Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

႐ိုးသားစြာ ဝန္ခံပါရေစ…အထင္ေတာ္ မေသးၾကပါနဲ႕၊ကၽြန္ေတာ့္မွာ မိန္းမသံုးေယာက္ရွိပါတယ္၊ ဒီစာကိုေတာ့ ဆံုးေအာင္ဖတ္ေပးပါ။ အဲဒိသံုးေယာက္ထဲမွာ ေနာက္ဆံုးယူထားတဲ့အငယ္ဆံုးမေလးကို အခ်စ္ဆံုးပါ၊ သူကတြတ္တီးတြတ္တာလည္းေျပာတတ္တယ္၊ လွလည္းလွတယ္။ ကၽြန္ေတာ္ ေငြေတြရွာေနတာ အလုပ္ေတြ လုပ္ေနတာဘယ္သူ႔အတြက္မ်ား ထင္သလဲ ၊သူ႔အတြက္ခ်ည္းပါပဲ၊ ညအိပ္ရာဝင္ရင္လည္း သူ႔ပဲ သတိရတယ္၊ မနက္မိုးလင္းရင္လည္း သူ႔ဆီပဲ စိတ္က အၿမဲေရာက္ေနတယ္၊ စားစားသြားသြား ဘာပဲလုပ္လုပ္သူ႔စိတ္နဲ႕ ကၽြန္ေတာ္ အၿမဲ ရွင္သန္ေနရသူ ပါပဲ၊ သူဘာပဲေတာင္းဆို ေတာင္းဆို ခ်က္ခ်င္းလိုက္ေလ်ာမိတယ္။

သူလိုခ်င္တာ မွန္သမွ် သူျဖစ္ခ်င္တာ မွန္သမွွ် ကၽြန္ေတာ္ လုပ္ေပးခ်င္တယ္၊ Sky Walkနဲ႕ 78 Shopping ႀကီးေတြကို ဝယ္ဖို႔ ေတာင္းဆိုရင္ေတာင္ ဝယ္ေပးလိုက္ခ်င္တာ အဲဒီေလာက္အထိခ်စ္တာ။ဒုတိယယူထားတဲ႕ေကာင္မေလးကိုလည္း ခ်စ္တာပါပဲ။ ဘာလို႔လဲဆိုေတာ့ သူက ကၽြန္ေတာ့ရဲ႕ ဂုဏ္သတင္းေက်ာ္ေစာေအာင္ ကၽြန္ေတာ့္အလုပ္ေတြ ေအာင္ျမင္ေအာင္အၿမဲ အကူအညီေပးလို႔ပါပဲ၊ ကၽြန္ေတာ္ဒီေလာက္အထိ အလုပ္ေတြ မ်ားမ်ားလုပ္ႏိုင္တာသူကူညီလို႔ပါပဲ။ ကၽြန္ေတာ္သြားေလရာမွာ သူအၿမဲပါတယ္၊ ကၽြန္ေတာ္ျဖစ္ခ်င္တာ မွန္သမွ် သူလုပ္ေပးတယ္၊ ကြ်န္ေတာ္စိတ္ကူးေတြ မွန္သမွ် သူက အကုန္အေကာင္အထည္ေဖာ္ေပးတယ္ အဲဒါေၾကာင့္ခ်စ္တာ။ပထမ ယူထားတဲ႕ မိန္းမႀကီးကေတာ့ သိၾကတဲ႕အတိုင္းပါပဲ၊ ကၽြန္ေတာ့္အလိုကို မလိုက္ဘူး ကၽြန္ေတာ္ မလုပ္ခ်င္တာေတြကိုပဲခိုင္းတယ္၊

