Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ႏိုင္ငံအႏွံ႔တြင္ အလြယ္တကူ ၀ယ္ယူ စားသံုးႏိုင္ေသာ သဘာ၀ သီးႏွံ အေျမာက္အမ်ား အနက္မွ လူသားတို႔ အတြက္ ဘက္စံုေကာင္းမြန္ေသာ အသီး တစ္မ်ိဳးမ်ိဳးျပပါ ဆိုလ်င္ လိေမၼာ္သီးလည္း သည္ မပါမၿဖစ္ ပါ၀င္ သင္႕ေသာ အသီး တစ္မ်ိဳးဟု ထင္သည္။ လိေမၼာ္သီးႏွင္႔ ပတ္သက္၍ အက်ိဳး ၿဖစ္ထြန္းႏိုင္ ေသာ အခ်က္မ်ားကို ေဖာ္ၿပေရးထားေသာ က်န္းမာေရးေဆာင္းပါး တစ္ခုမွ လက္ဆင္႔ ကမ္းတင္ၿပလိုက္ ပါသည္။

လိေမၼာ္သီးသည္ အခ်ိဳမ်ိဳး၊ ကမၺလာ(ေခၚ) လိေမၼာ္ အငယ္စားမ်ိဳး၊ အခါးမ်ိဳး-ဟူ၍
သံုးမ်ိဳးရွိသည္။ ယခုအခါ ပ်ားလိေမၼာ္ ဟူ၍လည္း ေတြ႔ရသည္။ လိေမၼာ္သီးကို ျမန္မာ့ အစားအစာ၏ အာဟာရဘက္က ၾကည့္လွ်င္ လိေမၼာ္သီး အေလးခ်ိန္ (၁၀၀)ဂရမ္ (ေျခာက္က်ပ္ တမတ္သား)တြင္ ကယ္လိုရီ(၄၁)၊ ပရိုတင္း(၀)ဒသမ (၇)ဂရမ္၊ အဆီဓာတ္(၀) ဒသမ(၂)ဂရမ္၊ ကစီဓာတ္(၁၀) ဒသမ(၂)ဂရမ္၊ ထံုး ဓာတ္(၂၆) ဒသမ(၀)မီလီဂရမ္၊ သံဓာတ္(၀) ဒသမ(၂) မီလီဂရမ္၊ ဗီတာမင္ေအ အိုင္ယူ(၂၅၆)၊ ဗီတာမင္ ဘီဝမ္း(၀) ဒသမ(၀၉) မီလီဂရမ္၊ ဗီတာမင္ဘီတူး (၀)ဒသမ (၀၄) မီလီဂရမ္၊ နိုင္ယာစင္(၀) ဒသမ(၄) မီလီဂရမ္၊ ဗီတာမင္စီ (၄၂) မီလီဂရမ္တို႔ အသီးသီး ပါဝင္ပါသည္။ ထို႔ျပင္ လိေမၼာ္သီး၌ ဖိုင္ဘာမွ်င္၊ သံဓာတ္၊ မီးစုန္းဓာတ္၊ ပိုတက္စီယမ္၊ မဂၢနီဆီယမ္၊ ေၾကးနီဓာတ္၊ သြပ္ဓာတ္၊ ဆလမ္နီယမ္၊ ကယ္လိုရီ၊ ကယ္လဆီယ္ဓာတ္ တို႔လည္း ပါရွိသည္။

အထူးသျဖင့္ ဗီတာမင္စီ အမ်ားဆံုး ပါဝင္သည္။ ဗီတာမင္စီသည္ အနာက်က္မႈကို ျမန္ေစ၍ သံဓာတ္ စုပ္ယူအား ေကာင္းေစသည္။ ဗီတာမင္စီ ပါဝင္ေသာ လိေမၼာ္ရည္ကို ေသာက္ျခင္းအားျဖင့္ အစာအိမ္၊ အစာမ်ိဳျပြန္၊ ပါးစပ္၊ အူမႀကီး ကင္ဆာေရာဂါ မ်ားကို ကာကြယ္ႏိုင္ပါသည္။

လိေမၼာ္ရည္ကို တေန႔ အနည္းဆံုး ႏွစ္ဖန္ခြက္မွ အမ်ားဆံုး ေလးဖန္ခြက္ အထိ ေသာက္လွ်င္ ေက်ာက္ကပ္ ေက်ာက္တည္ျခင္းကို ဟန္႔တားႏိုင္သည္။

