Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

 ေမး႐ိုးခုိက္ေအာင္ခ်မ္းတုန္ေနတာက ရာသီဥတုအေအးဒဏ္ကုိ အခ်ိန္အၾကာႀကီး ခံေနရတာ၊ ေသြးတြင္းသၾကားဓာတ္

က်ဆင္းသြားတာ၊ ေရာဂါပုိးကုိ တြန္းလွန္ေနတာ ဒါမွမဟုတ္ အလြန္အမင္း ေၾကာက္ရြံ႕စိတ္ေတြမ်ားေနတာကုိ ခႏၶာကုိယ္က တံု႔ျပန္မႈ ေပးေနတာပါ။

ရာသီဥတုေအးလြန္းတဲ့အတြက္ ခ်မ္းတုန္ေနတာကုိ ခႏၶာကုိယ္အေႏြးဓာတ္ ရေအာင္ျပဳလုပ္ႏုိင္ရင္ တုန္တာ ရပ္တန္႔သြားႏုိင္ပါတယ္။ ခ်မ္းတုန္တာက ဆီးခ်ိဳ၊ သုိင္းရြိဳက္ပံုမမွန္တာ ဒါမွမဟုတ္ ေသြးအားနည္းတာလုိမ်ိဳး က်န္းမာေရးအေျခအေနေၾကာင့္ျဖစ္ေနရင္ ျဖစ္ရတဲ့အေၾကာင္းရင္းကုိရွာေဖြၿပီး ကုသမႈခံယူဖုိ႔ လုိအပ္ပါတယ္။ ေအာက္ပါတုိ႔ဟာ ခ်မ္းတုန္ရတဲ့ အေၾကာင္းရင္းနဲ႔ ကုသမႈေတြျဖစ္ပါတယ္။

၁။ ေအးလြန္းသည့္ ရာသီဥတုဒဏ္ခံရျခင္း

ရာသီဥတုအေအးဒဏ္ကုိ အခ်ိန္အၾကာႀကီးခံရတဲ့အခါမွာ ခ်မ္းတုန္လာတာက ခႏၶာကုိယ္အပူခ်ိန္ ေလ်ာ့က်သြားတဲ့အခါမွာ ကုိယ္တြင္းမွအပူေတြထြက္လာဖုိ႔ ဦးေႏွာက္က ႂကြက္သားေတြကုိ တုန္ခါဖုိ႔ အခ်က္ျပပါတယ္။
ခုိက္ခုိက္တုန္ေအာင္ခ်မ္းေနတာက ခႏၶာကုိယ္ရဲ႕အပူခ်ိန္ ပံုမွန္ထက္ေလ်ာ့က် (Hypothermia) ေနတဲ့လကၡဏာလည္း ျဖစ္ႏုိင္ပါတယ္။ Hypothermia ျဖစ္ေနရင္ ေခါင္းမူးတာ၊ ပ်ိဳ႕တာ၊ ႏွလံုးခုန္ႏႈန္းျမန္တာ၊ အသက္ရွဴျမန္တာလုိမ်ိဳး လကၡဏာေတြလည္း ျပတတ္ပါတယ္။
အေႏြးထည္ထူထူ၀တ္တာ ဒါမွမဟုတ္ ေစာင္ၿခံဳတာ၊ ေရေႏြးေသာက္တာနဲ႔ မီးပံုအနီးမွာေနထုိင္တာေၾကာင့္ ခႏၶာကုိယ္ေႏြးေထြးမႈ ျပန္လည္ရရွိႏုိင္ၿပီး ခ်မ္းတုန္တာ သက္သာသြားႏုိင္ပါတယ္။

