Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

အလွမယ္တစ္ေယာက္အျပင္ ဂီတေလာကဘက္ကုိပါ ေျခလွမ္းစတင္ႀကိဳးစားေနတဲ့ ဂ်ဴးစံသာကေတာ့ Miss တစ္ေယာက္အေနနဲ႔ တုန္းကလည္း အိပ္ရာထဲလဲသြားရေလာက္တဲ့အထိ ေဝဖန္တုိက္ခုိက္တာေတြခံခဲ့ရသလုိ ဂီတအပုိင္းကုိႀကိဳးစားတဲ့အခါမွာလည္း ေဝဖန္တုိက္ခုိက္တာေတြခံခဲ့ရရင္လည္း ခံႏိုင္ရည္ရွိေနပါၿပီလို႔ Duwun Media ကေနေျပာျပခဲ့ပါတယ္။

'' Miss ဘဝတုန္းကလည္း ဒီလုိအတုိက္အခုိက္ေတြကုိ ေတာင့္ခံၿပီး ႀကံႀကံခံေနခဲ့ရတာပဲ။ ေန႔တုိင္းအိပ္ရာထဲမွာ ငုိခဲ့ရတဲ့အေျခအေန ေေတြ၊ အိပ္ရာထဲ လဲသြားရေလာက္တဲ့အေျခအေနထိေတာင္ ညီမ ခံခဲ့ရၿပီးၿပီပဲ။ အဲ့ဒီအတြက္ ညီမမွာ ခံႏုိင္ရည္အားရွိေနပါၿပီ။ အဲ့ဒီ လုိ မ်ဳိးေတြကုိ အရင္တုန္းကေတာ့ ငယ္ေသးလုိ႔ နားမလည္ေသးဘူး၊ ဘာေၾကာင့္ ဒီလုိေျပာလဲဆုိတာ။ အခုအေနနဲ႔ဆုိရင္ေတာ့ ေဝဖန္ အၾကံျပဳ ေနတယ္လုိ႔ပဲ လက္ခံၿပီးေတာ့ အေကာင္းဘက္အေနနဲ႔ကုိပဲ ယူလုိက္ပါတယ္'' လုိ႔ ဆုိပါတယ္။

ႀကိဳက္တဲ့ပရိသတ္ရွိသလုိ မႀကိဳက္တဲ့ပရိသတ္ေတြလည္း ရွိတာေၾကာင့္ ေဝဖန္မႈေတြနဲ႔ပတ္သက္ၿပီး ႀကိဳတင္ျပင္ဆင္ထားတယ္ ဆုိတာကုိလည္း ေျပာျပခဲ့ပါေသးတယ္။

'' ကုိယ့္ကုိယ္ကုိပဲ လုိအပ္ေနေသးလုိ႔ ပရိသတ္က ေဝဖန္တာ။ ကုိယ္မလုိအပ္ေတာ့ရင္ ပရိသတ္က ေဝဖန္မွာမဟုတ္ေတာ့ဘူး၊ ေျပာေတာ့မွာ မဟုတ္ေတာ့ဘူး။ အဲ့ဒီအခါက်ေတာ့ ကုိယ့္လုိအပ္ခ်က္ေတြကုိပဲ အေကာင္းဆုံးျဖည့္မယ္လုိ႔ စိတ္ထဲမွာ ထားထားတယ္။ ႀကိဳက္တဲ့ပရိသတ္ရွိတယ္ မႀကိဳက္တဲ့ပရိသတ္ရွိတယ္။ အဲ့ဒီအတြက္ကေတာ့ ေဝဖန္ခံရမွာပဲ အဲ့ဒါေတြအတြက္လည္း ညီမ ႀကိဳတင္ ျပင္ဆင္ ထားပါတယ္'' လုိ႔ ဂ်ဴးစံသာက ေျပာပါတယ္။

ဂ်ဴးစံသာကေတာ့ ၂၀၁၄ ခုႏွစ္က ဗင္နီဇြဲလားႏုိင္ငံမွာ က်င္းပျပဳလုပ္ခဲ့တဲ့ ကမၻာ့အလွမယ္ေရြးခ်ယ္ပြဲႀကီးမွာလည္း ျမန္မာႏုိင္ငံ ကုိယ္စားျပဳအလွမယ္တစ္ေယာက္အေနနဲ႔ ပထမဆုံးအႀကိမ္သြားေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ Miss တစ္ေယာက္ျဖစ္ၿပီး Miss Tourism Asia 2014 Winner ဆုကုိလည္း ရရွိပုိင္ဆုိင္ခဲ့တဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ ၿပိဳင္ပြဲႀကီးၿပီးတဲ့ေနာက္မွာေတာ့ အႏုပညာနဲ႔ပတ္သက္လုိ႔ ဝါသနာပါတဲ့ ဂီတဘက္ကုိ ေျခလွမ္းစတင္ခဲ့တာျဖစ္ၿပီး သရုပ္ေဆာင္အလုပ္ကုိလည္း အခြင့္အေရးရရင္ ႀကိဳးစားခ်င္တယ္လုိ႔ ဆုိပါ တယ္။

