Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×
# Zawgyi Version ဖြင့် ဖတ်ပါ #
အကျိုးကျေးဇူး
ပြုလုပ်ပုံ
ဆား+ပူဒီနာရွက်အဆီ
# Unicode Version ဖြင့် ဖတ်ပါ #
ဓမ္မတာလာစဉ်မှာဖြစ်တက်တဲ့ဗိုက်အောင့်ခြင်း ၊ ဗိုက်နာခြင်း ဆိုတာက အမျိုးသမီးများ လစဉ်လတိုင်း ခံစားနေရတဲ့ဝေဒနာ လို့ပဲ ဆိုရမှာပါ။၎င်းအချိန်မှာ ခံရတဲ့နာကျင်မှုကို ဘာနဲ့မှ ဖော်ပြလို့ မရနိူင်ပါဘူး။ဟာသမဟုတ်ပါဘူး တကယ်ကို အလေးနက်ထားပြီး ဂရုစိုက်သင့်တဲ့ ဖြစ်စဉ်ပါ။ခန္ဓာကိုနာကျင်တာတွေမကဘဲ အခြားသောဖြစ်ရပ်များအတွက် အောက်ပါဆေးနည်းတစ်မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
အကျိုးကျေးဇူး
    ဆားခါး တစ်နည်းအားဖြင့် ဆားကြမ်း က နာကျင်မှုတွေကို သက်သာစေပါတယ်။
    အနာကျက်မြန်စေတဲ့အစွမ်းလည်းရှိပါတယ်။
    ဆားရည်နွေးနွေးလေးဖြင့် ရေချိုးပေးပါက အညောင်းညာ သက်သာစေပြီး ကြွက်သားတွေကို ဖြေလျှော့ပေးတဲ့အတွက် သားအိမ်ကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေပါတယ်။
    မက်ဂနီဆီယမ်ကြွယ်ဝစွာပါဝင်တဲ့အတွက် ရောင်တာ ၊ ဖောတာ ၊ နာကျင်ကိုက်ခဲတာတွေကို သက်သာစေပါတယ်။
လိုအပ်သောအရာများ ဆားကြမ်း ချင်း(ဂျင်း)
ပြုလုပ်ပုံ
အိုးထဲတွင် ဆား ၅၊၆ဇွန်းထည့်ပါ။ ချင်းမှုန်း တစ်ဇွန်းထည့်ပါ။ သေချာစွာ သမပေးပါ။ထိုထဲတွင် ရေနွေးရော၍ မိနစ်နှစ်ဆယ်ခန့် ရေချိုးတာပဲ ဖြစ်ဖြစ်၊ စိမ်တာပဲ ဖြစ်ဖြစ် ပြုလုပ်ပေးပါ။
ဆား+ပူဒီနာရွက်အဆီ
ဆား ၅၊၆ဇွန်းထဲတွင် ပူဒီနာရွတ်အဆီ ၃ ဇွန်းလောက်ရောထည့်ပါ။ခုနက ဖော်ပြထားသလိုပဲ ရေနွေးထပ်ရော ၊ မိနစ် ၂၀ ခန့် ရေစိမ် ၊ ရေချိုးပေးပါ။ ပူဒီနာက နာကျင်ဝေဒနာတွေကို ပျောက်ကင်းစေပါတယ်။
မှတ်ချက် - အလာဂျီရှိမရှိ အရင်စမ်းသပ်သင့်ပါတယ်။။
ဖိုးသူတော် (www.phothutaw.com)
Credit: mingalarbarmorning
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top