Golden City Promotion
×

ယူနက္စကုိ ေခၚ (The United Nations Educational, Scientific and Cultural Organization -UNESCO) ကုလသမဂၢ ပညာေရး၊ သိပၸံနဲ႔ ယဥ္ေက်းမွဳအဖြဲ႔ဝင္အျဖစ္ကေန အေမရိကန္ျပည္ေထာင္စု မေန႔က ႏုတ္ထြက္လုိက္ပါတယ္။

အေမရိကန္ ႏုိင္ငံျခားေရးဌာနရဲ႕ေၾကညာခ်က္မွာ ယူနက္စကုိကေန အခုလုိ ႏုတ္ထြက္ဖုိ႔ အလြယ္တကူဆုံးျဖတ္ခဲ့တာ မဟုတ္ေၾကာင္း၊ ဒီအဖြဲ႔အေနနဲ႔ အေျခခံကအစ ျပန္လည္ျပင္ဆင္ ဖြဲ႔စည္းဖုိ႔လုိေၾကာင္း၊ အဖြဲ႔ဝင္ႏုိင္ငံေတြအေနနဲ႔ ထည့္ဝင္ရမယ့္ေငြေတြကုိ ပ်က္ကြက္မွဳနဲ႔ အစၥေရးလ္ႏုိင္ငံအေပၚ ဆန္႔က်င္မွဳေတြ ဆက္လက္ေပၚေပါက္ေနေၾကာင္း ေဖၚျပထားပါတယ္။

အေမရိကန္ျပည္ေထာင္စုဟာ အဖြဲ႔ဝင္ႏုိင္ငံ ၁၉၅ ခုပါဝင္တဲ့ယူနက္စကုိအဖြဲ႔ဝင္အျဖစ္ကေန ၁၉၈၄ ခုႏွစ္က တခါထြက္ဖူးျပီး ၂ဝဝ၂ ခုႏွစ္မွာ ျပန္လည္ဝင္ေရာက္ခဲ့တာပါ။

အေမရိကန္ျပည္ေထာင္စုဟာ ယူနက္စကုိ သုံးစြဲေနတဲ့ ကုန္က်စရိတ္စုစုေပါင္းရဲ႕ ၅ ပုံ ၁ ပုံ သုိ႔မဟုတ္ ကန္ ေဒၚလာ သန္း ၅ဝ ကုိ ႏွစ္စဥ္ ထည့္ဝင္လွဴဒါန္းေနတာျဖစ္တဲ့အတြက္ အခုလုိ အေမရိကန္ ႏုတ္ထြက္ လုိက္ျခင္းေၾကာင့္ ေရွးေဟာင္းကမာၻ႔အေမြအႏွစ္ထိန္းသိမ္းေရးလုိ ယူနက္စကုိရဲ႕ လုပ္ငန္းေတြအေပၚ မ်ားစြာနစ္နာဖြယ္ ရွိပါတယ္။

အခုတၾကိမ္ ယူနက္စကုိကေန အေမရိကန္ျပည္ေထာင္စုႏုတ္ထြက္မွဳဟာ လာမယ့္ ၂ဝ၁၈ ဒီဇင္ဘာလ ၂၁ ရက္ေန႔မွာ တရားဝင္ စတင္သက္ဝင္မယ္လုိ႔လည္း သိရပါတယ္။

အေမရိကန္ျပည္ေထာင္စုနည္းတူ အစၥေရးလ္ႏုိင္ငံကလည္း ယူနက္စကုိကေန ထြက္မွာျဖစ္ေၾကာင္း မေန႔က ေၾကညာပါတယ္။