စကားလည္းအလြန္မ်ားတယ္၊ နားပူတယ္၊ သူေျပာတဲ႕စကားေတြကလည္း အမွန္ေတြပါ၊ ဒါေပမယ့္ ကၽြန္ေတာ္ သူ႔စကားနားမေထာင္ခ်င္ဘူး၊ သူခိုင္းတဲ့အလုပ္ေတြက တစ္ကယ့္ကို တန္ဖိုးရွိတဲ႕အလုပ္ေတြပါ။ဒါေပမယ့္ကၽြန္ေတာ္ မလုပ္ခ်င္ဘူး၊ အဲဒိမိန္းမႀကီးရဲ႕အိမ္ကို တစ္ႏွစ္တစ္ေခါက္ေလာက္သာ ကြ်န္ေတာ္ေရာက္တယ္။ (၁၀)ရက္ေလာက္ပဲ ၾကာတယ္ ၊အဲဒီ(၁၀)ရက္မွာေတာင္ စိတ္က အငယ္ဆံုးမေလးဆီပဲ ေရာက္ေရာက္ေနတယ္၊ သူ႔ကို ခ်စ္လားလို႔ေမးရင္ ကၽြန္ေတာ္ မေျဖတတ္ေတည့ဘူး။ ခ်စ္သင့္မွန္းေတာ့ ကၽြန္ေတာ္သိတယ္။ ဒီလိုနဲ႕…ၿပီးခဲ႕တဲ႕လကကြ်န္ေတာ္ေက်ာက္ကပ္မေကာင္းလို႔ ခြဲစိတ္ရတယ္၊ ကၽြန္ေတာ့္ကိုယ့္ ကၽြန္ေတာ္ အားမရဘူး၊ ေသမယ္လို႔ပဲ ထင္ေနမိတယ္၊ ေသမယ္ဆိုေတာ့ ထံုးစံအတိုင္းစြဲလန္းမႈ႕ေတြကို သတိရတယ္ေပါ့၊ဘယ္သူ႔ကို အရင္ဆံုးသတိရတယ္ထင္တာလဲ၊ တီတီတာတာ ခၽြဲတတ္တဲ႕ အငယ္ဆံုးေကာင္မေလးကို သတိရတာေပါ့၊ သူကၽြန္ေတာ္ အနားကို ကပ္လာတဲ႕အခ်ိန္ စကားသံတိုးတိုးေလးနဲ႕ ကၽြန္ေတာ္သူ႔ကို ေမးမိတယ္။

“အခ်စ္ရယ္ ကိုယ္ေသမယ္ထင္တယ္၊ မင္းေလးသာ ကိုယ့္အနားမွာရွိရင္ ငရဲျပည္ကိုလည္း တို႔ အတူသြားရဲတယ္။ဘယ္ေနရာ သြားရသြားရမင္းေလးနဲ႕အတူပဲ သြားခ်င္တယ္ မင္းလိုက္ခဲ႕ပါ၊ ” ေကာင္မေလးက ခါးခါးသီးသီးပဲ မဲ့ျပံဳးေလး ျပံဳးၿပီးျငင္းတယ္၊ “ရွင့္ကို ကြ်န္မ ခ်စ္ပါတယ္၊ ဒါေပမယ့္ ရွင့္ကို အဲဒိေလာက္ထိ မခ်စ္ဘူးတဲ့၊ ” ခင္ဗ်ားတို႔ အသဲကြဲဖူးသလား၊ ဒီစကားနဲ႕ပဲ ကၽြန္ေတာ့္ အသဲေတြ ဟက္တက္ကြဲသြားတယ္၊ ကၽြန္ေတာ္ကျဖင့္ ခ်စ္လိုက္ရတာ၊ အင္းေပါ့ေလ သူက ငယ္တာကိုး၊ ဒီလိုနဲ႕ ဒုတိယေကာင္မေလး ကၽြန္ေတာ့္ အနားကို ေရာက္လာတဲ႕ အခ်ိန္မွာ ကၽြန္ေတာ့္ရင္ထဲ က ဆႏၵေတြကို ထုတ္ေဖၚေျပာမိတယ္၊ “မိန္းကေလးရယ္ ကိုေတာ့ ေသမယ္ထင္တယ္၊ ေသျခင္းရဲ႕ ဟိုဘက္မွာ ကိုတစ္ေယာက္တည္းမသြားခ်င္ဘူး၊ မင္းနဲ႕အတူသြားရရင္ ကိုယ္အရမ္းအားရွိမွာ ၊မင္းကို ကို…အားကိုးပါတယ္ မင္းလိုက္ခဲ႕ပါလား”

