ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

စစ္ကိုင္းတိုင္း ေဒသႀကီး မုံရြာၿမိဳ႕၊ မုံရြာေတာင္ရပ္ကြက္ ဗိုလ္ခ်ဳပ္ လမ္းမေပၚတြင္ အသက္သုံးႏွစ္ အရြယ္ ကေလး အား ရင္ခြင္ ထဲထည့္၍ ကားေမာင္း လာစဥ္ ယာဥ္တိုက္မွု ျဖစ္ၿပီး သားအဖ နစ္ဦးစလုံး ပြဲခ်င္းၿပီး ေသဆုံး သြားေၾကာင္း သတင္းရရွိသည္။

ယာဥ္တိုက္မွု ျဖစ္ပြားခဲ့ေသာ Suzuki Swift အနီေရာင္ ကားေပၚတြင္ သုံးႏွစ္ အရြယ္ ကေလး နွင့္ ဖခင္ တို႔အျပင္ အသက္ကိုးႏွစ္အရြယ္ ေလးတန္း ေက်ာင္းသား တစ္ဦးလည္း လိုက္ပါလာခဲ့ၿပီး ယာဥ္ေမာင္း ျဖစ္သူက သူ၏ သုံးႏွစ္အရြယ္ ကေလးငယ္ ကို ရင္ခြင္ထဲထည့္ကာ ကားေမာင္း လာစဥ္ ကေလးငယ္ ကို ကားေမာင္း သလို စတီယာရင္ ကို ကိုင္ခိုင္းခဲ့ဟန္ရွိၿပီး ထိုအခ်ိန္တြင္ လမ္းေဘးက သစ္ပင္ ကို  ဝင္တိုက္ခဲ့ျခင္း ျဖစ္နိုင္ေၾကာင္း ယာဥ္တိုက္မွဒတြင္ သြားေရာက္ကူညီခဲ့သူတစ္ဦးက မွတ္ခ်က္ျပဳခဲ့သည္။

ယာဥ္တိုက္မွု ေၾကာင့္ သုံးႏွစ္ကေလးႏွင့္ ဖခင္ မွာ ေနရာတင္ေသဆုံးသြားခဲ့ၿပီး ေလးတန္း ကေလး မွာ ဦးေခါင္း တြင္ ျပင္းထန္စြာဒဏ္ရာရရွိခဲ့သျဖင့္ မႏၲေလး ေဆး႐ုံ သို႔ ပိုေဆာင္ခဲ့ရေၾကာင္း သိရွိရသည္။ ေက်ာင္းႀကိဳျပန္လာစဥ္ ယခုကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ဒဏ္ရာရရွိခဲ့ေသာ ကေလးမွာ ေသဆုံးသူမ်ားႏွင့္ ေဆြမ်ိဳးေတာ္စပ္ျခင္း မရွိေၾကာင္း သိရွိရသည္။

ယာဥ္တိုက္မွု အတြက္ ေသဆုံးခဲ့ေသာ ယာဥ္ေမာင္း ျဖစ္သူ ထက္ေဝေအာင္ (၂၄)ႏွစ္ ပဲခြဲစက္လုပ္ငန္း လုပ္ကိုင္သူအား ပုဒ္မ ၁၇၉/၃၃၈/၄၀၄−က ျဖင့္ မုံရြာၿမိဳ႕ ရဲစခန္း တြင္ အမွု ဖြင့္လွစ္ထားေၾကာင္း သိရွိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  popolay

#Unicode Version#

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက် ဗိုလ်ချုပ် လမ်းမပေါ်တွင် အသက်သုံးနှစ် အရွယ် ကလေး အား ရင်ခွင် ထဲထည့်၍ ကားမောင်း လာစဉ် ယာဉ်တိုက်မှု ဖြစ်ပြီး သားအဖ နစ်ဦးစလုံး ပွဲချင်းပြီး သေဆုံး သွားကြောင်း သတင်းရရှိသည်။

ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သော Suzuki Swift အနီရောင် ကားပေါ်တွင် သုံးနှစ် အရွယ် ကလေး နှင့် ဖခင် တို့အပြင် အသက်ကိုးနှစ်အရွယ် လေးတန်း ကျောင်းသား တစ်ဦးလည်း လိုက်ပါလာခဲ့ပြီး ယာဉ်မောင်း ဖြစ်သူက သူ၏ သုံးနှစ်အရွယ် ကလေးငယ် ကို ရင်ခွင်ထဲထည့်ကာ ကားမောင်း လာစဉ် ကလေးငယ် ကို ကားမောင်း သလို စတီယာရင် ကို ကိုင်ခိုင်းခဲ့ဟန်ရှိပြီး ထိုအချိန်တွင် လမ်းဘေးက သစ်ပင် ကို  ဝင်တိုက်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ယာဉ်တိုက်မှဒတွင် သွားရောက်ကူညီခဲ့သူတစ်ဦးက မှတ်ချက်ပြုခဲ့သည်။

ယာဉ်တိုက်မှု ကြောင့် သုံးနှစ်ကလေးနှင့် ဖခင် မှာ နေရာတင်သေဆုံးသွားခဲ့ပြီး လေးတန်း ကလေး မှာ ဦးခေါင်း တွင် ပြင်းထန်စွာဒဏ်ရာရရှိခဲ့သဖြင့် မန္တလေး ဆေးရုံ သို့ ပိုဆောင်ခဲ့ရကြောင်း သိရှိရသည်။ ကျောင်းကြိုပြန်လာစဉ် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိခဲ့သော ကလေးမှာ သေဆုံးသူများနှင့် ဆွေမျိုးတော်စပ်ခြင်း မရှိကြောင်း သိရှိရသည်။

ယာဉ်တိုက်မှု အတွက် သေဆုံးခဲ့သော ယာဉ်မောင်း ဖြစ်သူ ထက်ဝေအောင် (၂၄)နှစ် ပဲခွဲစက်လုပ်ငန်း လုပ်ကိုင်သူအား ပုဒ်မ ၁၇၉/၃၃၈/၄၀၄−က ဖြင့် မုံရွာမြို့ ရဲစခန်း တွင် အမှု ဖွင့်လှစ်ထားကြောင်း သိရှိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:  popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top