၂။ အေအးမိ ဒါမွမဟုတ္ တုပ္ေကြးေရာဂါျဖစ္ျခင္း

သင္ခ်မ္းတုန္ေနတာက အေအးမိ ဒါမွမဟုတ္ တုပ္ေကြးလိုမ်ိဳး ေရာဂါပုိးေတြကုိ သင့္ခႏၶာကုိယ္က တုိက္ထုတ္ေနရတဲ့ လကၡဏာလည္း ျဖစ္ႏုိင္ပါတယ္။ အဖ်ားရွိေနတာေၾကာင့္ ေျခဖ်ားလက္ဖ်ားေတြ ေအးစက္လာကာ ခ်မ္းလာတာျဖစ္ၿပီး တုန္တာက ကုိယ္အပူခ်ိန္ျမင့္တက္လာဖုိ႔ ႀကိဳးစားေနတာျဖစ္ပါတယ္။ တုပ္ေကြးဗုိင္းရပ္(စ္)ပုိးေၾကာင့္ အဖ်ားရွိၿပီးခ်မ္းတုန္တာနဲ႔အတူ ကုိယ္လက္ကုိက္ခဲတာ၊ ေမာပန္းတာနဲ႔ ေခ်ာင္းဆုိးတာေတြ ျဖစ္တတ္ပါတယ္။
တုပ္ေကြးေရာဂါေပ်ာက္ကင္းဖုိ႔ တစ္ပတ္ေလာက္အခ်ိန္ယူရပါတယ္။ ေရာဂါေပ်ာက္ကင္းဖုိ႔ ေကာင္းေကာင္းအနားယူရပါမယ္။ ၾကက္သြန္ျဖဴစားေပးရပါမယ္။ ၾကက္သြန္ျဖဴမွာပါ၀င္တဲ့ Allicin က အစြမ္းထက္ပဋိဇီ၀ေဆးလုိမ်ိဳး ဂုဏ္သတ္ၱိရွိတာေၾကာင့္ပါ။ ၾကက္သြန္ျဖဴ ၁ တက္-၂ တက္ကုိ ႀကိတ္ကာ ၁၀ မိ္နစ္ ခန္႔ထားၿပီး ပ်ားရည္နဲ႔ေသာက္ပါ။

၃။ ေရာဂါပုိး၀င္ေရာက္ျခင္း

ခႏၶာကုိယ္ထဲတျခားေရာဂါပုိးေတြ ၀င္ေရာက္တာေၾကာင့္လည္း ခ်မ္းတုန္ႏုိင္ပါတယ္။ ႐ုတ္တရက္ခ်မ္းတုန္တာက ခႏၶာကုိယ္ထဲ ဗုိင္းရပ္စ္ပုိး ဒါမွမဟုတ္ ဘက္တီးရီးယားပုိ္းတစ္မ်ိဳးမ်ိဳး ၀င္ေရာက္တာရဲ႕ ပထမဆံုးလကၡဏာပါ။ ခ်မ္းတုန္တာက နမိုးနီးယားေခၚ အဆုတ္ေရာင္နာရဲ႕ လကၡဏာလည္း ျဖစ္ႏုိင္ပါတယ္။ ခ်မ္း တုန္တာအျပင္ အဆက္မျပတ္ေခ်ာင္းဆုိးတာ၊ အသက္႐ွဴမ၀တာနဲ႔ ေမာပန္းတဲ့ လကၡဏာေတြပါျပတတ္ပါတယ္။

အလြန္အမင္းတုန္ခ်မ္းခ်မ္းေနတာက ငွက္ဖ်ားေရာဂါရဲ႕လကၡဏာလည္းျဖစ္ႏုိင္ပါတယ္။ ငွက္ဖ်ားေရာဂါရဲ႕လကၡဏာေတြဟာ ငွက္ဖ်ားအျဖစ္မ်ားတဲ့ေဒသက ျပန္လာအၿပီး ၁၂ လအၾကာထိ ျဖစ္ေပၚလာတတ္တယ္လုိ႔ ေရာဂါကာကြယ္ေရးနဲ႔ ထိန္းခ်ဳပ္ေရးဗဟုိဌာနရဲ႕ ထုတ္ျပန္ခ်က္အရ သိရပါတယ္။ ငွက္ဖ်ားတက္လာရင္ ခ်မ္းတုန္တဲ့အဆင့္ကစတင္ၿပီး ေနာက္ပုိင္း အဖ်ားရွိတာ၊ ေခါင္းကုိက္တာ၊ အန္တာနဲ႔ ေခၽြးထြက္လာတာ အဆင့္ဆင့္ျဖစ္ေပၚတတ္ပါတယ္။
သင္ရဲ႕ခုခံအားစနစ္ က်န္းမာသန္စြမ္းေနရင္ ခႏ္ၶာကုိယ္ထဲ ေရာဂါပုိးမ၀င္ေရာက္ေအာင္ ကာကြယ္ႏိုင္ပါတယ္။