သူက ကၽြန္ေတာ့္ကို ေတြေတြႀကီးစိုက္ၾကည့္ေနတယ္၊ ဘာစကားမွ မေျပာဘူး၊ “အခ်စ္ရယ္ မင္း …..ကိုနဲ႕အတူ လိုက္ခဲ႕ပါကြာ” သူက ကၽြန္ေတာ့္အနားက ျပန္ခါနီးမွာ တစ္ခြန္းတည္းေသာစကားကို ဆိုသြားတယ္၊”မလိုက္ခ်င္လို႔ မလိုက္ရဲလို႔ မဟုတ္ပါဘူး၊ ကၽြန္မရွင့္ကို အဲေလာက္အထိ ခ်စ္ရဲ႕လားလို႔ စဥ္းစားလိုက္ဦးမယ္”

ကၽြန္ေတာ္ အရမ္းခံစားရတယ္ဗ်ာ ေမွ်ာ္လင့္မထားတဲ႕စကားကို ကၽြန္ေတာ္ ၾကားလိုက္ရတယ္၊ ခဗ်ၤားတို႔ စဥ္းစားၾကည့္ပါေသေတာ့မယ့္ ကၽြန္ေတာ္ ဘယ္ေလာက္မ်ား အားငယ္လိုက္မလဲ၊ အားကိုးရွာေတာ့လည္း ထင္သလိုျဖစ္မလာဘူး။ ဒီအခ်ိန္မွာ ကၽြန္ေတာ္ မခ်စ္တဲ႕၊ ကၽြန္ေတာ့္ကို ခ်စ္တဲ႕ ပထမ မိန္းမႀကီးက ကၽြန္ေတာ့္အနားေရာက္လာတယ္ ၊ ကၽြန္ေတာ္ သူ႔ကို လွည့္မၾကည့္ဘူး။ သူက ကၽြန္ေတာ့ကို စကားတစ္ခြန္းေျပာတယ္၊

“ရွင္အားမငယ္ပါနဲ႕ ရွင္နဲ႕အတူ ကၽြန္မ ရွိေနမွာပါ၊ သံသရာတစ္ေလ်ာက္လံုးရွင့္အနားမွာ ကၽြန္မ ထာဝရရွိေနမွာပါ” ကၽြန္ေတာ္ အံ႕ၾသသြားတယ္ ကၽြန္ေတာ္ မခ်စ္တဲ႕မိန္းမကကၽြန္ေတာ့္အနားမွာ ထာဝရ ရွိေနမယ္တဲ႕ဗ်ာ၊ စာဖတ္သူ ခင္ဗ်ာ….. ကၽြန္ေတာ့္မွာ တကယ္ မိန္းမသံုေယာက္ရွိတာပါ၊ ခင္ဗ်ားမွာလည္း မိန္းမသံုးေယာက္ရွိပါတယ္။ စဥ္းစားမိရဲ႕လား၊ ကၽြန္ေတာ္တို႔ အၿမဲသတိတရရွိေနတဲ႕ အခ်စ္ဆံုးဆိုတာ ဘယ္သူလဲ၊ ကၽြန္ေတာ္တို႔ ေန႕စဥ္ရွာေဖြေနတာ အဲဒီအခ်စ္ဆံုးေတြအတြက္ဆို သူဘာေတြပဲေတာင္းဆိုေတာင္ဆို လိုက္ေလ်ာေနမိတာ ၊ေပးေနမိတာ၊ ေကၽြးေနမိတာ၊ အခ်ိန္တိုင္းသတိတရနဲ႕ ခံစားေနရတဲ႕လအခ်စ္ဆံုးဆိုတာ၊ ကၽြန္ေတာ္တို႔ရဲ႕သားသမီးေတြ အိမ္ေထာင္ဖက္ေတြေပါ့၊

