Golden City Promotion
×

ကုိရီးယားၾကက္ေၾကာ္ကို ကိုရီးယားလို dakgangjeong လို႔ေခၚၿပီး ခ်ိဳစပ္စပ္အရသာေလးနဲ႔ စားလို႔အရမ္းေကာင္းပါတယ္။
KFC တို႔၊ Lotteria တို႔လို ၾကက္ေၾကာ္ဆိုင္ေတြမွာ လူေတြအံုေနတာကိုၾကည္႔ရင္ ၾကက္ေၾကာ္ဟာ လူႀကိဳက္အမ်ားဆံုး fastfood တစ္ခုအျဖစ္ ရပ္တည္ေနဆဲဆိုတာကို သိရွိႏိုင္ပါတယ္။ ၾကက္ေၾကာ္ေတြဟာ အျမန္ရရွိႏိုင္သလို တန္ဖိုးအသင္႔အတင္႔နဲ႔ အရသာရွိတဲ႔ အစားအစာတစ္ခုျဖစ္တဲ႔အတြက္ လူႀကိဳက္မ်ားေနရတာျဖစ္ပါတယ္။
ဒီေန႔မွာေတာ႔ အရသာလည္းရွိ၊ ျပဳလုပ္ရတာလည္း လြယ္ကူတဲ႔ ကိုရီးယားၾကက္ေၾကာ္လုပ္နည္းေလးကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။ ကုိရီးယားၾကက္ေၾကာ္ကို ကိုရီးယားလို dakgangjeong လို႔ေခၚၿပီး ခ်ိဳစပ္စပ္အရသာေလးနဲ႔ စားလို႔အရမ္းေကာင္းပါတယ္။
ပါဝင္ပစၥည္းမ်ား
ၾကက္ေတာင္ပံနဲ႔ ရင္အံုသား (၃) ေပါင္ခြဲ ( (၁.၆) ကီလိုဂရမ္ခန္႕)၊ စားပြဲတင္ဆား ဇြန္းဝက္ခန္႔၊ ငရုပ္ေကာင္းမႈန္႔ ဇြန္းဝက္ခန္႔၊ ညက္ညက္ေထာင္းၿပီးသား ဂ်င္း တစ္ဇြန္းခန္႔၊ အာလူးမႈန္႔ (သို႔) ေျပာင္းဖူးမႈန္႔ (၂) ခြက္ခန္႔၊ ေျမပဲဆန္ (၁/၃) ခြက္ခန္႔၊ ၾကက္သြန္ျဖဴ (၄) လံုးခန္႔၊ ငရုပ္သီးေျခာက္ (၄) ေတာင္႔ခန္႔၊ ပဲငံျပာရည္ (၁/၄) ခြက္ခန္႔၊ ရွာလကာရည္ (၁/၂) ခြက္ခန္႔၊ ေျပာင္းဖူးအရသာရည္ (၁/၂) ခြက္ခန္႔၊ mustard အႏွစ္ တစ္ဇြန္းခန္႔၊ သၾကား တစ္ဇြန္းခန္႔၊ ႏွမ္းေစ႔ (၁) ဇြန္းခန္႔နဲ႔ ဟင္းသီးဟင္းရြက္ဆီ (သို႔) ေျမပဲဆီ တို႔ပဲ ျဖစ္ပါတယ္။
ျပဳလုပ္နည္း
အရင္ဆံုး ၾကက္သားကို ေရေဆး၊ ခုတ္ထစ္ၿပီး အေနေတာ္အတံုးေလးေတြျဖစ္ေအာင္ လွီးလိုက္ပါ။ ၾကက္သား (၁.၆) ဂရမ္ ေလာက္ဆိုရင္ ၾကက္သားတံုး (၂၅) တံုးေလာက္္ေတာ႔ ရမွာပါ။ ၿပီးရင္ ဇလံုတစ္လံုးထဲမွာ ၾကက္သားရယ္၊ ဆားရယ္၊ ဂ်င္းဖတ္ေလးေတြရယ္၊ ငရုပ္ေကာင္းမႈန္႔ရယ္ကို ေရာထည္႔ၿပီး သမေအာင္ ေရာနယ္ေပးလိုက္ပါ။
ၿပီးရင္ေတာ႔ ေျပာင္းဖူးမႈန္႔ (သို႔) အာလူးမႈန္႔ကို ဇလံုတစ္လံုးထဲထည္႔ၿပီး ခုနက ၾကက္သားတံုးေလးေတြကို ေသေသခ်ာခ်ာႏွံ႕စပ္သြားေအာင္ လူးေပးလိုက္ပါ။ ပိုၿပီး က်စ္က်စ္လ်စ္လ်စ္ေလး ျဖစ္သြားေအာင္ ၾကက္သားတံုးေလးေတြကို လစ္နဲ႔ အသာေလး ဖ်စ္ညွစ္ေပးလိုက္ပါဦး။