လိေမၼာ္သီး၌ ပါဝင္ေသာ ကယ္လ္ဆီယမ္ဓာတ္ (Calcium)သည္ လူ႔ခႏၶာကိုယ္ ဖြဲ႔စည္းမႈစနစ္ အတြင္းရွိ အက္ဆစ္ျပင္း (Alkaline Mineral) တို႔ကို ပ်က္ျပယ္ သြားေစႏိုင္သည့္ အဆိပ္ေျပ ေဆးတမ်ိဳးျဖစ္သျဖင့္ ေသြးသစ္၊ ေသြးသန္႔ တိုးပြားေစသည္။

ရုမတြိဳက္ ရိုးဆက္ေရာင္ရမ္းနာ Rheumatoid Arthritis (ရူမတစ္ေရာဂါႏွင့္ ဆင္သည့္ ေရာဂါလကၡဏာမ်ားျဖစ္ေသာ ရိုးဆစ္ေရာင္ရမ္းျခင္း) ကို ကာကြယ္ႏိုင္သည္။

လိေမၼာ္သီး၌ ပါဝင္သည့္ သၾကားဓာတ္သည္ သဘာဝ အခ်ိဳဓာတ္ ျဖစ္သည္။  အသီး၌ ပါဝင္သည့္ အမွ်င္မ်ား သည္လည္း သၾကားစုပ္ ယူမႈကို ေလ်ာ့နည္း ေစေသာေၾကာင့္ လိေမၼာ္ သီးစားသံုးျခင္း အားျဖင့္ ေသြးအတြင္းရွိ သၾကားဓာတ္ကို လ်င္ျမန္စြာ မတက္ႏိုင္ေပ။ ထို႔ေၾကာင့္ လိေမၼာ္သီးသည္ ဆီးခ်ိဳ၊ ေသြးခ်ိဳ၊ ခႏၶာကိုယ္ဝ ျဖိဳးသူမ်ားႏွင့္ သင့္ေလ်ာ္သည္ဟု ဆိုသည္။ သို႔ေသာ္ အခ်ိဳ႔က ေသြးခ်ိဳ၊ ဆီးခ်ိဳရွိသူမ်ား လိေမၼာ္သီး မစားသင့္ဟု ဆိုသည္ကို ေတြ႔ရျပန္သည္။ မည္သုိ႔ျဖစ္ေစ တန္ေဆး လြန္ေဘး ျဖစ္ရကား သင့္တင့္မွ်တစြာ စားလွ်င္ ေဘးဥပါဒ္ျဖစ္ႏိုင္မည္ မဟုတ္ေပ။

လိေမၼာ္သီး တေန႔တလံုး (သို႔) လိေမၼာ္ရည္ တေန႔တဖန္ခြက္ ေသာက္သံုးလွ်င္ ငွက္ေပ်ာသီး စားသကဲ့သို႔ပင္ အစာအိမ္ေရာဂါႏွင့္ အစာအိမ္ကင္ ဆာျဖစ္ရန္ အခြင့္အလမ္းလည္း နည္းေစသည္။

လိေမၼာ္သီး စားျပီးေနာက္ တနာရီအတြင္း ႏြားႏို႔ မေသာက္မိဖို႔လည္း သတိျပဳသင့္သည္။ အေၾကာင္းမွာ ႏြားႏို႔၌ ပါဝင္သည့္ ပရိုတင္းမ်ားက တာရာရစ္ အက္ဆစ္ႏွင့္ ေပါင္းစပ္ျပီး ခဲသြားေသာအခါ အစာေၾကႏိုင္မႈ ခက္ခဲသြားႏို္င္ကာ အစာထဲက အာဟာရစုပ္ယူမႈကိုပါ ထိခိုက္ေစႏိုင္ ေသာေၾကာင့္ ျဖစ္သည္။
ပင္လယ္စာ စားသူမ်ားသည္ လိေမၼာ္သီးႏွင့္ တြဲဖက္၍ စားသင့္သည္။ အဘယ္ေၾကာင့္ ဆိုေသာ္ ပင္လယ္စာထဲမွ Histamine ဓာတ္မ်ားေၾကာင့္ ခႏၶာကိုယ္ႏွင့္ ႏႈတ္ခမ္း တေလွ်ာက္၌ အဖုအပိန္႔မ်ား ထြက္လာျပီး ယားယံတတ္ ေသာေၾကာင့္ ျဖစ္၏။ ယင္းကို လိေမၼာ္သီး၌ ပါဝင္ေသာ Antibistmi၏ သတၱိက အကာအကြယ္ ေပးႏိုင္သည္။ လိေမၼာ္ရည္ကလည္း အာနိသင္ရွိသည္။

ကဲ လိေမၼာ္သီးေလးရဲ႕ ထက္ျမက္တဲ့ အာနိသင္ကို သိျပီဆိုေတာ့ စားသင့္မစားသင့္ကေတာ့ စာဖတ္သူတို႔ပဲ ဆံုးျဖတ္ပါေတာ့္ေနာ္ ....၊ ဘယ္အရာမဆို တန္ေဆး လြန္ေဘးဆိုေတာ့ ခ်င့္ခ်ိန္ျပီး စားသံုးဖို႔ေတာ့ လိုတာေပါ့ေနာ္...

