Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ဒါ႐ိုက္တာဝိုင္း ႐ိုက္ကူး သည့္ ‘သမၼတႀကီးထံေပးစာ’႐ုပ္ ရွင္ဇာတ္ကားကို တစ္လခန္႔ ႐ိုက္ ကူးခဲ့ၿပီး သ႐ုပ္ေဆာင္ရသည့္ ဇာတ္ဝင္ခန္းတုိင္းတြင္ စိတ္ဖိစီး မႈမ်ားေသာေၾကာင့္ ဇာတ္ကား ႐ိုက္ကူးၿပီးခ်ိန္၌ အိုစာသြားသည္ ဟု ခံစားရေၾကာင္း သ႐ုပ္ေဆာင္ ေဖြးေဖြးက ေျပာသည္။

‘‘ဒိုင္ယာေလာ့ခ္အရလည္း အရမ္းမွတ္ရတယ္။ သတင္း ေထာက္၊ ေရွ႕ေနဆုိေတာ့ေလ။ ေရွ႕ေနကိုမွ ဝါသနာပါလုိ႔ သတင္းေထာက္လုပ္တာဆုိေတာ့ ေျပာ တဲ့စကားေတြကအစ ၏၊ သည္ မေရြး ေသခ်ာမွတ္ရတယ္။ ပုဒ္မ ေတြမွတ္ရတယ္။ ဆင္းန္ေပၚမွာ ေတာ့ အခက္အခဲအရမ္းနည္းပါ တယ္။ ကိုယ္ေျပာရမယ့္ နံပါတ္ ေတြကို ပါးစပ္က အၿမဲရြတ္ျဖစ္ တယ္။ ေဖြးက နဂိုးကတည္းက နံပါတ္မွတ္တာ အရမ္းည့ံတယ္။ နံပါတ္ေတြကို အရမ္းက်က္ရ တယ္’’ဟု ၎က ေျပာသည္။

ယင္းဇာတ္ကားတြင္ ေဖြး ေဇြးက ေရွ႕ေန၊ သတင္းေထာက္ တစ္ဦးအျဖစ္ သ႐ုပ္ေဆာင္ရျခင္း ျဖစ္သည္။ လက္ရွိတြင္ 7 Senseထုတ္လုပ္ေရးက ႐ိုက္ကူးမည့္ ‘မုန္းစြဲ’ ႐ုပ္ရွင္ဇာတ္ကားႀကီး၌ ပါဝင္ရသည့္အခန္း နည္းေသာ္လည္း လုပ္ကြက္ရွိေသာေၾကာင့္ လက္ခံျဖစ္ၿပီး အရြယ္ႏွစ္မ်ိဳးသ႐ုပ္ေဆာင္ရမည္ဟု ဆုိသည္။

‘‘အဓိကက ကိုေနတိုးတို႔ ညီ အစ္ကိုက လုပ္ကြက္ပိုရတယ္။ ေဖြးက ၁၆ ဆင္းန္ပဲပါတယ္။ အဲဒီ ၁၆ ဆင္းန္လံုးက ဟဲဗီးေတြမ်ား တယ္။ မလုပ္ရတဲ့ ဆင္းန္မရွိဘူး။ ေဖြးက အရြယ္ႏွစ္မ်ိဳးကိုမွ ငယ္ ဘဝရယ္၊ အသက္ႀကီးသြားတဲ့ ဘဝရယ္ေပါ့။ ကိုေနတုိးရဲ႕ အေမ ေနရာက သ႐ုပ္ေဆာင္ရမယ့္အ တြက္ အရင္ေရွးတုန္းက အဘြား ႀကီးေတြဝတ္တဲ့ ပံုစံမ်ိဳးေလးေတြ ခ်ဳပ္ထားတယ္။ မိတ္ကပ္နဲ႔ ဆံပင္ က ဒါ႐ိုက္တာဘက္က ခ်ိတ္ထား တယ္ ေျပာပါတယ္။ အသံပိုင္းကို ေတာ့ ေဖြးက်င့္ယူရမွာေပါ့။ ေဖြးက အစကတည္းက အသံလံုး ေသးတဲ့သူဆုိေတာ့ Deep Voice ျဖစ္ေအာင္ ႀကိဳးစားရမွာေပါ့’’ဟု ေဖြးေဖြးက ေျပာသည္။

‘မုန္းစြဲ’ဇာတ္ကား၌ ပါဝင္ သ႐ုပ္ေဆာင္ရန္ ပ႐ုိဂ်ဴဆာဘက္ က စတင္ကမ္းလွမ္းစဥ္က အံ့ဩခဲ့ရသလို ၎မလုပ္ဖူးသည့္ ဇာတ္ ႐ုပ္ျဖစ္၍ လက္ခံခဲ့ေၾကာင္း ဆိုသည္။

သ႐ုပ္ေဆာင္ ေနတိုးႏွင့္ ‘ကြၽန္မက ႏွင္းဆီပါေမာင္’ဇာတ္ ကား႐ိုက္ကူးၿပီးခ်ိန္ကစ၍ သံုးႏွစ္ ခြဲအၾကာမွ ျပန္လည္တြဲဖက္႐ိုက္ ကူးရမည့္ ဇာတ္ကားျဖစ္သလုိ အခ်စ္ကားမဟုတ္ေသာ္လည္း ထူးျခားသည့္ ကာ႐ိုက္တာတြဲဖက္ မႈမ်ိဳးႏွင့္ ႀကံဳေတြ႕ရမည္ျဖစ္ ေၾကာင္း ၎က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mingalarbarmorning

