Golden City Promotion
×

ေခ်ာက္အတြင္း ျပဳတ္က်၍ ပ်က္စီးခဲ့သည့္ ယာဥ္ကို ေတြ႕ရစဥ္ (ဓာတ္ပံု − Tedim Time FB)

 ခ်င္းျပည္နယ္ တီးတိန္ ၿမိဳ႕နယ္တြင္ ေျမၾသဇာတင္လာ သည့္ယာဥ္တစ္စီး ေအာက္တိုဘာ ၁၀ ရက္ ေန႔လယ္၃ နာရီခန္႔က ေခ်ာက္တြင္းသုိ႔ ျပဳတ္က်ရာ လူခုနစ္ဦးေသဆံုးသြားေၾကာင္း တီးတိန္ၿမိဳ႕ လူမႈေရးအဖြဲ႕မွ ကိုတြမ္က ေျပာသည္။

လူ ၃၀ ခန္႔ႏွင့္ အိႏၵိယနယ္ စပ္ ရိဒ္ေခါဒါၿမိဳ႕မွ ေျမၾသဇာတင္ ေဆာင္လာသည့္ အဆုိပါယာဥ္ သည္ တီးတိန္ၿမိဳ႕နယ္ သိုင္းငင္ ေက်းရြာအနီးတြင္ ေခ်ာက္ထဲသုိ႔ ျပဳတ္က်ခဲ့ေၾကာင္း ခ်င္းျပည္နယ္ အစိုးရအဖြဲ႕ လမ္းပန္းဆက္သြယ္ ေရးဝန္ႀကီး ဦးေရႊထီးအိုက ေျပာ သည္။

‘‘အၾကမ္းဖ်င္းသိထားတာ က ကားသမားက အရက္မူးေန တယ္လို႔ေျပာတယ္။ ေသတဲ့လူက လည္း ထပ္တိုးလာႏုိင္ေသးတယ္’’ ဟု ၎က ေျပာသည္။

အဆိုပါကားသည္ လူ ၃၀ ခန္႔ကို တီးတိန္ၿမိဳ႕နယ္ လိုင္သီးရြာ တြင္ တင္ေဆာင္လာၿပီး ဒဏ္ရာ ရရွိသည့္လူနာမ်ားကို ကေလးၿမိဳ႕ ေဆး႐ံုသို႔ ပို႔ေဆာင္ထားသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
ချောက်အတွင်း ပြုတ်ကျ၍ ပျက်စီးခဲ့သည့် ယာဉ်ကို တွေ့ရစဉ် (ဓာတ်ပုံ − Tedim Time FB)

 ချင်းပြည်နယ် တီးတိန် မြို့နယ်တွင် မြေသြဇာတင်လာ သည့်ယာဉ်တစ်စီး အောက်တိုဘာ ၁၀ ရက် နေ့လယ်၃ နာရီခန့်က ချောက်တွင်းသို့ ပြုတ်ကျရာ လူခုနစ်ဦးသေဆုံးသွားကြောင်း တီးတိန်မြို့ လူမှုရေးအဖွဲ့မှ ကိုတွမ်က ပြောသည်။

လူ ၃၀ ခန့်နှင့် အိန္ဒိယနယ် စပ် ရိဒ်ခေါဒါမြို့မှ မြေသြဇာတင် ဆောင်လာသည့် အဆိုပါယာဉ် သည် တီးတိန်မြို့နယ် သိုင်းငင် ကျေးရွာအနီးတွင် ချောက်ထဲသို့ ပြုတ်ကျခဲ့ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဦးရွှေထီးအိုက ပြော သည်။

‘‘အကြမ်းဖျင်းသိထားတာ က ကားသမားက အရက်မူးနေ တယ်လို့ပြောတယ်။ သေတဲ့လူက လည်း ထပ်တိုးလာနိုင်သေးတယ်’’ ဟု ၎င်းက ပြောသည်။

အဆိုပါကားသည် လူ ၃၀ ခန့်ကို တီးတိန်မြို့နယ် လိုင်သီးရွာ တွင် တင်ဆောင်လာပြီး ဒဏ်ရာ ရရှိသည့်လူနာများကို ကလေးမြို့ ဆေးရုံသို့ ပို့ဆောင်ထားသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top