ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

 ေအာင္ဆန္းကြင္းတြင္ ေအာက္တိုဘာ ၁၀ ရက္က ျပဳလုပ္ေသာ ဘာသာေပါင္းစံုၿငိမ္းခ်မ္းေရးဆုေတာင္းပြဲသို႔ တက္ေရာက္လာသူမ်ားကို
ရန္ကုန္ၿမိဳ႕တြင္ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ပါတီက ႀကီးမွဴးက်င္းပသည့္ ဘာသာ ေပါင္းစံုၿငိမ္းခ်မ္းေရးဆုေတာင္းပြဲ၌ ရခိုင္ျပည္ နယ္ေျမာက္ပိုင္းရွိ ဒုကၡေရာက္ေနေသာ ျပည္သူ မ်ားအတြက္ ဝမ္းနည္းေၾကကြဲေၾကာင္းထည့္ သြင္းေျပာၾကားခဲ့ၿပီး အမ်ိဳးသားျပန္လည္သင့္ ျမတ္ေရးႏွင့္ ျပည္တြင္းၿငိမ္းခ်မ္းေရး အျမန္ဆံုး ရရွိရန္ ဘာသာအသီးသီးမွ ေခါင္းေဆာင္မ်ားက ဆႏၵျပဳဆုေတာင္းခဲ့ၾကသည္။
 ဆုေတာင္းပြဲသို႔ ဗုဒၶဘာသာ၊ ခရစ္ယာန္ ဘာသာ၊ အစၥလာမ္ဘာသာႏွင့္ ဟိႏၵဴဘာသာတုိ႔မွ ဘာသာေရးေခါင္းေဆာင္မ်ားတက္ေရာက္၍ ၿငိမ္းခ်မ္းေရး စကား မ်ား အသီးသီးေျပာၾကားခဲ့ၿပီး ႏုိင္ငံတကာသံ တမန္အခ်ိဳ႕လည္း တက္ေရာက္သည္ကို  ေတြ႕ရသည္။ ဗုဒၶဘာသာကိုယ္စား ရန္ ကုန္တုိင္းေဒသႀကီး သံဃ နာယကဥကၠ႒ဆရာေတာ္က ၿငိမ္းခ်မ္းေရးအတြက္ ေဆာင္ရန္၊ ေရွာင္ရန္ ေမတၱာလႊာကို ၁၅ မိနစ္ခန္႔ မိန္႔ၾကားခဲ့ၿပီး ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွ ျပည္သူမ်ားႏွင့္အတူ ႏုိင္ငံတစ္ဝန္းရွိ ျပည္သူမ်ားအေနျဖင့္ သက္ရွည္၊ က်န္းမာ၍ ၿငိမ္းခ်မ္းေစရန္ ဆုေတာင္းေပးခဲ့သည္။

အစၥလာမ္ဘာသာကိုယ္စား ျပဳ ဘာသာေရးေခါင္းေဆာင္က လည္း လက္ရွိျဖစ္ပြားေနေသာ ပဋိပကၡမ်ား အျမန္ခ်ဳပ္ၿငိမ္းရန္ႏွင့္ ျပည္တြင္းၿငိမ္းခ်မ္းေရး အျမန္ဆံုး ရရွိရန္ ဆႏၵျပဳေျပာၾကားခဲ့သည္။ ၎၏ေနာက္တြင္ ဟိႏၵဴဘာသာ၊ မဟာယာနဗုဒၶဘာသာႏွင့္ ခရစ္ ယာန္ဘာသာေရးေခါင္းေဆာင္ မ်ားက ၿငိမ္းခ်မ္းေရးေမတၱာစကား မ်ား အသီးသီးေျပာၾကားခဲ့သည္။

ယမန္ေန႔က ရန္ကုန္ၿမိဳ႕ရွိ ေအာင္ဆန္းအားကစားကြင္း၌ ျပဳလုပ္ေသာ ဘာသာေပါင္းစံုဆု ေတာင္းပြဲသို႔ ျပည္သူေသာင္းႏွင့္ ခ်ီ၍ တက္ေရာက္ဆုေတာင္းခဲ့ၾက သည္။ အဆုိပါ ဘာသာေပါင္းစံု ၿငိမ္းခ်မ္းေရးဆုေတာင္းပြဲကို လက္ရွိအာဏာရပါတီ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္က ႀကီးမွဴးၿပီး ပထမဆံုးအႀကိမ္ ျပဳလုပ္ျခင္းျဖစ္ၿပီး ဒီခ်ဳပ္က လူသံုးေသာင္းခန္႔ တက္ေရာက္ရန္ လ်ာထားသည္။

ဆုေတာင္းပြဲကို ညေန ၅ နာရီ ၁၅ မိနစ္ခန္႔တြင္ စတင္မည္ ျဖစ္ေသာ္လည္း မြန္းလြဲ ၂ နာရီခန္႔မွ စတင္ကာ ရန္ကုန္တုိင္းေဒသႀကီး အတြင္းမွ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ပါတီဝင္မ်ားအပါအဝင္ ျပည္သူမ်ား ေရာက္ရွိေနၿပီး ေအာင္ ဆန္း အားကစားကြင္း၏ ေလး ဘက္ေလးတန္  ပြဲၾကည့္စင္မ်ား ျပည့္လုနီးပါး  တက္ေရာက္ခဲ့ သည္။

