Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အခ်စ္ေရးႏွင့္ ပတ္သက္ၿပီး ေျပာၾကားေလ့မရွိေသာ နန္းဆုရတီစိုးက ၎၏ ‘႐ူးေအာင္ခ်စ္ရသူ’ သီခ်င္းတြင္ တြဲဖက္သ႐ုပ္ေဆာင္သည့္ အမ်ိဳးသားအဆုိေတာ္တစ္ဦးႏွင့္ ခ်စ္ႀကိဳက္ေနသည္ဟု သတင္းမ်ားထြက္ေပၚမႈႏွင့္ပတ္သက္၍ ယခုကဲ့သို႔ ေျပာသည္။

‘‘အခ်စ္ေရးကေတာ့ ေလာ ေလာဆယ္ ေထြေထြထူးထူး ဘာ မွ ေျပာစရာမရွိေသးပါဘူးရွင္။ အခ်စ္ေရးကေတာ့ ေအးေအး ေဆးေဆးပါပဲရွင္။ ထူးထူးျခားျခားရွိရင္လည္း ပရိသတ္ႀကီးကို အ ရင္ဆံုးအသိေပးမွာပါရွင့္။ အခု ေတာ့ နန္းဆုတို႔ေတြ အလုပ္ေတြ လည္း လုပ္ခ်င္ၾကေသးတယ္။ အဲဒါေၾကာင့္မို႔ပါ။ မဂၤလာသတင္း ကေတာ့ လုိပါေသးတယ္။ မစြံ ေသးပါဘူး’’ဟု နန္းဆုရတီစိုးက ေျပာသည္။

နန္းဆုရတီစိုးသည္ ေအာက္ တိုဘာ ၁၃ ရက္က ႏွင္းဆီကုန္း ဘိုးဘြားရိပ္သာ၌ ျပဳလုပ္သည့္ (၉၇)ႏွစ္ေျမာက္ ျမန္မာ့႐ုပ္ရွင္ေန႔ ႏွင့္ (၅၄)ႀကိမ္ေျမာက္ ႐ုပ္ရွင္ သက္ႀကီးပူေဇာ္ပြဲတြင္ ဘူးသီး ေၾကာ္ စတုဒိသာေကြၽးေမြးခဲ့ သည္။

လက္ရိွတြင္ သီခ်င္းမ်ား ဖန္ တီးျဖစ္ေနၿပီး ႏွစ္မကုန္မီ အြန္ လိုင္းမွတစ္ဆင့္ သီခ်င္းတစ္ပုဒ္ ထပ္မံတင္ေပးရန္ရွိသလို လာ မည့္ႏွစ္ဆန္းတြင္ အေခြထြက္ရန္ စီစဥ္ေနၿပီး စက္တင္ဘာ ၂၅ ရက္ က အြန္လိုင္းမွတစ္ဆင့္ တင္ခဲ့ သည့္ ‘႐ူးေအာင္ခ်စ္ရသူ’သီခ်င္း ၏ ပရိသတ္အားေပးမႈႏွင့္ ေအာင္ျမင္မႈအေပၚ ဝမ္းသာေပ်ာ္ရႊင္မိသည္ဟု ဆိုသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily

# Unicode Version #
အချစ်ရေးနှင့် ပတ်သက်ပြီး ပြောကြားလေ့မရှိသော နန်းဆုရတီစိုးက ၎င်း၏ ‘ရူးအောင်ချစ်ရသူ’ သီချင်းတွင် တွဲဖက်သရုပ်ဆောင်သည့် အမျိုးသားအဆိုတော်တစ်ဦးနှင့် ချစ်ကြိုက်နေသည်ဟု သတင်းများထွက်ပေါ်မှုနှင့်ပတ်သက်၍ ယခုကဲ့သို့ ပြောသည်။

‘‘အချစ်ရေးကတော့ လော လောဆယ် ထွေထွေထူးထူး ဘာ မှ ပြောစရာမရှိသေးပါဘူးရှင်။ အချစ်ရေးကတော့ အေးအေး ဆေးဆေးပါပဲရှင်။ ထူးထူးခြားခြားရှိရင်လည်း ပရိသတ်ကြီးကို အ ရင်ဆုံးအသိပေးမှာပါရှင့်။ အခု တော့ နန်းဆုတို့တွေ အလုပ်တွေ လည်း လုပ်ချင်ကြသေးတယ်။ အဲဒါကြောင့်မို့ပါ။ မင်္ဂလာသတင်း ကတော့ လိုပါသေးတယ်။ မစွံ သေးပါဘူး’’ဟု နန်းဆုရတီစိုးက ပြောသည်။

နန်းဆုရတီစိုးသည် အောက် တိုဘာ ၁၃ ရက်က နှင်းဆီကုန်း ဘိုးဘွားရိပ်သာ၌ ပြုလုပ်သည့် (၉၇)နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့ နှင့် (၅၄)ကြိမ်မြောက် ရုပ်ရှင် သက်ကြီးပူဇော်ပွဲတွင် ဘူးသီး ကြော် စတုဒိသာကျွေးမွေးခဲ့ သည်။

လက်ရှိတွင် သီချင်းများ ဖန် တီးဖြစ်နေပြီး နှစ်မကုန်မီ အွန် လိုင်းမှတစ်ဆင့် သီချင်းတစ်ပုဒ် ထပ်မံတင်ပေးရန်ရှိသလို လာ မည့်နှစ်ဆန်းတွင် အခွေထွက်ရန် စီစဉ်နေပြီး စက်တင်ဘာ ၂၅ ရက် က အွန်လိုင်းမှတစ်ဆင့် တင်ခဲ့ သည့် ‘ရူးအောင်ချစ်ရသူ’သီချင်း ၏ ပရိသတ်အားပေးမှုနှင့် အောင်မြင်မှုအပေါ် ဝမ်းသာပျော်ရွှင်မိသည်ဟု ဆိုသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top