# Unicode Version ျဖင့္ ဖတ္ပါ #

ဒါရိုက်တာဝိုင်း ရိုက်ကူး သည့် ‘သမ္မတကြီးထံပေးစာ’ရုပ် ရှင်ဇာတ်ကားကို တစ်လခန့် ရိုက် ကူးခဲ့ပြီး သရုပ်ဆောင်ရသည့် ဇာတ်ဝင်ခန်းတိုင်းတွင် စိတ်ဖိစီး မှုများသောကြောင့် ဇာတ်ကား ရိုက်ကူးပြီးချိန်၌ အိုစာသွားသည် ဟု ခံစားရကြောင်း သရုပ်ဆောင် ဖွေးဖွေးက ပြောသည်။

‘‘ဒိုင်ယာလော့ခ်အရလည်း အရမ်းမှတ်ရတယ်။ သတင်း ထောက်၊ ရှေ့နေဆိုတော့လေ။ ရှေ့နေကိုမှ ဝါသနာပါလို့ သတင်းထောက်လုပ်တာဆိုတော့ ပြော တဲ့စကားတွေကအစ ၏၊ သည် မရွေး သေချာမှတ်ရတယ်။ ပုဒ်မ တွေမှတ်ရတယ်။ ဆင်းန်ပေါ်မှာ တော့ အခက်အခဲအရမ်းနည်းပါ တယ်။ ကိုယ်ပြောရမယ့် နံပါတ် တွေကို ပါးစပ်က အမြဲရွတ်ဖြစ် တယ်။ ဖွေးက နဂိုးကတည်းက နံပါတ်မှတ်တာ အရမ်းညံ့တယ်။ နံပါတ်တွေကို အရမ်းကျက်ရ တယ်’’ဟု ၎င်းက ပြောသည်။

ယင်းဇာတ်ကားတွင် ဖွေး ဇွေးက ရှေ့နေ၊ သတင်းထောက် တစ်ဦးအဖြစ် သရုပ်ဆောင်ရခြင်း ဖြစ်သည်။ လက်ရှိတွင် 7 Senseထုတ်လုပ်ရေးက ရိုက်ကူးမည့် ‘မုန်းစွဲ’ ရုပ်ရှင်ဇာတ်ကားကြီး၌ ပါဝင်ရသည့်အခန်း နည်းသော်လည်း လုပ်ကွက်ရှိသောကြောင့် လက်ခံဖြစ်ပြီး အရွယ်နှစ်မျိုးသရုပ်ဆောင်ရမည်ဟု ဆိုသည်။

‘‘အဓိကက ကိုနေတိုးတို့ ညီ အစ်ကိုက လုပ်ကွက်ပိုရတယ်။ ဖွေးက ၁၆ ဆင်းန်ပဲပါတယ်။ အဲဒီ ၁၆ ဆင်းန်လုံးက ဟဲဗီးတွေများ တယ်။ မလုပ်ရတဲ့ ဆင်းန်မရှိဘူး။ ဖွေးက အရွယ်နှစ်မျိုးကိုမှ ငယ် ဘဝရယ်၊ အသက်ကြီးသွားတဲ့ ဘဝရယ်ပေါ့။ ကိုနေတိုးရဲ့ အမေ နေရာက သရုပ်ဆောင်ရမယ့်အ တွက် အရင်ရှေးတုန်းက အဘွား ကြီးတွေဝတ်တဲ့ ပုံစံမျိုးလေးတွေ ချုပ်ထားတယ်။ မိတ်ကပ်နဲ့ ဆံပင် က ဒါရိုက်တာဘက်က ချိတ်ထား တယ် ပြောပါတယ်။ အသံပိုင်းကို တော့ ဖွေးကျင့်ယူရမှာပေါ့။ ဖွေးက အစကတည်းက အသံလုံး သေးတဲ့သူဆိုတော့ Deep Voice ဖြစ်အောင် ကြိုးစားရမှာပေါ့’’ဟု ဖွေးဖွေးက ပြောသည်။

‘မုန်းစွဲ’ဇာတ်ကား၌ ပါဝင် သရုပ်ဆောင်ရန် ပရိုဂျူဆာဘက် က စတင်ကမ်းလှမ်းစဉ်က အံ့ဩခဲ့ရသလို ၎င်းမလုပ်ဖူးသည့် ဇာတ် ရုပ်ဖြစ်၍ လက်ခံခဲ့ကြောင်း ဆိုသည်။

သရုပ်ဆောင် နေတိုးနှင့် ‘ကျွန်မက နှင်းဆီပါမောင်’ဇာတ် ကားရိုက်ကူးပြီးချိန်ကစ၍ သုံးနှစ် ခွဲအကြာမှ ပြန်လည်တွဲဖက်ရိုက် ကူးရမည့် ဇာတ်ကားဖြစ်သလို အချစ်ကားမဟုတ်သော်လည်း ထူးခြားသည့် ကာရိုက်တာတွဲဖက် မှုမျိုးနှင့် ကြုံတွေ့ရမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: mingalarbarmorning
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top