မွီျငမ္း း nang kha yea

ဖိုးသူေတာ္ (www.phothutaw.com)

# Unicode Version ျဖင့္ ဖတ္ပါ #
နိုင်ငံအနှံ့တွင် အလွယ်တကူ ဝယ်ယူ စားသုံးနိုင်သော သဘာ၀ သီးနှံ အမြောက်အများ အနက်မှ လူသားတို့ အတွက် ဘက်စုံကောင်းမွန်သော အသီး တစ်မျိုးမျိုးပြပါ ဆိုလျင် လိမ္မော်သီးလည်း သည် မပါမဖြစ် ပါဝင် သင့်သော အသီး တစ်မျိုးဟု ထင်သည်။ လိမ္မော်သီးနှင့် ပတ်သက်၍ အကျိုး ဖြစ်ထွန်းနိုင် သော အချက်များကို ဖော်ပြရေးထားသော ကျန်းမာရေးဆောင်းပါး တစ်ခုမှ လက်ဆင့် ကမ်းတင်ပြလိုက် ပါသည်။

လိမ္မော်သီးသည် အချိုမျိုး၊ ကမ္ဗလာ(ခေါ်) လိမ္မော် အငယ်စားမျိုး၊ အခါးမျိုး-ဟူ၍
သုံးမျိုးရှိသည်။ ယခုအခါ ပျားလိမ္မော် ဟူ၍လည်း တွေ့ရသည်။ လိမ္မော်သီးကို မြန်မာ့ အစားအစာ၏ အာဟာရဘက်က ကြည့်လျှင် လိမ္မော်သီး အလေးချိန် (၁၀၀)ဂရမ် (ခြောက်ကျပ် တမတ်သား)တွင် ကယ်လိုရီ(၄၁)၊ ပရိုတင်း(ဝ)ဒသမ (၇)ဂရမ်၊ အဆီဓာတ်(ဝ) ဒသမ(၂)ဂရမ်၊ ကစီဓာတ်(၁၀) ဒသမ(၂)ဂရမ်၊ ထုံး ဓာတ်(၂၆) ဒသမ(ဝ)မီလီဂရမ်၊ သံဓာတ်(ဝ) ဒသမ(၂) မီလီဂရမ်၊ ဗီတာမင်အေ အိုင်ယူ(၂၅၆)၊ ဗီတာမင် ဘီဝမ်း(ဝ) ဒသမ(၀၉) မီလီဂရမ်၊ ဗီတာမင်ဘီတူး (ဝ)ဒသမ (၀၄) မီလီဂရမ်၊ နိုင်ယာစင်(ဝ) ဒသမ(၄) မီလီဂရမ်၊ ဗီတာမင်စီ (၄၂) မီလီဂရမ်တို့ အသီးသီး ပါဝင်ပါသည်။ ထို့ပြင် လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယ်ဓာတ် တို့လည်း ပါရှိသည်။

အထူးသဖြင့် ဗီတာမင်စီ အများဆုံး ပါဝင်သည်။ ဗီတာမင်စီသည် အနာကျက်မှုကို မြန်စေ၍ သံဓာတ် စုပ်ယူအား ကောင်းစေသည်။ ဗီတာမင်စီ ပါဝင်သော လိမ္မော်ရည်ကို သောက်ခြင်းအားဖြင့် အစာအိမ်၊ အစာမျိုပြွန်၊ ပါးစပ်၊ အူမကြီး ကင်ဆာရောဂါ များကို ကာကွယ်နိုင်ပါသည်။

လိမ္မော်ရည်ကို တနေ့ အနည်းဆုံး နှစ်ဖန်ခွက်မှ အများဆုံး လေးဖန်ခွက် အထိ သောက်လျှင် ကျောက်ကပ် ကျောက်တည်ခြင်းကို ဟန့်တားနိုင်သည်။

