Golden City Promotion
×

အထူးသျဖင့္ မိန္းကေလးမ်ား လက္သည္း ကိုက္တတ္ၾကသည္။ လက္သည္း ကိုက္ျခင္းသည္ ခ်စ္စရာပံုစံ တစ္ခုအျဖစ္ ခံယူထားသူမ်ား ျပန္စဥ္းစားၾကဖို႔  တိုက္တြန္းလိုသည္။

နယူးေယာက္ၿမိဳ႕ ၀ဲလ္ေကာ္နဲ ေဆးတကၠသိုလ္မွ လက္သည္းခြံႏွင့္ အေရျပားဆိုင္ရာ ပါရဂူေဒါက္တာ ရစ္ခ်တ္ဆက္ခ်ာ ၏ အဆိုအရ လက္သည္း ခြံကိုက္ျခင္းသည္ ခႏၶာကိုယ္ထဲ ေရာဂါပိုးသြင္းေနျခင္း ျဖစ္ၿပီး အလြန္အႏၲရာယ္ မ်ားေၾကာင္း သိရသည္။

လက္သည္းခြံ ေအာက္မွာ ပိုးမ်ဳိးစံု ခိုေအာင္းေနသည္။ ၀မ္းပ်က္၀မ္းေလွ်ာ၊ အစာအိမ္နာ ျဖစ္ေစသည့္ အီကိုလီႏွင့္ ဆယ္မြန္နယ္လာ စသည့္ ပိုးမ်ားအဓိက ခိုေအာင္းေနေၾကာင္း ေဒါက္တာဆက္ခ်ာ က ေျပာသည္။ လက္သည္းခြံ အမိုးခံုးေအာက္ ေနရာသည္ ေႏြးေထြးၿပီး ေခ်ာင္က်သျဖင့္ ပိုးမ်ား ခိုေအာင္းဖို႔ အေကာင္းဆံုး ေနရာျဖစ္ေနသည္။ လက္သည္း ကိုက္ျခင္းေၾကာင့္ ပိုးမ်ား ပါးစပ္မွတစ္ဆင့္ အစာအိမ္ထဲ ထိေရာက္ကာ ၀မ္းပ်က္ ၀မ္းေလွ်ာႏွင့္ အစာအိမ္နာ ျဖစ္ပြားျခင္းျဖစ္သည္။ လက္ထိပ္ေလးမ်ား ကြဲရွသည့္ အခါတြင္လည္း လက္သည္းခြံေအာက္က ပိုးမ်ားသည္ ကြဲရွ သည့္ေနရာရာမွ တစ္ဆင့္ ခႏၶာကိုယ္ထဲ ၀င္ေရာက္မည့္ အႏၲရာယ္လည္း ရွိေၾကာင္း ေဒါက္တာဆက္ခ်ာက ေျပာသည္။

ထို႔အျပင္ HPV ဗိုင္းရပ္စ္မ်ဳိးသည္လည္း လက္သည္းကိုက္ရာမွ ပါးစပ္ထဲေရာက္ကာ သြားႏွင့္ သြားဖံံုးကို ထိခိုက္ ပ်က္စီးေအာင္ လုပ္ႏုိင္ေၾကာင္းလည္း သိရသည္။

““လက္သည္း မၾကာမၾကာ ကိုက္တဲ့ လူမ်ဳိးေတြဟာ သြားမေကာင္းတာမ်ဳိး ပိုျဖစ္တတ္တယ္။ သြားဖံုး ပ်က္စီးတာမ်ဳိးလည္း ျဖစ္တတ္တယ္။ လက္သည္းခြံကို ကိုက္ပါမ်ားတဲ့ ေရွ႕သြားေတြဟာ ပံုပ်က္ၿပီး က်ဲသြား တတ္တာမ်ဳိးလည္း ျဖစ္ေလ႔ရွိတယ္””ဟု ေဒါက္တာဆက္ခ်ာ က ေျပာသည္။

လက္သည္း ကိုက္သည့္ အက်င့္စြဲေနသူမ်ား လြယ္လြယ္ႏွင့္ေတာ့ ေဖ်ာက္ဖို႔မလြယ္။ သို႔ေသာ္ ႀကိဳးစား ေဖ်ာက္ပစ္ျခင္းျဖင္႔ သြားခံတြင္းႏွင့္ အစာအိမ္ဆိုင္ရာ က်န္းမာေရး ျပႆနာမ်ား ေလ်ာ႔သြားမည့္ အက်ဳိးကို ခံစားၾကရမည္ ျဖစ္သည္။