၄။ ေသြးတြင္းသၾကားဓာတ္ ေလ်ာ့နည္းျခင္း

ေသြးတြင္းသၾကားဓာတ္ေလ်ာ့က်သြားတဲ့အခါမွာ ခႏၶာကုိယ္ကခ်မ္းၿပီး တုန္တက္လာပါတယ္။ ဆီးခ်ိဳေရာဂါရွိသူေတြမွာ အျဖစ္မ်ားပါတယ္။ အရက္အမူးလြန္သူ၊ ေလ့က်င့္ခန္းအလြန္အကၽြံျပဳလုပ္သူနဲ႔ တခ်ိဳ႕အားျဖည့္ဓာတ္စာေတြေၾကာင့္လည္း ေသြးတြင္းသၾကားဓာတ္ ေလ်ာ့က်ႏုိင္ပါတယ္။ ခ်မ္းတုန္တာအျပင္ လက္တုန္တာ၊ ေခၽြးထြက္လြန္ တာ၊ ဗုိက္ဆာေလာင္တာနဲ႔ ႏွလံုးခုန္ျမန္တာေတြပါ ျဖစ္တတ္ပါတယ္။ ကုသမႈမခံယူခဲ့ရင္ သတိလစ္သြားတဲ့အဆင့္ထိ ေရာက္ရွိႏုိင္ပါတယ္။
တစ္ႀကိမ္ကုိ အစာနည္းနည္းနဲ႔ ခဏခဏစားေပးတာက ေသြးတြင္းသၾကားဓာတ္ ေလ်ာ့မက်ေအာင္ ကာကြယ္ႏုိင္ပါတယ္။

၅။ ေရဓာတ္ခ်ိဳ႕တဲ့ျခင္း

ကေလးငယ္ေတြမွာ ေရဓာတ္ခ်ိဳ႕တဲ့လြန္းတာေၾကာင့္ ခ်မ္းၿပီးတုန္ႏုိင္ပါတယ္။ အထူးသျဖင့္ ပူအုိက္လြန္းတဲ့ ရာသီဥတုမွာ အျဖစ္မ်ားတာမုိ႔ ေရာဂါလကၡဏာေတြကုိ သိရွိထားဖုိ႔လုိအပ္ပါတယ္။
ကေလးငယ္ေတြမွာ ေရဓာတ္ခ်ိဳ႕တဲ့ရင္ ျဖစ္တတ္တဲ့လကၡဏာေတြက ေရငတ္တာ၊ ပင္ပန္းႏြမ္းနယ္ေနတာ၊ ေဒါသထြက္လြယ္ေနတာနဲ႔ ပူအုိက္ေနတာေတြ ျဖစ္ပါတယ္။ ဒီလိုအေျခအေနကုိ လ်စ္လ်ဴ႐ႈလုိက္ရင္ ဗုိက္ေအာင့္တာ၊ အန္တာေတြပါ ျဖစ္ေပၚလာႏုိင္ပါတယ္။
ကေလးငယ္ကုိ ေရမ်ားမ်ားတုိက္ေပးပါ။ ျပင္ပအပူခ်ိန္ေအးတဲ့ သစ္ပင္ရိပ္လုိေနရာ၊ Aircon အခန္းလုိေနရာေတြမွာ ထားပါ။ ဒါမွမဟုတ္ ကေလးေနတဲ့အခန္းရဲ႕အပူခ်ိန္ ေလ်ာ့က်သြားေအာင္ ေစာင္ ဒါမွမဟုတ္ ဂုန္နီအိတ္ေတြကုိ ေရဆြတ္ၿပီး အခန္းနံရံေတြမွာ ကပ္ထားပါ။

၆။ သုိင္းရြိဳက္လုပ္ငန္း ပံုမမွန္ျခင္း

သုိင္းရြိဳက္ဂလင္းမွာ သုိင္းရြိဳက္ေဟာ္မုန္းေတြ လံုလံုေလာက္ေလာက္ မထုတ္လုပ္ေပးႏုိင္တဲ့ အေျခအေနကုိ Hypothyroid လုိ႔ေခၚၿပီး အဲဒီအေျခအေနရွိသူေတြမွာ ခ်မ္းတုန္တတ္ပါတယ္။ အမ်ိဳးသမီးေတြ (အထူးသျဖင့္ အသက္ႀကီးတဲ့ အဘြားအရြယ္ေတြ)ဟာ အမ်ိဳးသားေတြထက္ ပုိအျဖစ္မ်ားပါတယ္။
သဘာ၀နည္းလမ္းနဲ႔ သုိင္းရြိဳက္ေဟာ္မုန္း ပံုမွန္ျဖစ္ေအာင္ျပဳလုပ္ဖုိ႔ အခ်ိန္ အမ်ားႀကီးယူရပါမယ္။