ၿပီးရင္ေတာ႔ ၾကက္ေၾကာ္ေပၚက ဆမ္းဖို႔အတြက္ ေဆာ႔စ္လုပ္ရပါမယ္။ ဒယ္အိုးျပားတစ္လံုးထဲကို ဆီနည္းနည္းထည္႔ၿပီး ၾကက္သြန္ျဖဴကို ဓားျပားရိုက္ထားတာရယ္၊ ငရုပ္သီးေျခာက္ကို အေစ႔ထုတ္ၿပီး ပါးပါးလွီးထားရယ္ကို ေရာထည္႔ေပးလိုက္ပါ။ ပါဝင္ပစၥည္းေတြ အားလံုးကို သမသြားေအာင္ သစ္သားေယာက္မေလးနဲ႔ စကၠန္႔ (၃၀) ခန္႔ ေမႊေပးလိုက္ပါ။
ၿပီးရင္ ပဲငံျပာရည္ရယ္၊ ေျပာင္းမႈန္႔အရသာရည္ရယ္၊ ရွာလကာရည္ရယ္၊ mustard ေဆာ႔စ္ရယ္ကိုလည္း ေရာထည္႔ေပးလိုက္ပါ။ ၿပီးရင္ ေယာက္မေလးနဲ႔ ေမႊေပးၿပီး မိနစ္အနည္းငယ္ခန္႔ၾကာေအာင္ ခ်က္ျပဳတ္ထားေပးလိုက္ပါ။ မီးဖိုေပၚက ခ်ခါနီးမွ သၾကားနည္းနည္းထည္႔ၿပီး ေမႊေပးလိုက္ပါဦး။ ၿပီးရင္ေတာ႔ မီးသတ္ၿပီး ေဘးခနဖယ္ထားႏိုင္ပါၿပီ။
ခုနက ေျပာင္းဖူးမႈန္႔လူးထားတဲ႔ ၾကက္သားေလးေတြကို ေၾကာ္ဖို႕အခ်ိန္ေရာက္ပါၿပီ။ အရင္ဆံုး ဒယ္အိုးျပားတစ္လံုးထဲမွာ မိမိႏွစ္သက္ရာဟင္းခ်က္ဆီ (၄) ခြက္ခန္႔ကိုထည္႔ၿပီး (၈) မိနစ္ခန္႔ အပူေပးလုိက္ပါ။ ဆီပြက္လာၿပီဆိုရင္ ၾကက္သားတံုးေလးေတြကို ဆီပူထဲ စထည္႔လို႔ရပါၿပီ။ ၾကက္သားတံုးေတြကို တစ္တံုးခ်င္း ဆီပူထဲကို ျဖည္းျဖည္းခ်င္းခ်ေပးၿပီး (၁၂) မိနစ္ခန္႔ ေၾကာ္ထားပါလိုက္ပါ။ ေၾကာ္ေနရင္း ဟိုဖက္ဒီဖက္လည္း လွန္ထားေပးလိုက္ပါဦး။
(၁၂) မိနစ္ေလာက္ရွိၿပီဆိုရင္ေတာ႔ ၾကက္ေၾကာ္တံုးေလးေတြကို ဆယ္ထုတ္ၿပီး ဇကာတစ္လံုးထဲမွာ ထည္႔ထားေပးလိုက္ပါ။ ခနေလာက္ ဆီစစ္ၿပီးရင္ေတာ႔ ၾကက္ေၾကာ္ေတြကို ဆီထဲျပန္ထည္႔ၿပီး ေနာက္ထပ္ (၁၀) မိနစ္ခန္႔ ထပ္ေၾကာ္ေပးရပါမယ္။ ၾကက္ေၾကာ္တံုးေလးေတြအားလံုး ေရႊအိုေရာင္ သမ္းသြားၿပီဆိုရင္ေတာ႔ ၾကက္ေၾကာ္ေတြကိုဆယ္ၿပီး ပန္းကန္တစ္ခ်ပ္ထဲကို ေျပာင္းထည္႔ေပးလိုက္ပါ။
ပီးရင္ေတာ႔ ခုနကျပဳလုပ္ထားတဲ႔ ေဆာ႔စ္နဲ႔ ၾကက္ေၾကာ္ေလးေတြေပၚမွာ ဆမ္းေပးလိုက္ပါ။ အေပၚကေန ေျမပဲဆံေလးေတြနဲ႔ ႏွမ္းေလးေတြပါ ျဖဴးေပးလိုက္ရင္ ၾကြပ္ရြၿပီး အရသာေကာင္းမြန္တဲ႔ ကိုရီးယားၾကက္ေၾကာ္ေလးကို ရရွိႏိုင္ပါၿပီ။

Source: maangchi
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  duwun
#Unicode Version#
