Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×

# Zawgyi Version ဖြင့် ဖတ်ပါ #


(၁) Kylie Jenner


(၂) Jennifer Lawrence


(၃) Kirsten Dunst


(၄) Rihanna


(၅) Scarlett Johansson






# Unicode Version ဖြင့် ဖတ်ပါ #
နွေရာသီတုန်းက အပူကို အံတုဖို့ Sandara Park က ဖိလစ်ပိုင်ကိုသွားခဲ့ပါတယ်။ အခုသူပုံတွေကို မြင်ရတာ ကျွန်တော်တို့တောင် မနာလိုဖြစ်မိတယ်။

အနုပညာရှင်တွေဟာ ဝတ်လစ်စားလစ်ပုံတွေ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့လို့ အရှက်တကွဲဖြစ်ခဲ့ရတာ မြန်မာမှာမက ကမ္ဘာမှာလည်း သာဓကတွေ ရှိခဲ့ဖူးပါတယ်။ အများအားဖြင့် Hacker တွေရဲ့ရန်ကြောင့် ပျံ့နှံ့ခဲ့ရတာဖြစ်သလို ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့်လည်း အရှက်ကွဲခဲ့တာမျိုးလည်း ရှိခဲ့ပါတယ်။ အခုဖော်ပြမယ့် နာမည်ကျော် အနုပညာရှင်တွေက ဝတ်လစ်စားလစ်ဓာတ်ပုံတွေကြောင့် အရှက်ရခဲ့ရတဲ့သူတွေပဲဖြစ်ပါတယ်။

(၁) Kylie Jenner

Kylie Jenner ဟာ သူမရဲ့ ဝတ်လစ်စားလစ်ဓာတ်ပုံကြောင့် Hacker တွေရဲ့သားကောင် ဖြစ်ခဲ့ဖူးပါတယ်။ ၂ဝ၁၇ခုနှစ် ဇူလိုင်လ (၂၃) ရက်နေ့တုန်းက သူမရဲ့ Snapchat အကောင့်ဟာ Hack ခံလိုက်ရတာဖြစ်ပါတယ်။ သူမရဲ့အကောင့်မှာ “Kylie Jenner ရဲ့ ဝတ်လစ်စားလစ်ပုံတွေကို လိုချင်ရင် Twitter chikri98 အကောင့်ကို Follow လုပ်ထားပါ” လို့ တင်လိုက်တာဖြစ်ပါတယ်။ ဒါပေမယ့် Hacker ရဲ့ chikri98 အကောင့်မှာ ဝတ်လစ်စားလစ်ပုံတွေ မတင်ခဲ့ပါဘူး။ အခုချိန်ထိ Hacker ရဲ့လက်ထဲမှာ Kylie Jenner ရဲ့ ဝတ်လစ်စားလစ်ပုံတွေ ရှိပါသေးတယ်။

(၂) Jennifer Lawrence

အော်စကာဆုရ နာမည်ကျော်မင်းသမီး Jennifer Lawrence လည်း ၂ဝ၁၄ခုနှစ်တုန်းက သူမရဲ့ဝတ်လစ်စားလစ်ပုံတွေ လူထုကြားမှာ ပျံ့နှံ့သွားတဲ့အတွက် အရှက်ကွဲခဲ့ပါသေးတယ်။ သူမရဲ့ရှေ့နေတွေက ဓာတ်ပုံတွေကို လူမှုကွန်ရက်မှာ ဝေငှတဲ့သူတွေကို အရေးယူမယ်လို့ တုံ့ပြန်ခဲ့ပါသေးတယ်။ ၂ဝ၁၇ခုနှစ် ဇန်နဝါရီလမှာ Hacker ဖြစ်တဲ့ Edward Majerczyk ကိုတော့ အီလက်ထရောနစ်ပုဒ်မနဲ့ ထောင်ဒဏ် (၉) လအပြင် ဒေါ်လာ ၅,၇ဝဝ ဒဏ်ရိုက်ခဲ့ပါတယ်။ Jennifer Lawrence ကတော့ တရားခံဟာ ဥပဒေရဲ့ပြစ်ဒဏ်ကို ခံရပေမယ့် ပျံ့နှံ့သွားတဲ့ ဓာတ်ပုံတွေနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်မိကြောင်း ၂ဝ၁၇ခုနှစ် သြဂုတ်လမှာ ရင်ဖွင့်ထားပါသေးတယ်။

