ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ပရိသတ္အျမင္ေျပာင္းေအာင္ ရုိက္ေပးထားတယ္။
ေအာက္တုိဘာလ ၆ ရက္ေန႔ကတည္း ျမန္မာတစ္ႏုိင္ငံလုံးမွာ ရုံတင္ျပသလွ်က္ရွိတဲ့ ေအာင္ေစပုိင္ေစ ရုပ္ရွင္ဇာတ္ကားႀကီးနဲ႔ ပတ္သက္ၿပီး ဇာတ္ကားဖန္တီးသူ ဒါရုိက္တာေက်ာ္ေဇာလင္းက ရယ္စရာနဲ႔ဖုိက္တင္ကုိ တြဲျပထားတဲ့ ဇာတ္ကားျဖစ္တဲ့အေၾကာင္း ကုိလည္း Duwun Media ကုိေျပာျပခဲ့ပါတယ္။
'' ကၽြန္ေတာ္တုိ႔ ဇာတ္လမ္းအေၾကာင္းအရာေလးကေတာ့ ရုိက္ၿပီးသား၊ ၾကည့္ၿပီးသား ရုံတင္ၿပီးသား ရီစရာဇာတ္ကားေတြနဲ႔ ပုံစံ မတူတဲ့ ဇာတ္မ်ဳိးေပါ့ေနာ္၊ ဒီအခ်ိန္မွာ ရီစရာဇာတ္ကားေတြကုိ ဦးစားေပးၿပီးရုိက္ေနရတာျဖစ္တဲ့အတြက္ ရီစရာဇာတ္ကားေတြကုိ ပရိသတ္ေတြ ၾကည့္ရင္းနဲ႔ ျငီးမသြားရေအာင္ေပါ့၊ ဒီလုိမ်ဳိးက ကမၻာမွာေတာ့ ဂ်က္ကီခ်မ္းတို႔ရုိက္ေနၾကပုံစံေတြေပါ့ေနာ္ ကၽြန္ေတာ္တုိ႔ က သူတို႔လုိ ပ့ံပုိးမႈေတြ၊ သူတို႔လုိ ဘတ္ဂ်က္ေတြ မသုံးႏုိင္တဲ့အတြက္ သူတုိ႔လုိ ေစ်းကြက္ မက်ယ္ျပန္႔တဲ့အတြက္ ကၽြန္ေတာ္တုိ႔က ရတဲ့အထဲကပဲ ရသေလာက္နဲ႔ ပရိသတ္အျမင္ေျပာင္းေအာင္ ရုိက္ေပးထားတဲ့ ေအာင္ေစပုိင္ေစ အက္ရွင္ဟာသကားေပါ့'' လုိ႔ သူက ဆုိပါတယ္။
ေခါင္းေဆာင္မင္းသမီးေတြပါဝင္ေပမယ့္လည္း သူတုိ႔ရဲ႕ လုပ္ကြက္ေလးေတြကုိ ဘယ္လုိေနရာေလးေတြခ်ေပးထားသလဲ ဆုိတာ ကုိလည္း အခုလုိေျပာျပခဲ့ပါတယ္။
'' အေရွ႕ဆုံးရြာက အိေခ်ာပုိဆုိုရင္ ကုိလူမင္းက ဖ်က္စီးခဲ့မယ့္ ကြမ္းေတာင္ကုိင္ေပါ့။ ရြာမွာက တန္ဖုိးထားတဲ့မိန္းကေလးတစ္ေယာက္ ကုိ ဖ်က္စီးခံရၿပီဆုိရင္ ညီအစ္ကုိေမာင္ႏွမစိတ္ေတြနဲ႔ ေနၾကတဲ့အခါက်ေတာ့ ပုိနာက်ဥ္းၾကတာေပါ့ေနာ္။ ဒါသည္ လူဆုိးလူမုိက္ ေတြ လုပ္ေနၾကဆိုေပမယ့္ ဘယ္သူမွ ခြင့္မလႊတ္ႏုိင္တဲ့ပုံစံမ်ဳိးေပါ့ အခု သက္ငယ္မုဒိန္းေတြျဖစ္ေနတဲ့ ပုံစံေပါ့။ ဒါေလးေတြ ထည့္သြင္း ခြင့္ရေအာင္ မင္းသမီးေတြကိုလည္း မခုိင္ေလးတုိ႔ဆုိရင္ သူ႔အသက္အရြယ္နဲ႔ သူ႔ဇာတ္ေကာင္နဲ႔လုိက္ဖက္ေအာင္ သူ႔ကုိလည္း အစ္မေနရာထားတယ္'' လုိ႔ သူကဆိုပါတယ္။
ဒါရုိက္တာေက်ာ္ေဇာလင္း(အေတြးပုံရိပ္) ကေတာ့ ျမန္မာ့ရုပ္ရွင္ေလာကကုိ ပရိသတ္နဲ႔ေရရွည္သြားႏုိင္ေအာင္ ေအာင္ေစပုိင္ေစလို ဇာတ္မ်ဳိး၊ ေအာင္ေစပုိင္ေစနဲ႔မတူတဲ့ ဖန္တီးမႈမ်ဳိးေတြ၊ ဒီ့ထက္သာတဲ့ ဖန္တီးမႈမ်ဳိးေတြကုိ ေလ့လာၿပီးေတာ့ ပရိသတ္ဆီခ်ျပႏုိင္ေအာင္ ႀကိဳးစားသြားမယ္လုိ႔ ဆုိပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