ကိုရီးယားကြက်ကြော်ကို ကိုရီးယားလို dakgangjeong လို့ခေါ်ပြီး ချိုစပ်စပ်အရသာလေးနဲ့ စားလို့အရမ်းကောင်းပါတယ်။
KFC တို့၊ Lotteria တို့လို ကြက်ကြော်ဆိုင်တွေမှာ လူတွေအုံနေတာကိုကြည့်ရင် ကြက်ကြော်ဟာ လူကြိုက်အများဆုံး fastfood တစ်ခုအဖြစ် ရပ်တည်နေဆဲဆိုတာကို သိရှိနိုင်ပါတယ်။ ကြက်ကြော်တွေဟာ အမြန်ရရှိနိုင်သလို တန်ဖိုးအသင့်အတင့်နဲ့ အရသာရှိတဲ့ အစားအစာတစ်ခုဖြစ်တဲ့အတွက် လူကြိုက်များနေရတာဖြစ်ပါတယ်။
ဒီနေ့မှာတော့ အရသာလည်းရှိ၊ ပြုလုပ်ရတာလည်း လွယ်ကူတဲ့ ကိုရီးယားကြက်ကြော်လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။ ကိုရီးယားကြက်ကြော်ကို ကိုရီးယားလို dakgangjeong လို့ခေါ်ပြီး ချိုစပ်စပ်အရသာလေးနဲ့ စားလို့အရမ်းကောင်းပါတယ်။
ပါဝင်ပစ္စည်းများ
ကြက်တောင်ပံနဲ့ ရင်အုံသား (၃) ပေါင်ခွဲ ( (၁.၆) ကီလိုဂရမ်ခန့်)၊ စားပွဲတင်ဆား ဇွန်းဝက်ခန့်၊ ငရုပ်ကောင်းမှုန့် ဇွန်းဝက်ခန့်၊ ညက်ညက်ထောင်းပြီးသား ဂျင်း တစ်ဇွန်းခန့်၊ အာလူးမှုန့် (သို့) ပြောင်းဖူးမှုန့် (၂) ခွက်ခန့်၊ မြေပဲဆန် (၁/၃) ခွက်ခန့်၊ ကြက်သွန်ဖြူ (၄) လုံးခန့်၊ ငရုပ်သီးခြောက် (၄) တောင့်ခန့်၊ ပဲငံပြာရည် (၁/၄) ခွက်ခန့်၊ ရှာလကာရည် (၁/၂) ခွက်ခန့်၊ ပြောင်းဖူးအရသာရည် (၁/၂) ခွက်ခန့်၊ mustard အနှစ် တစ်ဇွန်းခန့်၊ သကြား တစ်ဇွန်းခန့်၊ နှမ်းစေ့ (၁) ဇွန်းခန့်နဲ့ ဟင်းသီးဟင်းရွက်ဆီ (သို့) မြေပဲဆီ တို့ပဲ ဖြစ်ပါတယ်။
ပြုလုပ်နည်း
အရင်ဆုံး ကြက်သားကို ရေဆေး၊ ခုတ်ထစ်ပြီး အနေတော်အတုံးလေးတွေဖြစ်အောင် လှီးလိုက်ပါ။ ကြက်သား (၁.၆) ဂရမ် လောက်ဆိုရင် ကြက်သားတုံး (၂၅) တုံးလောက်တော့ ရမှာပါ။ ပြီးရင် ဇလုံတစ်လုံးထဲမှာ ကြက်သားရယ်၊ ဆားရယ်၊ ဂျင်းဖတ်လေးတွေရယ်၊ ငရုပ်ကောင်းမှုန့်ရယ်ကို ရောထည့်ပြီး သမအောင် ရောနယ်ပေးလိုက်ပါ။
ပြီးရင်တော့ ပြောင်းဖူးမှုန့် (သို့) အာလူးမှုန့်ကို ဇလုံတစ်လုံးထဲထည့်ပြီး ခုနက ကြက်သားတုံးလေးတွေကို သေသေချာချာနှံ့စပ်သွားအောင် လူးပေးလိုက်ပါ။ ပိုပြီး ကျစ်ကျစ်လျစ်လျစ်လေး ဖြစ်သွားအောင် ကြက်သားတုံးလေးတွေကို လစ်နဲ့ အသာလေး ဖျစ်ညှစ်ပေးလိုက်ပါဦး။
