Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အရြယ္မေရာက္ေသးသည့္ မိန္းကေလးအား ခိုးယူေပါင္းသင္းခဲ့ေသာ ခြန္တန္ (ေခၚ) ဇာတ္လိုက္ႏွင့္ အားေပးကူညီခဲ့သူမ်ားကို အမွုဖြင့္ခဲ့ေသာ ဦးဝင္းညြန႔္သည္ ခြန္တန္၏တပည့္မ်ားက ၿခိမ္းေျခာက္ျခင္းကို ခံေနရေၾကာင္း ဦးဝင္ညႊန႔္လုံျခဳံေရးအတြက္ ေဆာင္ရြက္ေပးေနေသာ တပ္မေတာ္အၿငိမ္းစား ဗိုလ္ႀကီး ဦးခင္ေမာင္ၾကည္က ေျပာသည္။

သထုံၿမိဳ႕မရဲစခန္းတြင္ ေအာက္တိုဘာ၂၄ ရက္က အရြယ္မေရာက္ေသးသည့္ မိန္းေကလးအား ခိုးယူေပါင္းသင္းခဲ့ေသာ ခြန္တန္ႏွင့္ အားေပးကူညီခဲ့ၾကေသာ လွထြန္း၊ သန္းေလး၊ ဝင္းဗိုလ္၊ ေအာင္ျမတ္စိုး၊ ဆင္ႀကီး၊ ေမာင္ခင္တို႔အား အေရးယူေပးရန္ ဦးဝင္းညြန႔္မွ အမွုဖြင့္ခဲ့သည္။

“ကၽြန္ေတာ္က ဦးဝင္းညြန႔္ရဲ့လုံျခဳံမွုေတြကို ကၽြန္ေတာ္ကာကြယ္ေပးထားတယ္။ ခင္ဗ်ားဘယ္မွ မသြားရဘူး။ ကၽြန္ေတာ္ဆီမွာပဲေန၊ ဘယ္သူပဲေခၚေခၚ၊ ဖုန္းနဲ႔ ပဲေခၚေခၚ ကၽြန္ေတာ္မသိပဲနဲ႔ မသြားရဘူး။ အဲဒါေၾကာင့္သူ႔ရဲ့လုံျခဳံေရးအတြက္ ရွင္းရွင္းေျပာရရင္ေတာ့ ကၽြန္ေတာ္က စစ္သားဆိုေတာ့ လုံျခဳံေရး ပိုသိတယ္”ဟု တပ္မေတာ္အၿငိမ္းစား ဗိုလ္ႀကီးဦးခင္ေမာင္ၾကည္ကေျပာသည္။

ဂ်ာနယ္မ်ားတြင္ ေဖာ္ျပခံထားေသာ ဦးဝင္ညြန႔္ပုံကို ေတြ႕ရွိၿပီးေနာက္ ခြန္တန္တပည့္မ်ားက ဦးဝင္းညြန႔္ကို အႏၲရာယ္ျပဳရန္ လိုက္လံရွာေဖြေနသည္ဆိုေသာသတင္းမ်ားလည္း ၾကားေနရေသာေၾကာင့္ အဆိုပါျဖစ္ေပၚေနသည့္ကိစၥရပ္မ်ားအား ရဲစခန္းတြင္တိုင္ခ်က္အေနႏွင့္ မဟုတ္ဘဲ သတင္းအျဖစ္ေပးပို႔ထားရန္ ေဆာင္ရြက္ခဲ့ေၾကာင္း ၎က ရွင္းျပသည္။

