Golden City Promotion
×

ေရႊျပည္သာလူမုိက္ကုိ ဗဟန္းလူမုိက္အဖြဲ႔က ဓားျဖင့္ခုတ္သတ္
ေရႊျပည္သာၿမိဳ႔နယ္၊ အမွတ္ (၆) ရပ္ကြက္၊ ေတာ္ဝင္လမ္းရွိ က်ဴးေက်ာ္ေနအိမ္ တစ္လံုးတြင္ ေနထိုင္ေသာ ေထာင္ထြက္ လူမုိက္ဟုဆုိသည့္ အမ်ိဳးသားတစ္ဦးကုိ  (ေအာက္တိုဘာလ ၁၁ ရက္) နံနက္ ၃ နာရီခြဲခန္႔က ဗဟန္းၿမိဳ႕နယ္မွ လူမိုက္အဖြဲ႔က ဓားႏွင့္ခုတ္သတ္ခဲ့ေၾကာင္း ေျမာက္ပုိင္းခ႐ုိင္ ရဲတပ္ဖြဲ႔ထံမွ သိရသည္။

ခႏၶာကုိယ္အႏွံ႔ ဓားဒဏ္ရာမ်ားျဖင့္ ေသဆံုးခဲ့သူ အသက္ ၅၆ ႏွစ္ အရြယ္ ေက်ာ္ႏုိင္ဆိုသူ မွာ လူသတ္မႈျဖင့္ ေထာင္က်ခဲ့ဖူးသူျဖစ္ၿပီး ယင္းေန႔( ေအာက္တုိဘာ ၁၁ ရက္) နံနက္က ေနအိမ္တြင္ ၎တစ္ဦးတည္း အိပ္ေပ်ာ္ေနစဥ္ ဗဟန္းၿမိဳ႔နယ္မွ အသက္ ၅၃ ႏွစ္ အရြယ္ အမ်ဳိးသား ေခါင္းေဆာင္သည့္ အဖြဲ႔က ေနအိမ္ထဲ ဝင္ေရာက္ၿပီး ဓားျဖင့္ ခုတ္သတ္ခဲ့ေၾကာင္း ေရႊျပည္သာၿမိဳ႔မ ရဲစခန္းမွဴး ဒုရဲမွဴး ခင္ေဇာ္က ေျပာသည္။

“ရာဇဝင္ေၾကး ဆပ္တာလုိ႔ ကနဦး စစ္ခ်က္အရ သိရတယ္။ လူမုိက္ ေက်ာ္ႏုိင္ အိပ္ေပ်ာ္ေနခ်ိန္ ဟိုဘက္အဖြဲ႔က အုပ္စုလုိက္ အိမ္တံခါး ကန္ၿပီး အထဲဝင္ ဓားနဲ႔ခုတ္သြားတာ။ လမ္းထဲက လူေတြ ေအာ္သံ တစ္ခ်က္ေတာ့ ၾကားလုိက္ေပမယ့္ အိပ္ေမာက်ခ်ိန္ဆုိေတာ့ လူသတ္ခံရမွန္း မသိလုိက္ၾကဘူး။ မနက္မွသိၾကတာ” ဟု ၎က ဆက္လက္ ေျပာၾကားသည္။

အဆုိပါ လူသတ္မႈမွ အဓိက ေခါင္းေဆာင္ျဖစ္သူ အမ်ဳိးသားကုိ ယင္းေန႔ နံနက္ပုိင္းတြင္ ဗဟန္းၿမိဳ႕နယ္ရွိ ၎၏ေနအိမ္၌ ဖမ္းမိခဲ့ၿပီး ေရႊျပည္သာၿမိဳ႔မ ရဲစခန္းမွ လူသတ္မႈပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း၊ အမႈတြင္ ပါဝင္သူမ်ားကုိ ထပ္မံ ေဖာ္ထုတ္အေရးယူရန္ ဆက္လက္ စစ္ေဆးေနေၾကာင္း ေျမာက္ပုိင္းခ႐ုိင္ ရဲတပ္ဖြဲ႔ထံမွ စံုစမ္းသိရွိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: The Voice

#Unicode Version#
ရွှေပြည်သာလူမိုက်ကို ဗဟန်းလူမိုက်အဖွဲ့က ဓားဖြင့်ခုတ်သတ်
ရွှေပြည်သာမြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ တော်ဝင်လမ်းရှိ ကျူးကျော်နေအိမ် တစ်လုံးတွင် နေထိုင်သော ထောင်ထွက် လူမိုက်ဟုဆိုသည့် အမျိုးသားတစ်ဦးကို  (အောက်တိုဘာလ ၁၁ ရက်) နံနက် ၃ နာရီခွဲခန့်က ဗဟန်းမြို့နယ်မှ လူမိုက်အဖွဲ့က ဓားနှင့်ခုတ်သတ်ခဲ့ကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။

ခန္ဓာကိုယ်အနှံ့ ဓားဒဏ်ရာများဖြင့် သေဆုံးခဲ့သူ အသက် ၅၆ နှစ် အရွယ် ကျော်နိုင်ဆိုသူ မှာ လူသတ်မှုဖြင့် ထောင်ကျခဲ့ဖူးသူဖြစ်ပြီး ယင်းနေ့( အောက်တိုဘာ ၁၁ ရက်) နံနက်က နေအိမ်တွင် ၎င်းတစ်ဦးတည်း အိပ်ပျော်နေစဉ် ဗဟန်းမြို့နယ်မှ အသက် ၅၃ နှစ် အရွယ် အမျိုးသား ခေါင်းဆောင်သည့် အဖွဲ့က နေအိမ်ထဲ ဝင်ရောက်ပြီး ဓားဖြင့် ခုတ်သတ်ခဲ့ကြောင်း ရွှေပြည်သာမြို့မ ရဲစခန်းမှူး ဒုရဲမှူး ခင်ဇော်က ပြောသည်။

“ရာဇဝင်ကြေး ဆပ်တာလို့ ကနဦး စစ်ချက်အရ သိရတယ်။ လူမိုက် ကျော်နိုင် အိပ်ပျော်နေချိန် ဟိုဘက်အဖွဲ့က အုပ်စုလိုက် အိမ်တံခါး ကန်ပြီး အထဲဝင် ဓားနဲ့ခုတ်သွားတာ။ လမ်းထဲက လူတွေ အော်သံ တစ်ချက်တော့ ကြားလိုက်ပေမယ့် အိပ်မောကျချိန်ဆိုတော့ လူသတ်ခံရမှန်း မသိလိုက်ကြဘူး။ မနက်မှသိကြတာ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ လူသတ်မှုမှ အဓိက ခေါင်းဆောင်ဖြစ်သူ အမျိုးသားကို ယင်းနေ့ နံနက်ပိုင်းတွင် ဗဟန်းမြို့နယ်ရှိ ၎င်း၏နေအိမ်၌ ဖမ်းမိခဲ့ပြီး ရွှေပြည်သာမြို့မ ရဲစခန်းမှ လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း၊ အမှုတွင် ပါဝင်သူများကို ထပ်မံ ဖော်ထုတ်အရေးယူရန် ဆက်လက် စစ်ဆေးနေကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: The Voice
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top