၇။ ေသြးအားနည္းျခင္း

အဖ်ားမရွိဘဲ ခ်မ္းတုန္ေနတာက ေသြးအားနည္းေရာဂါေၾကာင့္ ျဖစ္ႏုိင္ပါတယ္။ သံဓာတ္ခ်ိဳ႕တဲ့ေနတာေၾကာင့္ ခ်မ္းတုန္တာအျပင္ ပင္ပန္းႏြမ္းနယ္ေနတာ၊ ေခါင္းကုိက္တာနဲ႔ ေရာဂါပုိးကူးစက္ႏုိင္ေျချမင့္မားတာေတြ ျဖစ္တတ္ပါတယ္။
ေသြးအားနည္းေနတာက သင္စားလုိက္တဲ့ အစားအစာထဲမွာ သံဓာတ္လံုလံု ေလာက္ေလာက္မပါ၀င္တာ ဒါမွမဟုတ္ ဗီတာမင္ B12 ခ်ိဳ႕တဲ့တာေၾကာင့္ ျဖစ္တာပါ။
သံဓာတ္နဲ႔ ဗီတာမင္ B12 ပါ၀င္မႈျမင့္မားတဲ့ အစားအစာေတြစားေပးပါ။ လုိအပ္ရင္ သံဓာတ္အားျဖည့္ေဆးမွီ၀ဲပါ။

၈။ ဆီးလမ္းေၾကာင္းပုိး၀င္ျခင္း

ဆီးလမ္းေၾကာင္းပိုး၀င္တာေၾကာင့္လည္း ခ်မ္းတုန္တတ္ပါတယ္။ အမ်ိဳးသမီးေတြမွာ အျဖစ္မ်ားၿပီး ဆီးသြားစဥ္ နာက်င္တာနဲ႔ ၀မ္းဗိုက္ေအာင့္တာေတြပါ ျဖစ္တတ္ပါတယ္။ ဆီးအနံ႔နံတာနဲ႔ ဆီးအေရာင္ရင့္တဲ့ လကၡဏာေတြလည္း ျဖစ္ေပၚတတ္ပါတယ္။
ဆီးလမ္းေၾကာင္းပုိး၀င္တဲ့လကၡဏာေတြရွိတာနဲ႔တစ္ၿပိဳင္နက္ ဆရာ၀န္နဲ႔ ကုသမႈခံ ယူရပါတယ္။ သဘာ၀ကုထံုးနည္းလမ္းကေတာ့ ေဆာ္ဒါေဖ်ာ္ရည္ ေသာက္သံုးႏုိင္ပါတယ္။ ေဆာ္ဒါရည္ေၾကာင့္ ဆီးအတြင္း အက္စစ္ဓာတ္ေလ်ာ့နည္းသြားႏုိင္ပါတယ္။ လူ႕အက်ိဳးျပဳဘက္တီးရီးယားေတြပါ၀င္တဲ့ ဒိန္ခ်ဥ္စားသံုးတာကလည္း ဆီးလမ္းေၾကာင္းတြင္း ပုိးမ၀င္ေအာင္ ကာကြယ္ႏိုင္ပါတယ္။

၉။ အစာအဆိပ္သင့္ျခင္း

အစာစားၿပီးေနာက္ ၀မ္းဗုိက္ထုိးေအာင့္တာ၊ အန္တာ၊ ၀မ္းပ်က္တာနဲ႔ ခ်မ္းတုန္တာ ျဖစ္ေနရင္ အစာအဆိပ္သင့္တာေၾကာင့္ပါ။ ေရာဂါပုိးရွိေနတဲ့ အစာစားၿပီး နာရီပုိင္းအၾကာမွာ ျဖစ္ႏုိင္သလုိ ရက္အနည္းငယ္အၾကာမွာလည္း ျဖစ္တတ္ပါတယ္။
ခ်င္းေဖ်ာ္ရည္ေသာက္ေပးတာက အစာအဆိပ္သင့္ေ၀ဒနာအျဖစ္ သက္သာေစႏုိင္ပါတယ္။ ခ်င္းမွာ ေရာင္ရမ္းမႈ ေလ်ာ့က်ေစတဲ့ပစၥည္းနဲ႔ ဓာတ္တုိးဆန္႔က်င္တဲ့ ဂုဏ္သတ္ၱိေတြပါ၀င္တဲ့အတြက္ (ေရာဂါပုိးကုိ ေသေစႏုိင္ကာ) ၀မ္းဗုိက္ေအာင့္တာသက္သာၿပီး အူေရာင္ရမ္းတာပါ သက္သာႏုိင္ပါတယ္။