ကၽြန္ေတာ္တို႔ကသာ သူတို႔ကိုခ်စ္ရတာပါ၊ သူတို႔ရဲ႕ဆႏၵကို ျဖည့္ဆည္းေပးရတာပါ။ သူတို႔ေလးေတြက ကၽြန္ေတာ္တို႔ကိုတစ္ကယ္မခ်စ္ပါဘူး။ တြတ္တီးတြတ္တာ ေျပာလို႔ ခ်စ္ရတယ္၊ စိတ္မခ်လို႔ ခ်စ္ရတယ္၊ စိတ္ေကာက္လို႔ ခ်စ္ရတယ္ ကၽြန္ေတာ္တို႔ က သူတို႔ကို ပံုစံအမ်ိဳးမ်ိဳးနဲ႕ ခ်စ္ေနတာ၊ သူတို႔က ကၽြန္ေတာ္တို႔ကို တစ္ကယ္ခ်စ္တယ္လို႔မ်ားထင္ေနလို႔လား။ ကၽြန္ေတာ္ ေသရင္ သူတို႔ ခဏေလးငိုမယ္၊ ၿပီးရင္ ေမ့မယ္၊ ကၽြန္ေတာ္ရွာေဖြထားတာေတြကို ခြဲယူၾကမယ္ေနာ္ သတိမရၾကေတာ့ဘူူ။

ဒုတိယမိန္းမက ဘယ္သူလဲဆိုေတာ့ ေတြးမိရဲ႕လား၊ ဒုတိယမိန္းမဆိုတာ ကၽြန္ေတာ့္ရဲ႕အလုပ္ေတြေပါ့၊ ေအာင္ျမင္မႈ႕ေတြ ေက်ာ္ၾကားမႈ႕ေတြ စည္းစိမ္ေတြ၊ လုပ္ငန္းခြင္ေတြ၊ ပိုင္ဆိုင္မႈ႕ေတြ ၊ပစၥည္းေတြေပါ့။ သူတို႔ဟာလည္း ကၽြန္ေတာ္တို႔နဲ႔လိုက္ၿပီးမေသပါဘူး၊ ကၽြန္ေတာ္တို႔ေသရင္ ထားပစ္ခဲ႕ရမွာ။ ကၽြန္ေတာ္တို႔ တစ္ကယ္ပိုင္တယ္လို႔ထင္ေနလား၊ ဒါျဖင့္ရင္ ကၽြန္ေတာ္တို႔ မခ်စ္တဲ့ ပထမဆံုးမယားႀကီးဆိုတာ ဘယ္သူလဲ၊ ေတြးၾကည့္ၾကရေအာင္။

ကၽြန္ေတာ္တို႔ လုပ္ခဲ႕တဲ႕ အကုသိုလ္ကံ၊ ကုသိုလ္ကံေတြေပါ့၊ ေသၿပီးတဲ႕ေနာက္သံသရာ အဆက္ဆက္ထိ အတူလိုက္လာမယ့္ ခ်စ္သူပဲ၊ ဝိပႆနာတရားစခန္းကို တစ္ႏွစ္တစ္ေခါက္ေလာက္သာ ကၽြန္ေတာ္တို႔ ေရာက္ၾကရတာမဟုတ္လား၊ ဆယ္ရက္ေလာက္စခန္းဝင္တာေတာင္ အိမ္က သားေတြ သမီးေတြ အလုပ္ေတြ စည္းစိမ္ေတြ ဥစၥာေတြကို သတိရေနတတ္ၾကတယ္ မဟုတ္လား၊ အဲဒီမယားႀကီးေျပာတာ က အမွန္တရားေတြပါ၊ သူခိုင္းတာေတြက ေလာကရဲ႕အဆီအႏွစ္ေတြပါ၊ ဒါေပမယ့္ နားၿငီးတယ္ဗ်ာ နားပူတယ္ဗ်ာ၊