ပရိသတ်အမြင်ပြောင်းအောင် ရိုက်ပေးထားတယ်။
အောက်တိုဘာလ ၆ ရက်နေ့ကတည်း မြန်မာတစ်နိုင်ငံလုံးမှာ ရုံတင်ပြသလျှက်ရှိတဲ့ အောင်စေပိုင်စေ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး ဇာတ်ကားဖန်တီးသူ ဒါရိုက်တာကျော်ဇောလင်းက ရယ်စရာနဲ့ဖိုက်တင်ကို တွဲပြထားတဲ့ ဇာတ်ကားဖြစ်တဲ့အကြောင်း ကိုလည်း Duwun Media ကိုပြောပြခဲ့ပါတယ်။
'' ကျွန်တော်တို့ ဇာတ်လမ်းအကြောင်းအရာလေးကတော့ ရိုက်ပြီးသား၊ ကြည့်ပြီးသား ရုံတင်ပြီးသား ရီစရာဇာတ်ကားတွေနဲ့ ပုံစံ မတူတဲ့ ဇာတ်မျိုးပေါ့နော်၊ ဒီအချိန်မှာ ရီစရာဇာတ်ကားတွေကို ဦးစားပေးပြီးရိုက်နေရတာဖြစ်တဲ့အတွက် ရီစရာဇာတ်ကားတွေကို ပရိသတ်တွေ ကြည့်ရင်းနဲ့ ငြီးမသွားရအောင်ပေါ့၊ ဒီလိုမျိုးက ကမ္ဘာမှာတော့ ဂျက်ကီချမ်းတို့ရိုက်နေကြပုံစံတွေပေါ့နော် ကျွန်တော်တို့ က သူတို့လို ပံ့ပိုးမှုတွေ၊ သူတို့လို ဘတ်ဂျက်တွေ မသုံးနိုင်တဲ့အတွက် သူတို့လို ဈေးကွက် မကျယ်ပြန့်တဲ့အတွက် ကျွန်တော်တို့က ရတဲ့အထဲကပဲ ရသလောက်နဲ့ ပရိသတ်အမြင်ပြောင်းအောင် ရိုက်ပေးထားတဲ့ အောင်စေပိုင်စေ အက်ရှင်ဟာသကားပေါ့'' လို့ သူက ဆိုပါတယ်။
ခေါင်းဆောင်မင်းသမီးတွေပါဝင်ပေမယ့်လည်း သူတို့ရဲ့ လုပ်ကွက်လေးတွေကို ဘယ်လိုနေရာလေးတွေချပေးထားသလဲ ဆိုတာ ကိုလည်း အခုလိုပြောပြခဲ့ပါတယ်။
'' အရှေ့ဆုံးရွာက အိချောပိုဆိုရင် ကိုလူမင်းက ဖျက်စီးခဲ့မယ့် ကွမ်းတောင်ကိုင်ပေါ့။ ရွာမှာက တန်ဖိုးထားတဲ့မိန်းကလေးတစ်ယောက် ကို ဖျက်စီးခံရပြီဆိုရင် ညီအစ်ကိုမောင်နှမစိတ်တွေနဲ့ နေကြတဲ့အခါကျတော့ ပိုနာကျဉ်းကြတာပေါ့နော်။ ဒါသည် လူဆိုးလူမိုက် တွေ လုပ်နေကြဆိုပေမယ့် ဘယ်သူမှ ခွင့်မလွှတ်နိုင်တဲ့ပုံစံမျိုးပေါ့ အခု သက်ငယ်မုဒိန်းတွေဖြစ်နေတဲ့ ပုံစံပေါ့။ ဒါလေးတွေ ထည့်သွင်း ခွင့်ရအောင် မင်းသမီးတွေကိုလည်း မခိုင်လေးတို့ဆိုရင် သူ့အသက်အရွယ်နဲ့ သူ့ဇာတ်ကောင်နဲ့လိုက်ဖက်အောင် သူ့ကိုလည်း အစ်မနေရာထားတယ်'' လို့ သူကဆိုပါတယ်။
ဒါရိုက်တာကျော်ဇောလင်း(အတွေးပုံရိပ်) ကတော့ မြန်မာ့ရုပ်ရှင်လောကကို ပရိသတ်နဲ့ရေရှည်သွားနိုင်အောင် အောင်စေပိုင်စေလို ဇာတ်မျိုး၊ အောင်စေပိုင်စေနဲ့မတူတဲ့ ဖန်တီးမှုမျိုးတွေ၊ ဒီ့ထက်သာတဲ့ ဖန်တီးမှုမျိုးတွေကို လေ့လာပြီးတော့ ပရိသတ်ဆီချပြနိုင်အောင် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top