၁၀။ ေၾကာက္ရြံ႕စုိးရိမ္ေနျခင္း

အဖ်ားမရွိဘဲ ခႏၶာကုိယ္တစ္ခုလံုး တုန္ေနတာက ေၾကာက္ရြံ႕တာ ဒါမွမဟုတ္ စုိးရိမ္ စိတ္မ်ားေနတဲ့ လကၡဏာပါ။ ရင္ဘတ္ေအာင့္တာနဲ႔ အသက္ရွဴမ၀တာေတြလည္း ျဖစ္တတ္ပါတယ္။
စိတ္ဖိစီးမႈကုိေလွ်ာ့ခ်ႏုိင္တဲ့ နည္းလမ္းေတြရွာေဖြၿပီး အသံုးျပဳပါ။ လာဗန္ဒါရနံ႔ ဒါမွမဟုတ္ လိေမၼာ္ရနံ႔ဆီေတြ ႐ွဴတာကလည္း စိတ္ဖိစီးမႈကို ေလ်ာ့က်ေစႏုိင္ပါတယ္။

ဆရာ၀န္နဲ႔ ဘယ္အခ်ိန္ျပမလဲ

သင္ဟာ ထိန္းခ်ဳပ္လုိ႔မရေအာင္ ခ်မ္းတုန္ေနၿပီး ရင္ဘတ္ေအာင့္တာ၊ ပ်ိဳ႕တာ၊ ေခၽြးထြက္လြန္တာနဲ႔ အဖ်ား ၁၀၄ ိF ထက္ပုိမ်ားေနတာေတြရွိခဲ့ရင္ ဆရာ၀န္နဲ႔ ခ်က္ခ်င္းျပပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေဒါက္တာခင္မုိးမုိး(Good Health)

# Unicode Version ျဖင့္ ဖတ္ပါ #

 မေးရိုးခိုက်အောင်ချမ်းတုန်နေတာက ရာသီဥတုအအေးဒဏ်ကို အချိန်အကြာကြီး ခံနေရတာ၊ သွေးတွင်းသကြားဓာတ်

ကျဆင်းသွားတာ၊ ရောဂါပိုးကို တွန်းလှန်နေတာ ဒါမှမဟုတ် အလွန်အမင်း ကြောက်ရွံ့စိတ်တွေများနေတာကို ခန္ဓာကိုယ်က တုံ့ပြန်မှု ပေးနေတာပါ။

ရာသီဥတုအေးလွန်းတဲ့အတွက် ချမ်းတုန်နေတာကို ခန္ဓာကိုယ်အနွေးဓာတ် ရအောင်ပြုလုပ်နိုင်ရင် တုန်တာ ရပ်တန့်သွားနိုင်ပါတယ်။ ချမ်းတုန်တာက ဆီးချို၊ သိုင်းရွိုက်ပုံမမှန်တာ ဒါမှမဟုတ် သွေးအားနည်းတာလိုမျိုး ကျန်းမာရေးအခြေအနေကြောင့်ဖြစ်နေရင် ဖြစ်ရတဲ့အကြောင်းရင်းကိုရှာဖွေပြီး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ အောက်ပါတို့ဟာ ချမ်းတုန်ရတဲ့ အကြောင်းရင်းနဲ့ ကုသမှုတွေဖြစ်ပါတယ်။

၁။ အေးလွန်းသည့် ရာသီဥတုဒဏ်ခံရခြင်း

ရာသီဥတုအအေးဒဏ်ကို အချိန်အကြာကြီးခံရတဲ့အခါမှာ ချမ်းတုန်လာတာက ခန္ဓာကိုယ်အပူချိန် လျော့ကျသွားတဲ့အခါမှာ ကိုယ်တွင်းမှအပူတွေထွက်လာဖို့ ဦးနှောက်က ကြွက်သားတွေကို တုန်ခါဖို့ အချက်ပြပါတယ်။
ခိုက်ခိုက်တုန်အောင်ချမ်းနေတာက ခန္ဓာကိုယ်ရဲ့အပူချိန် ပုံမှန်ထက်လျော့ကျ (Hypothermia) နေတဲ့လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ Hypothermia ဖြစ်နေရင် ခေါင်းမူးတာ၊ ပျို့တာ၊ နှလုံးခုန်နှုန်းမြန်တာ၊ အသက်ရှူမြန်တာလိုမျိုး လက္ခဏာတွေလည်း ပြတတ်ပါတယ်။
အနွေးထည်ထူထူဝတ်တာ ဒါမှမဟုတ် စောင်ခြုံတာ၊ ရေနွေးသောက်တာနဲ့ မီးပုံအနီးမှာနေထိုင်တာကြောင့် ခန္ဓာကိုယ်နွေးထွေးမှု ပြန်လည်ရရှိနိုင်ပြီး ချမ်းတုန်တာ သက်သာသွားနိုင်ပါတယ်။