သထုံၿမိဳ႕မရဲစခန္းတြင္ ခြန္တန္ (ေခၚ) ဇာတ္လိုက္ႏွင့္ အားေပးကူညီခဲ့သူမ်ားကို အမွုဖြင့္ၿပီးေနာက္ အသက္အႏၲရာယ္ႏွင့္ အမ်ိဳးမ်ိဳးၿခိမ္းေျခာက္ခံရမွုမ်ားေၾကာင့္ တပ္မေတာ္အၿငိမ္းစား ဗိုလ္ႀကီးဦးခင္ေမာင္ၾကည္၏ ေနအိမ္တြင္ ခိုလွုံေနရေၾကာင္း ဦးဝင္ညြန႔္က ဆိုသည္။
“ဒီေကာင္ေတြၿပီးခဲ့တဲ့ ၁၀ ႏွစ္ ၁၅ ႏွစ္ေလာက္က ဒီလိုပဲ ဇာတ္လိုက္တပည့္ေတြ ဗိုလ္က်လာတယ္။ စိုးမိုးလာတယ္။ ဟိုမွာ ရိုက္ခြဲမီးရွို႔သူတို႔လုပ္လာတဲ့ဟာႀကီးပဲ”ဟု ဦးဝင္ညြန႔္က ေျပာဆိုသည္။

“ကံေကာင္းပါသုံးဦးကို ဦးဝင္းညြန႔္ကေနၿပီးေတာ့ သူ႔ကိုအျပတ္ရွင္းျပစ္မယ္ သတ္မယ္ဆိုၿပီး ၿခိမ္းေျခာက္လို႔ ဦးဝင္းညြန႔္က တဆင့္ၾကားသိရလို႔ တရား႐ုံးကိုဦးတိုက္ေလၽွာက္တယ္။ ကၽြန္ေတာ္တို႔က ပုံစံ(က)(ခ)ေပးၿပီးေတာ့ ၿမိဳ႕နယ္တရား႐ုံးကို ဦးတိုက္ေလၽွာက္တယ္”ဟု သထုံၿမိဳ႕မရဲစခန္းစခန္းမွူး ဒုရဲမွူး ေမာင္ေမာင္က ေျပာသည္။

မြန္ျပည္နယ္၊ သထုံၿမိဳ႕နယ္၊ အလံတရာနယ္ေျမတြင္ ဘာသာေရးဗန္းျပ၍ ဆယ္ေက်ာ္သက္အရြယ္ မိန္းကေလးမ်ားအား ပန္းဦးဆြတ္မွုေဖာ္ထုတ္အေရးယူမည္ဟု သာသနာေရးႏွင့္ ယဥ္ေက်းမွုဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး သူရဦးေအာင္ကိုက ေအာက္တိုဘာလ ၁၉ ရက္တြင္ က်င္းပသည့္ ျပည္သူလႊတ္ေတာ္အစည္း၌ လာေရာက္ေမးခြန္းေျဖဆိုအၿပီး ျပန္လည္ထြက္ခြာစဥ္ သတင္းေထာက္မ်ားကို ေျဖၾကားထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: NewsWatch

# Unicode Version ျဖင့္ ဖတ္ပါ #

 အရွယ်မရောက်သေးသည့် မိန်းကလေးအား ခိုးယူပေါင်းသင်းခဲ့သော ခွန်တန် (ခေါ်) ဇာတ်လိုက်နှင့် အားပေးကူညီခဲ့သူများကို အမှုဖွင့်ခဲ့သော ဦးဝင်းညွန့်သည် ခွန်တန်၏တပည့်များက ခြိမ်းခြောက်ခြင်းကို ခံနေရကြောင်း ဦးဝင်ညွှန့်လုံခြုံရေးအတွက် ဆောင်ရွက်ပေးနေသော တပ်မတော်အငြိမ်းစား ဗိုလ်ကြီး ဦးခင်မောင်ကြည်က ပြောသည်။

သထုံမြို့မရဲစခန်းတွင် အောက်တိုဘာ၂၄ ရက်က အရွယ်မရောက်သေးသည့် မိန်းကေလးအား ခိုးယူပေါင်းသင်းခဲ့သော ခွန်တန်နှင့် အားပေးကူညီခဲ့ကြသော လှထွန်း၊ သန်းလေး၊ ဝင်းဗိုလ်၊ အောင်မြတ်စိုး၊ ဆင်ကြီး၊ မောင်ခင်တို့အား အရေးယူပေးရန် ဦးဝင်းညွန့်မှ အမှုဖွင့်ခဲ့သည်။