စာဖတ္သူဟာ အသက္ ၄၀၊ ၅၀ေက်ာ္ၿပီ၊ သားေတြ သမီးေတြေျမးေတြ ဥစၥာဓနေတြ ပိုင္ဆိုင္ေနတာ ဆိုရင္ေတာ့ ဒီစာရဲ႕ သေဘာကို နားလည္မွာပါ ၊

ဒါေၾကာင့္ေျပာတာေပါ့

ဦးဘုန္း(ဓာတု)မွာ မိန္းမသံုေယာက္ရွိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: shwewiki

# Unicode Version ျဖင့္ ဖတ္ပါ #

ရိုးသားစွာ ဝန်ခံပါရစေ…အထင်တော် မသေးကြပါနဲ့၊ကျွန်တော့်မှာ မိန်းမသုံးယောက်ရှိပါတယ်၊ ဒီစာကိုတော့ ဆုံးအောင်ဖတ်ပေးပါ။ အဲဒိသုံးယောက်ထဲမှာ နောက်ဆုံးယူထားတဲ့အငယ်ဆုံးမလေးကို အချစ်ဆုံးပါ၊ သူကတွတ်တီးတွတ်တာလည်းပြောတတ်တယ်၊ လှလည်းလှတယ်။ ကျွန်တော် ငွေတွေရှာနေတာ အလုပ်တွေ လုပ်နေတာဘယ်သူ့အတွက်များ ထင်သလဲ ၊သူ့အတွက်ချည်းပါပဲ၊ ညအိပ်ရာဝင်ရင်လည်း သူ့ပဲ သတိရတယ်၊ မနက်မိုးလင်းရင်လည်း သူ့ဆီပဲ စိတ်က အမြဲရောက်နေတယ်၊ စားစားသွားသွား ဘာပဲလုပ်လုပ်သူ့စိတ်နဲ့ ကျွန်တော် အမြဲ ရှင်သန်နေရသူ ပါပဲ၊ သူဘာပဲတောင်းဆို တောင်းဆို ချက်ချင်းလိုက်လျောမိတယ်။

သူလိုချင်တာ မှန်သမျှ သူဖြစ်ချင်တာ မှန်သမှျှ ကျွန်တော် လုပ်ပေးချင်တယ်၊ Sky Walkနဲ့ 78 Shopping ကြီးတွေကို ဝယ်ဖို့ တောင်းဆိုရင်တောင် ဝယ်ပေးလိုက်ချင်တာ အဲဒီလောက်အထိချစ်တာ။ဒုတိယယူထားတဲ့ကောင်မလေးကိုလည်း ချစ်တာပါပဲ။ ဘာလို့လဲဆိုတော့ သူက ကျွန်တော့ရဲ့ ဂုဏ်သတင်းကျော်စောအောင် ကျွန်တော့်အလုပ်တွေ အောင်မြင်အောင်အမြဲ အကူအညီပေးလို့ပါပဲ၊ ကျွန်တော်ဒီလောက်အထိ အလုပ်တွေ များများလုပ်နိုင်တာသူကူညီလို့ပါပဲ။ ကျွန်တော်သွားလေရာမှာ သူအမြဲပါတယ်၊ ကျွန်တော်ဖြစ်ချင်တာ မှန်သမျှ သူလုပ်ပေးတယ်၊ ကျွန်တော်စိတ်ကူးတွေ မှန်သမျှ သူက အကုန်အကောင်အထည်ဖော်ပေးတယ် အဲဒါကြောင့်ချစ်တာ။ပထမ ယူထားတဲ့ မိန်းမကြီးကတော့ သိကြတဲ့အတိုင်းပါပဲ၊ ကျွန်တော့်အလိုကို မလိုက်ဘူး ကျွန်တော် မလုပ်ချင်တာတွေကိုပဲခိုင်းတယ်၊