လိမ္မော်သီး၌ ပါဝင်သော ကယ်လ်ဆီယမ်ဓာတ် (Calcium)သည် လူ့ခန္ဓာကိုယ် ဖွဲ့စည်းမှုစနစ် အတွင်းရှိ အက်ဆစ်ပြင်း (Alkaline Mineral) တို့ကို ပျက်ပြယ် သွားစေနိုင်သည့် အဆိပ်ပြေ ဆေးတမျိုးဖြစ်သဖြင့် သွေးသစ်၊ သွေးသန့် တိုးပွားစေသည်။

ရုမတွိုက် ရိုးဆက်ရောင်ရမ်းနာ Rheumatoid Arthritis (ရူမတစ်ရောဂါနှင့် ဆင်သည့် ရောဂါလက္ခဏာများဖြစ်သော ရိုးဆစ်ရောင်ရမ်းခြင်း) ကို ကာကွယ်နိုင်သည်။

လိမ္မော်သီး၌ ပါဝင်သည့် သကြားဓာတ်သည် သဘာဝ အချိုဓာတ် ဖြစ်သည်။  အသီး၌ ပါဝင်သည့် အမျှင်များ သည်လည်း သကြားစုပ် ယူမှုကို လျော့နည်း စေသောကြောင့် လိမ္မော် သီးစားသုံးခြင်း အားဖြင့် သွေးအတွင်းရှိ သကြားဓာတ်ကို လျင်မြန်စွာ မတက်နိုင်ပေ။ ထို့ကြောင့် လိမ္မော်သီးသည် ဆီးချို၊ သွေးချို၊ ခန္ဓာကိုယ်ဝ ဖြိုးသူများနှင့် သင့်လျော်သည်ဟု ဆိုသည်။ သို့သော် အချို့က သွေးချို၊ ဆီးချိုရှိသူများ လိမ္မော်သီး မစားသင့်ဟု ဆိုသည်ကို တွေ့ရပြန်သည်။ မည်သို့ဖြစ်စေ တန်ဆေး လွန်ဘေး ဖြစ်ရကား သင့်တင့်မျှတစွာ စားလျှင် ဘေးဥပါဒ်ဖြစ်နိုင်မည် မဟုတ်ပေ။

လိမ္မော်သီး တနေ့တလုံး (သို့) လိမ္မော်ရည် တနေ့တဖန်ခွက် သောက်သုံးလျှင် ငှက်ပျောသီး စားသကဲ့သို့ပင် အစာအိမ်ရောဂါနှင့် အစာအိမ်ကင် ဆာဖြစ်ရန် အခွင့်အလမ်းလည်း နည်းစေသည်။

လိမ္မော်သီး စားပြီးနောက် တနာရီအတွင်း နွားနို့ မသောက်မိဖို့လည်း သတိပြုသင့်သည်။ အကြောင်းမှာ နွားနို့၌ ပါဝင်သည့် ပရိုတင်းများက တာရာရစ် အက်ဆစ်နှင့် ပေါင်းစပ်ပြီး ခဲသွားသောအခါ အစာကြေနိုင်မှု ခက်ခဲသွားနိုင်ကာ အစာထဲက အာဟာရစုပ်ယူမှုကိုပါ ထိခိုက်စေနိုင် သောကြောင့် ဖြစ်သည်။
ပင်လယ်စာ စားသူများသည် လိမ္မော်သီးနှင့် တွဲဖက်၍ စားသင့်သည်။ အဘယ်ကြောင့် ဆိုသော် ပင်လယ်စာထဲမှ Histamine ဓာတ်များကြောင့် ခန္ဓာကိုယ်နှင့် နှုတ်ခမ်း တလျှောက်၌ အဖုအပိန့်များ ထွက်လာပြီး ယားယံတတ် သောကြောင့် ဖြစ်၏။ ယင်းကို လိမ္မော်သီး၌ ပါဝင်သော Antibistmi၏ သတ္တိက အကာအကွယ် ပေးနိုင်သည်။ လိမ္မော်ရည်ကလည်း အာနိသင်ရှိသည်။


ကဲ လိမ္မော်သီးလေးရဲ့ ထက်မြက်တဲ့ အာနိသင်ကို သိပြီဆိုတော့ စားသင့်မစားသင့်ကတော့ စာဖတ်သူတို့ပဲ ဆုံးဖြတ်ပါတော့်နော် ....၊ ဘယ်အရာမဆို တန်ဆေး လွန်ဘေးဆိုတော့ ချင့်ချိန်ပြီး စားသုံးဖို့တော့ လိုတာပေါ့နော်...


မှီငြမ်း း nang kha yea



ဖိုးသူတော် (www.phothutaw.com)




 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top