ပြီးရင်တော့ ကြက်ကြော်ပေါ်က ဆမ်းဖို့အတွက် ဆော့စ်လုပ်ရပါမယ်။ ဒယ်အိုးပြားတစ်လုံးထဲကို ဆီနည်းနည်းထည့်ပြီး ကြက်သွန်ဖြူကို ဓားပြားရိုက်ထားတာရယ်၊ ငရုပ်သီးခြောက်ကို အစေ့ထုတ်ပြီး ပါးပါးလှီးထားရယ်ကို ရောထည့်ပေးလိုက်ပါ။ ပါဝင်ပစ္စည်းတွေ အားလုံးကို သမသွားအောင် သစ်သားယောက်မလေးနဲ့ စက္ကန့် (၃၀) ခန့် မွှေပေးလိုက်ပါ။
ပြီးရင် ပဲငံပြာရည်ရယ်၊ ပြောင်းမှုန့်အရသာရည်ရယ်၊ ရှာလကာရည်ရယ်၊ mustard ဆော့စ်ရယ်ကိုလည်း ရောထည့်ပေးလိုက်ပါ။ ပြီးရင် ယောက်မလေးနဲ့ မွှေပေးပြီး မိနစ်အနည်းငယ်ခန့်ကြာအောင် ချက်ပြုတ်ထားပေးလိုက်ပါ။ မီးဖိုပေါ်က ချခါနီးမှ သကြားနည်းနည်းထည့်ပြီး မွှေပေးလိုက်ပါဦး။ ပြီးရင်တော့ မီးသတ်ပြီး ဘေးခနဖယ်ထားနိုင်ပါပြီ။
ခုနက ပြောင်းဖူးမှုန့်လူးထားတဲ့ ကြက်သားလေးတွေကို ကြော်ဖို့အချိန်ရောက်ပါပြီ။ အရင်ဆုံး ဒယ်အိုးပြားတစ်လုံးထဲမှာ မိမိနှစ်သက်ရာဟင်းချက်ဆီ (၄) ခွက်ခန့်ကိုထည့်ပြီး (၈) မိနစ်ခန့် အပူပေးလိုက်ပါ။ ဆီပွက်လာပြီဆိုရင် ကြက်သားတုံးလေးတွေကို ဆီပူထဲ စထည့်လို့ရပါပြီ။ ကြက်သားတုံးတွေကို တစ်တုံးချင်း ဆီပူထဲကို ဖြည်းဖြည်းချင်းချပေးပြီး (၁၂) မိနစ်ခန့် ကြော်ထားပါလိုက်ပါ။ ကြော်နေရင်း ဟိုဖက်ဒီဖက်လည်း လှန်ထားပေးလိုက်ပါဦး။
(၁၂) မိနစ်လောက်ရှိပြီဆိုရင်တော့ ကြက်ကြော်တုံးလေးတွေကို ဆယ်ထုတ်ပြီး ဇကာတစ်လုံးထဲမှာ ထည့်ထားပေးလိုက်ပါ။ ခနလောက် ဆီစစ်ပြီးရင်တော့ ကြက်ကြော်တွေကို ဆီထဲပြန်ထည့်ပြီး နောက်ထပ် (၁၀) မိနစ်ခန့် ထပ်ကြော်ပေးရပါမယ်။ ကြက်ကြော်တုံးလေးတွေအားလုံး ရွှေအိုရောင် သမ်းသွားပြီဆိုရင်တော့ ကြက်ကြော်တွေကိုဆယ်ပြီး ပန်းကန်တစ်ချပ်ထဲကို ပြောင်းထည့်ပေးလိုက်ပါ။
ပီးရင်တော့ ခုနကပြုလုပ်ထားတဲ့ ဆော့စ်နဲ့ ကြက်ကြော်လေးတွေပေါ်မှာ ဆမ်းပေးလိုက်ပါ။ အပေါ်ကနေ မြေပဲဆံလေးတွေနဲ့ နှမ်းလေးတွေပါ ဖြူးပေးလိုက်ရင် ကြွပ်ရွပြီး အရသာကောင်းမွန်တဲ့ ကိုရီးယားကြက်ကြော်လေးကို ရရှိနိုင်ပါပြီ။

Source: maangchi

ဖိုးသူတော် (www.phothutaw.com)
Credit:  duwun

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top