စကားလည်းအလွန်များတယ်၊ နားပူတယ်၊ သူပြောတဲ့စကားတွေကလည်း အမှန်တွေပါ၊ ဒါပေမယ့် ကျွန်တော် သူ့စကားနားမထောင်ချင်ဘူး၊ သူခိုင်းတဲ့အလုပ်တွေက တစ်ကယ့်ကို တန်ဖိုးရှိတဲ့အလုပ်တွေပါ။ဒါပေမယ့်ကျွန်တော် မလုပ်ချင်ဘူး၊ အဲဒိမိန်းမကြီးရဲ့အိမ်ကို တစ်နှစ်တစ်ခေါက်လောက်သာ ကျွန်တော်ရောက်တယ်။ (၁၀)ရက်လောက်ပဲ ကြာတယ် ၊အဲဒီ(၁၀)ရက်မှာတောင် စိတ်က အငယ်ဆုံးမလေးဆီပဲ ရောက်ရောက်နေတယ်၊ သူ့ကို ချစ်လားလို့မေးရင် ကျွန်တော် မဖြေတတ်တေည့ဘူး။ ချစ်သင့်မှန်းတော့ ကျွန်တော်သိတယ်။ ဒီလိုနဲ့…ပြီးခဲ့တဲ့လကကျွန်တော်ကျောက်ကပ်မကောင်းလို့ ခွဲစိတ်ရတယ်၊ ကျွန်တော့်ကိုယ့် ကျွန်တော် အားမရဘူး၊ သေမယ်လို့ပဲ ထင်နေမိတယ်၊ သေမယ်ဆိုတော့ ထုံးစံအတိုင်းစွဲလန်းမှု့တွေကို သတိရတယ်ပေါ့၊ဘယ်သူ့ကို အရင်ဆုံးသတိရတယ်ထင်တာလဲ၊ တီတီတာတာ ချွဲတတ်တဲ့ အငယ်ဆုံးကောင်မလေးကို သတိရတာပေါ့၊ သူကျွန်တော် အနားကို ကပ်လာတဲ့အချိန် စကားသံတိုးတိုးလေးနဲ့ ကျွန်တော်သူ့ကို မေးမိတယ်။

“အချစ်ရယ် ကိုယ်သေမယ်ထင်တယ်၊ မင်းလေးသာ ကိုယ့်အနားမှာရှိရင် ငရဲပြည်ကိုလည်း တို့ အတူသွားရဲတယ်။ဘယ်နေရာ သွားရသွားရမင်းလေးနဲ့အတူပဲ သွားချင်တယ် မင်းလိုက်ခဲ့ပါ၊ ” ကောင်မလေးက ခါးခါးသီးသီးပဲ မဲ့ပြုံးလေး ပြုံးပြီးငြင်းတယ်၊ “ရှင့်ကို ကျွန်မ ချစ်ပါတယ်၊ ဒါပေမယ့် ရှင့်ကို အဲဒိလောက်ထိ မချစ်ဘူးတဲ့၊ ” ခင်ဗျားတို့ အသဲကွဲဖူးသလား၊ ဒီစကားနဲ့ပဲ ကျွန်တော့် အသဲတွေ ဟက်တက်ကွဲသွားတယ်၊ ကျွန်တော်ကဖြင့် ချစ်လိုက်ရတာ၊ အင်းပေါ့လေ သူက ငယ်တာကိုး၊ ဒီလိုနဲ့ ဒုတိယကောင်မလေး ကျွန်တော့် အနားကို ရောက်လာတဲ့ အချိန်မှာ ကျွန်တော့်ရင်ထဲ က ဆန္ဒတွေကို ထုတ်ဖေါ်ပြောမိတယ်၊ “မိန်းကလေးရယ် ကိုတော့ သေမယ်ထင်တယ်၊ သေခြင်းရဲ့ ဟိုဘက်မှာ ကိုတစ်ယောက်တည်းမသွားချင်ဘူး၊ မင်းနဲ့အတူသွားရရင် ကိုယ်အရမ်းအားရှိမှာ ၊မင်းကို ကို…အားကိုးပါတယ် မင်းလိုက်ခဲ့ပါလား”

