Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

(၁) လိင္မွတစ္ဆင့္ ပိုးကူးစက္ျခင္း

လိင္မွတစ္ဆင့္ ကူးစက္တ့ဲ ေရာဂါပိုးမႊားျဖစ္တ့ဲ ထ႐ိုင္ကိုမိုးနပ္ (Tricomonas)ေၾကာင့္ မိန္းမကိုယ္ ယားယံတာကို ခံစားရႏိုင္ပါတယ္။ အေမရိကန္ႏိုင္ငံရဲ႕ ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ ကာကြယ္ေရးစင္တာ (CDC) ရဲ႕ ထုတ္ျပန္မႈမ်ားမွာ အမ်ိဳးသမီး အမ်ားစုဟာ ဒီပိုးကူးစက္ ခံရႏုိင္ၿပီး ကူးစက္ခံရသူေတြရဲ႕ ၃၀ ရာခိုင္ႏႈန္းမွာသာ ေရာဂါလကၡဏာေတြ ခံစားရတယ္လို႔ ေရးသားခ့ဲပါတယ္။ ဒီပိုးကူးစက္မႈေၾကာင့္ မိန္းမကိုယ္ယားယံတာ၊ ပူစပ္ပူေလာင္ျဖစ္တာ၊ အျဖဴဆင္းတာစတ့ဲ လကၡဏာေတြကို ခံစားရႏိုင္ပါတယ္။

လိုက္နာရန္
========
လိင္မွတစ္ဆင့္ ကူးစက္တာျဖစ္တာေၾကာင့္ ကုသမႈခံယူတ့ဲအခါ သင့္အမ်ိဳးသားကိုလည္း ကုသဖို႔ လိုအပ္ပါတယ္။ ဆရာဝန္နဲ႔ ျပသၿပီး ပဋိဇီဝပိုးသတ္ေဆးေတြ ေသာက္သံုးဖို႔ လိုအပ္ပါတယ္။

(၂) ဘက္တီးရီးယားပိုးကူးစက္ျခင္း

မိန္းမကိုယ္မွာ ဘက္တီးရီးယားပိုး ကူးစက္တာေၾကာင့္ မိန္းမကိုယ္ အနံ႔ဆိုး ျဖစ္ေစၿပီး ယားယံတာကို ခံစားရႏိုင္ပါတယ္။

လိုက္နာရန္
======

မိန္းမကိုယ္တစ္ဝိုက္ ယားယံတာအျပင္ ထူးျခားတ့ဲ တျခားအေျပာင္းအလဲေတြ ျဖစ္ေပၚပါက ဆရာဝန္နဲ႔ ျပသသင့္ပါတယ္။

(၃) ေရယုန္ပိုး ကူးစက္ျခင္း

ေရယုန္ပိုး ကူးစက္တာေၾကာင့္ လိင္အဂၤါေတြမွာ မီးေလာင္ဖုလို အရည္ၾကည္ဖုေပါက္ၿပီး အလြန္နာက်င္တာ၊ အနာျဖစ္တာ၊ ယားယံတာ၊ ဆီးသြားတ့ဲအခါ နာက်င္မႈ ခံစားရျခင္း စတာေတြ ျဖစ္ေပၚႏိုင္ပါတယ္။ တခ်ိဳ႕ေတြမွာ ဖ်ားနာတာ၊ တစ္ကိုယ္လံုး ကိုက္ခဲတာ၊ လင့္ဖ္အက်ိတ္ေတြ ေရာင္ရမ္းတာ စတာေတြလည္း ျဖစ္ႏိုင္ပါတယ္။

လိုက္နာရန္
======
ကံမေကာင္းစြာဘဲ ေရယုန္ဗိုင္းရပ္စ္ပိုးကို ေပ်ာက္ကင္းေအာင္ မကုသႏိုင္ပါ။ ေရာဂါလကၡဏာေတြ သက္သာေအာင္ နဲ႔ မၾကာခဏ ျပန္မျဖစ္ေအာင္ေတာ့ ဗိုင္းရပ္စ္ ပိုးသတ္ေဆးေတြနဲ႔ ကုသႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: အလင္း (ေဆးဝါး)

# Unicode Version ျဖင့္ ဖတ္ပါ #

(၁) လိင်မှတစ်ဆင့် ပိုးကူးစက်ခြင်း

လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါပိုးမွှားဖြစ်တဲ့ ထရိုင်ကိုမိုးနပ် (Tricomonas)ကြောင့် မိန်းမကိုယ် ယားယံတာကို ခံစားရနိုင်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) ရဲ့ ထုတ်ပြန်မှုများမှာ အမျိုးသမီး အများစုဟာ ဒီပိုးကူးစက် ခံရနိုင်ပြီး ကူးစက်ခံရသူတွေရဲ့ ၃၀ ရာခိုင်နှုန်းမှာသာ ရောဂါလက္ခဏာတွေ ခံစားရတယ်လို့ ရေးသားခဲ့ပါတယ်။ ဒီပိုးကူးစက်မှုကြောင့် မိန်းမကိုယ်ယားယံတာ၊ ပူစပ်ပူလောင်ဖြစ်တာ၊ အဖြူဆင်းတာစတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

လိုက်နာရန်
========
လိင်မှတစ်ဆင့် ကူးစက်တာဖြစ်တာကြောင့် ကုသမှုခံယူတဲ့အခါ သင့်အမျိုးသားကိုလည်း ကုသဖို့ လိုအပ်ပါတယ်။ ဆရာဝန်နဲ့ ပြသပြီး ပဋိဇီဝပိုးသတ်ဆေးတွေ သောက်သုံးဖို့ လိုအပ်ပါတယ်။

(၂) ဘက်တီးရီးယားပိုးကူးစက်ခြင်း

မိန်းမကိုယ်မှာ ဘက်တီးရီးယားပိုး ကူးစက်တာကြောင့် မိန်းမကိုယ် အနံ့ဆိုး ဖြစ်စေပြီး ယားယံတာကို ခံစားရနိုင်ပါတယ်။

လိုက်နာရန်
======

မိန်းမကိုယ်တစ်ဝိုက် ယားယံတာအပြင် ထူးခြားတဲ့ တခြားအပြောင်းအလဲတွေ ဖြစ်ပေါ်ပါက ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

(၃) ရေယုန်ပိုး ကူးစက်ခြင်း

ရေယုန်ပိုး ကူးစက်တာကြောင့် လိင်အင်္ဂါတွေမှာ မီးလောင်ဖုလို အရည်ကြည်ဖုပေါက်ပြီး အလွန်နာကျင်တာ၊ အနာဖြစ်တာ၊ ယားယံတာ၊ ဆီးသွားတဲ့အခါ နာကျင်မှု ခံစားရခြင်း စတာတွေ ဖြစ်ပေါ်နိုင်ပါတယ်။ တချို့တွေမှာ ဖျားနာတာ၊ တစ်ကိုယ်လုံး ကိုက်ခဲတာ၊ လင့်ဖ်အကျိတ်တွေ ရောင်ရမ်းတာ စတာတွေလည်း ဖြစ်နိုင်ပါတယ်။

လိုက်နာရန်
======
ကံမကောင်းစွာဘဲ ရေယုန်ဗိုင်းရပ်စ်ပိုးကို ပျောက်ကင်းအောင် မကုသနိုင်ပါ။ ရောဂါလက္ခဏာတွေ သက်သာအောင် နဲ့ မကြာခဏ ပြန်မဖြစ်အောင်တော့ ဗိုင်းရပ်စ် ပိုးသတ်ဆေးတွေနဲ့ ကုသနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: အလင်း (ဆေးဝါး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top