၂။ အအေးမိ ဒါမှမဟုတ် တုပ်ကွေးရောဂါဖြစ်ခြင်း

သင်ချမ်းတုန်နေတာက အအေးမိ ဒါမှမဟုတ် တုပ်ကွေးလိုမျိုး ရောဂါပိုးတွေကို သင့်ခန္ဓာကိုယ်က တိုက်ထုတ်နေရတဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ အဖျားရှိနေတာကြောင့် ခြေဖျားလက်ဖျားတွေ အေးစက်လာကာ ချမ်းလာတာဖြစ်ပြီး တုန်တာက ကိုယ်အပူချိန်မြင့်တက်လာဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ တုပ်ကွေးဗိုင်းရပ်(စ်)ပိုးကြောင့် အဖျားရှိပြီးချမ်းတုန်တာနဲ့အတူ ကိုယ်လက်ကိုက်ခဲတာ၊ မောပန်းတာနဲ့ ချောင်းဆိုးတာတွေ ဖြစ်တတ်ပါတယ်။
တုပ်ကွေးရောဂါပျောက်ကင်းဖို့ တစ်ပတ်လောက်အချိန်ယူရပါတယ်။ ရောဂါပျောက်ကင်းဖို့ ကောင်းကောင်းအနားယူရပါမယ်။ ကြက်သွန်ဖြူစားပေးရပါမယ်။ ကြက်သွန်ဖြူမှာပါဝင်တဲ့ Allicin က အစွမ်းထက်ပဋိဇီဝဆေးလိုမျိုး ဂုဏ်သတ်္တိရှိတာကြောင့်ပါ။ ကြက်သွန်ဖြူ ၁ တက်-၂ တက်ကို ကြိတ်ကာ ၁၀ မိနစ် ခန့်ထားပြီး ပျားရည်နဲ့သောက်ပါ။

၃။ ရောဂါပိုးဝင်ရောက်ခြင်း

ခန္ဓာကိုယ်ထဲတခြားရောဂါပိုးတွေ ဝင်ရောက်တာကြောင့်လည်း ချမ်းတုန်နိုင်ပါတယ်။ ရုတ်တရက်ချမ်းတုန်တာက ခန္ဓာကိုယ်ထဲ ဗိုင်းရပ်စ်ပိုး ဒါမှမဟုတ် ဘက်တီးရီးယားပိုးတစ်မျိုးမျိုး ဝင်ရောက်တာရဲ့ ပထမဆုံးလက္ခဏာပါ။ ချမ်းတုန်တာက နမိုးနီးယားခေါ် အဆုတ်ရောင်နာရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ ချမ်း တုန်တာအပြင် အဆက်မပြတ်ချောင်းဆိုးတာ၊ အသက်ရှူမဝတာနဲ့ မောပန်းတဲ့ လက္ခဏာတွေပါပြတတ်ပါတယ်။

အလွန်အမင်းတုန်ချမ်းချမ်းနေတာက ငှက်ဖျားရောဂါရဲ့လက္ခဏာလည်းဖြစ်နိုင်ပါတယ်။ ငှက်ဖျားရောဂါရဲ့လက္ခဏာတွေဟာ ငှက်ဖျားအဖြစ်များတဲ့ဒေသက ပြန်လာအပြီး ၁၂ လအကြာထိ ဖြစ်ပေါ်လာတတ်တယ်လို့ ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဗဟိုဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ငှက်ဖျားတက်လာရင် ချမ်းတုန်တဲ့အဆင့်ကစတင်ပြီး နောက်ပိုင်း အဖျားရှိတာ၊ ခေါင်းကိုက်တာ၊ အန်တာနဲ့ ချွေးထွက်လာတာ အဆင့်ဆင့်ဖြစ်ပေါ်တတ်ပါတယ်။
သင်ရဲ့ခုခံအားစနစ် ကျန်းမာသန်စွမ်းနေရင် ခန်္ဓာကိုယ်ထဲ ရောဂါပိုးမဝင်ရောက်အောင် ကာကွယ်နိုင်ပါတယ်။