သူက ကျွန်တော့်ကို တွေတွေကြီးစိုက်ကြည့်နေတယ်၊ ဘာစကားမှ မပြောဘူး၊ “အချစ်ရယ် မင်း …..ကိုနဲ့အတူ လိုက်ခဲ့ပါကွာ” သူက ကျွန်တော့်အနားက ပြန်ခါနီးမှာ တစ်ခွန်းတည်းသောစကားကို ဆိုသွားတယ်၊”မလိုက်ချင်လို့ မလိုက်ရဲလို့ မဟုတ်ပါဘူး၊ ကျွန်မရှင့်ကို အဲလောက်အထိ ချစ်ရဲ့လားလို့ စဉ်းစားလိုက်ဦးမယ်”

ကျွန်တော် အရမ်းခံစားရတယ်ဗျာ မျှော်လင့်မထားတဲ့စကားကို ကျွန်တော် ကြားလိုက်ရတယ်၊ ခင်္ဗျားတို့ စဉ်းစားကြည့်ပါသေတော့မယ့် ကျွန်တော် ဘယ်လောက်များ အားငယ်လိုက်မလဲ၊ အားကိုးရှာတော့လည်း ထင်သလိုဖြစ်မလာဘူး။ ဒီအချိန်မှာ ကျွန်တော် မချစ်တဲ့၊ ကျွန်တော့်ကို ချစ်တဲ့ ပထမ မိန်းမကြီးက ကျွန်တော့်အနားရောက်လာတယ် ၊ ကျွန်တော် သူ့ကို လှည့်မကြည့်ဘူး။ သူက ကျွန်တော့ကို စကားတစ်ခွန်းပြောတယ်၊

“ရှင်အားမငယ်ပါနဲ့ ရှင်နဲ့အတူ ကျွန်မ ရှိနေမှာပါ၊ သံသရာတစ်လျောက်လုံးရှင့်အနားမှာ ကျွန်မ ထာဝရရှိနေမှာပါ” ကျွန်တော် အံ့သြသွားတယ် ကျွန်တော် မချစ်တဲ့မိန်းမကကျွန်တော့်အနားမှာ ထာဝရ ရှိနေမယ်တဲ့ဗျာ၊ စာဖတ်သူ ခင်ဗျာ….. ကျွန်တော့်မှာ တကယ် မိန်းမသုံယောက်ရှိတာပါ၊ ခင်ဗျားမှာလည်း မိန်းမသုံးယောက်ရှိပါတယ်။ စဉ်းစားမိရဲ့လား၊ ကျွန်တော်တို့ အမြဲသတိတရရှိနေတဲ့ အချစ်ဆုံးဆိုတာ ဘယ်သူလဲ၊ ကျွန်တော်တို့ နေ့စဉ်ရှာဖွေနေတာ အဲဒီအချစ်ဆုံးတွေအတွက်ဆို သူဘာတွေပဲတောင်းဆိုတောင်ဆို လိုက်လျောနေမိတာ ၊ပေးနေမိတာ၊ ကျွေးနေမိတာ၊ အချိန်တိုင်းသတိတရနဲ့ ခံစားနေရတဲ့လအချစ်ဆုံးဆိုတာ၊ ကျွန်တော်တို့ရဲ့သားသမီးတွေ အိမ်ထောင်ဖက်တွေပေါ့၊