ယူနက္စကုိအဖြဲ႔ဝင္ အျဖစ္ကေန အေမရိကန္ျပည္ေထာင္စု ႏုတ္ထြက္မွဳအတြက္ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ အန္တုိနီယုိ ဂြတ္တားရက္စ္က အထူးစိတ္မေကာင္းျဖစ္ရေၾကာင္း ေျပာဆုိခဲ့ျပီး အစၥေရးလ္ ဝန္ၾကီးခ်ဳပ္ Benjamin Netganyahu ဘင္ဂ်မင္ နက္တာညာဟူး ကေတာ့ ဒါဟာ ရဲရင့္ျပီးဂုဏ္သိကၡာရွိတဲ့ လုပ္ရပ္ပဲလုိ႔ ခ်ီးမြမ္းေျပာဆုိပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
ယူနက်စကို ခေါ် (The United Nations Educational, Scientific and Cultural Organization -UNESCO) ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ဝင်အဖြစ်ကနေ အမေရိကန်ပြည်ထောင်စု မနေ့က နုတ်ထွက်လိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ကြေညာချက်မှာ ယူနက်စကိုကနေ အခုလို နုတ်ထွက်ဖို့ အလွယ်တကူဆုံးဖြတ်ခဲ့တာ မဟုတ်ကြောင်း၊ ဒီအဖွဲ့အနေနဲ့ အခြေခံကအစ ပြန်လည်ပြင်ဆင် ဖွဲ့စည်းဖို့လိုကြောင်း၊ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ထည့်ဝင်ရမယ့်ငွေတွေကို ပျက်ကွက်မှုနဲ့ အစ္စရေးလ်နိုင်ငံအပေါ် ဆန့်ကျင်မှုတွေ ဆက်လက်ပေါ်ပေါက်နေကြောင်း ဖေါ်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ အဖွဲ့ဝင်နိုင်ငံ ၁၉၅ ခုပါဝင်တဲ့ယူနက်စကိုအဖွဲ့ဝင်အဖြစ်ကနေ ၁၉၈၄ ခုနှစ်က တခါထွက်ဖူးပြီး ၂ဝဝ၂ ခုနှစ်မှာ ပြန်လည်ဝင်ရောက်ခဲ့တာပါ။

အမေရိကန်ပြည်ထောင်စုဟာ ယူနက်စကို သုံးစွဲနေတဲ့ ကုန်ကျစရိတ်စုစုပေါင်းရဲ့ ၅ ပုံ ၁ ပုံ သို့မဟုတ် ကန် ဒေါ်လာ သန်း ၅ဝ ကို နှစ်စဉ် ထည့်ဝင်လှူဒါန်းနေတာဖြစ်တဲ့အတွက် အခုလို အမေရိကန် နုတ်ထွက် လိုက်ခြင်းကြောင့် ရှေးဟောင်းကမ္ဘာ့အမွေအနှစ်ထိန်းသိမ်းရေးလို ယူနက်စကိုရဲ့ လုပ်ငန်းတွေအပေါ် များစွာနစ်နာဖွယ် ရှိပါတယ်။

အခုတကြိမ် ယူနက်စကိုကနေ အမေရိကန်ပြည်ထောင်စုနုတ်ထွက်မှုဟာ လာမယ့် ၂ဝ၁၈ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ တရားဝင် စတင်သက်ဝင်မယ်လို့လည်း သိရပါတယ်။

အမေရိကန်ပြည်ထောင်စုနည်းတူ အစ္စရေးလ်နိုင်ငံကလည်း ယူနက်စကိုကနေ ထွက်မှာဖြစ်ကြောင်း မနေ့က ကြေညာပါတယ်။

ယူနက်စကိုအဖွဲ့ဝင် အဖြစ်ကနေ အမေရိကန်ပြည်ထောင်စု နုတ်ထွက်မှုအတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂွတ်တားရက်စ်က အထူးစိတ်မကောင်းဖြစ်ရကြောင်း ပြောဆိုခဲ့ပြီး အစ္စရေးလ် ဝန်ကြီးချုပ် Benjamin Netganyahu ဘင်ဂျမင် နက်တာညာဟူး ကတော့ ဒါဟာ ရဲရင့်ပြီးဂုဏ်သိက္ခာရှိတဲ့ လုပ်ရပ်ပဲလို့ ချီးမွမ်းပြောဆိုပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top