၄။ သွေးတွင်းသကြားဓာတ် လျော့နည်းခြင်း

သွေးတွင်းသကြားဓာတ်လျော့ကျသွားတဲ့အခါမှာ ခန္ဓာကိုယ်ကချမ်းပြီး တုန်တက်လာပါတယ်။ ဆီးချိုရောဂါရှိသူတွေမှာ အဖြစ်များပါတယ်။ အရက်အမူးလွန်သူ၊ လေ့ကျင့်ခန်းအလွန်အကျွံပြုလုပ်သူနဲ့ တချို့အားဖြည့်ဓာတ်စာတွေကြောင့်လည်း သွေးတွင်းသကြားဓာတ် လျော့ကျနိုင်ပါတယ်။ ချမ်းတုန်တာအပြင် လက်တုန်တာ၊ ချွေးထွက်လွန် တာ၊ ဗိုက်ဆာလောင်တာနဲ့ နှလုံးခုန်မြန်တာတွေပါ ဖြစ်တတ်ပါတယ်။ ကုသမှုမခံယူခဲ့ရင် သတိလစ်သွားတဲ့အဆင့်ထိ ရောက်ရှိနိုင်ပါတယ်။
တစ်ကြိမ်ကို အစာနည်းနည်းနဲ့ ခဏခဏစားပေးတာက သွေးတွင်းသကြားဓာတ် လျော့မကျအောင် ကာကွယ်နိုင်ပါတယ်။

၅။ ရေဓာတ်ချို့တဲ့ခြင်း

ကလေးငယ်တွေမှာ ရေဓာတ်ချို့တဲ့လွန်းတာကြောင့် ချမ်းပြီးတုန်နိုင်ပါတယ်။ အထူးသဖြင့် ပူအိုက်လွန်းတဲ့ ရာသီဥတုမှာ အဖြစ်များတာမို့ ရောဂါလက္ခဏာတွေကို သိရှိထားဖို့လိုအပ်ပါတယ်။
ကလေးငယ်တွေမှာ ရေဓာတ်ချို့တဲ့ရင် ဖြစ်တတ်တဲ့လက္ခဏာတွေက ရေငတ်တာ၊ ပင်ပန်းနွမ်းနယ်နေတာ၊ ဒေါသထွက်လွယ်နေတာနဲ့ ပူအိုက်နေတာတွေ ဖြစ်ပါတယ်။ ဒီလိုအခြေအနေကို လျစ်လျူရှုလိုက်ရင် ဗိုက်အောင့်တာ၊ အန်တာတွေပါ ဖြစ်ပေါ်လာနိုင်ပါတယ်။
ကလေးငယ်ကို ရေများများတိုက်ပေးပါ။ ပြင်ပအပူချိန်အေးတဲ့ သစ်ပင်ရိပ်လိုနေရာ၊ Aircon အခန်းလိုနေရာတွေမှာ ထားပါ။ ဒါမှမဟုတ် ကလေးနေတဲ့အခန်းရဲ့အပူချိန် လျော့ကျသွားအောင် စောင် ဒါမှမဟုတ် ဂုန်နီအိတ်တွေကို ရေဆွတ်ပြီး အခန်းနံရံတွေမှာ ကပ်ထားပါ။

၆။ သိုင်းရွိုက်လုပ်ငန်း ပုံမမှန်ခြင်း

သိုင်းရွိုက်ဂလင်းမှာ သိုင်းရွိုက်ဟော်မုန်းတွေ လုံလုံလောက်လောက် မထုတ်လုပ်ပေးနိုင်တဲ့ အခြေအနေကို Hypothyroid လို့ခေါ်ပြီး အဲဒီအခြေအနေရှိသူတွေမှာ ချမ်းတုန်တတ်ပါတယ်။ အမျိုးသမီးတွေ (အထူးသဖြင့် အသက်ကြီးတဲ့ အဘွားအရွယ်တွေ)ဟာ အမျိုးသားတွေထက် ပိုအဖြစ်များပါတယ်။
သဘာဝနည်းလမ်းနဲ့ သိုင်းရွိုက်ဟော်မုန်း ပုံမှန်ဖြစ်အောင်ပြုလုပ်ဖို့ အချိန် အများကြီးယူရပါမယ်။

၇။ သွေးအားနည်းခြင်း

အဖျားမရှိဘဲ ချမ်းတုန်နေတာက သွေးအားနည်းရောဂါကြောင့် ဖြစ်နိုင်ပါတယ်။ သံဓာတ်ချို့တဲ့နေတာကြောင့် ချမ်းတုန်တာအပြင် ပင်ပန်းနွမ်းနယ်နေတာ၊ ခေါင်းကိုက်တာနဲ့ ရောဂါပိုးကူးစက်နိုင်ခြေမြင့်မားတာတွေ ဖြစ်တတ်ပါတယ်။
သွေးအားနည်းနေတာက သင်စားလိုက်တဲ့ အစားအစာထဲမှာ သံဓာတ်လုံလုံ လောက်လောက်မပါဝင်တာ ဒါမှမဟုတ် ဗီတာမင် B12 ချို့တဲ့တာကြောင့် ဖြစ်တာပါ။
သံဓာတ်နဲ့ ဗီတာမင် B12 ပါဝင်မှုမြင့်မားတဲ့ အစားအစာတွေစားပေးပါ။ လိုအပ်ရင် သံဓာတ်အားဖြည့်ဆေးမှီဝဲပါ။