Photo: ဂ်ဳးစံသာေဖ့စ္ဘြတ္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

# Zawgyi Version ျဖင့္ ဖတ္ရန္ #
အလှမယ်တစ်ယောက်အပြင် ဂီတလောကဘက်ကိုပါ ခြေလှမ်းစတင်ကြိုးစားနေတဲ့ ဂျူးစံသာကတော့ Miss တစ်ယောက်အနေနဲ့ တုန်းကလည်း အိပ်ရာထဲလဲသွားရလောက်တဲ့အထိ ဝေဖန်တိုက်ခိုက်တာတွေခံခဲ့ရသလို ဂီတအပိုင်းကိုကြိုးစားတဲ့အခါမှာလည်း ဝေဖန်တိုက်ခိုက်တာတွေခံခဲ့ရရင်လည်း ခံနိုင်ရည်ရှိနေပါပြီလို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

'' Miss ဘဝတုန်းကလည်း ဒီလိုအတိုက်အခိုက်တွေကို တောင့်ခံပြီး ကြံကြံခံနေခဲ့ရတာပဲ။ နေ့တိုင်းအိပ်ရာထဲမှာ ငိုခဲ့ရတဲ့အခြေအနေ ေတွေ၊ အိပ်ရာထဲ လဲသွားရလောက်တဲ့အခြေအနေထိတောင် ညီမ ခံခဲ့ရပြီးပြီပဲ။ အဲ့ဒီအတွက် ညီမမှာ ခံနိုင်ရည်အားရှိနေပါပြီ။ အဲ့ဒီ လို မျိုးတွေကို အရင်တုန်းကတော့ ငယ်သေးလို့ နားမလည်သေးဘူး၊ ဘာကြောင့် ဒီလိုပြောလဲဆိုတာ။ အခုအနေနဲ့ဆိုရင်တော့ ဝေဖန် အကြံပြု နေတယ်လို့ပဲ လက်ခံပြီးတော့ အကောင်းဘက်အနေနဲ့ကိုပဲ ယူလိုက်ပါတယ်'' လို့ ဆိုပါတယ်။

ကြိုက်တဲ့ပရိသတ်ရှိသလို မကြိုက်တဲ့ပရိသတ်တွေလည်း ရှိတာကြောင့် ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ထားတယ် ဆိုတာကိုလည်း ပြောပြခဲ့ပါသေးတယ်။

'' ကိုယ့်ကိုယ်ကိုပဲ လိုအပ်နေသေးလို့ ပရိသတ်က ဝေဖန်တာ။ ကိုယ်မလိုအပ်တော့ရင် ပရိသတ်က ဝေဖန်မှာမဟုတ်တော့ဘူး၊ ပြောတော့မှာ မဟုတ်တော့ဘူး။ အဲ့ဒီအခါကျတော့ ကိုယ့်လိုအပ်ချက်တွေကိုပဲ အကောင်းဆုံးဖြည့်မယ်လို့ စိတ်ထဲမှာ ထားထားတယ်။ ကြိုက်တဲ့ပရိသတ်ရှိတယ် မကြိုက်တဲ့ပရိသတ်ရှိတယ်။ အဲ့ဒီအတွက်ကတော့ ဝေဖန်ခံရမှာပဲ အဲ့ဒါတွေအတွက်လည်း ညီမ ကြိုတင် ပြင်ဆင် ထားပါတယ်'' လို့ ဂျူးစံသာက ပြောပါတယ်။

ဂျူးစံသာကတော့ ၂၀၁၄ ခုနှစ်က ဗင်နီဇွဲလားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကမ္ဘာ့အလှမယ်ရွေးချယ်ပွဲကြီးမှာလည်း မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ်တစ်ယောက်အနေနဲ့ ပထမဆုံးအကြိမ်သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ Miss တစ်ယောက်ဖြစ်ပြီး Miss Tourism Asia 2014 Winner ဆုကိုလည်း ရရှိပိုင်ဆိုင်ခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ပြိုင်ပွဲကြီးပြီးတဲ့နောက်မှာတော့ အနုပညာနဲ့ပတ်သက်လို့ ဝါသနာပါတဲ့ ဂီတဘက်ကို ခြေလှမ်းစတင်ခဲ့တာဖြစ်ပြီး သရုပ်ဆောင်အလုပ်ကိုလည်း အခွင့်အရေးရရင် ကြိုးစားချင်တယ်လို့ ဆိုပါ တယ်။

Photo: ဂျုးစံသာဖေ့စ်ဘွတ်

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top