(၃) Kirsten Dunst

“Interview with the Vampire” ဇာတ်ကားနဲ့ နာမည်ကျော်လာတဲ့ Kirsten Dunst ဟာ ၂ဝ၁၄ခုနှစ်တုန်းက သူမရဲ့ iCloud အကောင့်ဟာ Hack ခံလိုက်ရပါတယ်။ ကံမကောင်းချင်တော့ သူမဟာ ဝတ်လစ်စားလစ်ပုံတွေကို iCloud Storage မှာ တင်မိပြီးသားဖြစ်နေပါတယ်။ Hacker က သူမရဲ့ Twitter ကိုပါ သိမ်းသွားပြီး “Thank you iCloud” လို့ တင်ခဲ့တာပါ။ အရှက်သိက္ခာနဲ့ လုပ်စားနေတဲ့ Kirsten Dunst အတွက်တော့ ပရိသတ်ကြားမှာ မျက်နှာမဖော်ရဲဖြစ်ခဲ့ရပါတယ်။

(၄) Rihanna

ကမ္ဘာကျော်အဆိုရှင် Rihanna ဟာ ၂ဝဝ၉ခုနှစ်တုန်းက သူမရဲ့ ဝတ်လစ်စားလစ်ပုံတွေ အွန်လိုင်းပေါ်မှာ ပျံ့နှံ့သွားပြီး အရှက်တကွဲဖြစ်ခဲ့ရပါသေးတယ်။ “ကျွန်မဘဝမှာ အဆိုးရွားဆုံးနဲ့ အရှက်ရစရာဖြစ်ရပ်ကြီးပါ” လို့ သူမကိုယ်တိုင် ဝန်ခံထားပါတယ်။ တကယ်တော့တော့ သူမရဲ့ iCloud အကောင့် Hack ခံလိုက်ရလို့ အခုလို ဓာတ်ပုံတွေ ပျံ့သွားတာပါ။ FBI နဲ့ Apple တာဝန်ရှိသူတွေက ဒီကိစ္စကို ဆက်လက်စုံစမ်းကြပေမယ့် တရားခံကို မရှာဖွေနိုင်ခဲ့ပါဘူး။

(၅) Scarlett Johansson

နာမည်ကျော်မင်းသမီး Scarlett Johansson ဟာ သူမရဲ့ ဝတ်လစ်စားလစ်ပုံတွေ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ အများက ထင်ခဲ့တာက ဒီပုံတွေကို ခင်ပွန်းဟောင်း Ryan Reynolds က လုပ်ကြံတယ်လို့ ထင်မိတာပါ။ တကယ်တမ်းတော့ သူမရဲ့ဓာတ်ပုံတွေက Hack ခံလိုက်ရတာပါ။ နောက်တစ်လမှာ Christopher Chaney ဆိုတဲ့ Hacker တစ်ယောက်ကို Scarlett Johansson အပါအဝင် တခြားနာမည်ကျော်တွေရဲ့ဓာတ်ပုံလွှင့်တင်မှုနဲ့ တရားစွဲဆိုနိုင်ခဲ့ပါတယ်။

(၆) Mary Elizabeth Winstead

“10 Cloverfield Lane” ဇာတ်ကားနဲ့ နာမည်ကျော်လာတဲ့ အမေရိကန်မင်းသမီး Mary Elizabeth Winstead ဟာ သူမရဲ့ယောက်ျား Riley Stearns နဲ့ လွတ်လွတ်လပ်လပ်နေထိုင်တဲ့ ပုံတွေကို Hacker ကြောင့် အွန်လိုင်းပေါ်မှာ ပျံ့သွားတာပါ။ သူမအနေနဲ့ အရှက်ရစရာဖြစ်ခဲ့ပြီးတော့ စိတ်မသက်မသာဖြစ်ခဲ့ရပါတယ်။ အခုချိန်မှာ သူမဟာ Riley Stearns နဲ့ ကွာရှင်းခဲ့ပေမယ့် ဝတ်လစ်စားလစ်ဓာတ်ပုံတွေကတော့ ပျံ့နှံ့ဆဲပဲဖြစ်ပါတယ်။

တခြားလူမြင်ဖို့ မသင့်တော်တဲ့ ဓာတ်ပုံတွေကို လူမှုကွန်ရက် ဒါမှမဟုတ် Cloud Storage တစ်ခုခုပေါ်မှာ တင်လိုက်တာနဲ့ Hacker တွေကို ကြောက်နေရပါပြီ။ မတင်ဘဲနဲ့ ဖုန်းထဲမှာ ဒီအတိုင်းသိမ်းထားလိုက်ရင်လည်း တစ်နည်းနည်းနဲ့ လူကြားထဲ ပြန့်သွားရင် အရှက်ကွဲစရာကြုံရတတ်ပါတယ်။ ဒီပြဿနာတွေ ဖြစ်မလာအောင် ကာကွယ်နိုင်တဲ့နည်းက တစ်နည်းပဲရှိပါတယ်။ အဲဒါကတော့ ဝတ်လစ်စားလစ်ပုံတွေ ဘယ်တော့မှ မရိုက်မိဖို့ပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: Mingalarbarmorning
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top