မင်းနှင့် တပ်ဖွဲ့ဝင်များ၊ နယ်ထိမ်း တပ်ဖွဲ့ဝင် များတို့မှာရောက်ရှိလာပြီး၊ တရားခံဖြစ်သူ မောင်ဝင်းကြည်အားအမြန်ဆုံးဖမ်း ဆီးနိုင်ရန်အတွက်စုံစမ်းဖော်ထုတ်နေကြောင်း သတင်းရရှိသည်။

သတင်းထောက်စောမိုးကျော်(ကြေးမုံ-ကျောက်ဖြူမြို့)

ဖိုးသူတော် (www.phothutaw.com)
Credit:  thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top