Source: Daily Mail

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Messenger

#Unicode Version#
အထူးသဖြင့် မိန်းကလေးများ လက်သည်း ကိုက်တတ်ကြသည်။ လက်သည်း ကိုက်ခြင်းသည် ချစ်စရာပုံစံ တစ်ခုအဖြစ် ခံယူထားသူများ ပြန်စဉ်းစားကြဖို့  တိုက်တွန်းလိုသည်။

နယူးယောက်မြို့ ဝဲလ်ကော်နဲ ဆေးတက္ကသိုလ်မှ လက်သည်းခွံနှင့် အရေပြားဆိုင်ရာ ပါရဂူဒေါက်တာ ရစ်ချတ်ဆက်ချာ ၏ အဆိုအရ လက်သည်း ခွံကိုက်ခြင်းသည် ခန္ဓာကိုယ်ထဲ ရောဂါပိုးသွင်းနေခြင်း ဖြစ်ပြီး အလွန်အန္တရာယ် များကြောင်း သိရသည်။

လက်သည်းခွံ အောက်မှာ ပိုးမျိုးစုံ ခိုအောင်းနေသည်။ ဝမ်းပျက်ဝမ်းလျှော၊ အစာအိမ်နာ ဖြစ်စေသည့် အီကိုလီနှင့် ဆယ်မွန်နယ်လာ စသည့် ပိုးများအဓိက ခိုအောင်းနေကြောင်း ဒေါက်တာဆက်ချာ က ပြောသည်။ လက်သည်းခွံ အမိုးခုံးအောက် နေရာသည် နွေးထွေးပြီး ချောင်ကျသဖြင့် ပိုးများ ခိုအောင်းဖို့ အကောင်းဆုံး နေရာဖြစ်နေသည်။ လက်သည်း ကိုက်ခြင်းကြောင့် ပိုးများ ပါးစပ်မှတစ်ဆင့် အစာအိမ်ထဲ ထိရောက်ကာ ဝမ်းပျက် ဝမ်းလျှောနှင့် အစာအိမ်နာ ဖြစ်ပွားခြင်းဖြစ်သည်။ လက်ထိပ်လေးများ ကွဲရှသည့် အခါတွင်လည်း လက်သည်းခွံအောက်က ပိုးများသည် ကွဲရှ သည့်နေရာရာမှ တစ်ဆင့် ခန္ဓာကိုယ်ထဲ ဝင်ရောက်မည့် အန္တရာယ်လည်း ရှိကြောင်း ဒေါက်တာဆက်ချာက ပြောသည်။

ထို့အပြင် HPV ဗိုင်းရပ်စ်မျိုးသည်လည်း လက်သည်းကိုက်ရာမှ ပါးစပ်ထဲရောက်ကာ သွားနှင့် သွားဖံုံးကို ထိခိုက် ပျက်စီးအောင် လုပ်နိုင်ကြောင်းလည်း သိရသည်။

““လက်သည်း မကြာမကြာ ကိုက်တဲ့ လူမျိုးတွေဟာ သွားမကောင်းတာမျိုး ပိုဖြစ်တတ်တယ်။ သွားဖုံး ပျက်စီးတာမျိုးလည်း ဖြစ်တတ်တယ်။ လက်သည်းခွံကို ကိုက်ပါများတဲ့ ရှေ့သွားတွေဟာ ပုံပျက်ပြီး ကျဲသွား တတ်တာမျိုးလည်း ဖြစ်လေ့ရှိတယ်””ဟု ဒေါက်တာဆက်ချာ က ပြောသည်။

လက်သည်း ကိုက်သည့် အကျင့်စွဲနေသူများ လွယ်လွယ်နှင့်တော့ ဖျောက်ဖို့မလွယ်။ သို့သော် ကြိုးစား ဖျောက်ပစ်ခြင်းဖြင့် သွားခံတွင်းနှင့် အစာအိမ်ဆိုင်ရာ ကျန်းမာရေး ပြဿနာများ လျော့သွားမည့် အကျိုးကို ခံစားကြရမည် ဖြစ်သည်။

Source: Daily Mail

ဖိုးသူတော် (www.phothutaw.com)
Credit: Messenger
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top