“ကျွန်တော်က ဦးဝင်းညွန့်ရဲ့လုံခြုံမှုတွေကို ကျွန်တော်ကာကွယ်ပေးထားတယ်။ ခင်ဗျားဘယ်မှ မသွားရဘူး။ ကျွန်တော်ဆီမှာပဲနေ၊ ဘယ်သူပဲခေါ်ခေါ်၊ ဖုန်းနဲ့ ပဲခေါ်ခေါ် ကျွန်တော်မသိပဲနဲ့ မသွားရဘူး။ အဲဒါကြောင့်သူ့ရဲ့လုံခြုံရေးအတွက် ရှင်းရှင်းပြောရရင်တော့ ကျွန်တော်က စစ်သားဆိုတော့ လုံခြုံရေး ပိုသိတယ်”ဟု တပ်မတော်အငြိမ်းစား ဗိုလ်ကြီးဦးခင်မောင်ကြည်ကပြောသည်။

ဂျာနယ်များတွင် ဖော်ပြခံထားသော ဦးဝင်ညွန့်ပုံကို တွေ့ရှိပြီးနောက် ခွန်တန်တပည့်များက ဦးဝင်းညွန့်ကို အန္တရာယ်ပြုရန် လိုက်လံရှာဖွေနေသည်ဆိုသောသတင်းများလည်း ကြားနေရသောကြောင့် အဆိုပါဖြစ်ပေါ်နေသည့်ကိစ္စရပ်များအား ရဲစခန်းတွင်တိုင်ချက်အနေနှင့် မဟုတ်ဘဲ သတင်းအဖြစ်ပေးပို့ထားရန် ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

သထုံမြို့မရဲစခန်းတွင် ခွန်တန် (ခေါ်) ဇာတ်လိုက်နှင့် အားပေးကူညီခဲ့သူများကို အမှုဖွင့်ပြီးနောက် အသက်အန္တရာယ်နှင့် အမျိုးမျိုးခြိမ်းခြောက်ခံရမှုများကြောင့် တပ်မတော်အငြိမ်းစား ဗိုလ်ကြီးဦးခင်မောင်ကြည်၏ နေအိမ်တွင် ခိုလှုံနေရကြောင်း ဦးဝင်ညွန့်က ဆိုသည်။
“ဒီကောင်တွေပြီးခဲ့တဲ့ ၁၀ နှစ် ၁၅ နှစ်လောက်က ဒီလိုပဲ ဇာတ်လိုက်တပည့်တွေ ဗိုလ်ကျလာတယ်။ စိုးမိုးလာတယ်။ ဟိုမှာ ရိုက်ခွဲမီးရှို့သူတို့လုပ်လာတဲ့ဟာကြီးပဲ”ဟု ဦးဝင်ညွန့်က ပြောဆိုသည်။

“ကံကောင်းပါသုံးဦးကို ဦးဝင်းညွန့်ကနေပြီးတော့ သူ့ကိုအပြတ်ရှင်းပြစ်မယ် သတ်မယ်ဆိုပြီး ခြိမ်းခြောက်လို့ ဦးဝင်းညွန့်က တဆင့်ကြားသိရလို့ တရားရုံးကိုဦးတိုက်လျှောက်တယ်။ ကျွန်တော်တို့က ပုံစံ(က)(ခ)ပေးပြီးတော့ မြို့နယ်တရားရုံးကို ဦးတိုက်လျှောက်တယ်”ဟု သထုံမြို့မရဲစခန်းစခန်းမှူး ဒုရဲမှူး မောင်မောင်က ပြောသည်။

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ အလံတရာနယ်မြေတွင် ဘာသာရေးဗန်းပြ၍ ဆယ်ကျော်သက်အရွယ် မိန်းကလေးများအား ပန်းဦးဆွတ်မှုဖော်ထုတ်အရေးယူမည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အောက်တိုဘာလ ၁၉ ရက်တွင် ကျင်းပသည့် ပြည်သူလွှတ်တော်အစည်း၌ လာရောက်မေးခွန်းဖြေဆိုအပြီး ပြန်လည်ထွက်ခွာစဉ် သတင်းထောက်များကို ဖြေကြားထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: NewsWatch
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top