ကျွန်တော်တို့ကသာ သူတို့ကိုချစ်ရတာပါ၊ သူတို့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရတာပါ။ သူတို့လေးတွေက ကျွန်တော်တို့ကိုတစ်ကယ်မချစ်ပါဘူး။ တွတ်တီးတွတ်တာ ပြောလို့ ချစ်ရတယ်၊ စိတ်မချလို့ ချစ်ရတယ်၊ စိတ်ကောက်လို့ ချစ်ရတယ် ကျွန်တော်တို့ က သူတို့ကို ပုံစံအမျိုးမျိုးနဲ့ ချစ်နေတာ၊ သူတို့က ကျွန်တော်တို့ကို တစ်ကယ်ချစ်တယ်လို့များထင်နေလို့လား။ ကျွန်တော် သေရင် သူတို့ ခဏလေးငိုမယ်၊ ပြီးရင် မေ့မယ်၊ ကျွန်တော်ရှာဖွေထားတာတွေကို ခွဲယူကြမယ်နော် သတိမရကြတော့ဘူူ။

ဒုတိယမိန်းမက ဘယ်သူလဲဆိုတော့ တွေးမိရဲ့လား၊ ဒုတိယမိန်းမဆိုတာ ကျွန်တော့်ရဲ့အလုပ်တွေပေါ့၊ အောင်မြင်မှု့တွေ ကျော်ကြားမှု့တွေ စည်းစိမ်တွေ၊ လုပ်ငန်းခွင်တွေ၊ ပိုင်ဆိုင်မှု့တွေ ၊ပစ္စည်းတွေပေါ့။ သူတို့ဟာလည်း ကျွန်တော်တို့နဲ့လိုက်ပြီးမသေပါဘူး၊ ကျွန်တော်တို့သေရင် ထားပစ်ခဲ့ရမှာ။ ကျွန်တော်တို့ တစ်ကယ်ပိုင်တယ်လို့ထင်နေလား၊ ဒါဖြင့်ရင် ကျွန်တော်တို့ မချစ်တဲ့ ပထမဆုံးမယားကြီးဆိုတာ ဘယ်သူလဲ၊ တွေးကြည့်ကြရအောင်။

ကျွန်တော်တို့ လုပ်ခဲ့တဲ့ အကုသိုလ်ကံ၊ ကုသိုလ်ကံတွေပေါ့၊ သေပြီးတဲ့နောက်သံသရာ အဆက်ဆက်ထိ အတူလိုက်လာမယ့် ချစ်သူပဲ၊ ဝိပဿနာတရားစခန်းကို တစ်နှစ်တစ်ခေါက်လောက်သာ ကျွန်တော်တို့ ရောက်ကြရတာမဟုတ်လား၊ ဆယ်ရက်လောက်စခန်းဝင်တာတောင် အိမ်က သားတွေ သမီးတွေ အလုပ်တွေ စည်းစိမ်တွေ ဥစ္စာတွေကို သတိရနေတတ်ကြတယ် မဟုတ်လား၊ အဲဒီမယားကြီးပြောတာ က အမှန်တရားတွေပါ၊ သူခိုင်းတာတွေက လောကရဲ့အဆီအနှစ်တွေပါ၊ ဒါပေမယ့် နားငြီးတယ်ဗျာ နားပူတယ်ဗျာ၊

စာဖတ်သူဟာ အသက် ၄၀၊ ၅၀ကျော်ပြီ၊ သားတွေ သမီးတွေမြေးတွေ ဥစ္စာဓနတွေ ပိုင်ဆိုင်နေတာ ဆိုရင်တော့ ဒီစာရဲ့ သဘောကို နားလည်မှာပါ ၊

ဒါကြောင့်ပြောတာပေါ့

ဦးဘုန်း(ဓာတု)မှာ မိန်းမသုံယောက်ရှိပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: shwewiki
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top