၈။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း

ဆီးလမ်းကြောင်းပိုးဝင်တာကြောင့်လည်း ချမ်းတုန်တတ်ပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များပြီး ဆီးသွားစဉ် နာကျင်တာနဲ့ ဝမ်းဗိုက်အောင့်တာတွေပါ ဖြစ်တတ်ပါတယ်။ ဆီးအနံ့နံတာနဲ့ ဆီးအရောင်ရင့်တဲ့ လက္ခဏာတွေလည်း ဖြစ်ပေါ်တတ်ပါတယ်။
ဆီးလမ်းကြောင်းပိုးဝင်တဲ့လက္ခဏာတွေရှိတာနဲ့တစ်ပြိုင်နက် ဆရာဝန်နဲ့ ကုသမှုခံ ယူရပါတယ်။ သဘာဝကုထုံးနည်းလမ်းကတော့ ဆော်ဒါဖျော်ရည် သောက်သုံးနိုင်ပါတယ်။ ဆော်ဒါရည်ကြောင့် ဆီးအတွင်း အက်စစ်ဓာတ်လျော့နည်းသွားနိုင်ပါတယ်။ လူ့အကျိုးပြုဘက်တီးရီးယားတွေပါဝင်တဲ့ ဒိန်ချဉ်စားသုံးတာကလည်း ဆီးလမ်းကြောင်းတွင်း ပိုးမဝင်အောင် ကာကွယ်နိုင်ပါတယ်။

၉။ အစာအဆိပ်သင့်ခြင်း

အစာစားပြီးနောက် ဝမ်းဗိုက်ထိုးအောင့်တာ၊ အန်တာ၊ ဝမ်းပျက်တာနဲ့ ချမ်းတုန်တာ ဖြစ်နေရင် အစာအဆိပ်သင့်တာကြောင့်ပါ။ ရောဂါပိုးရှိနေတဲ့ အစာစားပြီး နာရီပိုင်းအကြာမှာ ဖြစ်နိုင်သလို ရက်အနည်းငယ်အကြာမှာလည်း ဖြစ်တတ်ပါတယ်။
ချင်းဖျော်ရည်သောက်ပေးတာက အစာအဆိပ်သင့်ဝေဒနာအဖြစ် သက်သာစေနိုင်ပါတယ်။ ချင်းမှာ ရောင်ရမ်းမှု လျော့ကျစေတဲ့ပစ္စည်းနဲ့ ဓာတ်တိုးဆန့်ကျင်တဲ့ ဂုဏ်သတ်္တိတွေပါဝင်တဲ့အတွက် (ရောဂါပိုးကို သေစေနိုင်ကာ) ဝမ်းဗိုက်အောင့်တာသက်သာပြီး အူရောင်ရမ်းတာပါ သက်သာနိုင်ပါတယ်။

၁၀။ ကြောက်ရွံ့စိုးရိမ်နေခြင်း

အဖျားမရှိဘဲ ခန္ဓာကိုယ်တစ်ခုလုံး တုန်နေတာက ကြောက်ရွံ့တာ ဒါမှမဟုတ် စိုးရိမ် စိတ်များနေတဲ့ လက္ခဏာပါ။ ရင်ဘတ်အောင့်တာနဲ့ အသက်ရှူမဝတာတွေလည်း ဖြစ်တတ်ပါတယ်။
စိတ်ဖိစီးမှုကိုလျှော့ချနိုင်တဲ့ နည်းလမ်းတွေရှာဖွေပြီး အသုံးပြုပါ။ လာဗန်ဒါရနံ့ ဒါမှမဟုတ် လိမ္မော်ရနံ့ဆီတွေ ရှူတာကလည်း စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ပါတယ်။

ဆရာဝန်နဲ့ ဘယ်အချိန်ပြမလဲ

သင်ဟာ ထိန်းချုပ်လို့မရအောင် ချမ်းတုန်နေပြီး ရင်ဘတ်အောင့်တာ၊ ပျို့တာ၊ ချွေးထွက်လွန်တာနဲ့ အဖျား ၁၀၄ ိF ထက်ပိုများနေတာတွေရှိခဲ့ရင် ဆရာဝန်နဲ့ ချက်ချင်းပြပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: ဒေါက်တာခင်မိုးမိုး(Good Health)





 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top