ရန္ကုန္တိုင္းေဒသႀကီး ဝန္ ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ၿငိမ္း ခ်မ္းေရးဖေယာင္းတုိင္ကို ထြန္း ညႇိကာ ဘာသာေပါင္းစံုဆုေတာင္း ပြဲကို ဖြင့္လွစ္ေပးခဲ့ၿပီး ေအာင္ဆန္း အားကစားကြင္း ေလးဘက္ေလးတန္ရွိ တက္ေရာက္လာသည့္ ျပည္သူမ်ားကလည္း ၿငိမ္းခ်မ္း ေရးအတြက္ ဖေယာင္းတုိင္မ်ား ထြန္းညႇိခဲ့ၾကသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
ရန်ကုန်မြို့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ကြီးမှူးကျင်းပသည့် ဘာသာ ပေါင်းစုံငြိမ်းချမ်းရေးဆုတောင်းပွဲ၌ ရခိုင်ပြည် နယ်မြောက်ပိုင်းရှိ ဒုက္ခရောက်နေသော ပြည်သူ များအတွက် ဝမ်းနည်းကြေကွဲကြောင်းထည့် သွင်းပြောကြားခဲ့ပြီး အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး အမြန်ဆုံး ရရှိရန် ဘာသာအသီးသီးမှ ခေါင်းဆောင်များက ဆန္ဒပြုဆုတောင်းခဲ့ကြသည်။
 ဆုတောင်းပွဲသို့ ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ဘာသာ၊ အစ္စလာမ်ဘာသာနှင့် ဟိန္ဒူဘာသာတို့မှ ဘာသာရေးခေါင်းဆောင်များတက်ရောက်၍ ငြိမ်းချမ်းရေး စကား များ အသီးသီးပြောကြားခဲ့ပြီး နိုင်ငံတကာသံ တမန်အချို့လည်း တက်ရောက်သည်ကို  တွေ့ရသည်။ ဗုဒ္ဓဘာသာကိုယ်စား ရန် ကုန်တိုင်းဒေသကြီး သံဃ နာယကဥက္ကဋ္ဌဆရာတော်က ငြိမ်းချမ်းရေးအတွက် ဆောင်ရန်၊ ရှောင်ရန် မေတ္တာလွှာကို ၁၅ မိနစ်ခန့် မိန့်ကြားခဲ့ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ပြည်သူများနှင့်အတူ နိုင်ငံတစ်ဝန်းရှိ ပြည်သူများအနေဖြင့် သက်ရှည်၊ ကျန်းမာ၍ ငြိမ်းချမ်းစေရန် ဆုတောင်းပေးခဲ့သည်။

အစ္စလာမ်ဘာသာကိုယ်စား ပြု ဘာသာရေးခေါင်းဆောင်က လည်း လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများ အမြန်ချုပ်ငြိမ်းရန်နှင့် ပြည်တွင်းငြိမ်းချမ်းရေး အမြန်ဆုံး ရရှိရန် ဆန္ဒပြုပြောကြားခဲ့သည်။ ၎င်း၏နောက်တွင် ဟိန္ဒူဘာသာ၊ မဟာယာနဗုဒ္ဓဘာသာနှင့် ခရစ် ယာန်ဘာသာရေးခေါင်းဆောင် များက ငြိမ်းချမ်းရေးမေတ္တာစကား များ အသီးသီးပြောကြားခဲ့သည်။

ယမန်နေ့က ရန်ကုန်မြို့ရှိ အောင်ဆန်းအားကစားကွင်း၌ ပြုလုပ်သော ဘာသာပေါင်းစုံဆု တောင်းပွဲသို့ ပြည်သူသောင်းနှင့် ချီ၍ တက်ရောက်ဆုတောင်းခဲ့ကြ သည်။ အဆိုပါ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲကို လက်ရှိအာဏာရပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကြီးမှူးပြီး ပထမဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး ဒီချုပ်က လူသုံးသောင်းခန့် တက်ရောက်ရန် လျာထားသည်။

ဆုတောင်းပွဲကို ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် စတင်မည် ဖြစ်သော်လည်း မွန်းလွဲ ၂ နာရီခန့်မှ စတင်ကာ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင်များအပါအဝင် ပြည်သူများ ရောက်ရှိနေပြီး အောင် ဆန်း အားကစားကွင်း၏ လေး ဘက်လေးတန်  ပွဲကြည့်စင်များ ပြည့်လုနီးပါး  တက်ရောက်ခဲ့ သည်။

ရန်ကုန်တိုင်းဒေသကြီး ဝန် ကြီးချုပ် ဦးဖြိုးမင်းသိန်းက ငြိမ်း ချမ်းရေးဖယောင်းတိုင်ကို ထွန်း ညှိကာ ဘာသာပေါင်းစုံဆုတောင်း ပွဲကို ဖွင့်လှစ်ပေးခဲ့ပြီး အောင်ဆန်း အားကစားကွင်း လေးဘက်လေးတန်ရှိ တက်ရောက်လာသည့် ပြည်သူများကလည်း ငြိမ်းချမ်း ရေးအတွက် ဖယောင်းတိုင်များ ထွန်းညှိခဲ့ကြသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top